အကြောင်းအရာသို့ ကျော်သွားရန်

circa 1446–1406 BC

The Wilderness Years

Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.

2,247 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တောလည်ရာကျမ်း 7:80ခရစ်တော် မပေါ်မီ 1490 ခန့်

    မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊

  2. တောလည်ရာကျမ်း 7:81ခရစ်တော် မပေါ်မီ 1490 ခန့်

    မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသ ငယ်တကောင်၊ အခါမလည်သော သိုးသငယ်တကောင်၊

  3. တောလည်ရာကျမ်း 7:82ခရစ်တော် မပေါ်မီ 1490 ခန့်

    အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

  4. တောလည်ရာကျမ်း 7:83ခရစ်တော် မပေါ်မီ 1490 ခန့်

    မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ဧနန်သား အဟိရသည် ပူဇော်လေ၏။

  5. တောလည်ရာကျမ်း 7:84ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုသို့ဣသရေလအမျိုးတို့၌ မင်းဖြစ်သော သူတို့ သည်၊ ယဇ်ပလ္လင်ကို ဆီလူးသောနေ့၌ အနုမောဒနာ ပြုစရာဘို့ ဆက်သော ငွေအင်တုံပေါင်းဆယ်နှစ်လုံး၊ ငွေ ဖလားပေါင်းဆယ်နှစ်လုံး၊ ရွှေဇွန်းပေါင်း ဆယ်နှစ်စင်း တည်း။

  6. တောလည်ရာကျမ်း 7:85ခရစ်တော် မပေါ်မီ 1490 ခန့်

    ငွေအင်တုံအချိန်ကား၊ တလုံးလျှင် တပိဿာ သုံးဆယ်စီ၊ ငွေဖလားအချိန်ကား၊ တလုံးလျှင် ခုနစ်ဆယ် စီရှိ၍ ငွေချိန်ပေါင်းကား၊ အကျပ်တော်အလိုက်၊ အခွက် နှစ်ဆယ်လေးပိဿာရှိသတည်း။

  7. တောလည်ရာကျမ်း 7:86ခရစ်တော် မပေါ်မီ 1490 ခန့်

    မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်သော ရွှေဇွန်း ဆယ်နှစ်စင်း အချိန်ကား၊ အကျပ်တော်အလိုက် ဆယ် ကျပ်စီရှိ၍၊ ရွှေချိန်ပေါင်းကား တပိဿာနှစ်ဆယ်ရှိသ တည်း။

  8. တောလည်ရာကျမ်း 7:87ခရစ်တော် မပေါ်မီ 1490 ခန့်

    မီးရှို့ရာယဇ်ဘို့ ဘောဇဉ် ပူဇောသက္ကာနှင့်တကွ နွားပေါင်းဆယ်နှစ်ကောင်၊ သိုးထီးဆယ်နှစ်ကောင်၊ အခါ မလည်သောသိုးသငယ် ဆယ်နှစ်ကောင်၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်ပေါင်း ဆယ်နှစ်ကောင်၊

  9. တောလည်ရာကျမ်း 7:88ခရစ်တော် မပေါ်မီ 1490 ခန့်

    မိဿဟာယ ယဇ်ဘို့ နွားပေါင်း၊ နှစ်ဆယ် လေးကောင်၊ သိုးထီးခြောက်ဆယ်၊ ဆိတ်ထီးခြောက်ဆယ်၊ အခါမလည်သော သိုးသငယ်ခြောက်ဆယ်ရှိသတည်း။ ဤရွေ့ကား၊ယဇ်ပလ္လင် ဆီလူးသောနောက်၊ အနုမောဒနာပြုဘို့ ဆက်သော ပူဇော်သက္ကာပေတည်း။

  10. တောလည်ရာကျမ်း 7:89ခရစ်တော် မပေါ်မီ 1490 ခန့်

    မောရှေသည် ဘုရားသခင်ကို လျှောက်ခြင်းငှါ ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ ဝင်သောအခါ၊ ခေရု ဗိမ်နှစ်ပါးကြားမှာ၊ သက်သေခံချက်သေတ္တာအပေါ်၌ တင်သောအဖုံးထက်သော ဘုရားသခင် ခေါ်တော်မူသံ ကို မောရှေသည်ကြား၍ ထူးလေ၏။

  11. တောလည်ရာကျမ်း 8:1ခရစ်တော် မပေါ်မီ 1490 ခန့်

    ထာဝရဘုရားကလည်း၊ သင်သည် အာရုန်အား ဆင့်ဆိုရမည်မှာ၊

  12. တောလည်ရာကျမ်း 8:2ခရစ်တော် မပေါ်မီ 1490 ခန့်

    မီးခွက်များကို ထွန်းသောအခါ၊ မီးခွက်ခုနစ်လုံး တို့သည် မီးခုံတဘက်တချက်၌ ထွန်းလင်းရမည်ဟု၊

  13. တောလည်ရာကျမ်း 8:3ခရစ်တော် မပေါ်မီ 1490 ခန့်

    မောရှေအား မှာထားတော်မူသည်အတိုင်း၊ အာရုန်ပြု၍ မီးခုံတဘက်တချက်၌ မီးခွက်များကို ထွန်းလေ၏။

  14. တောလည်ရာကျမ်း 8:4ခရစ်တော် မပေါ်မီ 1490 ခန့်

    မီးခုံမူကား၊ ထာဝရဘုရားသည် မောရှေအား ပြတော်မူသော ပုံနှင့်အညီ မီးခုံတိုင်မှစ၍ ကြာပွင့်တိုင် အောင် ရွှေဖြင့် တစပ်တည်းထုလုပ်သော မီးခုံဖြစ်သ တည်း။

  15. တောလည်ရာကျမ်း 8:5ခရစ်တော် မပေါ်မီ 1490 ခန့်

    ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား

  16. တောလည်ရာကျမ်း 8:6ခရစ်တော် မပေါ်မီ 1490 ခန့်

    လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့ အထဲက ရွေးကောက်၍ စင်ကြယ်စေလော့။

  17. တောလည်ရာကျမ်း 8:7ခရစ်တော် မပေါ်မီ 1490 ခန့်

    စင်ကြယ်စေခြင်းငှါ ပြုရမည်အမှုဟူမူကား၊ စင်ကြယ်ခြင်း မင်္ဂလာရေကို သူတို့အပေါ်မှာဖြန်း၍၊ သူတို့ သည် တကိုယ်လုံးကို အမွေးရိတ်ခြင်း၊ အဝတ်လျှော်ခြင်း ကို ပြုသဖြင့် စင်ကြယ်စေရမည်။

  18. တောလည်ရာကျမ်း 8:8ခရစ်တော် မပေါ်မီ 1490 ခန့်

    ဆီရောသော မုန့်ညက်တည်းဟူသော ဘောဇဉ် ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျိုသော နွားထီးတကောင်၊ အပြစ်ဖြေရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင် ကို ယူပြီးလျှင်၊

  19. တောလည်ရာကျမ်း 8:9ခရစ်တော် မပေါ်မီ 1490 ခန့်

    လေဝိသားတို့ကို ပရိသတ်စည်းဝေးရာ တဲတော် ရှေ့သို့ခေါ်ခဲ့၍၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်း တို့ကို စည်းဝေးစေပြီးမှ၊

  20. တောလည်ရာကျမ်း 8:10ခရစ်တော် မပေါ်မီ 1490 ခန့်

    လေဝိသားတို့ကို ထာဝရဘုရားရှေ့တော်သို့ ဆောင်ခဲ့၍၊ သူတို့ခေါင်းပေါ်မှာ ဣသရေလအမျိုးသား တို့သည် လက်ကိုတင်သဖြင့်၊

  21. တောလည်ရာကျမ်း 8:11ခရစ်တော် မပေါ်မီ 1490 ခန့်

    သူတို့သည် ထာဝရဘုရား၏ အမှုတော်ကို ထမ်း စေခြင်းငှါ၊ ဣသရေလအမျိုးသားတို့ပြုသော ပူဇော် သက္ကာတည်းဟူသော လေဝိသားတို့ကို အာရုန်သည် ထာဝရဘုရားအား ဆက်ရမည်။

  22. တောလည်ရာကျမ်း 8:12ခရစ်တော် မပေါ်မီ 1490 ခန့်

    လေဝိသားတို့သည်လည်း၊ နွားခေါင်းပေါ်မှာ မိမိ တို့လက်ကို တင်၍၊ သူတို့အဘို့ အပြစ်ဖြေခြင်းကို ပြုလို သောငှါ၊ ထာဝရဘုရားရှေ့မှာ နွားတကောင်ကို အပြစ် ဖြေရာယဇ်၊ တကောင်ကို မီးရှို့ရာ ယဇ်ပြု၍ ပူဇော်ရကြ မည်။

  23. တောလည်ရာကျမ်း 8:13ခရစ်တော် မပေါ်မီ 1490 ခန့်

    လေဝိသားတို့ကို၊ အာရုန်နှင့်သူ၏ သားတို့ရှေ့မှာ ထား၍ ထာဝရဘုရားအား ပူဇော်သက္ကာပြုရမည်။

  24. တောလည်ရာကျမ်း 8:14ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုသို့ လေဝိသားတို့ကို ဣသရေလအမျိုးသားတို့ နှင့် တခြားစီခွဲထား၍၊ သူတို့သည် အထူးသဖြင့် ငါ့လူဖြစ်ရ ကြလိမ့်မည်။

  25. တောလည်ရာကျမ်း 8:15ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုနောက်မှ လေဝိသားတို့သည်၊ ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ခြင်းငှါ ဝင်ရကြ လိမ့်မည်။ သူတို့ကို စင်ကြယ်စေ၍ ပူဇော်သက္ကာ၊ ပြုရ သော အကြောင်းဟူမူကား၊