အကြောင်းအရာသို့ ကျော်သွားရန်

circa 2100–1900 BC

Abraham: The Covenant

God calls Abram from Ur, establishes an everlasting covenant, and promises a son through whom all nations will be blessed.

394 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ကမ္ဘာဦးကျမ်း 24:58ခရစ်တော် မပေါ်မီ 1857 ခန့်

    ရေဗက္ကကိုခေါ်၍ သင်သည်ဤလူနှင့်အတူ ယခုလိုက်မည်လောဟု မေးသောအခါ၊ ကျွန်ုပ်လိုက်ပါမည် ဟုဆို၏။

  2. ကမ္ဘာဦးကျမ်း 24:59ခရစ်တော် မပေါ်မီ 1857 ခန့်

    သို့ဖြစ်၍၊ မိမိနှမရေဗက္ကနှင့် သူ၏အထိန်းကို၎င်း၊ အာဗြဟံကျွန်နှင့် သူ၏လူတို့ကို၎င်း လွှတ်လိုက် ကြ၏။

  3. ကမ္ဘာဦးကျမ်း 24:60ခရစ်တော် မပေါ်မီ 1857 ခန့်

    ရေဗက္ကကိုလည်း၊ သင်သည် ကျွန်ုပ်တို့၏နှမ ဖြစ်၏။ အသောင်းအသိန်းတို့၏အမိဖြစ်ပစေသော။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏ တံခါးများကို အစိုးရပါစေသောဟု ကောင်းကြီးပေးကြ၏။

  4. ကမ္ဘာဦးကျမ်း 24:61ခရစ်တော် မပေါ်မီ 1857 ခန့်

    ရေဗက္ကနှင့်သူ၏မိန်းမငယ်တို့သည်ထ၍၊ ကုလားအုပ်ကိုစီးလျက်၊ ထိုယောက်ျားနှင့်အတူ လိုက်ကြ ၏။ ထိုသို့ အာဗြဟံကျွန်သည် ရေဗက္ကကို ဆောင်သူ သွားလေ၏။

  5. ကမ္ဘာဦးကျမ်း 24:62ခရစ်တော် မပေါ်မီ 1857 ခန့်

    ထိုအခါ တောင်ပြည်အတွင်း၌ နေသော ဣဇာက်သည်၊ ဗေရလဟဲရောလမ်းဖြင့် ရောက်လာသည် ဖြစ်၍၊

  6. ကမ္ဘာဦးကျမ်း 24:63ခရစ်တော် မပေါ်မီ 1857 ခန့်

    ညဦးအချိန်၌ ဆင်ခြင်လိုသောငှါ၊ တောအရပ် သို့ထွက်သွား၍၊ မြော်ကြည့်လျှင်၊ ကုလားအုပ်များ လာသည်ကို မြင်လေ၏။

  7. ကမ္ဘာဦးကျမ်း 24:64ခရစ်တော် မပေါ်မီ 1857 ခန့်

    ရေဗက္ကသည်လည်း၊ မြော်ကြည့်၍ ဣဇာက်ကို မြင်သောအခါ၊ ကုလားအုပ်အပေါ်မှဆင်းပြီးလျှင်၊

  8. ကမ္ဘာဦးကျမ်း 24:65ခရစ်တော် မပေါ်မီ 1857 ခန့်

    ကျွန်ုပ်တို့ကို ကြိုဆိုခြင်းငှါ၊ တော၌လာသော ထိုသူကား၊ အဘယ်သူနည်းဟု ကျွန်ကိုမေးလေသော်၊ ကျွန်က၊ ထိုသူသည် ကျွန်ုပ်သခင်ဖြစ်ပါ၏ဟု ပြောဆို သောစကားကိုကြားလျှင်၊ ရေဗက္ကသည် မျက်နှာဖုံးကို ယူ၍ ဖုံးလေ၏။

  9. ကမ္ဘာဦးကျမ်း 24:66ခရစ်တော် မပေါ်မီ 1857 ခန့်

    ကျွန်သည်လည်း၊ မိမိပြုလေသမျှတို့ကို ဣဇာက် အား ကြားပြောပြီးမှ၊

  10. ကမ္ဘာဦးကျမ်း 24:67ခရစ်တော် မပေါ်မီ 1857 ခန့်

    ဣဇာက်သည် မိမိအမိစာရာ၏ တဲသို့ ရေဗက္က ကို ဆောင်ယူ၍ စုံဘက်လေ၏။ ရေဗက္ကကိုချစ်နှစ်မြို့ သဖြင့်၊ အမိသေသောအမှု၌ သက်သာခြင်းသို့ ရောက် လေ၏။

  11. ကမ္ဘာဦးကျမ်း 25:1ခရစ်တော် မပေါ်မီ 1853 ခန့်

    တဖန်အာဗြဟံသည်၊ ကေတုရအမည်ရှိသော မိန်းမနှင့် စုံဘက်၍၊

  12. ကမ္ဘာဦးကျမ်း 25:2ခရစ်တော် မပေါ်မီ 1852 ခန့်

    ထိုမိန်းမသည် ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်၊ ရှုအာတို့ကို ဘွားမြင်လေ၏။

  13. ကမ္ဘာဦးကျမ်း 25:3ခရစ်တော် မပေါ်မီ 1824 ခန့်

    ယုတ်ရှန်သားကား၊ ရှေဘနှင့်ဒေဒန်တည်း။ ဒေဒန်သားကား၊ အာရှုရိမ်လူ၊ လေတုရှိမ်လူ၊ လုမ်မိမ် လူတည်း။

  14. ကမ္ဘာဦးကျမ်း 25:4ခရစ်တော် မပေါ်မီ 1804 ခန့်

    မိဒျိန် သားကား၊ ဧဖါ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒ၊ ဧလဒါတည်း။ ထိုသူအပေါင်းတို့ကား ကေတုရအနွယ် ဖြစ်ကြသတည်း။

  15. ကမ္ဘာဦးကျမ်း 25:5ခရစ်တော် မပေါ်မီ 1829 ခန့်

    အာဗြဟံသည်၊ မိမိဥစ္စာရှိသမျှကို ဣဇာက်အား ပေးလေ၏။

  16. ကမ္ဘာဦးကျမ်း 25:6ခရစ်တော် မပေါ်မီ 1829 ခန့်

    မယားငယ်တို့၌ ရသောသားတို့အားလည်း၊ မိမိအသက်ရှင်စဉ်တွင် ဆုလပ်များကိုဝေပေး၍၊ သား ဣဇာတ်ထံမှ အရှေ့ပြည်သို့ လွှတ်လိုက်လေ၏။

  17. ကမ္ဘာဦးကျမ်း 25:7ခရစ်တော် မပေါ်မီ 1821 ခန့်

    ထိုနောက်အာဗြဟံသည် အသက်ကြီးရင့်၍၊ အိုမင်းခြင်း၊ နေ့ရက် ကာလပြည့်စုံခြင်းနှင့်တကွ၊ အသက်ပေါင်း တရာခုနစ်ဆယ်ငါးနှစ်ရှိသော်၊

  18. ကမ္ဘာဦးကျမ်း 25:8ခရစ်တော် မပေါ်မီ 1821 ခန့်

    အသက်ချုပ်၍ အနိစ္စဖြစ်သဖြင့်၊ မိမိလူမျိုး စည်းဝေးရာသို့ရောက်လေ၏။

  19. ကမ္ဘာဦးကျမ်း 25:9ခရစ်တော် မပေါ်မီ 1821 ခန့်

    သားဣဇာက်နှင့် ဣရှမေလတို့သည်၊ မံရေမြို့ ရှေ့မှာ၊ ဟိတ္တိအမျိုးသား၊ ဇောရသားဧဖရုန်၏လယ်ပြင် တွင်၊ မပ္ပေလမြေတွင်း၌ အဘကို သင်္ဂြိုဟ်ကြ၏။

  20. ကမ္ဘာဦးကျမ်း 25:10ခရစ်တော် မပေါ်မီ 1821 ခန့်

    ဟေသအမျိုးသားတို့အား အဘိုးပေး၍ အာဗြဟံ ဝယ်သောလယ်ပြင်၌၊ အာဗြဟံနှင့် မယားစာရာတို့ကို သင်္ဂြိုဟ်ကြသတည်း။

  21. ကမ္ဘာဦးကျမ်း 25:11ခရစ်တော် မပေါ်မီ 1821 ခန့်

    အာဗြဟံ သေသောနောက်၊ သားဣဇာက်ကို ဘုရားသခင် ကောင်းကြီးပေးတော်မူ၏။ ဣဇာက်သည် ဗေရလဟဲရောမြို့မှာ နေသတည်း။

  22. ကမ္ဘာဦးကျမ်း 25:12ခရစ်တော် မပေါ်မီ 1821 ခန့်

    စာရာ၏ကျွန်မ၊ အဲဂုတ္တု၊ အမျိုးသား ဟာဂရ ဘွားမြင်သော အာဗြဟံသား ဣရှမေလ၏ သားစဉ် မြေးဆက်တည်းဟူသော၊

  23. ကမ္ဘာဦးကျမ်း 25:13ခရစ်တော် မပေါ်မီ 1821 ခန့်

    မိမိအမျိုးအနွယ်အလိုက်၊ ဣရှမေလသားများအမည်ဟူမူကား၊ သားအကြီး နာဗာယုတ်။ ထိုနောက် ကေဒါ၊ အာဒဗေလ၊ မိဗသံ၊

  24. ကမ္ဘာဦးကျမ်း 25:14ခရစ်တော် မပေါ်မီ 1821 ခန့်

    မိရှမ၊ ဒုမာ၊ မာစ၊

  25. ကမ္ဘာဦးကျမ်း 25:15ခရစ်တော် မပေါ်မီ 1821 ခန့်

    ဟာဒဒ်၊ တေမ၊ ယေတုရ၊ နာဖိရှ၊ ကေဒမာတည်းဟူသော၊