အကြောင်းအရာသို့ ကျော်သွားရန်

circa 1446–1406 BC

The Wilderness Years

Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.

2,247 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တောလည်ရာကျမ်း 7:55ခရစ်တော် မပေါ်မီ 1490 ခန့်

    အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့် ရော၍ အပြည့်ထည့်သော မုန့်ညက်၊

  2. တောလည်ရာကျမ်း 7:56ခရစ်တော် မပေါ်မီ 1490 ခန့်

    မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း။

  3. တောလည်ရာကျမ်း 7:57ခရစ်တော် မပေါ်မီ 1490 ခန့်

    မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊

  4. တောလည်ရာကျမ်း 7:58ခရစ်တော် မပေါ်မီ 1490 ခန့်

    အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

  5. တောလည်ရာကျမ်း 7:59ခရစ်တော် မပေါ်မီ 1490 ခန့်

    မိဿာဟာယ၊ ယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ပေဒါဇုရသား ဂါမလျေလသည် ပူဇော် လေ၏၊

  6. တောလည်ရာကျမ်း 7:60ခရစ်တော် မပေါ်မီ 1490 ခန့်

    နဝမနေ့၌ ဗင်္ယာမိန်အမျိုးတွင် မင်းဖြစ်သော ဂိဒေါနိသား အဘိဒန်ဆက်သော ပူဇော်သက္ကာဟူမူကား

  7. တောလည်ရာကျမ်း 7:61ခရစ်တော် မပေါ်မီ 1490 ခန့်

    အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန်ရှိ သော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်၊

  8. တောလည်ရာကျမ်း 7:62ခရစ်တော် မပေါ်မီ 1490 ခန့်

    မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း

  9. တောလည်ရာကျမ်း 7:63ခရစ်တော် မပေါ်မီ 1490 ခန့်

    မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊

  10. တောလည်ရာကျမ်း 7:64ခရစ်တော် မပေါ်မီ 1490 ခန့်

    အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

  11. တောလည်ရာကျမ်း 7:65ခရစ်တော် မပေါ်မီ 1490 ခန့်

    မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်တို့ကို ဂိဒေါနိသားအဘိဒန်သည် ပူဇော်လေ၏၊

  12. တောလည်ရာကျမ်း 7:66ခရစ်တော် မပေါ်မီ 1490 ခန့်

    ဒသမနေ့၌ ဒန်အမျိုးတွင် မင်းဖြစ်သော အမိ ရှဒ္ဒဲသားအဟေဇာဆက်သော ပူဇော်သက္ကာဟူမူကား၊

  13. တောလည်ရာကျမ်း 7:67ခရစ်တော် မပေါ်မီ 1490 ခန့်

    အကျပ်တော်အလိုက် တပိသားသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်။

  14. တောလည်ရာကျမ်း 7:68ခရစ်တော် မပေါ်မီ 1490 ခန့်

    မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊

  15. တောလည်ရာကျမ်း 7:69ခရစ်တော် မပေါ်မီ 1490 ခန့်

    မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊

  16. တောလည်ရာကျမ်း 7:70ခရစ်တော် မပေါ်မီ 1490 ခန့်

    အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

  17. တောလည်ရာကျမ်း 7:71ခရစ်တော် မပေါ်မီ 1490 ခန့်

    မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ်ငါးကောင်တို့ကို အမိရှဒ္ဒသားအဟေဇာသည် ပူဇော်လေ၏။

  18. တောလည်ရာကျမ်း 7:72ခရစ်တော် မပေါ်မီ 1490 ခန့်

    ဧကာဒသမနေ့၌ အာရှာအမျိုးတွင် မင်းဖြစ် သော ဩကရန်သား ပါဂျေလဆက်သော ပူဇော်သက္ကာဟူ မူကား။

  19. တောလည်ရာကျမ်း 7:73ခရစ်တော် မပေါ်မီ 1490 ခန့်

    အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်။

  20. တောလည်ရာကျမ်း 7:74ခရစ်တော် မပေါ်မီ 1490 ခန့်

    မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊

  21. တောလည်ရာကျမ်း 7:75ခရစ်တော် မပေါ်မီ 1490 ခန့်

    မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊

  22. တောလည်ရာကျမ်း 7:76ခရစ်တော် မပေါ်မီ 1490 ခန့်

    အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

  23. တောလည်ရာကျမ်း 7:77ခရစ်တော် မပေါ်မီ 1490 ခန့်

    မိဿဟာယယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ဩကရန်သားပါဂျေလသည် ပူဇော် လေ၏။

  24. တောလည်ရာကျမ်း 7:78ခရစ်တော် မပေါ်မီ 1490 ခန့်

    ဒွါဒသမနေ့၌ နသာလိအမျိုးတွင် မင်းဖြစ်သော ဧနန်းသားအဟိရဆက်သော ပူဇော်သက္ကာ ဟူမူကား၊

  25. တောလည်ရာကျမ်း 7:79ခရစ်တော် မပေါ်မီ 1490 ခန့်

    အကျပ်တော်အလိုက် တပိဿာသုံးဆယ် အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်။