အကြောင်းအရာသို့ ကျော်သွားရန်

circa AD 48–96

Letters to the Churches

Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.

2,767 အခန်းငယ် · 21 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်ယာကုပ်ဩဝါဒစာ 3:12ခရစ်နှစ် 60 ခန့်

    ငါ့ညီအစ်ကိုတို့၊ သင်္ဘောသဖန်းပင်သည် သံလွင်သီးကို သီးနိုင်သလော။ စပျစ်ပင်သည် သင်္ဘော သဖန်းသီးကို သီးနိုင်သလော။ ထိုအတူ၊ ငန်သောရေသည် ချိုသောရေကိုမဖြစ်စေနိုင်။

  2. ရှင်ယာကုပ်ဩဝါဒစာ 3:13ခရစ်နှစ် 60 ခန့်

    သင်တို့တွင် အတတ်အလိမ္မာနှင့်ပြည့်စုံသော ပညာရှိတစုံတယောက်ရှိလျှင်၊ ထိုသူသည် ပညာ၏ နှုးညံ့သိမ်မွေ့ခြင်းနှင့်တကွ၊ ကောင်းမြတ်သော ကျင့်ကြံပြုမူခြင်းအားဖြင့် မိမိအမှုတို့ကို ပြပါစေ။

  3. ရှင်ယာကုပ်ဩဝါဒစာ 3:14ခရစ်နှစ် 60 ခန့်

    သို့မဟုတ်သင်တို့စိတ်ထဲမှာ ခါးစွာသော ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းမရှိလျှင်၊ သမ္မာတရားကို မုသာဖြင့် ဆန်၍ မဝါကြွားကြနှင့်။

  4. ရှင်ယာကုပ်ဩဝါဒစာ 3:15ခရစ်နှစ် 60 ခန့်

    ထိုသို့သောပညာသည် အထက်မှသက်ရောက်သောပညာမဟုတ်။ မြေကြီးပညာ၊ ဇာတိပကတိပညာ၊ နတ်ဆိုးပညာဖြစ်၏။

  5. ရှင်ယာကုပ်ဩဝါဒစာ 3:16ခရစ်နှစ် 60 ခန့်

    အကြောင်းမူကား၊ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင်၊ မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ်စွာ ပြုမူခြင်း အမျိုးမျိုးရှိတတ်၏။

  6. ရှင်ယာကုပ်ဩဝါဒစာ 3:17ခရစ်နှစ် 60 ခန့်

    အထက်မှ သက်ရောက်သောပညာမူကား၊ ရှေ့ဦးစွာစင်ကြယ်၏။ ထိုမှတပါး၊ အသင့်အတင့်နေ တတ်ကြ၏။ ဖြည်းညှင်းသောသဘောရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့်၎င်း၊ ကောင်းကျိုးနှင့်၎င်း ပြည့်စုံ၏။ လျစ်လျူသောစိတ်ရှိ၏။ လျှို့ဝှက်ခြင်းနှင့်ကင်းစင်၏။

  7. ရှင်ယာကုပ်ဩဝါဒစာ 3:18ခရစ်နှစ် 60 ခန့်

    အသင့်အတင့်နေခြင်းငှါပြုစုတတ်သော သူတို့သည် ဖြောင့်မတ်ခြင်းတရား၏ မျိုးစေ့ကိုငြိမ်သက်စွာ ကြဲတတ်ကြ၏။

  8. ရှင်ယာကုပ်ဩဝါဒစာ 4:1ခရစ်နှစ် 60 ခန့်

    သင်တို့တွင် စစ်တိုက်ခြင်း၊ ရန်တွေ့ခြင်းသည် အဘယ်အကြောင်းကြောင့်ဖြစ်သနည်း။ သင်တို့အင်္ဂါ များ၌ စစ်ပြိုင်သော ကိလေသာ ကာမစိတ်ကြောင့် ဖြစ်သည်မဟုတ်လော။

  9. ရှင်ယာကုပ်ဩဝါဒစာ 4:2ခရစ်နှစ် 60 ခန့်

    သင်တို့သည် တပ်မက်၍မရကြ။ လူအသက်ကို သတ်၍၎င်း၊ အလွန်လိုချင်သောလောဘစိတ်ရှိ၍၎င်း၊ အလိုမပြည့်စုံနိုင်ကြ။ ရန်တွေ့ခြင်း၊ စစ်တိုက်ခြင်းကိုလည်း ပြု၍မရကြ။ အကြောင်းမူကား၊ ဆုမတောင်းဘဲ နေကြ၏။

  10. ရှင်ယာကုပ်ဩဝါဒစာ 4:3ခရစ်နှစ် 60 ခန့်

    ဆုတောင်းလျှင်လည်း ကာမဂုဏ်ခံစားစရာတို့ရှိစေခြင်းငှါ၊ အလွဲတောင်းသောကြောင့်မရကြ။

  11. ရှင်ယာကုပ်ဩဝါဒစာ 4:4ခရစ်နှစ် 60 ခန့်

    မတရားသောမေထုန်၌မှီဝဲသော ယောက်ျားမိန်းမတို့၊ လောကီမိဿဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိဿဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ ရန်သူဖြစ်၏။

  12. ရှင်ယာကုပ်ဩဝါဒစာ 4:5ခရစ်နှစ် 60 ခန့်

    ကျမ်းစာချက် အချည်းနှီးသက်သက်ဖြစ်သည်ဟူ၍၎င်း၊ ငါတို့၌ တည်နေသော ဝိညာဉ်တော်သည် ငြူစူစေချင်သော သဘောရှိသည်ဟူ၍၎င်း၊ ထင်ကြသလော။

  13. ရှင်ယာကုပ်ဩဝါဒစာ 4:6ခရစ်နှစ် 60 ခန့်

    ထိုဝိညာဉ်တော်သည် သာ၍များသော ကျေးဇူးကိုပြုတော်မူ၏။ ထိုသို့နှင့်အညီ ကျမ်းစာလာ သည်ကား၊ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏ဟုလာသတည်း။

  14. ရှင်ယာကုပ်ဩဝါဒစာ 4:7ခရစ်နှစ် 60 ခန့်

    ထိုကြောင့်၊ ဘုရားသခင်၏အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။

  15. ရှင်ယာကုပ်ဩဝါဒစာ 4:8ခရစ်နှစ် 60 ခန့်

    ဘုရားသခင်၌ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်ရှိသောသူတို့၊ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသာသူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစေကြလော့။

  16. ရှင်ယာကုပ်ဩဝါဒစာ 4:9ခရစ်နှစ် 60 ခန့်

    ဆင်းရဲငြိုငြင်ခြင်း၊ စိတ်မသာညည်းတွားခြင်း၊ ငိုကြွေးမြည်တမ်းခြင်းရှိကြလော့။ သင်တို့ရယ်ခြင်းကို စိတ်မသာညည်းတွားခြင်း၊ ဖြစ်စေကြလော့။ ဝမ်းမြောက်ခြင်းကိုလည်း ဝမ်းနည်းခြင်းဖြစ်စေကြလော့။

  17. ရှင်ယာကုပ်ဩဝါဒစာ 4:10ခရစ်နှစ် 60 ခန့်

    ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။ သို့ပြုလျှင်၊ သင်တို့ကို ချီးမြှောက်တော် မူလိမ့်မည်။

  18. ရှင်ယာကုပ်ဩဝါဒစာ 4:11ခရစ်နှစ် 60 ခန့်

    ညီအစ်ကိုတို့၊ အချင်းချင်းတယောက်ကိုတယောက် ကဲ့ရဲ့ခြင်းကိုမပြုကြနှင့်။ ညီအစ်ကိုချင်းကို ကဲ့ရဲ့၍၊ သူ၌အပြစ်ရှိသည်ဟု စီရင်သောသူသည် တရားကို ကဲ့ရဲ့၏။ တရား၌အပြစ်ရှိသည်ဟုစီရင်၏။ ထိုသို့ပြုလျှင်၊ သင်သည်တရားကို ကျင့်သောသူမဟုတ်၊ တရားကို စစ်ကြောစီရင်သောသူဖြစ်၏။

  19. ရှင်ယာကုပ်ဩဝါဒစာ 4:12ခရစ်နှစ် 60 ခန့်

    ပညတ်တရားကို ထားပိုင်သောသူ၊ စစ်ကြောစီရင်ပိုင်သောသူ တပါးတည်းရှိတော်မူ၏။ ထိုသူသည် ကယ်တင်ခြင်းငှါ၎င်း၊ ဖျက်ဆီးခြင်းငှါ၎င်း၊ တတ်နိုင်တော်မူ၏။ သူတပါးကိုစစ်ကြောစီရင်သောသင်သည်ကား အဘယ်သူနည်း။

  20. ရှင်ယာကုပ်ဩဝါဒစာ 4:13ခရစ်နှစ် 60 ခန့်

    ယနေ့ နက်ဖြန် ဤမည်သောမြို့သို့ သွားကြကုန်အံ့။ ထိုမြို့၌ တနှစ်ပတ်လုံးနေ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင် ပြုကြကုန်အံ့ဟု ဆိုတတ်သောသူတို့၊ နားထောင်ကြလော့။

  21. ရှင်ယာကုပ်ဩဝါဒစာ 4:14ခရစ်နှစ် 60 ခန့်

    နက်ဖြန်နေ့၌အဘယ်သို့ ဖြစ်မည်ကိုသင်တို့မသိကြ။ သင်တို့ အသက်သည် အဘယ်သို့သောအရာ ဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏။

  22. ရှင်ယာကုပ်ဩဝါဒစာ 4:15ခရစ်နှစ် 60 ခန့်

    ထဝရဘုရားသည် အလိုတော်ရှိ၍၊ ငါတို့သည်လည်းအသက်ရှင်လျှင်၊ ဤသို့ပြုကြကုန်အံ့၊ ထိုသို့ပြုကြ ကုန်အံ့ဟု သင်တို့ဆိုသင့်ရာဖြစ်၏။

  23. ရှင်ယာကုပ်ဩဝါဒစာ 4:16ခရစ်နှစ် 60 ခန့်

    ယခုသင်တို့သည် မိမိထောင်လွှားခြင်း၌ ဝါကြွားကြသေး၏။ ထိုသို့သောဝါကြွားခြင်းရှိသမျှသည် မကောင်းမသင့်ဖြစ်၏။

  24. ရှင်ယာကုပ်ဩဝါဒစာ 4:17ခရစ်နှစ် 60 ခန့်

    ထိုကြောင့်၊ ကောင်းသောအကျင့်ကို သိလျက် မကျင့်ဘဲနေသော သူသည်အပြစ်ရှိ၏။

  25. ရှင်ယာကုပ်ဩဝါဒစာ 5:1ခရစ်နှစ် 60 ခန့်

    အချင်းသူဌေး၊ သူကြွယ်တို့၊ ယခုလာကြ၊ သင်တို့အပေါ်၌ ရောက်လတံ့သော ဆင်းရဲဒုက္ခဝေဒနာ ကြောင့် ငိုကြွေးအော်ဟစ်ကြ။