- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1446–1406 BC
The Wilderness Years
Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.
ဤကာလမှ အခန်းငယ်များ
- တောလည်ရာကျမ်း 13:5ခရစ်တော် မပေါ်မီ 1490 ခန့်
ရှိမောင်အမျိုး၊ ဟောရိသား၊ ရှာဖတ်။
- တောလည်ရာကျမ်း 13:6ခရစ်တော် မပေါ်မီ 1490 ခန့်
ယုဒအမျိုး၊ ယေဖုန္နသားကာလက်၊
- တောလည်ရာကျမ်း 13:7ခရစ်တော် မပေါ်မီ 1490 ခန့်
ဣသခါမအမျိုး၊ ယောသပ်သားဣဂါလ။
- တောလည်ရာကျမ်း 13:8ခရစ်တော် မပေါ်မီ 1490 ခန့်
ဧဖရိမ်အမျိုး၊ နုန်သားဩရှေ
- တောလည်ရာကျမ်း 13:9ခရစ်တော် မပေါ်မီ 1490 ခန့်
ဗင်္ယာမိန်အမျိုး၊ ရာဖုသားပါလတိ။
- တောလည်ရာကျမ်း 13:10ခရစ်တော် မပေါ်မီ 1490 ခန့်
ဇာဗုလုန်အမျိုး၊ သောဒိသား ဂါဒျေလ။
- တောလည်ရာကျမ်း 13:11ခရစ်တော် မပေါ်မီ 1490 ခန့်
ယောသပ်သားတွင် မနာရှေအမျိုး၊ သုသိသား ဂဒ္ဒိ။
- တောလည်ရာကျမ်း 13:12ခရစ်တော် မပေါ်မီ 1490 ခန့်
ဒန်အမျိုး၊ ဂေမလ္လိသားအမျေလ။
- တောလည်ရာကျမ်း 13:13ခရစ်တော် မပေါ်မီ 1490 ခန့်
အာရှာအမျိုး၊ မိက္ခေလသား သေသုရ။
- တောလည်ရာကျမ်း 13:14ခရစ်တော် မပေါ်မီ 1490 ခန့်
နဿလိအမျိုး၊ ဝါဖသိသားနာဘိ၊
- တောလည်ရာကျမ်း 13:15ခရစ်တော် မပေါ်မီ 1490 ခန့်
ဂဒ်အမျိုး မာခိသားဂွေလတည်းဟူသော၊
- တောလည်ရာကျမ်း 13:16ခရစ်တော် မပေါ်မီ 1490 ခန့်
ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ မောရှေ စေလွှတ်သော သူတို့၏အမည်တည်း။ နုန်၏သားဩရှေကို ယောရှုဟူသောအမည်ဖြင့် မောရှေမှည့်လေ၏။
- တောလည်ရာကျမ်း 13:17ခရစ်တော် မပေါ်မီ 1490 ခန့်
ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ မောရှေ စေလွှတ်လျက်၊ သင်တို့သည် တောင်မျက်နှာလမ်းဖြင့် သွား၍ တောင်ရိုးပေါ်သို့ တက်ကြလော့။
- တောလည်ရာကျမ်း 13:18ခရစ်တော် မပေါ်မီ 1490 ခန့်
ထိုပြည်သည် အဘယ်သို့သော ပြည်ဖြစ် သနည်း။ ပြည်သားတို့သည် အားကြီးသလော၊ အား နည်းသလော။ များသလော၊ နည်းသလော။
- တောလည်ရာကျမ်း 13:19ခရစ်တော် မပေါ်မီ 1490 ခန့်
သူတို့နေသောပြည် သည် ကောင်းသလော၊ မကောင်းလော။ သူတို့နေသော မြို့ရွာတို့သည် အဘယ်သို့နည်း တဲနှင့်နေကြသလော။ ခိုင်ခံ့သော မြို့နှင့်နေကြသလော။
- တောလည်ရာကျမ်း 13:20ခရစ်တော် မပေါ်မီ 1490 ခန့်
ထိုမြေသည် ကောင်းသလော၊ မကောင်းလော၊ တောများသလော၊ နည်းသလောဟုကြည့်ရှုကြလော့။ ရဲရင့်သောစိတ်ရှိကြလော့။ သစ်သီးအချို့ကိုလည်း ယူခဲ့ ကြလော့ဟု မှာလိုက်လေ၏။ ထိုကာလသည် စပျစ်သီး မှည့်စကာလဖြစ်သတည်း။
- တောလည်ရာကျမ်း 13:21ခရစ်တော် မပေါ်မီ 1490 ခန့်
ထိုသူတို့သည် ဇိနတောမှသွား၍ ဟာမတ်မြို့သို့ ရောက်သော လမ်းနား၊ ရဟောဘမြို့တိုင်အောင် ခါနာန် ပြည်ကို စူးစမ်းကြ၏။
- တောလည်ရာကျမ်း 13:22ခရစ်တော် မပေါ်မီ 1490 ခန့်
တောင်မျက်နှာ၌ ရှောက်သွား၍ အာနက အမျိုး သားအဟိမန်၊ ရှေရှဲ တာလမဲနေသော ဟေဗြုန်မြို့သို့ ရောက်ကြ၏။ ဟေဗြုန်မြို့ကား၊ အဲဂုတ္တုပြည်၌ ဇောနမြို့ မတည်မှီ ခုနစ်နှစ်ကတည်းသော မြို့ဖြစ်သတည်း။
- တောလည်ရာကျမ်း 13:23ခရစ်တော် မပေါ်မီ 1490 ခန့်
ဧရှကောလချိုင့်သို့ ရောက်လျှင် အသီးတပြွတ် ပါသောစပျစ်နွယ်ပင် အခက်တခက်ကို ခုတ်၍ လူ နှစ်ယောက်တို့သည် ထမ်းဘိုးနှင့်ထမ်းကြ၏။ သလဲသီး၊ သင်္ဘောသဖန်းသီးများကိုလည်း ဆောင်ခဲ့ကြ၏။
- တောလည်ရာကျမ်း 13:24ခရစ်တော် မပေါ်မီ 1490 ခန့်
ဣသရေလအမျိုးသားခုတ်ယူသော စပျစ်သီး ပြွတ်ကို ထောက်၍၊ ထိုချိုင့်ကို ဧရှကောလချိုင့်ဟူသော အမည်ဖြင့် မှည့်သတည်း။
- တောလည်ရာကျမ်း 13:25ခရစ်တော် မပေါ်မီ 1490 ခန့်
အရက်လေးဆယ်လွန်မှ ခါနာန်ပြည်ကို စူးစမ်း သော အမှုပြီး၍ ပြန်လာကြ၏။
- တောလည်ရာကျမ်း 13:26ခရစ်တော် မပေါ်မီ 1490 ခန့်
မောရှေနှင့် အာရုန်မှစ၍ ဣသရေလအမျိုး သားပရိသတ်အပေါင်းတို့နေရာ ပါရန်တော၊ ကာဒေရှ အရပ်သို့ ရောက်သောအခါ ပရိသတ်အပေါင်းတို့အား သိတင်းကြားပြော၍ ထိုပြည်၌ သီးသော အသီးကို ပြကြ၏။
- တောလည်ရာကျမ်း 13:27ခရစ်တော် မပေါ်မီ 1490 ခန့်
မောရှေအားလည်း၊ အကျွန်ုပ်တို့သည်ကိုယ်တော် စေလွှတ်သော ပြည်သို့ရောက်ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည်သည် နို့နှင့်ပျားရည်စီးသော ပြည်ဖြစ်ပါ၏။ ဤအသီးတို့ ကား ထိုပြည်၌သီးသော အသီးဖြစ်ပါ၏။
- တောလည်ရာကျမ်း 13:28ခရစ်တော် မပေါ်မီ 1490 ခန့်
သို့ရာတွင် ပြည်သူပြည်သားတို့သည် အားကြီး ပါ၏။ ခိုင်ခံ့သော မြို့ကြီးနှင့်နေကြပါ၏။ ထိုမျှမက အာနကအမျိုးသားတို့ကိုလည်း မြင်ရပါ၏။
- တောလည်ရာကျမ်း 13:29ခရစ်တော် မပေါ်မီ 1490 ခန့်
အာမလက်အမျိုးသားတို့သည် တောင်ဘက် ၌၎င်း၊ ဟိတ္တိလူ၊ ယေဗုသိလူ၊ အာမောရိလူတို့သည် တောင်ရိုးပေါ်၌၎င်း၊ ခါနာနိလူတို့သည် ပင်လယ်နား ယော်ဒန်မြစ်နား၌၎င်း၊ နေကြပါသည်ဟု လျှောက်ဆိုကြ ၏။