အကြောင်းအရာသို့ ကျော်သွားရန်

circa 1446–1406 BC

The Wilderness Years

Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.

2,247 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တောလည်ရာကျမ်း 9:15ခရစ်တော် မပေါ်မီ 1490 ခန့်

    တဲတော်ကို ထူထောင်သောနေ့၌၊ မိုဃ်းတိမ်သည် တဲတောင်ပေါ်မှာ တည်၍၊ သက်သေခံချက် တဲတော်ကို ဖုံးအုပ်လေ၏။ ညဦးမှစ၍ နံနက်တိုင်အောင် တဲတော်ပေါ်မှာ မီးကဲ့သို့ ထင်လေ၏။

  2. တောလည်ရာကျမ်း 9:16ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုသို့အစဉ်ဖြစ်၍ နေ့အချိန်၌မိုဃ်းတိမ်ဖုံးအုပ်လျက်၊ ညအချိန်၌မီးကဲ့သို့ ထင်လျက်ရှိ၏။

  3. တောလည်ရာကျမ်း 9:17ခရစ်တော် မပေါ်မီ 1490 ခန့်

    မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာမြောက်သောအခါ၊ ဣသရေလအမျိုးသားတို့သည် ခရီးသွားကြ၏။ မိုဃ်းတိမ်တည်လေရာရာ၌လည်း၊ တဲများကို ဆောက်ပြန်ကြ၏။

  4. တောလည်ရာကျမ်း 9:18ခရစ်တော် မပေါ်မီ 1490 ခန့်

    ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ခရီးသွားကြ၏။ ထာဝရဘုရား မိန့်တော်မူသည် အတိုင်းလည်း တဲများကို ဆောက်ကြ၏။ မိုဃ်း တိမ်သည် တဲတော်အပေါ်မှာ တည်နေသမျှသော ကာလ ပတ်လုံး သူတို့သည် တဲ၌နေကြ၏။

  5. တောလည်ရာကျမ်း 9:19ခရစ်တော် မပေါ်မီ 1490 ခန့်

    မိုဃ်းတိမ်သည် တဲတော်အပေါ်မှာ နေ့ရက် ကြာမြင့်စွာတည်နေသောအခါ၊ ဣသရေလ အမျိုးသားတို့ သည် ခရီးမသွားဘဲ ထာဝရဘုရားထံတော်၌ စောင့်နေ ကြ၏။

  6. တောလည်ရာကျမ်း 9:20ခရစ်တော် မပေါ်မီ 1490 ခန့်

    မိုဃ်းတိမ်သည် တဲတော်အပေါ်မှာ နေ့ရက် အနည်းငယ်မျှ တည်နေသောအခါ၊ ထာဝရဘုရား အမိန့် တော်အတိုင်း၊ သူတို့သည် တဲ၌ နေကြ၏။ ထာဝရဘုရား အမိန့်တော်အတိုင်းလည်း၊ ခရီးသွားကြ၏။

  7. တောလည်ရာကျမ်း 9:21ခရစ်တော် မပေါ်မီ 1490 ခန့်

    ညဦးယံမှစ၍ နံနက်အချိန်တိုင်အောင် မိုဃ်း တိမ်တည်နေ၍ နံနက်အချိန်၌ မြောက်သောအခါ ခရီး သွားကြ၏။ နေ့ဖြစ်စေ၊ ညဖြစ်စေ၊ မိုဃ်းတိမ်မြောက် သောအခါ ခရီးသွားကြ၏။

  8. တောလည်ရာကျမ်း 9:22ခရစ်တော် မပေါ်မီ 1490 ခန့်

    နှစ်ရက်ဖြစ်စေ၊ တလဖြစ်စေ၊ တနှစ်ဖြစ်စေ၊ မိုဃ်းတိမ်သည် တဲတော်ပေါ်မှာ တည်နေသမျှသော ကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ခရီး မသွားဘဲ တဲ၌နေကြ၏။ တဖန်မိုဃ်းတိမ်မြောက်ပြန် သောအခါ ခရီးသွားကြ၏။

  9. တောလည်ရာကျမ်း 9:23ခရစ်တော် မပေါ်မီ 1490 ခန့်

    ထာဝရဘုရားအမိန့်တော်အတိုင်း တဲ၌ နေကြ ၏။ ထာဝရဘုရား အမိန့်တော်အတိုင်းတဲ၌ နေကြ၏။ ထာဝရဘုရားအမိန့်တော်အတိုင်းလည်း ခရီးသွားကြ၏။ ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည် အတိုင်း ထာဝရဘုရားအထံတော်၌ စောင့်နေကြ၏။

  10. တောလည်ရာကျမ်း 10:1ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား

  11. တောလည်ရာကျမ်း 10:2ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်သည် ပရိသတ်စည်းဝေးစေခြင်းငှါ၎င်း၊ တပ်တို့ကို ချီစေခြင်းငှါ၎င်း၊ မှုတ်ရသော ငွေတံပိုးနှစ်လုံး ကို၊ တလုံးလျှင် ငွေတတုံးစီဖြင့် မဆက်ဘဲလုပ်ရမည်။

  12. တောလည်ရာကျမ်း 10:3ခရစ်တော် မပေါ်မီ 1490 ခန့်

    တံပိုးမှုတ်သောအခါ၊ ပရိသတ်အပေါင်းတို့သည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၊ သင့်ထံ၌ စည်းဝေးရကြမည်။

  13. တောလည်ရာကျမ်း 10:4ခရစ်တော် မပေါ်မီ 1490 ခန့်

    တံပိုးတလုံးတည်းကို မှုတ်လျှင်၊ ဣသရေလ အမျိုး၌ လူတထောင်ကို အုပ်သောမင်းတို့သည် သင့်ထံ၌ စည်းဝေးရကြမည်။

  14. တောလည်ရာကျမ်း 10:5ခရစ်တော် မပေါ်မီ 1490 ခန့်

    နှိုးဆော်သံနှင့်မှုတ်သောအခါ၊ အရှေ့တပ်တို့ သည် ချီသွားရကြမည်။

  15. တောလည်ရာကျမ်း 10:6ခရစ်တော် မပေါ်မီ 1490 ခန့်

    ဒုတိယအကြိမ်နှိုးဆော်သံနှင့် မှုတ်သောအခါ၊ တောင်တပ်တို့ သည် ချီသွားရကြမည်။ တတိယအကြိမ် နှိုးဆော်သံနှင့် မှုတ်သောအခါ၊ အနောက်တပ်တို့သည် ချီသွားရကြမည်။ စတုတ္ထအကြိမ်နှိုးဆော်သံနှင့် မှုတ်သော အခါ၊ မြောက်တပ်တို့သည် ချီသွားရကြမည်။ အစဉ်အတိုင်း ချီသွားစေခြင်းဌာနှိုးဆောင်သံနှင့်မှုတ်ရ မည်။

  16. တောလည်ရာကျမ်း 10:7ခရစ်တော် မပေါ်မီ 1490 ခန့်

    ပရိသတ်စည်းဝေးစေခြင်းငှါ နှိုးဆော်သံကို မပြု ဘဲ တံပိုးမှုတ်ရမည်။

  17. တောလည်ရာကျမ်း 10:8ခရစ်တော် မပေါ်မီ 1490 ခန့်

    အာရုန်၏ သား၊ ယဇ်ပုရောဟိတ်တို့သည် ထိုတံပိုးကို မှုတ်ရကြမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်း။

  18. တောလည်ရာကျမ်း 10:9ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်တို့သည် ကိုယ်ပြည်၌ နေသောအခါ၊ တိုက် လာသောရန်သူတို့ကို စစ်ချီလျှင်၊ နှိုးဆော်သံနှင့် တံပိုး မှုတ်ရမည်။ ထိုအခါ သင်တို့၏ ဘုရားသခင်ထာဝရဘုရား သည် သင်တို့ကို အောက်မေ့၍၊ ရန်သူလက်မှ ကယ်တင် တော်မူမည်။

  19. တောလည်ရာကျမ်း 10:10ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်တို့သည် ရွှင်လန်းခြင်းကို ပြုသောနေ့၊ ပွဲ သဘင်နေ့လဆန်း နေ့တို့၌ သင်တို့ဘုရားသခင် အောက် မေ့တော်မူဘို့ရာ၊ သင်တို့ မီးရှို့ရာယဇ်၊ မိဿဟာယဇ် ပူဇော်သက္ကာများ၊ အပေါ်မှာ တံပိုးမှုတ်ရကြမည်။ ငါ သည် သင်တို့၏ဘုရားသခင်၊ ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။

  20. တောလည်ရာကျမ်း 10:11ခရစ်တော် မပေါ်မီ 1490 ခန့်

    ဒုတိယနှစ်၊ ဒုတိယလ အရက်နှစ်ဆယ်မြောက် သော နေ့ရက်၌၊ မိုဃ်းတိမ်သည် သက်သေခံချက်တဲတော် မှ ကွာမြောက်သည်ဖြစ်၍၊

  21. တောလည်ရာကျမ်း 10:12ခရစ်တော် မပေါ်မီ 1490 ခန့်

    ဣသရေလအမျိုးသားတို့သည် သိနာတောင်မှ ခရီးသွားကြ၏။ နောက်တဖန် မိုဃ်းတိမ်သည် ပါရန်တော ၌ တည်နေ၏။

  22. တောလည်ရာကျမ်း 10:13ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုသို့ထာဝရဘုရားသည် မောရှေအားဖြင့် မိန့် တော်မူသည်အတိုင်း၊ ပဌမခရီးသွားခြင်းကို ပြုကြ၏။

  23. တောလည်ရာကျမ်း 10:14ခရစ်တော် မပေါ်မီ 1490 ခန့်

    ယုဒတပ်အစဉ်အတိုင်း အလုံးအရင်းတို့သည်၊ အလံနှင့်တကွ ရှေ့ဦးစွာ ချီသွားကြ၏။ ယုဒတပ်ကို၊ အမိနဒပ်သားနာရှုန်အုပ်ရ၏။

  24. တောလည်ရာကျမ်း 10:15ခရစ်တော် မပေါ်မီ 1490 ခန့်

    ဣသခါတပ်ကို၊ ဇုအာသားနာသနေလအုပ်၏။

  25. တောလည်ရာကျမ်း 10:16ခရစ်တော် မပေါ်မီ 1490 ခန့်

    ဇာဗုလုန်တပ်ကို၊ ဟေလုန်သားဧလျာဘအုပ်ရ၏။