အကြောင်းအရာသို့ ကျော်သွားရန်

The Tribe Of Gad အကြောင်း ကျမ်းစာအခန်းငယ်များ

93 အခန်းငယ် · 25 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဟေရှဘုန်မြို့မှစ၍ ရာမတ်မိဇပါမြို့၊ ဗေတော နိမ်မြို့တိုင်အောင်၎င်း၊ မဟာနိမ်မြို့မှစ၍ ဒေဗိရမြို့နယ် တိုင်အောင်၎င်း ပါသောပြည်၊

  2. ချိုင့်၌လည်း၊ ဗေသာရံမြို့၊ ဗက်နိမရမြို့၊ သုကုတ် မြို့၊ ဇာဖုန်မြို့အစရှိသော ယော်ဒန်မြစ်အရှေ့ဘက် ယော် ဒန်မြစ်အပိုင်းအခြား၊ ဂင်္နေသရက်အိုင်နားတိုင်အောင်၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန် ပိုင်သော နိုင်ငံကျန်ကြွင်းသမျှ ကို ပေးသတည်း။

  3. ဤရွေ့ကား၊ ဂဒ်အမျိုးသား အဆွေအမျိုးအ လိုက် အမွေခံရသော မြို့ရွာများပေတည်း။

  4. ခါနာန်ပြည်၊ ယော်ဒန်မြစ်နားသို့ ရောက်သော အခါ၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့ သည် ယော်ဒန်မြစ်နားမှာ ထင်ရှားစွာသော ယဇ်ပလ္လင် ကြီးကို တည်ကြ၏။

  5. ထိုသို့ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်တို့သည် ခါနာန်ပြည်တဘက်၊ ယော်ဒန်မြစ်နား၊ ဣသရေလအမျိုးသားကူးရာအရပ်၌ ယဇ်ပလ္လင်ကို တည် ကြပြီဟု ဣသရေလအမျိုးသားတို့သည် သိတင်းကြားကြ ၏။

  6. ထိုသိတင်းကို ကြားသောအခါ၊ ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့သည် စစ်ချီခြင်းငှါ၊ ရှိလောမြို့၌ စည်းဝေးကြ၏။

  7. ဣသရေလအမျိုးသားတို့သည်၊

  8. ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်နှင့် တကွ၊ ဣသရေလအမျိုး အသီးအသီးတို့အထဲက ရွေး ကောက်၍၊ လူတထောင်ကို အုပ်သော အဆွေအမျိုး သူကြီးဆယ်ပါးတို့ကို ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်ရှိရာ ဂိလဒ်ပြည်သို့ စေလွှတ်ကြ၏။

  9. ထိုမင်းတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ အမျိုးတဝက်ရှိရာ ဂိလဒ်ပြည်သို့ရောက်၍၊

  10. ထာဝရဘုရား၏ ပရိသတ်အပေါင်းတို့ မှာလိုက် သည်ကား၊ သင်တို့သည် ထာဝရဘုရားကို ယနေ့ပုန်ကန် ၍ ယဇ်ပလ္လင်ကို တည်သဖြင့်၊ ထာဝရဘုရားနောက်တော် သို့ မလိုက်၊ ယနေ့ လွှဲသွားခြင်းငှါ ဣသရေလအမျိုး၏ ဘုရားသခင်ကို ပြစ်မှားသောအပြစ်ကား အဘယ်သို့နည်း။

  11. သင်တို့သည် ထာဝရဘုရားနောက်တော်သို့ မလိုက် လွှဲသွားရမည်အကြောင်း၊ ပေဂုရအပြစ်သည် ငါတို့အဘို့ မလောက်သလော။ ထာဝရဘုရား၏ ပရိသတ် တော်၌ ဘေးကြီးရောက်သော်လည်း၊ ယနေ့တိုင်အောင် ထိုအပြစ် မရှင်းလင်းသေး။

  12. သင်တို့သည် ထာဝရဘုရားကို ယနေ့ ပုန်ကန်၍ နက်ဖြန်နေ့ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည်။

  13. သို့သော်လည်း သင်တို့အပိုင်ရသောမြေသည် မစင်ကြယ်လျှင်၊ ထာဝရဘုရားအပိုင်ယူတော်မူ၍၊ တဲ တော်ရှိရာမြေသို့ ကူးသဖြင့် ငါတို့နှင့်အတူ အပိုင်ယူကြ လော့။ ငါတို့ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင် တော်မှတပါး၊ အခြားသော ယဇ်ပလ္လင်ကို ကိုယ်အဘို့ တည်၍ ထာဝရဘုရားကို မပုန်ကန်ကြနှင့်။ ငါတို့ကို လည်း မပုန်ကန်ကြနှင့်။

  14. ဇေရသား အာခန်သည် ကျိန်အပ်သောအရာ၌ ပြစ်မှား၍ အမျက်တော်သည် ဣသရေလအမျိုး ပရိသတ် အပေါင်းတို့အပေါ်မှာ ရောက်သည် မဟုတ်လော။ ထိုသူ သည် ပြစ်မှားသောအပြစ်ကြောင့် တယောက်တည်းသာ သေရသည် မဟုတ်ဟု ဆိုကြ၏။

  15. ထိုအခါ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်တို့သည် ဣသရေလအမျိုးတွင် လူတထောင်စီအုပ် သော အကဲအမှူးတို့အား ပြန်ပြောလေသည်မှာ၊

  16. မြတ်စွာဘုရားသခင် ထာဝရဘုရား၊ မြတ်စွာဘုရား သခင် ထာဝရဘုရားသည် ကိုယ်တော်တိုင် သိတော်မူ၏။ ဣသရေလအမျိုးလည်း ကိုယ်တိုင်သိရလိမ့်မည်။ ပုန်ကန် မည်အကြံ၊ ထာဝရဘုရားကို ပြစ်မှားမည်အကြံရှိ၍၊ ထာဝရဘုရားနောက်တော်သို့ မလိုက်ဘဲ လွှဲသွားခြင်းငှါ ငါတို့သည် ယဇ်ပလ္လင်ကို တည်သည်မှန်လျှင်၊ ယနေ့ ဘေးမလွတ်ပါစေနှင့်။

  17. ထိုပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ မိဿဟာယ ပူဇော်သက္ကာကို ပူဇော်မည်အကြံ ရှိလျှင်လည်း ထာဝရဘုရားသည် ကိုယ်တော်တိုင် စစ် ကြောတော်မူပါစေ။

  18. နောင်ကာလ၌ သင်တို့သားမြေးတို့က၊ အိုရုဗင် အမျိုးသား၊ ဂဒ်အမျိုးသားတို့၊ သင်တို့သည် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သို့ ဆိုင် ကြသနည်း။

  19. ထာဝရဘုရားသည် ငါတို့နှင့် သင်တို့စပ်ကြား၌ ပိုင်းခြားလျက် ယော်ဒန်မြစ်ကို ထားတော်မူပြီ။ သင်တို့ သည် ထာဝရဘုရားနှင့် အလျှင်းမဆိုင်ကြဟု ငါတို့သား မြေးတို့အား ပြောဆိုသဖြင့်၊ ငါတို့သားမြေးတို့သည် ထာဝရဘုရားကို မကြောက်ရွံ့ဘဲ နေစေမည်အကြောင်း၊ သင်တို့သားမြေးတို့သည် ပြုကြမည်ဟု စိုးရိမ်၍ ဤအမှုကို ပြုပြီမဟုတ်လော။

  20. သို့ဖြစ်၍ ငါတို့သည် ယဇ်ပလ္လင်ကို တည်ခြင်းငှါ ပြင်ကြကုန်အံ့ဟု ဆိုကြသောအခါ၊ မီးရှို့ရာယဇ်အစရှိ သော ယဇ်မျိုးကို ပူဇော်မည်အကြံရှိသည်မဟုတ်။

  21. ငါတို့သည် မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုး၊ မိဿဟာယ ပူဇော်သက္ကာအမျိုးမျိုးကို ပြုသဖြင့်၊ ထာဝရ ဘုရားအမှုကို ရှေ့တော်၌ ဆောင်ရွက်ခြင်းငှါ၎င်း၊ နောင် ကာလ၌ သင်တို့သားမြေးတို့က၊ သင်တို့သည် ထာဝရ ဘုရားနှင့် အလျှင်းမဆိုင်ကြဟု ငါတို့သားမြေးတို့အား မပြောစေခြင်းငှါ၎င်း၊ ဤယဇ်ပလ္လင်သည် ငါတို့နှင့် သင်တို့စပ်ကြား၊ ငါတို့သားမြေးနှင့် သင်တို့သားမြေးစပ် ကြားမှာ သက်သေဖြစ်စေခြင်းငှါ တည်ကြပါပြီ။

  22. နောင်ကာလ၌ သူတို့သည် ငါတို့နှင့် ငါတို့သား မြေးတို့အား ထိုသို့ပြောဆိုလျှင်၊ ငါတို့က ငါတို့အဘတို့သည် မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးကို ပူဇော်ခြင်းငှါမဟုတ်၊ ငါတို့နှင့်သင်တို့စပ်ကြားမှာ သက်သေဖြစ်စေခြင်းငှါ တည်သော ထာဝရဘုရား၏ ယဇ်ပလ္လင်ပုံကို ကြည့်ကြ လော့ဟု ပြန်ပြောစရာအကြောင်း ရှိစေခြင်းငှါ ငါတို့သည် တိုင်ပင်ကြပြီ။

  23. တဲတော်ရှေ့၌ရှိသော ငါတို့ဘုရားသခင် ထာဝရ ဘုရား၏ ယဇ်ပုလ္လင်တော်မှတပါး အခြားသောယဇ်ပုလ္လင် ကို တည်၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုး၊ ဘောဇဉ် ပူဇော်သက္ကာမျိုးကို ပြုသဖြင့်၊ ထာဝရဘုရားကို ပုန်ကန်၍ နောက်တော်သို့မလိုက် လွှဲသွားခြင်းအမှုသည် ငါတို့နှင့် ဝေးပါစေသောဟု ပြန်ပြောကြ၏။

  24. ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တွင် ဒိုင်းနှင့် ထားကို ကိုင်၍ လေးနှင့် ပစ်တတ်သဖြင့်၊ စစ်မှု စစ်ရေးကို လေ့ကျက်၍ စစ်ချီတတ်သော စစ်သူရဲပေါင်း ကား၊ လေးသောင်းလေးထောင်ခုနစ်ရာခြောက်ဆယ် တည်း။

  25. ထိုသူတို့သည် ဟာဂရအမျိုးသားတို့နှင့် စစ်တိုက် ကြ၏။