- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 2100–1900 BC
Abraham: The Covenant
God calls Abram from Ur, establishes an everlasting covenant, and promises a son through whom all nations will be blessed.
ဤကာလမှ အခန်းငယ်များ
- ကမ္ဘာဦးကျမ်း 24:8ခရစ်တော် မပေါ်မီ 1857 ခန့်
မိန်းမသည်သင်နှင့်အတူ မလိုက်လိုလျှင်၊ သင် သည်၊ ယခုငါပေးသောကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေ။ ငါ့သားကို ထိုပြည်သို့ခေါ်၍ မသွားနှင့်ဟုဆိုပြီးမှ၊
- ကမ္ဘာဦးကျမ်း 24:9ခရစ်တော် မပေါ်မီ 1857 ခန့်
ကျွန်သည် သခင်အာဗြဟံ၏ ပေါင်အောက်၌ လက်ကိုထား၍ ထိုအမှု၌ကျန်ဆိုလေ၏။
- ကမ္ဘာဦးကျမ်း 24:10ခရစ်တော် မပေါ်မီ 1857 ခန့်
ထိုကျွန်သည်လည်း၊ မိမိသခင်၏ဥစ္စာရှိသမျှကို စီရင်သောသူဖြစ်၍၊ သခင်၏ကုလားအုပ်စုထဲက၊ ကုလား အုပ်ဆယ်စီးကိုယူ၍ထသွားသဖြင့်၊ မေသောပေါဘာမိ တိုင်း၊ နာခေါ်မြို့သို့ ရောက်လေ၏။
- ကမ္ဘာဦးကျမ်း 24:11ခရစ်တော် မပေါ်မီ 1857 ခန့်
မိန်းမများရေခပ်သော ညဦးယံအချိန်၌၊ မြို့ပြင် ရေတွင်းနားမှာ ကုလားအုပ်တို့ကို ဝပ်စေပြီးလျှင်၊
- ကမ္ဘာဦးကျမ်း 24:12ခရစ်တော် မပေါ်မီ 1857 ခန့်
အကျွန်ုပ်၏သခင်၊ အာဗြဟံ၏ ဘုရားသခင် ထာဝရဘုရား ယနေ့ အကျွန်ုပ်အကြံကို ထမြောက်စေ၍၊ အကျွန်ုပ်၏သခင် အာဗြဟံ၌ ကျေးဇူးပြုတော်မူပါဟု၊ အကျွန်ုပ်ဆုတောင်းပါ၏။
- ကမ္ဘာဦးကျမ်း 24:13ခရစ်တော် မပေါ်မီ 1857 ခန့်
အကျွန်ုပ်သည်၊ ဤရေတွင်းနားမှာ ရပ်နေ၍၊ ထိုမြို့သူသတို့ သမီးတို့သည်၊ ရေခပ်ခြင်းငှါလာကြသည် တွင်၊
- ကမ္ဘာဦးကျမ်း 24:14ခရစ်တော် မပေါ်မီ 1857 ခန့်
အကြင်သတို့သမီးကို၊ ကျွန်ုပ်သောက်ခြင်းငှါ သင်ရေဘူးကို ချပါဟုဆိုသော်၊ သောက်ပါ၊ သင်၏ကုလား အုပ်တို့ကိုလည်း ရေတိုက်ပါမည်ဟု၊ ပြန်ဆိုသော သမီး သည်၊ ကိုယ်တော်၏ကျွန်ဣဇာက်ဘို့ ခန့်ထားတော် မူသောသူဖြစ်ပါစေသော။ ထိုသို့အားဖြင့်၊ အကျွန်ုပ်၏ သခင်၌ ကျေးဇူးပြုတော်မူကြောင်းကို၊ အကျွန်ုပ်သိရပါ မည်ဟု လျှောက်ဆို၏။
- ကမ္ဘာဦးကျမ်း 24:15ခရစ်တော် မပေါ်မီ 1857 ခန့်
ထိုသို့လျှောက်ဆို၍မပြီးမှ၊ အာဗြဟံအစ်ကိုနား ခေါ်မယား မိလခါသား၊ ဗေသွေလ၏သမီး ရေဗက္ကသည်၊ ရေဘူးကိုထမ်းလျက် ထွက်လာသည်ကိုမြင်၏။
- ကမ္ဘာဦးကျမ်း 24:16ခရစ်တော် မပေါ်မီ 1857 ခန့်
ထိုသတို့သမီးသည်၊ အလွန်အဆင်းလှ၍၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာဖြစ်၏။ ရေတွင်းသို့ဆင်း၍၊ ရေဘူးကို ရေနှင့်ဖြည့်ပြီးမှ တက်လာ ၏။
- ကမ္ဘာဦးကျမ်း 24:17ခရစ်တော် မပေါ်မီ 1857 ခန့်
ကျွန်သည်လည်း၊ ထိုမိန်းမနှင့်တွေ့ခြင်းငှါပြေး၍၊ သင်၏ရေဘူး၌ ရေအနည်းငယ်ကို သောက်ပါရစေဟု ဆိုလေသော်၊
- ကမ္ဘာဦးကျမ်း 24:18ခရစ်တော် မပေါ်မီ 1857 ခန့်
မိန်းမက၊ သောက်ပါလောအရှင်ဟုဆိုသဖြင့်၊ မိမိလက်ပေါ်မှာ၊ အလျင်အမြန်ရေဘူးကို ချ၍၊ ရေကို ပေးလေ၏။
- ကမ္ဘာဦးကျမ်း 24:19ခရစ်တော် မပေါ်မီ 1857 ခန့်
ရေကိုပေးပြီးလျှင်၊ သင်၏ကုလားအုပ်တို့သည် လည်း၊ ဝစွာ သောက်စရာဘို့ရေခပ်ပါမည်ဟု ဆိုသည် အတိုင်း၊
- ကမ္ဘာဦးကျမ်း 24:20ခရစ်တော် မပေါ်မီ 1857 ခန့်
အလျင်အမြန်ဘူး၌ရှိသော ရေကိုရေတိုက်ခွက် ထဲ၌ လောင်းပြီးလျှင်၊ တဖန်ခပ်ခြင်းငှါ ရေတွင်းသို့ပြေး၍၊ ကုလားအုပ်အဘို့ ရေခပ်လေ၏။
- ကမ္ဘာဦးကျမ်း 24:21ခရစ်တော် မပေါ်မီ 1857 ခန့်
ယောက်ျားသည် ထိုမိန်းမကို အံ့ဩ၍၊ မိမိ ရောက်လာသော အမှုကို ထာဝရဘုရားပြုစုတော်မူသည်၊ မမူသည်ကို သိလို၍၊ တိတ်ဆိတ်စွာ နေလေ၏။
- ကမ္ဘာဦးကျမ်း 24:22ခရစ်တော် မပေါ်မီ 1857 ခန့်
ကုလားအုပ်များကို ရေသောက်စေပြီးသော နောက်၊ ယောက်ျားသည်၊ အချိန်ငါးမူးရှိသော ရွှေနှာဆွဲ၊ အကျပ်တဆယ်အချိန်ရှိသော ရွှေလက်ကောက်တရံကို ထုတ်၍၊
- ကမ္ဘာဦးကျမ်း 24:23ခရစ်တော် မပေါ်မီ 1857 ခန့်
သင်သည် အဘယ်သူ၏သမီးဖြစ်သနည်း။ ကျွန်ုပ်ကို ပြောပါ။ သင်၏အဘအိမ်၌ ကျွန်ုပ်တို့တည်းခို စရာအရပ်ရှိသလောဟု မေးလေသော်၊
- ကမ္ဘာဦးကျမ်း 24:24ခရစ်တော် မပေါ်မီ 1857 ခန့်
မိန်းမက၊ ကျွန်ုပ်သည် နာခေါ်၏မယားမိလခါ ဘွားမြင်သော၊ ဗေသွေလ၏သမီးဖြစ်သည်ဟူ၍၎င်း၊
- ကမ္ဘာဦးကျမ်း 24:25ခရစ်တော် မပေါ်မီ 1857 ခန့်
ကျွန်ုပ်တို့၌ မြက်ခြောက်များ၊ စားဘွယ်သောက် ဘွယ်များနှင့် တည်းခိုစရာအရပ်လည်း ရှိသည်ဟူ၍၎င်း ဆိုလေ၏။
- ကမ္ဘာဦးကျမ်း 24:26ခရစ်တော် မပေါ်မီ 1857 ခန့်
ထိုအခါယောက်ျားသည် ဦးညွှတ်ချ၍ ထာဝရ ဘုရားကိုကိုးကွယ်လျက်၊
- ကမ္ဘာဦးကျမ်း 24:27ခရစ်တော် မပေါ်မီ 1857 ခန့်
ကရုဏာ၊ သစ္စာတော်ကို အကျွန်ုပ်သခင်မှ ရုပ်သိမ်းတော်မမူသော၊ အကျွန်ုပ်သခင်အာဗြဟံ၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။ လမ်းမှာ သွားလျက်ရှိသော အကျွန်ုပ်ကို ထာဝရဘုရားသည် အကျွန်ုပ်သခင်၏ညီအစ်ကိုတို့အိမ်သို့ ပို့ဆောင်တော်မူပါသည်တကားဟု မြွက်ဆို၏။
- ကမ္ဘာဦးကျမ်း 24:28ခရစ်တော် မပေါ်မီ 1857 ခန့်
သတို့သမီးသည်လည်းပြေး၍ အမိ၏အိမ်၌ ဤအရာများကို ကြားပြောလေ၏။
- ကမ္ဘာဦးကျမ်း 24:29ခရစ်တော် မပေါ်မီ 1857 ခန့်
ရေဗက္က၌ လာဗန်အမည်ရှိသော မောင် တယောက်ရှိ၏။ လာဗန်သည် ယောက်ျားရှိရာ ရေတွင်း သို့ပြေး၏။
- ကမ္ဘာဦးကျမ်း 24:30ခရစ်တော် မပေါ်မီ 1857 ခန့်
သူသည်နှာဆွဲကို၎င်း၊ နှမလက်၌ လက်ကောက် ကို၎င်း မြင်၍၊ ထိုယောက်ျားသည်ကျွန်ုပ်ကို ဤသို့ ပြောသည်ဟု၊ နှမရေဗက္ကဆိုသော စကားကို ကြားသော အခါ၊ ရေတွင်း၌ ကုလားအုပ်အနားမှာရပ်နေသော ယောက်ျားထံသို့ ရောက်သောအခါ၊
- ကမ္ဘာဦးကျမ်း 24:31ခရစ်တော် မပေါ်မီ 1857 ခန့်
ထာဝရဘုရားကောင်းကြီးပေးတော်မူသော သူ၊ ကျွန်ုပ်အိမ်သို့ ဝင်ပါလော့။ ပြင်၌အဘယ်ကြောင့် ရပ်နေ သနည်း။ အိမ်ကို၎င်း၊ ကုလားအုပ် များနေရာအရပ်ကို ၎င်း၊ ကျွန်ုပ်ပြင်ပါပြီဟုဆိုသဖြင့်၊
- ကမ္ဘာဦးကျမ်း 24:32ခရစ်တော် မပေါ်မီ 1857 ခန့်
ယောက်ျားကိုအိမ်သို့သွင်း၍ ကုလားအုပ်တို့ တန်ဆာကို ချွတ်ပြီးမှ၊ သူတို့အားမြက်ခြောက်နှင့်စားစရာ ကို ပေး၏။ ယောက်ျားခြေ၊ လိုက်သော သူတို့ခြေဆေးဘို့ ရေကိုလည်းပေးလေ၏။