အကြောင်းအရာသို့ ကျော်သွားရန်

The Tribe Of Gad အကြောင်း ကျမ်းစာအခန်းငယ်များ: Eleven of, swam the Jordan, and joined David in the hold

8 အခန်းငယ် · 25 ရှုထောင့်

Eleven of, swam the Jordan, and joined David in the hold အကြောင်း အခန်းငယ်များ

  1. ထိုမှတပါး၊ ဒါဝိဒ်ရှိရာ တောရဲတိုက်သို့ ထွက် သွားသောသူ၊ ခွန်အားကြီး၍ ဒိုင်းလွှားဆောင်လျက် စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သောသူ၊ ခြင်္သေ့ကဲ့သို့ မျက်နှာရဲ၍ တောင်ပေါ်မှာ ဒရယ်ကဲ့သို့ လျင်မြန်သော သူဂဒ်အမျိုးသားဟူမူကား၊

  2. ဧဇာတပါး၊ ဩဗဒိတပါး၊ ဧလျာဘတပါး၊

  3. မိရှမန္နတပါး၊ ယေရမိတပါး၊

  4. အတ္တဲတပါး၊ ဧလျေလတပါး၊

  5. ယောဟနန်တပါး၊ ဧလဇာဗဒ်တပါး၊

  6. ယေရမိတပါး၊ မာခဗာနဲတပါး၊ ပေါင်းတကျိပ် တပါးတည်း။

  7. ဤသူတို့သည် ဂဒ်အမျိုးသားတွင် ဗိုလ်လုပ်၍၊ အငယ်ကား လူတရာ၊ အကြီးကားလူတထောင်ကို အုပ်သောသူဖြစ်ကြ၏။

  8. ယော်ဒန်မြစ်ရေသည် ကမ်းတရှောက်လုံးကို လွှမ်းမိုးသော ကာလပဌမလတွင်၊ သူတို့သည် ကူး၍ မြေညီရာအရပ်အရှေ့အနောက်၌ နေသောသူအပေါင်း တို့ကို ပြေးစေကြ၏။