- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1900–1700 BC
Jacob, Joseph & Egypt
Jacob wrestles with God and becomes Israel; Joseph is sold into slavery yet rises to save the world from famine.
ဤကာလမှ အခန်းငယ်များ
- ကမ္ဘာဦးကျမ်း 46:7ခရစ်တော် မပေါ်မီ 1706 ခန့်
ယာကုပ်သည် ကိုယ်တိုင်မှစ၍ သားသမီးမြေးတည်းဟူသော အမျိုးအနွယ်အပေါင်းတို့ကို အဲဂုတ္တုပြည် သို့ ဆောင်သွားလေ၏။
- ကမ္ဘာဦးကျမ်း 46:8ခရစ်တော် မပေါ်မီ 1706 ခန့်
အဲဂုတ္တုပြည်သို့ရောက်သော ဣသရေလသားတို့၏အမည်ကား၊ ယာကုပ်နှင့် သူ၏သားများ။ သားဦးရုဗင်။
- ကမ္ဘာဦးကျမ်း 46:9ခရစ်တော် မပေါ်မီ 1706 ခန့်
ရုဗင်သား။ ဟာနုတ်၊ ဖါလု၊ ဟေဇရုံ၊ ကာမိ။
- ကမ္ဘာဦးကျမ်း 46:10ခရစ်တော် မပေါ်မီ 1706 ခန့်
ရှိမောင်သား။ ယေမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန်အမျိုး မိန်းမ၏သား ရှောလ။
- ကမ္ဘာဦးကျမ်း 46:11ခရစ်တော် မပေါ်မီ 1706 ခန့်
လေဝိသား။ ဂေရရှုံ၊ ကောဟတ်၊ မေရာရိ။
- ကမ္ဘာဦးကျမ်း 46:12ခရစ်တော် မပေါ်မီ 1706 ခန့်
ယုဒသား။ ဧရ၊ ဩနန်၊ ရှေလ၊ ဖါရက်၊ ဇာရ။ ထိုသူတို့တွင် ဧရနှင့်ဩနန်သည် ခါနာန်ပြည်၌ သေ သတည်း။ ဖါရက်သား၊ ဟေဇရုံနှင့် ဟာမုလ။
- ကမ္ဘာဦးကျမ်း 46:13ခရစ်တော် မပေါ်မီ 1706 ခန့်
ဣသခါသား။ တောလ၊ ဖုဝါ၊ ယောဘ၊ ရှိမရုန်။
- ကမ္ဘာဦးကျမ်း 46:14ခရစ်တော် မပေါ်မီ 1706 ခန့်
ဇာဗုလုန်သား။ သရက်၊ ဧလုန်၊ ယာလေလ။
- ကမ္ဘာဦးကျမ်း 46:15ခရစ်တော် မပေါ်မီ 1706 ခန့်
ဤသူတို့ကား၊ ယာကုပ်မယားလေအာသည် ပါဒနာရံအရပ်၌ ဘွားသော သားတည်း။ သမီးဒိနနှင့် တကွ၊ သားသမီးပေါင်းသုံးဆယ်သုံး။
- ကမ္ဘာဦးကျမ်း 46:16ခရစ်တော် မပေါ်မီ 1706 ခန့်
ဂဒ်သား။ ဇိဖျုန်၊ ဟဂ္ဂိ၊ ရှုနိ၊ ဧဇဗုန်၊ ဧရိ၊ အရောဒိ၊ အရေလိ။
- ကမ္ဘာဦးကျမ်း 46:17ခရစ်တော် မပေါ်မီ 1706 ခန့်
အာရှာသား။ ယိမန။ ဣရွာ၊ ဣရွှိ၊ ဗေရိယ၊ နှမစေရတည်း။ ဗေရိယသား၊ ဟေဗာနှင့် မာလချေလ။
- ကမ္ဘာဦးကျမ်း 46:18ခရစ်တော် မပေါ်မီ 1706 ခန့်
ဤသူတို့ကား၊ လာဗန်သည် သမီးလေးအာအား၊ လက်ဖွဲ့သော ယာကုပ်မယား ဇိလပဘွားသော သား တည်း။ ပေါင်းတဆယ်ခြောက်။
- ကမ္ဘာဦးကျမ်း 46:19ခရစ်တော် မပေါ်မီ 1706 ခန့်
ယာကုပ်မယား ရာခေလသား။ ယောသပ်နှင့် ဗင်္ယာမိန်။
- ကမ္ဘာဦးကျမ်း 46:20ခရစ်တော် မပေါ်မီ 1706 ခန့်
အဲဂုတ္တုပြည်၌ ဩနမြို့၏ ယဇ်ပုရောဟိတ် ပေါတိဖေရသမီးအာသနတ်တွင် ယောသပ်နှင့်ရသော သား၊ မနာရှေနှင့်ဧဖရိမ်။
- ကမ္ဘာဦးကျမ်း 46:21ခရစ်တော် မပေါ်မီ 1706 ခန့်
ဗင်္ယာမိန်သား။ ဗေလ၊ ဗေခါ၊ အာရှဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ။
- ကမ္ဘာဦးကျမ်း 46:22ခရစ်တော် မပေါ်မီ 1706 ခန့်
ဤသူတို့ကား၊ ယာကုပ်မယား ရာခေလဘွားသောသားတည်း။ ပေါင်းတဆယ်လေး။
- ကမ္ဘာဦးကျမ်း 46:23ခရစ်တော် မပေါ်မီ 1706 ခန့်
ဒန်သား။ ဟုရှိမ်။-
- ကမ္ဘာဦးကျမ်း 46:24ခရစ်တော် မပေါ်မီ 1706 ခန့်
နဿလိသား။ ယာဗေလ၊ ဂုနိ၊ ယေဇာ၊ ရှိလင်။
- ကမ္ဘာဦးကျမ်း 46:25ခရစ်တော် မပေါ်မီ 1706 ခန့်
ဤသူတို့ကား၊ လာဗန်သည် သမီးရာခေလအား လက်ဖွဲ့သော ယာကုပ်မယား ဗိလဟာဘွားသော သားတည်း။ ပေါင်းခုနစ်။
- ကမ္ဘာဦးကျမ်း 46:26ခရစ်တော် မပေါ်မီ 1706 ခန့်
ယာကုပ်ချွေးမများကို မဆိုဘဲ၊ ယာကုပ်မှဆင်းသက်၍၊ သူနှင့်အတူ အဲဂုတ္တုပြည်သို့သွားသော လူပေါင်း ကား၊ ခြောက်ဆယ်ခြောက်ယောက်တည်း။
- ကမ္ဘာဦးကျမ်း 46:27ခရစ်တော် မပေါ်မီ 1706 ခန့်
အဲဂုတ္တုပြည်၌ ယောသပ်ရနှင့်သော သားနှစ်ယောက်ရှိ၏။ သို့ဖြစ်၍ အဲဂုတ္တုပြည်သို့ရောက်သော ယာကုပ်၏အမျိုးသားအပေါင်းကား ခုနစ်ဆယ်တည်း။
- ကမ္ဘာဦးကျမ်း 46:28ခရစ်တော် မပေါ်မီ 1706 ခန့်
ယောသပ်ထံသို့ ဂေါရှင်ပြည်ကိုသွားစေခြင်းငှါ ယုဒကို အရင်စေလွှတ်ပြီးမှ ဂေါရှင်ပြည်သို့ရောက်ကြ၏။
- ကမ္ဘာဦးကျမ်း 46:29ခရစ်တော် မပေါ်မီ 1706 ခန့်
ယောသပ်သည် ရထားကိုပြင်၍ အဘဣသရေလကို ခရီးဦးကြိုပြုခြင်းငှါ ဂေါရှင်ပြည်သို့ သွား၍ အဘရှေ့သို့ရောက်သော်၊ အဘ၏လည်ပင်းကို ဘက်လျက် ကြာကြာငိုလေ၏။
- ကမ္ဘာဦးကျမ်း 46:30ခရစ်တော် မပေါ်မီ 1706 ခန့်
ဣသရေလကလည်း၊ ယခုငါသေပါစေသော။ သင်၏မျက်နှာကို ငါမြင်ရပြီ။ သင်သည် အသက်ရှင်သေး ၏ဟု ယောသပ်အား ဆိုလေ၏။
- ကမ္ဘာဦးကျမ်း 46:31ခရစ်တော် မပေါ်မီ 1706 ခန့်
ယောသပ်ကလည်း၊ ဖါရောမင်းထံသို့ ကျွန်ုပ် သွားဦးမည်။ ခါနာန်ပြည်၌နေသော ကျွန်တော်အစ်ကို များ၊ ကျွန်တော်အဘ၏ အိမ်သားများတို့သည် ကျွန်တော် ထံသို့ ရောက်ကြပါပြီ။