အကြောင်းအရာသို့ ကျော်သွားရန်

circa AD 48–96

Letters to the Churches

Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.

2,767 အခန်းငယ် · 21 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဟေဗြဲဩဝါဒစာ 7:17ခရစ်နှစ် 64 ခန့်

    အကြောင်းမူကား၊ သင်သည် မေလခိဇေဒက်နည်းတူ၊ ထာဝရ ယဇ်ပုရောဟိတ်ဖြစ်သည်ဟု သက်သေ ခံတော်မူသတည်း။

  2. ဟေဗြဲဩဝါဒစာ 7:18ခရစ်နှစ် 64 ခန့်

    ပညတ်တရားသည် အဘယ်သူကိုမျှ စုံလင်ခြင်းသို့ မပို့နိုင်သည် ဖြစ်၍၊

  3. ဟေဗြဲဩဝါဒစာ 7:19ခရစ်နှစ် 64 ခန့်

    ရှေးပညတ်တရားဟောင်းသည်၊ အားမရှိ၊ အကျိုးကို မပေးနိုင်သောကြောင့်၊ ပယ်ရှင်းခြင်းသို့ ရောက် ရ၏။ သို့သော်လည်း၊ သာ၍မြတ်သော မြော်လင့်ခြင်းအခွင့်သည် နေရာကျ၏။ ထိုမြော်လင့်ခြင်းအားဖြင့် ငါတို့သည် ဘုရားသခင့်အထံတော်သို့ တိုးဝင်ချဉ်းကပ်ရကြ၏။

  4. ဟေဗြဲဩဝါဒစာ 7:20ခရစ်နှစ် 64 ခန့်

    ထိုသူတို့သည် အကျိန်တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကို ရကြ၏။

  5. ဟေဗြဲဩဝါဒစာ 7:21ခရစ်နှစ် 64 ခန့်

    ယေရှုမူကား၊ အကျိန်တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကိုမရ၊ ထာဝရဘုရားက၊ သင်သည် မေလခိ ဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍၊ နောက်တဖန် စိတ်ပြောင်းလဲခြင်းရှိတော် မမူသည်နှင့်အညီ၊ ယေရှုသည် အကျိန်တော်ကိုခံ၍ ယဇ်ပုရောဟိတ်အရာကို ရသည်အတိုင်း၊

  6. ဟေဗြဲဩဝါဒစာ 7:22ခရစ်နှစ် 64 ခန့်

    သာ၍မြတ်သော ပဋိညာဉ်တရား၏ အာမခံဖြစ်၏။

  7. ဟေဗြဲဩဝါဒစာ 7:23ခရစ်နှစ် 64 ခန့်

    ထိုသူတို့သည်လည်း သေရသောကြောင့် အစဉ်မတည်နိုင်သည် ဖြစ်၍ အများရှိရကြ၏။

  8. ဟေဗြဲဩဝါဒစာ 7:24ခရစ်နှစ် 64 ခန့်

    ယေရှုမူကား၊ နိစ္စထာဝရတည်သောကြောင့် မပြောင်းမလဲသော ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား လျက်ရှိ၏။

  9. ဟေဗြဲဩဝါဒစာ 7:25ခရစ်နှစ် 64 ခန့်

    ထိုကြောင့်၊ အကြင်သူတို့သည် ယေရှုအားဖြင့် ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြ၏၊ ထိုသူတို့၏ အမှုကို ကိုယ်တော်သည် စောင့်လျက်၊ ကာလအစဉ် အသက်ရှင်သောကြောင့်၊ သူတို့ကို အစဉ်ကယ်တင်ခြင်း ငှါ တတ်နိုင်တော်မူ၏။

  10. ဟေဗြဲဩဝါဒစာ 7:26ခရစ်နှစ် 64 ခန့်

    ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းစင်ကြယ်၍ အညစ်အကြေးနှင့် ကင်းလွတ်လျက် အပြစ်ရှိသော သူတို့နှင့်မဆက်ဆံ၊ ကောင်းကင်သားအပေါင်းတို့ထက် မြင့်မြတ်သောသူဖြစ်၍၊ ငါတို့နှင့် တော်သင့်တော်မူ၏။

  11. ဟေဗြဲဩဝါဒစာ 7:27ခရစ်နှစ် 64 ခန့်

    အခြားသော ယဇ်ပုရောဟိတ်မင်းတို့သည် ကိုယ်အပြစ်ကြောင့်၎င်း၊ လူများအပြစ်ကြောင့်၎င်း၊ နေ့တိုင်း ယဇ်ပူဇော်ရသကဲ့သို့၊ ထိုသခင်သည် ယဇ်ပူဇော်စရာအကြောင်းမရှိ၊ အဘယ်ကြောင့်နည်းဟူမူကား၊ မိမိ ကိုယ်ကိုတခါတည်း ယဇ်ပူဇော်၍ ထိုအမှုကို ပြီးစီးတော်မူပြီ။

  12. ဟေဗြဲဩဝါဒစာ 7:28ခရစ်နှစ် 64 ခန့်

    ပညတ်တရားသည် အပြစ်ရှိသောသူတို့ကို ယဇ်ပုရောဟိတ် အရာ၌ခန့်ထား၏။ ပညတ်တရား နောက်၌ ကျိန်ဆိုတော်မူသော ဗျာဒိတ်တော်မူကား၊ အစဉ်အမြဲစုံလင်ခြင်းသို့ရောက်သော သားတော်ကို ခန့်ထားသတည်း။

  13. ဟေဗြဲဩဝါဒစာ 8:1ခရစ်နှစ် 64 ခန့်

    ယခုဆိုခဲ့ပြီးသော အကြောင်းအရာတို့၏ အချုပ်အခြာဟူမူကား၊ ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ရှိ၏။ ကောင်းကင်ဘုံ၌ တန်ခိုးအာနုဘော်တော်၏ ပလ္လင်လက်ျာဘက်မှာ ထိုင်နေတော်မူ၏။

  14. ဟေဗြဲဩဝါဒစာ 8:2ခရစ်နှစ် 64 ခန့်

    လူမဆောက်ဘဲ ထာဝရဘုရား ဆောက်တော်မူသော တဲတော်စစ်တည်းဟူသော၊ သန့်ရှင်းရာဌာန၌ ဘုရားဝတ်ကိုပြုသောသူ ဖြစ်တော်မူ၏။

  15. ဟေဗြဲဩဝါဒစာ 8:3ခရစ်နှစ် 64 ခန့်

    ယဇ်ပုရောဟိတ်မင်းမည်သည်ကား၊ ပူဇော်သက္ကာနှင့် ယဇ်ကိုပူဇော်စေခြင်းငှါ ခန့်ထားလျက်ရှိသည် ဖြစ်၍၊ ငါတို့ ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော်စရာယဇ်တစုံတခု ရှိရ၏။

  16. ဟေဗြဲဩဝါဒစာ 8:4ခရစ်နှစ် 64 ခန့်

    ပညတ်တရားအတိုင်း ပူဇော်သက္ကာကို ဆက်ကပ်သော ယဇ်ပုရောဟိတ်များ ရှိကြသည်ဖြစ်၍၊ ထိုသခင်သည် မြေကြီးပေါ်မှာရှိနေလျှင် ယဇ်ပုရောဟိတ်မလုပ်ရ။

  17. ဟေဗြဲဩဝါဒစာ 8:5ခရစ်နှစ် 64 ခန့်

    မောရှေသည် တဲတော်ကို ဆောက်လုပ်အံ့သောအခါ၊ တောင်ပေါ်မှာ သင့်အားပြခဲ့ပြီးသောပုံနှင့် ညီလျော်စွာ အလုံးစုံတို့ကို လုပ်ခြင်းငှါ သတိပြုရမည်ဟု ဗျာဒိတ်တော်ကို ခံရသည်ဖြစ်၍၊ ထိုယဇ်ပုရောဟိတ် တို့သည် ကောင်းကင်အရာတို့၏ ပုံပမာအရိပ်နှင့်သာဆိုင်လျက် ဝတ်ကိုပြုနေကြ၏။

  18. ဟေဗြဲဩဝါဒစာ 8:6ခရစ်နှစ် 64 ခန့်

    ထိုမှတပါး၊ ယေရှုသည် သာ၍မြတ်သော ဂတိတော်တို့၌တည်သော၊ သာ၍မြတ်သော ပဋိညာဉ် တရား၏ အာမခံဖြစ်သည်နှင့်အညီ၊ သာ၍မြတ်သော ဝတ်ပြုခြင်း အခွင့်အရာကို ရတော်မူ၏။

  19. ဟေဗြဲဩဝါဒစာ 8:7ခရစ်နှစ် 64 ခန့်

    ပဌမပဋိညာဉ်တရားသည်၊ အပြစ်တင်ခွင့်မရှိသည် မှန်လျှင်၊ ဒုတိယပဋိညာဉ်တရား တည်ရသော အခွင့်ကို အဘယ်ကြောင့်ရှာရသနည်း။

  20. ဟေဗြဲဩဝါဒစာ 8:8ခရစ်နှစ် 64 ခန့်

    ပဌမပဋိညာဉ်တရားကို ထာဝရဘုရားသည် အပြစ်တင်၍ မိန့်တော်မူသည်ကား၊

  21. ဟေဗြဲဩဝါဒစာ 8:9ခရစ်နှစ် 64 ခန့်

    ငါသည် ဤလူမျိုး၏ ဘိုးဘေးတို့ကိုလက်ဆွဲ၍ အဲဂုတ္တုပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေး သော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလအမျိုးသား၊ ယုဒအမျိုးသား တို့၌ ငါပေးသော အချိန်ကာလရောက်လိမ့်မည်။ အရင် ငါပေးဘူးသော ပဋိညာဉ်တရား၌ သူတို့သည် မတည်ကြ၊ ငါသည်လည်း သူတို့ကို မကြည့်ရှုမပြုစုဘဲနေ၏။

  22. ဟေဗြဲဩဝါဒစာ 8:10ခရစ်နှစ် 64 ခန့်

    နောင်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရ ဘုရားသည် ငါ့ပညတ်တို့ကို သူတို့ စိတ်ဝိညာဉ်ထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။

  23. ဟေဗြဲဩဝါဒစာ 8:11ခရစ်နှစ် 64 ခန့်

    ထိုသူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တယောက်ကိုတယောက် ဆုံးမဩဝါဒ မပေးရကြ၊ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင် အောင် ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။

  24. ဟေဗြဲဩဝါဒစာ 8:12ခရစ်နှစ် 64 ခန့်

    ထိုအခါငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်းများကို မအောက် မေ့ဘဲနေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  25. ဟေဗြဲဩဝါဒစာ 8:13ခရစ်နှစ် 64 ခန့်

    ပဋိညာဉ်တရားသစ်ဟူ၍ မိန့်တော်မူသည်တွင် ပဌမပဋိညာဉ်တရားကို ဟောင်းစေတော်မူ၏။ ရွေ့လျော့၍ ဟောင်းသောအရာမည်သည်ကား၊ ကွယ်ပျောက်ခြင်း သို့ရောက်လုနီးသတည်း။