- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1446–1406 BC
The Wilderness Years
Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.
ဤကာလမှ အခန်းငယ်များ
- တောလည်ရာကျမ်း 10:17ခရစ်တော် မပေါ်မီ 1490 ခန့်
တဲတော်ကိုဖြုတ်ချ၍ ဂေရရှုန်သား၊ မေရာရိသား တို့သည် တဲတော်ကို ထမ်းလျက်ချီသွားကြ၏။
- တောလည်ရာကျမ်း 10:18ခရစ်တော် မပေါ်မီ 1490 ခန့်
ရုဗင်တပ်အစဉ်အတိုင်း၊ အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ၏။ ရုဗင်တပ်ကို ရှေဒုရသား ဧလိဇုရအုပ်ရ၏။
- တောလည်ရာကျမ်း 10:19ခရစ်တော် မပေါ်မီ 1490 ခန့်
ရှိမောင်တပ်ကို ဇုရိရှဒ္ဒဲသားရှေလုမျေလအုပ် ရ၏။
- တောလည်ရာကျမ်း 10:20ခရစ်တော် မပေါ်မီ 1490 ခန့်
ဂဒ်တပ်ကို ဒွေလသားဧလျာသပ်အုပ်ရ၏။
- တောလည်ရာကျမ်း 10:21ခရစ်တော် မပေါ်မီ 1490 ခန့်
ကောဟတ်သားတို့သည် သန့်ရှင်းရာဌာန တန်ဆာတို့ကို ထမ်းလျက် ချီသွားကြ၏။ သူတို့မရောက်မှီ အရင်သွားသော သူတို့သည် တဲတော်ကို ထူထောင် ရကြ၏။
- တောလည်ရာကျမ်း 10:22ခရစ်တော် မပေါ်မီ 1490 ခန့်
ဧဖရိမ်တပ်အစဉ်အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ၏။ ဧဖရိမ်တပ်ကို အမိဟုဒ် သား ဧလိရှမာအုပ်ရ၏။
- တောလည်ရာကျမ်း 10:23ခရစ်တော် မပေါ်မီ 1490 ခန့်
မနာရှေတပ်ကို ပေဒါဇုရသား ဂါမလျေလ အုပ်ရ၏။
- တောလည်ရာကျမ်း 10:24ခရစ်တော် မပေါ်မီ 1490 ခန့်
ဗင်္ယာမိန်တပ်ကို ဂိဒေါနိသား အဘိဒန်အုပ် ရ၏။
- တောလည်ရာကျမ်း 10:25ခရစ်တော် မပေါ်မီ 1490 ခန့်
နောက်ဆုံးတပ်တည်းဟူသော ဒန်တပ်အစဉ် အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ ၏။ ဒန်တပ်ကို အမိရှဒ္ဒဲသား အဟေဇာအုပ်ရ၏။
- တောလည်ရာကျမ်း 10:26ခရစ်တော် မပေါ်မီ 1490 ခန့်
အာရှာတပ်ကို ဩကရန်သားပါဂျေလအုပ် ရ၏။
- တောလည်ရာကျမ်း 10:27ခရစ်တော် မပေါ်မီ 1490 ခန့်
နဿလိတပ်ကိုဧနန်သားအဟိရအုပ်ရ၏။
- တောလည်ရာကျမ်း 10:28ခရစ်တော် မပေါ်မီ 1490 ခန့်
ထိုသို့ဣသရေလ အစဉ်အတိုင်း ချီ၍ ခရီးသွား ကြ၏။
- တောလည်ရာကျမ်း 10:29ခရစ်တော် မပေါ်မီ 1490 ခန့်
မောရှေကလည်း၊ ထာဝရဘုရားသည် ဂတိ တော်အတိုင်း ငါတို့အား ပေးတော်မူမည်အရပ်သို့ ငါတို့ သည် ယခုခရီးသွားကြ၏။ ငါတို့နှင် အတူလိုက်၍လာပါ။ ငါတို့သည် ကျေးဇူးပြုပါမည်။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့၌ ကျေးဇူးပြုတော်မူမည် ဂတိရှိပါ၏ဟု မိမိယောက္ခမမိဒျန်အမျိုး၊ ရွေလသား၊ ဟောဗပ်အားဆိုလျှင်၊
- တောလည်ရာကျမ်း 10:30ခရစ်တော် မပေါ်မီ 1490 ခန့်
ဟောဗပ်က ငါမလိုက်မသွားပါ၊ ငါ့နေရင်းပြည်၊ ငါ့အဆွေအမျိုးရှိရာ သို့ ပြန်သွားပါမည်ဟု မောရှေအား ဆို၏။
- တောလည်ရာကျမ်း 10:31ခရစ်တော် မပေါ်မီ 1490 ခန့်
မောရှေကလည်း၊ ငါတို့ကို စွန့်ပစ်၍ မသွားပါ နှင့်။ သင်သိသည်အတိုင်း ငါတို့သည်တော၌ စားခန်းချရမည်။ သင်သည် ငါတို့မျက်စိဖြစ် ရပါ၏။
- တောလည်ရာကျမ်း 10:32ခရစ်တော် မပေါ်မီ 1490 ခန့်
ငါတို့နှင့် အတူလိုက်လျှင် ထာဝရဘုရားပြုတော် မူသော ကျေးဇူးတော်ကို ငါတို့သည် ခံရသည်အတိုင်း သင့်၌ကျေးဇူးပြုပါမည်ဟု ဆိုလေ၏။
- တောလည်ရာကျမ်း 10:33ခရစ်တော် မပေါ်မီ 1490 ခန့်
ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား၏ တောင်တော်မှထွက်၍၊ သုံးရက်ကွာသော ခရီးကို သွားကြ ၏။ ထိုသုံးရက်ကွာသော ခရီးကိုသွားကြစဉ်၊ ထာဝရ ဘုရား၏ ပဋိညာဉ်သေတ္တာသည် သူတို့အဘို့ စားခန်း ချရာအရပ်ကို ရှာ၍ သူတို့ရှေ့ကသွားလေ၏။
- တောလည်ရာကျမ်း 10:34ခရစ်တော် မပေါ်မီ 1490 ခန့်
သူတို့သည် နေ့အချိန်၌ တပ်ချီ၍ သွားသော အခါ၊ ထာဝရဘုရား၏ မိုဃ်းတိမ်သည် သူတို့အပေါ်မှာ ရှိလေ၏။
- တောလည်ရာကျမ်း 10:35ခရစ်တော် မပေါ်မီ 1490 ခန့်
သေတ္တာတော်သွားသောအခါ၊ မောရှေက အိုထာဝရဘုရား ထတော်မူပါ။ ကိုယ်တော်၏ ရန်သူတို့ သည် လွင့်ကြပါစေသော။ ကိုယ်တော်ကို မုန်းသောသူတို့ သည် ရှေ့တော်မှ ပြေးကြပါစေသောဟူ၍၎င်း၊
- တောလည်ရာကျမ်း 10:36ခရစ်တော် မပေါ်မီ 1490 ခန့်
သေတ္တာတော်မသွားဘဲ ရပ်နေသောအခါ၊ အမျိုးသားအထောင်၊ အသောင်းရှိရာသို့ ပြန်လာတော်မူ ပါဟူ၍၎င်း လျှောက်ဆိုလေ့ရှိ၏။
- တောလည်ရာကျမ်း 11:1ခရစ်တော် မပေါ်မီ 1490 ခန့်
တဖန်လူများတို့သည် အလိုတော်မရှိသော မြည်တမ်းခြင်းကို ပြုကြသဖြင့်၊ ထာဝရဘုရားတို့သည် သူတို့ စကားကိုကြား၍ အမျက်ထွက်တော်မူ၏။ ရှို့တော်မူသောမီးသည် သူတို့တွင်လောင်၍ တပ်အစွန်အနား၌ ရှိသော သူအချို့တို့ကို သေစေလေ၏။
- တောလည်ရာကျမ်း 11:2ခရစ်တော် မပေါ်မီ 1490 ခန့်
လူများတို့သည် မောရှေအား အော်ဟစ်၍၊ မောရှေသည် ထာဝရဘုရားကို ဆုတောင်းသဖြင့် မီးငြိမ်း လေ၏။
- တောလည်ရာကျမ်း 11:3ခရစ်တော် မပေါ်မီ 1490 ခန့်
ထာဝရဘုရား၏ မီးသည် သူတို့တွင် လောင် သောကြောင့် ထိုအရပ်ကို တဗေရဟုသောအမည်ဖြင့် မှည့်လေ၏။
- တောလည်ရာကျမ်း 11:4ခရစ်တော် မပေါ်မီ 1490 ခန့်
ဣသရေလအမျိုးသားတို့နှင့် ရောနှောလျက် ပါသော တပါးအမျိုးသားတို့သည် တောင့်တသော စိတ်စွဲ လမ်းကြ၏။ ဣသရေလအမျိုးသားတို့သည်လည်း တဖန်ငိုကြွေးလျက် ငါတို့စားစရာဘို့ အမဲသားကို အဘယ်သူပေးလိမ့်မည်နည်း။
- တောလည်ရာကျမ်း 11:5ခရစ်တော် မပေါ်မီ 1490 ခန့်
အဲဂုတ္တုပြည်၌ အလိုအလျောက်စားရသော ငါးသား၊ သခွါးသီး၊ ဖရဲသီး၊ ကြက်သွန်၊ အနီ၊ အဖြူ၊ အရိုင်းအမျိုးမျိုးတို့ကို အောက်မေ့၏။