အကြောင်းအရာသို့ ကျော်သွားရန်

The Tribe Of Gad အကြောင်း ကျမ်းစာအခန်းငယ်များ

93 အခန်းငယ် · 25 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. စစ်တိုက်သောအခါ ဘုရားသခင်ကို ကိုးစား၍ ဆုတောင်းသောကြောင့်၊ ဘုရားသခင် မစတော် မူခြင်းကျေးဇူးအားဖြင့်၊ ဟာဂရလူတို့နှင့် သူတို့ဥစ္စာ ရှိသမျှကိုရကြ၏။

  2. ကုလားအုပ်ငါးထောင်၊ သိုးနှစ်သိန်းငါးသောင်း၊ မြည်းနှစ်ထောင်၊ လူတသိန်းတို့ကိုသိမ်းယူကြ၏။

  3. ဘုရားသခင့်အခွင့်နှင့် စစ်တိုက်သောကြောင့်၊ ရန်သူအများတို့သည် လဲသေကြ၏။ ဣသရေလလူတို့ သည် သိမ်းသွားခြင်းအမှုမရောက်မှီတိုင်အောင်၊ ဟာဂရ လူတို့နေရာ၌ နေရာကျကြ၏။

  4. ထိုမှတပါး၊ ဒါဝိဒ်ရှိရာ တောရဲတိုက်သို့ ထွက် သွားသောသူ၊ ခွန်အားကြီး၍ ဒိုင်းလွှားဆောင်လျက် စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သောသူ၊ ခြင်္သေ့ကဲ့သို့ မျက်နှာရဲ၍ တောင်ပေါ်မှာ ဒရယ်ကဲ့သို့ လျင်မြန်သော သူဂဒ်အမျိုးသားဟူမူကား၊

  5. ဧဇာတပါး၊ ဩဗဒိတပါး၊ ဧလျာဘတပါး၊

  6. မိရှမန္နတပါး၊ ယေရမိတပါး၊

  7. အတ္တဲတပါး၊ ဧလျေလတပါး၊

  8. ယောဟနန်တပါး၊ ဧလဇာဗဒ်တပါး၊

  9. ယေရမိတပါး၊ မာခဗာနဲတပါး၊ ပေါင်းတကျိပ် တပါးတည်း။

  10. ဤသူတို့သည် ဂဒ်အမျိုးသားတွင် ဗိုလ်လုပ်၍၊ အငယ်ကား လူတရာ၊ အကြီးကားလူတထောင်ကို အုပ်သောသူဖြစ်ကြ၏။

  11. ယော်ဒန်မြစ်ရေသည် ကမ်းတရှောက်လုံးကို လွှမ်းမိုးသော ကာလပဌမလတွင်၊ သူတို့သည် ကူး၍ မြေညီရာအရပ်အရှေ့အနောက်၌ နေသောသူအပေါင်း တို့ကို ပြေးစေကြ၏။

  12. ဒိဘုန်မြို့၌နေသောသတို့သမီး၊ သင်ခံစားရ သော စည်းစိမ်မှ ဆင်း၍အငတ်ခံလျက်ထိုင်လော့။ မောဘကို လုယူသောသူသည် သင်ရှိရာသို့လာ၍၊ သင်၏ရဲတိုက်တို့ကို ဖျက်ဆီးလိမ့်မည်။

  13. အိုအာရော်မြို့သား၊ လမ်းနားမှာရပ်၍ ကြည့်ရှု လော့။ အဘယ်အမှုရှိသနည်းဟု၊ ပြေးသောယောက်ျားနှင့် အသက်လွတ်သော မိန်းမကိုမေးမြန်းလော့။

  14. မောဘသည်စိတ်ပျက်လေ၏။ ပြိုလဲလျက်ရှိ၏။ ငိုကြွေးမြည်တမ်းကြလော့။ မောဘသည် ပျက်စီးကြောင်း ကို အာနုန်မြို့၌ ကြားပြောကြလော့။

  15. လွင်ပြင်နှင့်တကွဟောလုန်မြို့၊ ယဟာဇမြို့၊ မေဖတ်မြို့၊

  16. ဒိဘုန်မြို့၊ နေဗောမြို့၊ ဗက်ဒိဗလသိမ်မြို့၊

  17. ကိရယသိမ်မြို့၊ ဗက်ဂမုလမြို့၊ ဗက်မောင်မြို့၊

  18. ကေရုတ်မြို့၊ ဗောဇရမြို့မှစ၍၊ မောဘပြည်၌ ရှိသောမြို့ အနီးအဝေးရှိသမျှတို့သည် အပြစ်ဒဏ်ကို ခံရ ကြ၏။