- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1446–1406 BC
The Wilderness Years
Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.
ဤကာလမှ အခန်းငယ်များ
- တောလည်ရာကျမ်း 11:6ခရစ်တော် မပေါ်မီ 1490 ခန့်
ယခုမှာ ငါတို့အသက်သည် အားလျော့ပြီ။ ဤမန္နမှတပါး တစုံတခုကိုမျှ မမြင်ရဟုဆိုကြ၏။
- တောလည်ရာကျမ်း 11:7ခရစ်တော် မပေါ်မီ 1490 ခန့်
မန္နသည် နံနံစေ့နှင့်တူ၍ ဗဓေလသစ်စေ့ကဲ့သို့ အဆင်းဖြစ်၏။
- တောလည်ရာကျမ်း 11:8ခရစ်တော် မပေါ်မီ 1490 ခန့်
လူများတို့သည်လှည့်လည်လျက် မန္နကိုစုသိမ်း၍ ဆုံ၌ကြိတ်ခြင်း၊ ထောင်းခြင်းကိုပြုပြီးမှ အိုးနှင့် ပြုတ်ကြ၏။ မုန့်ပြားကိုလည်း လုပ်ကြ၏။ အရသာသည် မုန့်ဆီကြော် အရသာနှင့်တူ၏။
- တောလည်ရာကျမ်း 11:9ခရစ်တော် မပေါ်မီ 1490 ခန့်
စားခန်းချရာအရပ်၌ ညဉ့်အခါနှင်းနှင့်အတူ မနက်ကျတတ်၏။
- တောလည်ရာကျမ်း 11:10ခရစ်တော် မပေါ်မီ 1490 ခန့်
ထိုအခါလူများအသီးအသီးတို့သည် မိမိတဲတံခါး ဝ၌ မိမိအိမ်ထောင်နှင့်တကွ ငိုကြွေးကြသည်ကို မောရှေကြားရ၏။ ထာဝရဘုရားသည် ပြင်းစွာ အမျက် ထွက်တော်မူ၏။ အပြစ်ရှိသည်ကို မောရှေသိမြင်လျှင်၊
- တောလည်ရာကျမ်း 11:11ခရစ်တော် မပေါ်မီ 1490 ခန့်
ဤလူအပေါင်းတို့ကို ထမ်းစေဟု သူတို့ကို ကိုယ်တော်ကျွန်အပေါ်မှာ တင်၍ အဘယ်ကြောင့် အကျွန်ုပ် ကို ညှဉ်းဆဲတော်မူပါသနည်း။ အဘယ်ကြောင့် ရှေ့တော်၌ မျက်နှာမရဘဲ နေရပါသနည်း။
- တောလည်ရာကျမ်း 11:12ခရစ်တော် မပေါ်မီ 1490 ခန့်
သူတို့ဘိုးဘေးများ၌ ကျိန်ဆိုတော်မူသော ပြည်သို့သွား၍၊ အထိန်းသည် နို့စို့သူငယ်ကိုဆောင်သကဲ့သို့ ဤလူတို့ကို ပိုက်ချီလျက်ဆောင်လော့ဟု အကျွန်ုပ်အား မိန့်တော်မူမည်အကြောင်း၊ ဤလူအပေါင်းတို့ကို အကျွန်ုပ် သည် ကိုယ်ဝန်ဆောင်ပါသလော။ ဘွားမြင်ပါသလော။
- တောလည်ရာကျမ်း 11:13ခရစ်တော် မပေါ်မီ 1490 ခန့်
ဤလူအပေါင်းတို့အား ကျွေးစရာဘို့ အမဲသားကို အကျွန်ုပ်သည် အဘယ်မှာရနိုင်ပါအံ့နည်း။ သူတို့က အကျွန်ုပ်တို့ စားစရာဘို့ အမဲသားကိုပေးပါဟု ငိုကြွေးလျက် အကျွန်ုပ်ကိုတောင်းကြပါ၏။
- တောလည်ရာကျမ်း 11:14ခရစ်တော် မပေါ်မီ 1490 ခန့်
ဤလူအပေါင်းတို့ကို အကျွန်ုပ်တယောက်တည်းသာ မဆောင်ရွက်နိုင်ပါ။ ဆောင်ရွက်ရသော ဝန်လည်း လေးလွန်းပါ၏။
- တောလည်ရာကျမ်း 11:15ခရစ်တော် မပေါ်မီ 1490 ခန့်
ထိုသို့အကျွန်ုပ်၌ ပြုတော်မူလျှင်၎င်း၊ စိတ်တွေ့တော်မူလျှင်၎င်း၊ အကျွန်ုပ်ကိုအလျင်အမြန် သေစေတော် မူပါ။ ကိုယ်ဆင်းရဲကို ကိုယ်မသိမမြင်ပါစေနှင့်ဟု ဘုရားအား လျှောက်ဆို၏။
- တောလည်ရာကျမ်း 11:16ခရစ်တော် မပေါ်မီ 1490 ခန့်
ထာဝရဘုရားကလည်း၊ သင်ကျွမ်းကျင်သော ဣသရေလအမျိုးသား အသက်ကြီးခုနစ်ကျိပ်တို့ကို ငါ့ရှေ့မှာ စုဝေးစေပြီးလျှင်၊ ပရိသတ်စည်းဝေးရာ တဲတော် သို့ ခေါ်ခဲ့၍ သင်နှင့်အတူ ရပ်နေကြစေလော့။
- တောလည်ရာကျမ်း 11:17ခရစ်တော် မပေါ်မီ 1490 ခန့်
ငါသည်လည်း ထိုအရပ်သို့ ဆင်းသက်၍ သင်နှင့်နှုတ်ဆက်မည်။ သင့်အပေါ်မှာ ကျိန်းဝပ်သော ဝိညာဉ်အချို့ကို ငါယူ၍ သူတို့အပေါ်မှာ တင်မည်။ ဤလူ တို့ကို သင်တယောက်တည်းသာ ဆောင်ရွက်ရမည် မဟုတ်၊ ထိုအသက်ကြီးသူတို့သည် ဝိုင်းညီ၍ ဆောင်ရွက် ရကြမည်။
- တောလည်ရာကျမ်း 11:18ခရစ်တော် မပေါ်မီ 1490 ခန့်
သင်သည်လည်း လူများတို့အားဆင့်ဆိုရမည်မှာ၊ နက်ဖြန်နေ့အဘို့ ကိုယ်ကိုသန့်ရှင်းစင်ကြယ်လော့။ အမဲ သားကိုစားရကြမည်။ သင်တို့က အဘယ်သူသည် ငါတို့ အား အမဲသားကို ပေးလိမ့်မည်နည်း။ အဲဂုတ္တုပြည်၌ နေစဉ်၊ ငါတို့သည် ချမ်းသာစွာနေကြ၏ဟု ငိုကြွေးလျက် ပြောဆိုသံကို ထာဝရဘုရားကြားသောကြောင့်၊ အမဲသား ကို ပေးတော်မူသဖြင့် သင်တို့သည် စားရကြမည်။
- တောလည်ရာကျမ်း 11:19ခရစ်တော် မပေါ်မီ 1490 ခန့်
တရက်၊ နှစ်ရက်၊ ငါးရက်၊ ဆယ်ရက်၊ အရက် နှစ်ဆယ်သာ စားရကြမည်မဟုတ်။
- တောလည်ရာကျမ်း 11:20ခရစ်တော် မပေါ်မီ 1490 ခန့်
သင်တို့နှာခေါင်းထဲက အမဲသားထွက်၍ ရွံစရာ ဖြစ်သည်တိုင်အောင် တလပတ်လုံး စားရကြမည်။ အကြောင်းမူကား၊ သင်တို့တွင်ရှိတော်မူသော ထာဝရ ဘုရားကို၊ သင်တို့သည် မထီမဲ့မြင်ပြုလျက်၊ ငါတို့သည် အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ထွက်လာရာကြသနည်းဟု ရှေ့တော်၌ ငိုကြွေးလျက် ပြောဆိုကြပြီ တကားဟု မောရှေအား မိန့်တော်မူ၏။
- တောလည်ရာကျမ်း 11:21ခရစ်တော် မပေါ်မီ 1490 ခန့်
မောရှေကလည်း၊ အကျွန်ုပ်နှင့် ဆိုင်သော လူယောက်ျားအပေါင်း ခြောက်သိန်းရှိကြသည်ဖြစ်၍ ကိုယ်တော်က တလစားစရာဘို့ သူတို့အား အမဲသားကို ငါပေးမည်ဟု မိန့်တော်မူပါသည်တကား၊
- တောလည်ရာကျမ်း 11:22ခရစ်တော် မပေါ်မီ 1490 ခန့်
သူတို့ကို ဝစွာကျွေးခြင်းငှါ၊ သိုးဆိတ်နွားစုတို့ကို သတ်ရပါမည်လော။ သို့မဟုတ် ဝစွာကျွေးခြင်းငှါ၊ ပင်လယ်ငါးရှိသမျှ တို့ကိုစုဝေးရပါမည်လောဟု လျှောက် လျှင်၊
- တောလည်ရာကျမ်း 11:23ခရစ်တော် မပေါ်မီ 1490 ခန့်
ထာဝရဘုရားက ထာဝရဘုရား လက်တို သလော။ ငါ့စကား တည်မည် မတည်မည်ကို သင်သိလိမ့် မည်ဟု မောရှေအား မိန့်တော်မူ၏။
- တောလည်ရာကျမ်း 11:24ခရစ်တော် မပေါ်မီ 1490 ခန့်
မောရှေသည် ထွက်၍ ထာဝရဘုရား၏ စကား တော်ကို လူများတို့အား ဆင့်ဆိုပြီးလျှင် အမျိုးသား၊ အသက်ကြီးသူခုနစ်ကျိပ်တို့ကို စုဝေးစေ၍၊ ပရိသတ် စည်းဝေးရာ တဲတော်ပတ်လည်၌ ထားလေ၏။
- တောလည်ရာကျမ်း 11:25ခရစ်တော် မပေါ်မီ 1490 ခန့်
ထာဝရဘုရားသည် မိုဃ်းတိမ်ဖြင့် ဆင်းသက်၍ မောရှေနှင့် နှုတ်ဆက်တော်မူ၏။ မောရှေအပေါ်မှာ ကျိန်းဝပ်သော ဝိညာဉ်အချို့ကို ယူ၍ အသက်ကြီးသူ ခုနစ်ကျိပ်တို့အပေါ်မှာ တင်တော်မူသဖြင့်၊ထိုဝိညာဉ်သည် သူတို့အပေါ်မှာ ကျိန်းဝပ်သောအခါ၊ သူတို့သည် ပရောဖက်ပြု၍ မပြတ်မစဲဟောကြ၏။
- တောလည်ရာကျမ်း 11:26ခရစ်တော် မပေါ်မီ 1490 ခန့်
ထိုလူစု၌ ပါသောသူ ဧလဒဒ်နှင့် မေဒဒ်တို့သည် စာရင်းဝင်သော်လည်း၊ တဲတော်သို့မသွားဘဲ တပ်ထဲမှာ နေရစ်စဉ်တွင် သူတို့အပေါ်မှာ ထိုဝိညာဉ်ကျိန်းဝပ်သဖြင့် သူတို့သည်လည်း ပရောဖက်ပြု၍ တပ်ထဲမှာ ဟောကြ၏။
- တောလည်ရာကျမ်း 11:27ခရစ်တော် မပေါ်မီ 1490 ခန့်
လုလင်တယောက်သည်လည်း မောရှေထံသို့ ပြေး၍၊ ဧလဒဒ်နှင့် မေဒဒ်တို့သည် တပ်ထဲမှာ ပရောဖက် ပြု၍ဟောပါ၏ဟု လျှောက်လျှင်၊
- တောလည်ရာကျမ်း 11:28ခရစ်တော် မပေါ်မီ 1490 ခန့်
မောရှေ၏ လက်ထောက်ဖြစ်သော လုလင်နုန် သား ယောရှုက၊ သခင်မောရှေ၊ သူတို့ကို ဆီးတားတော်မူ ပါဟုဆိုသော်၊
- တောလည်ရာကျမ်း 11:29ခရစ်တော် မပေါ်မီ 1490 ခန့်
မောရှေက၊ သင်သည် ငါ့အတွက် ငြူစူသော စိတ်ရှိသလော။ ထာဝရဘုရား၏ လူအပေါင်းတို့သည် ပရောဖက်ဖြစ်ကြပါစေသော။ ထာဝရဘုရားသည် ဝိညာဉ်တော်ကို သူတို့အပေါ်မှာ တင်တော်မူပါစေသောဟု ဆိုပြီးမှ၊
- တောလည်ရာကျမ်း 11:30ခရစ်တော် မပေါ်မီ 1490 ခန့်
ဣသရေလ အမျိုးသားအသက်ကြီးသူတို့နှင့် အတူ တပ်ထဲသို့ ပြန်သွားလေ၏။