- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa AD 48–96
Letters to the Churches
Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.
ဤကာလမှ အခန်းငယ်များ
- ဟေဗြဲဩဝါဒစာ 6:12ခရစ်နှစ် 64 ခန့်
ထိုသို့သော လုံ့လဝိရိယကို ထုတ်၍၊ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့်ကင်းသော မြော်လင့်ခြင်းနှင့် ပြည့်စုံစေခြင်းငှါ ငါတို့သည် အလိုရှိကြ၏။
- ဟေဗြဲဩဝါဒစာ 6:13ခရစ်နှစ် 64 ခန့်
ဘုရားသခင်သည် အာဗြဟံ၌ ဂတိထားတော်မူသောအခါ၊ ကိုယ်တော်ထက်သာ၍ ကြီးမြတ်သောသူကို တိုင်တည်၍ ကျိန်ဆိုရန် မရှိသောကြောင့်၊ ကိုယ်တော်ကို တိုင်တည်၍၊
- ဟေဗြဲဩဝါဒစာ 6:14ခရစ်နှစ် 64 ခန့်
ငါသည်သင့်အား အစဉ်အမြဲကောင်းကြီးပေးမည်။ သင့်ကို အစဉ်အမြဲပွါးများစေမည်ဟု ကျိန်ဆို တော်မူ၏။
- ဟေဗြဲဩဝါဒစာ 6:15ခရစ်နှစ် 64 ခန့်
ထိုသို့နှင့်အညီအာဗြဟံသည် သည်းခံလျက် စောင့်နေပြီးမှ၊ ဂတိတော်ကိုဝင်စားလေ၏။
- ဟေဗြဲဩဝါဒစာ 6:16ခရစ်နှစ် 64 ခန့်
လူတို့သည် မိမိထက်ကြီးမြတ်သောသူကို တိုင်တည်၍ ကျိန်ဆိုလေ့ရှိကြ၏။ မြဲမြံစေတတ်သော အကျိန်သည် ငြင်းခုံခြင်းရှိသမျှကို ဖြေတတ်၏။
- ဟေဗြဲဩဝါဒစာ 6:17ခရစ်နှစ် 64 ခန့်
ထိုကြောင့်၊ ဂတိတော်ကို အမွေခံရသောသူတို့သည်၊ ဘုရားသခင်၏ အကြံအစည်တော်မဖေါက်ပြန်နိုင် ကြောင်းကို အတပ်သိစေခြင်းငှါ၊ ဘုရားသခင်သည် အကျိန်အားဖြင့် အာမခံတော်မူ၏။
- ဟေဗြဲဩဝါဒစာ 6:18ခရစ်နှစ် 64 ခန့်
အကြောင်းမူကား၊ ဘုရားသခင်သည် မုသာမသုံးနိုင်သော အရာတည်းဟူသော မဖောက်ပြန် မပြောင်းလဲနိုင်သော အရာနှစ်ပါးကို အမှီပြု၍၊ ကိုယ်ရှေ့၌ထားသော မြော်လင့်ရာကို ခိုလှုံခြင်းငှါ ပြေးသော ငါတို့သည် သက်သာအားကြီးကြမည်အကြောင်းတည်း။
- ဟေဗြဲဩဝါဒစာ 6:19ခရစ်နှစ် 64 ခန့်
ထိုမြော်လင့်ခြင်းမူကား၊ ကုလားကာအတွင်း၌ချ၍ မြဲမြံခိုင်ခံ့သော စိတ်နှလုံး၏ကျောက်ဆူးကဲ့သို့ ငါတို့၌ရှိသတည်း။
- ဟေဗြဲဩဝါဒစာ 6:20ခရစ်နှစ် 64 ခန့်
မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်မင်း ဖြစ်သော ယေရှုသည်၊ ငါတို့အတွက်၊ ထိုအတွင်း အရပ်ထဲသို့ ရှေ့ဆောင်၍ ဝင်သောသူဖြစ်တော်မူ၏။
- ဟေဗြဲဩဝါဒစာ 7:1ခရစ်နှစ် 64 ခန့်
မင်းကြီးများကို လုပ်ကြံရာမှ ပြန်လာသော အာဗြဟံကို ခရီးဦးကြိုပြု၍ ကောင်းကြီးပေးပြီးလျှင်၊
- ဟေဗြဲဩဝါဒစာ 7:2ခရစ်နှစ် 64 ခန့်
အာဗြဟံလှူသောလက်ရဥစ္စာရှိသမျှကို ဆယ်ဘို့တဘို့ခံယူသော ထိုရှာလင်မင်းကြီးတည်းဟူသော အမြင့် ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ် မေလခိဇေဒက်သည်၊ နာမရင်းအနက်အားဖြင့် တရားမင်း၊ ထိုမှ တပါး၊ ငြိမ်သက်ခြင်းမင်းဟုဆိုလိုသော ရှာလင်မင်း ဖြစ်လျက်၊
- ဟေဗြဲဩဝါဒစာ 7:3ခရစ်နှစ် 64 ခန့်
အဘမရှိ၊ အမိမရှိ၊ ရှေးမျိုးစဉ်မရှိ၊ အသက် အပိုင်းအခြားမရှိဘဲ၊ ဘုရားသခင်၏ သားတော်နှင့် တူ၍၊ ယဇ်ပုရောဟိတ်အရာ၌ အစဉ်အမြဲတည်၏။
- ဟေဗြဲဩဝါဒစာ 7:4ခရစ်နှစ် 64 ခန့်
အမျိုး၏အဘအာဗြဟံသည်၊ လက်ရဥစ္စာများကို ဆယ်ဘို့တဘို့လှူ၍ အလှူခံသောထိုမင်းသည် အဘယ်မျှ လောက်ကြီးမြတ်သည်ကို ဆင်ခြင်ကြလော့။
- ဟေဗြဲဩဝါဒစာ 7:5ခရစ်နှစ် 64 ခန့်
ယဇ်ပုရောဟိတ်အရာကိုခံသော လေဝိသားတို့သည် အာဗြဟံအမျိုးဖြစ်သောသူတည်းဟူသော၊ မိမိတို့ ညီအစ်ကိုများလက်မှ ပညတ်တရားအတိုင်း ဆယ်ဘို့တဘို့ကို ခံရသော အခွင့်ရှိကြ၏။
- ဟေဗြဲဩဝါဒစာ 7:6ခရစ်နှစ် 64 ခန့်
သူတို့ အမျိုးမဟုတ်သော ထိုမင်းမူကား၊ အာဗြဟံ၏ လက်မှ ဆယ်ဘို့တဘို့ကို ခံလေ၏။ ဂတိတော် တို့ကိုခံရသော သူကိုလည်း ကောင်းချီးပေးလေ၏။
- ဟေဗြဲဩဝါဒစာ 7:7ခရစ်နှစ် 64 ခန့်
ကြီးသောသူသည် ငယ်သောသူကို ကောင်းကြီး ပေးတတ်သည်ကို ငြင်းခုံဘွယ်မရှိ။
- ဟေဗြဲဩဝါဒစာ 7:8ခရစ်နှစ် 64 ခန့်
ထိုမှတပါး၊ သေတတ်သောသူတို့သည် ယခုအခါ ဆယ်ဘို့တဘို့ကို ခံလေ့ရှိ၏။ ထိုအခါမူကား အသက်ရှင် သည်ဟု သက်သေခံခြင်းကို ရသောသူသည် ဆယ်ဘို့တဘို့ကိုခံရ၏။
- ဟေဗြဲဩဝါဒစာ 7:9ခရစ်နှစ် 64 ခန့်
ထိုမှတပါး၊ ဆယ်ဘို့တဘို့ကိုခံတတ်သော လေဝိသည် အာဗြဟံအားဖြင့် ဆယ်ဘို့တဘို့ကို ပေးပြီဟု ဆိုစရာ အခွင့်ရှိ၏။
- ဟေဗြဲဩဝါဒစာ 7:10ခရစ်နှစ် 64 ခန့်
အကြောင်းမူကား၊ မေလခိဇေဒက်သည် အာဗြဟံကိုတွေ့သောအခါ၊ လေဝိသည် မိမိအဘ၏ ကိုယ်၌ရှိသတည်း။
- ဟေဗြဲဩဝါဒစာ 7:11ခရစ်နှစ် 64 ခန့်
တနည်းကား၊ လေဝိမှဆင်းသက်သော ယဇ်ပုရောဟိတ်အမျိုးနှင့် စပ်ဆိုင်လျက်လူများတို့သည် ပညတ်တရားတော်ကို ခံကြသောကြောင့်၊ ထိုအမျိုးအားဖြင့် စုံလင်ခြင်းသို့ ရောက်နိုင်သည်မှန်လျှင်၊ အခြား သော ယဇ်ပုရောဟိတ်သည်၊ အာရုန်နည်းတူ မခေါ်ဝေါ်ဘဲ၊ မေလခိဇေဒက်နည်းတူ ပေါ်ထွန်းစရာအကြောင်း အဘယ်သို့ရှိသေးသနည်း။
- ဟေဗြဲဩဝါဒစာ 7:12ခရစ်နှစ် 64 ခန့်
ယဇ်ပုရောဟိတ်အမျိုးသည် ပြောင်းလဲလျှင်၊ ပညတ်တရားသည် မပြောင်းလဲဘဲမနေနိုင်ရာ။
- ဟေဗြဲဩဝါဒစာ 7:13ခရစ်နှစ် 64 ခန့်
ထိုဗျာဒိတ်တော်ကို ခံရသောသူသည်၊ ယဇ်ပလ္လင်ဝတ်ကို တယောက်မျှမပြုရသောအမျိုးနှင့် စပ်ဆိုင် ပေ၏။
- ဟေဗြဲဩဝါဒစာ 7:14ခရစ်နှစ် 64 ခန့်
အကြောင်းမူကား၊ ငါတို့သခင်သည် ယုဒအမျိုးထဲ၌ ပေါ်ထွန်းသည်ဟု ထင်ရှားလျက်ရှိ၏။ ထိုအမျိုး သည် ယဇ်ပုရောဟိတ်အရာနှင့် စပ်ဆိုင်သည်ဟုမောရှေသည် တခွန်းကိုမျှမပြော။
- ဟေဗြဲဩဝါဒစာ 7:15ခရစ်နှစ် 64 ခန့်
ထိုမှတပါး၊ မေလခိဇေဒက်နည်းတူ အခြားသော ယဇ်ပုရောဟိတ်သည် ပေါ်ထွန်းသည်မှန်လျှင်၊ ယဇ် ပုရောဟိတ်အမျိုး ပြောင်းလဲပြီဟု သာ၍ထင်ရှား၏။
- ဟေဗြဲဩဝါဒစာ 7:16ခရစ်နှစ် 64 ခန့်
ထိုယဇ်ပုရောဟိတ်သည် ကိုယ်ခန္ဓာနှင့် စပ်ဆိုင်သော တရားအတိုင်း ခန့်ထားလျက်ရှိသည်မဟုတ်။ ထာဝရအသက်၏ တန်ခိုးအာနုဘော်အတိုင်း ခန့်ထားလျက်ရှိသတည်း။