အကြောင်းအရာသို့ ကျော်သွားရန်

The Tribe Of Gad အကြောင်း ကျမ်းစာအခန်းငယ်များ: Bounds of its inheritance

5 အခန်းငယ် · 25 ရှုထောင့်

"The Tribe Of Gad" ကို ရှာဖွေရန်

Bounds of its inheritance အကြောင်း အခန်းငယ်များ

  1. မောရှေသည် ဂဒ်အမျိုးသား အဆွေအမျိုးအသီး အသီးတို့အား အမွေပေးသော ပြည်များဟူမူကား၊

  2. ယာဇာမြို့မှစ၍ ဂိလဒ်မြို့ရှိသမျှတို့နှင့်တကွ၊ ရဗ္ဗာမြို့ရှေ့၌ရှိသော အာရော်မြို့တိုင်အောင် အမ္မုန်ပြည် တဝက်၊

  3. ဟေရှဘုန်မြို့မှစ၍ ရာမတ်မိဇပါမြို့၊ ဗေတော နိမ်မြို့တိုင်အောင်၎င်း၊ မဟာနိမ်မြို့မှစ၍ ဒေဗိရမြို့နယ် တိုင်အောင်၎င်း ပါသောပြည်၊

  4. ချိုင့်၌လည်း၊ ဗေသာရံမြို့၊ ဗက်နိမရမြို့၊ သုကုတ် မြို့၊ ဇာဖုန်မြို့အစရှိသော ယော်ဒန်မြစ်အရှေ့ဘက် ယော် ဒန်မြစ်အပိုင်းအခြား၊ ဂင်္နေသရက်အိုင်နားတိုင်အောင်၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန် ပိုင်သော နိုင်ငံကျန်ကြွင်းသမျှ ကို ပေးသတည်း။

  5. ဤရွေ့ကား၊ ဂဒ်အမျိုးသား အဆွေအမျိုးအ လိုက် အမွေခံရသော မြို့ရွာများပေတည်း။