- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa AD 48–96
Letters to the Churches
Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.
ဤကာလမှ အခန်းငယ်များ
- ဟေဗြဲဩဝါဒစာ 5:1ခရစ်နှစ် 64 ခန့်
လူတို့တွင်ရွေးကောက်သော ယဇ်ပုရောဟိတ်မင်း မည်သည်ကား၊ ပူဇော်သက္ကာကို၎င်း၊ အပြစ်ဖြေရာ ယဇ်ကို၎င်း ပူဇော်၍၊ လူတို့အတွက် ဘုရားဝတ်ပြုစေခြင်းငှါ ခန့်ထားတော်မူသောသူဖြစ်၏။
- ဟေဗြဲဩဝါဒစာ 5:2ခရစ်နှစ် 64 ခန့်
သူသည် ကိုယ်တိုင်နွမ်းရိအားနည်းခြင်းရှိသည်ဖြစ်၍၊ မိုက်သောသူ၊ မှားယွင်းသောသူတို့ကို သည်းခံခြင်းငှါ တတ်နိုင်၏။
- ဟေဗြဲဩဝါဒစာ 5:3ခရစ်နှစ် 64 ခန့်
ထိုအကြောင်းကြောင့်လည်း၊ လူများအပြစ်နှင့် မိမိအပြစ်ကို ဖြေခြင်းငှါ ပူဇော်ရ၏။
- ဟေဗြဲဩဝါဒစာ 5:4ခရစ်နှစ် 64 ခန့်
ဘုရားသခင်သည် အာရုန်ကိုခေါ်တော်မူသကဲ့သို့ ခေါ်တော်မူသောသူမှတပါး၊ အဘယ်သူမျှ ထိုအရာမြတ်ကို မသိမ်းမယူရ။
- ဟေဗြဲဩဝါဒစာ 5:5ခရစ်နှစ် 64 ခန့်
ထိုနည်းတူ၊ ခရစ်တော်သည် ယဇ်ပုရောဟိတ်မင်းအရာ၌ မိမိကို မိမိချီးမြှောက်သည်မဟုတ်။ သင် သည် ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဘွားစေပြီဟု မိန့်တော်မူသောသူသည် ခရစ်တော်ကို ချီးမြှောက် တော်မူ၏။
- ဟေဗြဲဩဝါဒစာ 5:6ခရစ်နှစ် 64 ခန့်
ထိုသို့နှင့်အညီ ကျမ်းစာတချက်လာသည်ကား၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရော ဟိတ်ဖြစ်သည်ဟု လာသတည်း။
- ဟေဗြဲဩဝါဒစာ 5:7ခရစ်နှစ် 64 ခန့်
ထိုခရစ်တော်သည် လူဇာတိအဖြစ်၌ နေစဉ်ကာလ၊ သေခြင်းမှ ကယ်လွှတ်နိုင်တော်မူသောသူကို၊ ကြီးစွာသော ကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်းပဌနာပြုသဖြင့်၊ ကြောက်ရွံရာအမှု၌ ချမ်းသာ ရသည်ဖြစ်၍၊
- ဟေဗြဲဩဝါဒစာ 5:8ခရစ်နှစ် 64 ခန့်
ဘုရားသခင်၏ သားတော်မှန်သော်လည်း၊ ဆင်းရဲဒုက္ခကို ခံသောအားဖြင့် နားထောင်ခြင်း အကျိုး အကြောင်းကို သင်တော်မူ၏။
- ဟေဗြဲဩဝါဒစာ 5:9ခရစ်နှစ် 64 ခန့်
ထိုသို့စုံလင်ခြင်းသို့ရောက်ပြီးမှ၊ ယုံကြည်နားထောင်သော သူအပေါင်းတို့အား ထာဝရကယ်တင်ခြင်း ကျေးဇူးကို ပြုသောသူဖြစ်တော်မူ၍။
- ဟေဗြဲဩဝါဒစာ 5:10ခရစ်နှစ် 64 ခန့်
မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်မင်းဟု ဘုရားသခင်သမုတ်တော်မူခြင်းကို ခံရ၏။
- ဟေဗြဲဩဝါဒစာ 5:11ခရစ်နှစ် 64 ခန့်
ထိုမေလခိဇေဒက်၏အကြောင်းကို ငါတို့ ပြောစရာစကားအများရှိ၏။ သို့သော်လည်း၊ သင်တို့သည် ဉာဏ်နုန့်သောကြောင့် အပြောခက်လှ၏။
- ဟေဗြဲဩဝါဒစာ 5:12ခရစ်နှစ် 64 ခန့်
သင်တို့သည် ကာလကြာသောကြောင့် ဆရာအဖြစ်သို့ ရောက်သင့်သော်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်တော်၌ ရှေ့ဦးစွာ သင်ရသောတရားနုတို့ကို သူတပါးထံ၌ တဖန်သင်ရသော အကြောင်းရှိသည် ဖြစ်၍၊ ကြေခဲသောအစာကို မသုံးဆောင်၊ နို့ကိုသာ သုံးဆောင်ရသောသူဖြစ်ကြ၏။
- ဟေဗြဲဩဝါဒစာ 5:13ခရစ်နှစ် 64 ခန့်
နို့ကိုသာသုံးဆောင်သောသူမည်သည်ကား၊ သူငယ်ဖြစ်သောကြောင့် ဖြောင့်မတ်ခြင်းတရား၌ လေ့လာခြင်းမရှိ။
- ဟေဗြဲဩဝါဒစာ 5:14ခရစ်နှစ် 64 ခန့်
ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍ သိနိုင်သောဉာဏ်ပေးတတ်သော၊ အကြားအမြင်အတွေ့ အစမ်းများသော သူတည်းဟူသော၊ စုံလင်သော အရွယ်ရှိသော သူတို့မူကား၊ ကြေခဲသော အစာအာဟာရကို သုံးဆောင်ရကြ၏။
- ဟေဗြဲဩဝါဒစာ 6:1ခရစ်နှစ် 64 ခန့်
ထိုကြောင့်၊ သေခြင်းနှင့်စပ်ဆိုင်သော အကျင့်ကို နောင်တရခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဗတ္တိဇံ တရားကိုသွန်သင်ခြင်း၊ လက်ကိုတင်ခြင်း၊ သေလွန်သော သူတို့၏ထမြောက်ခြင်း၊ ထာဝရစီရင် ဆုံးဖြတ်ခြင်းတည်းဟူသော မူလအမြစ်ကို ငါတို့သည် ပြန်၍ မတည်ဘဲ၊
- ဟေဗြဲဩဝါဒစာ 6:2ခရစ်နှစ် 64 ခန့်
ခရစ်တော်၏ဘာသာ၌ အစအဦးဖြစ် သော အကြောင်းအရာတို့ကိုထား၍၊ စုံလင်သောအဖြစ် သို့ တက်ကြကုန်အံ့။
- ဟေဗြဲဩဝါဒစာ 6:3ခရစ်နှစ် 64 ခန့်
ဘုရားသခင်အခွင့်ပေးတော်မူလျှင်၊ ငါတို့သည် ထိုသို့ပြုကြမည်။
- ဟေဗြဲဩဝါဒစာ 6:4ခရစ်နှစ် 64 ခန့်
အလင်းသို့တခါရောက်၍ ကောင်းကင်ဆုကျေးဇူးကို မြည်းစမ်းခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော် ကိုခံယူခြင်း၊
- ဟေဗြဲဩဝါဒစာ 6:5ခရစ်နှစ် 64 ခန့်
ဘုရားသခင်၏ ကောင်းမြတ်သော တရားစကားကို၎င်း၊ နောင်ကပ်ကာလ၏ တန်ခိုးများကို၎င်း၊ မြည်းစမ်းခြင်းရှိပြီးမှ၊
- ဟေဗြဲဩဝါဒစာ 6:6ခရစ်နှစ် 64 ခန့်
ရွေ့လျော့ဖေါက်ပြန်သောသူတို့သည်၊ မိမိတို့တွင် ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်မှာ ကွပ်မျက်၍ အသရေတော်ကို ရှုတ်ချသောသူဖြစ်သောကြောင့်၊ နောက်တဖန်နောင်တရအံ့သောငှါ အသစ် ပြုပြင်ခြင်းသို့ မရောက်နိုင်ကြ။
- ဟေဗြဲဩဝါဒစာ 6:7ခရစ်နှစ် 64 ခန့်
ဥပမာကား၊ အကြင်မြေသည် မိမိအပေါ်သို့အဖန်ဖန်ကျသော မိုဃ်းရေကိုသောက်၍၊ လုပ်သော သူသုံးဘို့ ဟင်းသီးဟင်းရွက်ကို ဖြစ်စေတတ်၏။ ထိုမြေသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ခံတတ်၏။
- ဟေဗြဲဩဝါဒစာ 6:8ခရစ်နှစ် 64 ခန့်
အကြင်မြေသည် ဆူးပင်အမျိုးမျိုးကိုဖြစ်စေတတ်၏။ ထိုမြေသည် ပြုစုခြင်းကိုမခံထိုက်။ ကျိန်ခြင်းကို ခံရသော အချိန်နီးသည် ဖြစ်၍၊ နောက်ဆုံး၌ မီးရှို့ခြင်းသို့ ရောက်တတ်၏။
- ဟေဗြဲဩဝါဒစာ 6:9ခရစ်နှစ် 64 ခန့်
ထိုသို့ပြောသော်လည်း၊ ချစ်သူတို့၊ သင်တို့သည် ကယ်တင်ခြင်းနှင့် ယှဉ်သောအရာ၊ သာ၍ကောင်းသောအရာတို့နှင့် ဆိုင်သည်ကို၊ ငါတို့သည် သဘောကျလျက်ရှိကြ၏။
- ဟေဗြဲဩဝါဒစာ 6:10ခရစ်နှစ် 64 ခန့်
အကြောင်းမူကား၊ သင်တို့သည် သန့်ရှင်းသူတို့ကို အထက်က လုပ်ကျွေးသည်သာမက၊ ယခုပင် လုပ် ကျွေးခြင်းအမှုကို၎င်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ ပြသောမေတ္တာကို၎င်း၊ ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကို ပြုတော်မူသည်မဟုတ်။
- ဟေဗြဲဩဝါဒစာ 6:11ခရစ်နှစ် 64 ခန့်
သင်တို့ရှိသမျှသည် ပျင်းရိခြင်းနှင့် ကင်းလွတ်၍၊ ယုံကြည်ခြင်းနှင့် သည်းခံခြင်းအားဖြင့် ဂတိတော် တို့ကို အမွေခံရသောသူတို့ နည်းတူကျင့်နိုင်မည်အကြောင်း၊