အကြောင်းအရာသို့ ကျော်သွားရန်

circa AD 48–96

Letters to the Churches

Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.

2,767 အခန်းငယ် · 21 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်ယာကုပ်ဩဝါဒစာ 2:13ခရစ်နှစ် 60 ခန့်

    ကရုဏာမရှိသောသူသည်၊ ကရုဏာကိုမရဘဲ၊ တရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရား စီရင်ခြင်းကိုအောင်၍ ဝါကြွားတတ်၏။

  2. ရှင်ယာကုပ်ဩဝါဒစာ 2:14ခရစ်နှစ် 60 ခန့်

    ငါ့ညီအစ်ကိုတို့၊ တစုံတယောက်သောသူက၊ ငါသည်ယုံကြည်ခြင်းရှိ၏ဟုပြောလျက်၊ အကျင့်ကို မကျင့် ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော။

  3. ရှင်ယာကုပ်ဩဝါဒစာ 2:15ခရစ်နှစ် 60 ခန့်

    ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ နေ့တိုင်းစားရသောအစာမရှိသောအခါ၊

  4. ရှင်ယာကုပ်ဩဝါဒစာ 2:16ခရစ်နှစ် 60 ခန့်

    သင်တို့တွင် တစုံတယောက်သောသူက၊ ငြိမ်ဝပ်စွာသွားကြလော့။ နွေးကြလော့။ ဝကြလော့ဟု ပြောလျက်၊ သူတို့ကိုယ်နှင့်တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။

  5. ရှင်ယာကုပ်ဩဝါဒစာ 2:17ခရစ်နှစ် 60 ခန့်

    ထိုနည်းတူ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် တပါးတည်းရှိသောကြောင့် အသေဖြစ်၏။

  6. ရှင်ယာကုပ်ဩဝါဒစာ 2:18ခရစ်နှစ် 60 ခန့်

    တနည်းကား၊ သင်သည်ယုံကြည်ခြင်းရှိ၏။ ငါသည်အကျင့်ရှိ၏။ သို့ဖြစ်၍ သင်သည်အကျင့်မရှိဘဲ သင်၏ယုံကြည်ခြင်းကို ပြလော့။ ငါမူကား၊ အကျင့်အားဖြင့် ငါ၏ယုံကြည်ခြင်းကို ပြမည်ဟုပြောစရာရှိ၏။

  7. ရှင်ယာကုပ်ဩဝါဒစာ 2:19ခရစ်နှစ် 60 ခန့်

    ဘုရားသခင်တဆူတည်းရှိသည်ဟု သင်သည်ယုံ၏။ ကောင်းပေ၏။ နတ်ဆိုးတို့သည် ယုံ၍ ကြောက်ရွံ့ တုန်လှုပ်ကြ၏။

  8. ရှင်ယာကုပ်ဩဝါဒစာ 2:20ခရစ်နှစ် 60 ခန့်

    လျှပ်ပေါ်သောလူ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်သည်ကို သိချင်သလော။

  9. ရှင်ယာကုပ်ဩဝါဒစာ 2:21ခရစ်နှစ် 60 ခန့်

    ငါတို့အဘအာဗြဟံသည်၊ မိမိသားဣဇာက်ကို ယဇ်ပလ္လင်ပေါ်မှာတင်လှူပူဇော်သောအခါ၊ အကျင့်အား ဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော။

  10. ရှင်ယာကုပ်ဩဝါဒစာ 2:22ခရစ်နှစ် 60 ခန့်

    ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင်၍၊ အကျင့်အားဖြင့် စုံလင်သည်ကိုသိမြင်ရ၏။

  11. ရှင်ယာကုပ်ဩဝါဒစာ 2:23ခရစ်နှစ် 60 ခန့်

    အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏ဟူသော ကျမ်းစကားပြည့်စုံလေ၏။ အာဗြဟံသည်လည်း၊ ဘုရားသခင်၏အဆွေဟူ၍ ခေါ် ဝေါ်ခြင်းကိုခံရ၏။

  12. ရှင်ယာကုပ်ဩဝါဒစာ 2:24ခရစ်နှစ် 60 ခန့်

    လူသည်ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ရောက်သည်မဟုတ်။ အကျင့်အားဖြင့် ရောက် သည်ကို သင်တို့သိမြင်ရကြ၏။

  13. ရှင်ယာကုပ်ဩဝါဒစာ 2:25ခရစ်နှစ် 60 ခန့်

    ထိုနည်းတူ၊ ပြည်တန်ဆာရာခပ်သည်၊ တမန်တို့ကိုလက်ခံပြီးမှ အခြားသောလမ်းဖြင့် လွှတ်လိုက်၍၊ အကျင့်အားဖြင့်ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော။

  14. ရှင်ယာကုပ်ဩဝါဒစာ 2:26ခရစ်နှစ် 60 ခန့်

    ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေ ဖြစ်၏။

  15. ရှင်ယာကုပ်ဩဝါဒစာ 3:1ခရစ်နှစ် 60 ခန့်

    ငါ့ညီအစ်ကိုတို့၊ ငါတို့သည်သာ၍ ကျပ်တည်းသော စစ်ကြောစီရင်ခြင်းကိုခံရမည်ဟု သင်တို့သိ၍ အများသောဆရာမဖြစ်ကြနှင့်။

  16. ရှင်ယာကုပ်ဩဝါဒစာ 3:2ခရစ်နှစ် 60 ခန့်

    ငါတို့ရှိသမျှသည် အများသောအားဖြင့် မှားတတ်ကြ၏။ စကားအားဖြင့် မှားခြင်းမရှိသောသူ မည်သည်ကား၊ စုံလင်သောသူဖြစ်၏။ မိမိကိုယ်ကို တကိုယ်လုံးကို ချုပ်တည်းနိုင်သောသူဖြစ်၏။

  17. ရှင်ယာကုပ်ဩဝါဒစာ 3:3ခရစ်နှစ် 60 ခန့်

    မြင်းကိုနိုင်ခြင်းငှါ ပစပ်ကိုဇက်ခွံ့တတ်၏။ သို့ပြု၍ မြင်းကိုယ်တကိုယ်လုံးကို လှည့်စေတတ်၏။

  18. ရှင်ယာကုပ်ဩဝါဒစာ 3:4ခရစ်နှစ် 60 ခန့်

    ထိုမှတပါး၊ အလွန်ကြီးသောသင်္ဘောသည် ပြင်းစွာသော လေဟုန်နှင့်လွင့်သွားသော်လည်း၊ တက်မ ကိုင်အလိုရှိသည်အတိုင်း၊ ငယ်သောတက်မဖြင့် လှည့်တတ်၏။

  19. ရှင်ယာကုပ်ဩဝါဒစာ 3:5ခရစ်နှစ် 60 ခန့်

    ထိုနည်းတူ၊ လျှာသည်ငယ်သော အင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက် များစွာသောထင်းကို အနည်းငယ်သာ မီးသည်ညှိနိုင်သည်ကို ကြည့်ပါလော့။

  20. ရှင်ယာကုပ်ဩဝါဒစာ 3:6ခရစ်နှစ် 60 ခန့်

    လျှာသည် မီးဖြစ်၏။ ဒုစရိုက်၏ လောကဓာတ်လည်းဖြစ်၏။ ထိုသို့နှင့်အညီ၊ လျှာသည်ငါတို့၏ အင်္ဂါတို့တွင်တည်၍ တကိုယ်လုံးကို ညစ်ညူးစေ၏။ ဇာတိစက်ကိုလည်းရှို့တတ်၏။ မိမိသည်လည်း ငရဲမီးရှို့ ခြင်းကိုခံလျက်ရှိ၏။

  21. ရှင်ယာကုပ်ဩဝါဒစာ 3:7ခရစ်နှစ် 60 ခန့်

    သားရဲမျိုး၊ ငှက်မျိုး၊ တွားတတ်သောတိရစ္ဆာန်မျိုး၊ ငါးမျိုးတို့ကို လူမျိုးသည် အောင်တတ်သည်အတိုင်း အောင်ခဲ့ပြီ။

  22. ရှင်ယာကုပ်ဩဝါဒစာ 3:8ခရစ်နှစ် 60 ခန့်

    လျှာကိုကား၊ အဘယ်လူမဆိုမအောင်နိုင်၊ မဆုံးမနိုင်သော အဆိုးအညစ်ဖြစ်၏။ သေစေတတ်သော အဆိပ်အတောက်နှင့်ပြည့်စုံ၏။

  23. ရှင်ယာကုပ်ဩဝါဒစာ 3:9ခရစ်နှစ် 60 ခန့်

    ငါတို့သည်လျှာဖြင့် ခမည်းတော်ဘုရားသခင်ကို ကောင်းကြီးပေးတတ်ကြ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်းသော လူတို့ကို လျှာဖြင့်ကျိန်ဆဲတတ်ကြ၏။

  24. ရှင်ယာကုပ်ဩဝါဒစာ 3:10ခရစ်နှစ် 60 ခန့်

    နှုတ်တပါးတည်းအထဲက၊ ထောမနာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းထွက်တတ်ပါသည်တကား၊ ငါ့ညီအစ်ကိုတို့၊ ထိုသို့မဖြစ်ကောင်းရာ။

  25. ရှင်ယာကုပ်ဩဝါဒစာ 3:11ခရစ်နှစ် 60 ခန့်

    စမ်းရေပေါက်တပေါက်တည်း အထဲကချိုသောရေနှင့် ခါးသောရေထွက်တတ်သလော။