အကြောင်းအရာသို့ ကျော်သွားရန်

circa 1446–1406 BC

The Wilderness Years

Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.

2,247 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တောလည်ရာကျမ်း 14:22ခရစ်တော် မပေါ်မီ 1490 ခန့်

    ငါ့ဘုန်းတော်ကို၎င်း၊ အဲဂုတ္တုပြည်မှစ၍ ဤ တော၌ ထူးဆန်းသော တန်ခိုးတော်ကို၎င်း မြင်ရသော လူအပေါင်းတို့သည်၊ ငါ့စကားကိုနားမထောင်၊ ဆယ်ကြိမ် တိုင်အောင် ငါ့ကိုစုံစမ်းသောကြောင့်၊

  2. တောလည်ရာကျမ်း 14:23ခရစ်တော် မပေါ်မီ 1490 ခန့်

    သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိသောပြည်ကို အကယ်စင်စစ် သူတို့သည်မမြင်ရကြ။ ငါ့ကိုမရိုမသေပြု သော သူတစုံတယောက်မျှ မမြင်ရ။

  3. တောလည်ရာကျမ်း 14:24ခရစ်တော် မပေါ်မီ 1490 ခန့်

    ငါ့ကျွန်ကာလက်မူ ကား ထူးခြားသော သဘောရှိ၍၊ ငါ့နောက်သို့ လုံးလုံး လိုက်သောကြောင့် သူသွားခဲ့ပြီးသောပြည်သို့ သူ့ကို ငါဆောင်သွင်းသဖြင့် သူ၏သားမြေးတို့သည် အမွေခံရကြ လိမ့်မည်။

  4. တောလည်ရာကျမ်း 14:25ခရစ်တော် မပေါ်မီ 1490 ခန့်

    အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် ချိုင့်မှာနေကြသည်ဖြစ်၍ သင်တို့သည် နက်ဖြန်နေ့ ၌လှည့် လည်၍ ဧဒုံပင်လယ်လမ်းဖြင့် တောသို့သွားကြလော့ဟု မိန့်တော်မူ၏။

  5. တောလည်ရာကျမ်း 14:26ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား၊

  6. တောလည်ရာကျမ်း 14:27ခရစ်တော် မပေါ်မီ 1490 ခန့်

    ငါ့ကို အပြစ်တင်၍၊ ကာလပတ်လုံး ဤပရိသတ် ဆိုးတို့ကို အဘယ်မျှကာလပတ်လုံး ငါသည် သည်းခံရ အံ့နည်း။ ဣသရေလအမျိုးသားတို့သည် ငါ့ကိုအပြစ်တင် ၍ မြည်တမ်းသော စကားတို့ကို ငါကြားရပြီ။

  7. တောလည်ရာကျမ်း 14:28ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်သည် သူတို့အား ဆင့်ဆိုရမည်မှာ၊ ထာဝရ ဘုရားက ငါအသက်ရှင်သည်ဖြစ်၍၊ သင်တို့သည် ငါ့ကို ကြားစေခြင်းငှါ ပြောကြသော စကားအတိုင်း သင်တို့ကို ငါပြုမည်။

  8. တောလည်ရာကျမ်း 14:29ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်တို့ကို ရေတွက်၍ စာရင်းယူသည်အတိုင်း၊ အသက်နှစ်ဆယ်လွန်သောသူ၊ ငါ့ကို အပြစ်တင်၍ မြည် တမ်းသောသူအပေါင်းတို့သည် သေ၍ ဤတော၌ အသေ ကောင်ဖြစ်လျက် နေရစ်ကြလိမ့်မည်။

  9. တောလည်ရာကျမ်း 14:30ခရစ်တော် မပေါ်မီ 1490 ခန့်

    ငါသည် ဤမည်သောပြည်၌ သင်တို့ကို နေရာ ချမည်ဟု ငါကျိန်ဆို၏။ ထိုပြည်သို့ ယေဖုန္နာ၏သား ကာလက်၊ နုန်၏သားယောရှုမှ တပါးအဘယ်သူမျှ မရောက်ရ။

  10. တောလည်ရာကျမ်း 14:31ခရစ်တော် မပေါ်မီ 1490 ခန့်

    ရန်သူလုယူရာ ဖြစ်လိမ့်မည်ဟု သင်တို့ဆိုသော သူငယ်တို့ကို ငါဆောင်သွင်း၍ သင်တို့ပယ်သောပြည်ကို သူတို့သည်သိရကြလိမ့်မည်။

  11. တောလည်ရာကျမ်း 14:32ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်တို့မူကား၊ ဤတော၌သေ၍ အသေကောင် ဖြစ်လျက်၊ နေရစ်ရကြလိမ့်မည်။

  12. တောလည်ရာကျမ်း 14:33ခရစ်တော် မပေါ်မီ 1490 ခန့်

    ဤတော၌ သင်တို့အသေကောင်များ ပျောက် ပျက်သည်တိုင်အောင်၊ ကိုယ်သားသမီးတို့သည် မိဘ မှားယွင်းခြင်းအပြစ်များကို ဆောင်၍၊ ဤတော၌ အနှစ် လေးဆယ်ပတ်လုံး လှည့်လည်ရကြလိမ့်မည်။

  13. တောလည်ရာကျမ်း 14:34ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုပြည်ကို စူးစမ်းရာ နေ့ရက်ပေါင်းအရက် လေးဆယ်နှင့်အညီ၊ တရက်ကို တနှစ်ထား၍ အနှစ် လေးဆယ်ပတ်လုံး ကိုယ်အပြစ်ကိုဆောင်လျက်၊ ငါ့စွန့်ပစ် ခြင်းကို သိရကြလိမ့်မည်။

  14. တောလည်ရာကျမ်း 14:35ခရစ်တော် မပေါ်မီ 1490 ခန့်

    အကယ်စင်စစ် ငါတဘက၌ စည်းဝေးသော ဤပရိသတ်ဆိုးအပေါင်းတို့ကို ထိုသို့ငါပြု၍ သူတို့သည် ဤတော၌ သေကြပျောက်ပျက်ကြ လိမ့်မည်ဟု ငါထာဝရ ဘုရားမိန့်တော်မူ၏။

  15. တောလည်ရာကျမ်း 14:36ခရစ်တော် မပေါ်မီ 1490 ခန့်

    မောရှေစေလွှတ်သော အခွင့်နှင့် ခါနာန်ပြည်ကို စူးစမ်း၍ ပြန်လာသောအခါ၊ ထိုပြည်ကို ကဲ့ရဲ့သဖြင့် ပရိသတ်အပေါင်းမြည်တမ်းစေခြင်းငှါတိုက်တွန်းသောသူ၊

  16. တောလည်ရာကျမ်း 14:37ခရစ်တော် မပေါ်မီ 1490 ခန့်

    ခါနာန်ပြည်ကို မကောင်းသောသိတင်း ကြား ပြောသော သူတို့သည်၊ ထာဝရဘုရားရှေ့တော်၌ ကာလ နာဘေးနှင့် သေကြလေ၏။

  17. တောလည်ရာကျမ်း 14:38ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုပြည်ကို စူးစမ်း၍ သွားသောလူတို့တွင် နုန်၏ သား ယောရှုနှင့် ယေဖုန္န၏သား ကာလက်တို့သာ အသက်ချမ်းသာရကြ၏။

  18. တောလည်ရာကျမ်း 14:39ခရစ်တော် မပေါ်မီ 1490 ခန့်

    မောရှေသည် ဣသရေလအမျိုးသားအပေါင်းတို့ အား စကားတော်များကို ဆင့်ဆိုသောအခါ၊ လူများတို့ သည် အလွန်ညည်းတွားလျက် နေကြ၏။

  19. တောလည်ရာကျမ်း 14:40ခရစ်တော် မပေါ်မီ 1490 ခန့်

    နံနက်စောစောထ၍ တောင်ထိပ်ပေါ်သို့တက်ပြီး လျှင် ငါတို့သည် ပြစ်မှားပြီ။ သို့သော်လည်း ယခုအသင့် ရှိပါ၏။ ထာဝရဘုရား ဂတိထားတော်မူသောပြည်သို့ သွားပါမည်ဟုဆိုကြသော်၊

  20. တောလည်ရာကျမ်း 14:41ခရစ်တော် မပေါ်မီ 1490 ခန့်

    မောရှေက၊ ထာဝရဘုရား၏ အမိန့်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။ သင်တို့အကြံမထ မြောက်ရ။

  21. တောလည်ရာကျမ်း 14:42ခရစ်တော် မပေါ်မီ 1490 ခန့်

    မသွားကြနှင့်၊ ထာဝရဘုရားသည် သင်တို့ဘက် ၌ရှိတော်မမူ။ သွားလျှင် ရန်သူရှေ့မှာ ရှုံးရကြလိမ့်မည်။

  22. တောလည်ရာကျမ်း 14:43ခရစ်တော် မပေါ်မီ 1490 ခန့်

    အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့ သည် သင်တို့မရောက်မှီရောက်နှင့်သည်ဖြစ်၍၊ သင်တို့ သည် ထားဖြင့်ဆုံးကြလိမ့်မည်။ ထာဝရဘုရားထံတော်မှ လွှဲသွားသောကြောင့် ထာဝရဘုရားသည် သင်တို့ဘက်၌ နေတော်မမူဟုဆိုသော်လည်း၊

  23. တောလည်ရာကျမ်း 14:44ခရစ်တော် မပေါ်မီ 1490 ခန့်

    သူတို့သည်ခိုင်ခံ့သောစိတ်နှင့် တောင်ထိပ်ထက် သို့ တဖန်တက်ကြ၏။ သို့ရာတွင်၊ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်နှင့်တကွ၊ မောရှေသည် တပ်ပြင် သို့ မထွက်မသွားဘဲ နေလေ၏။

  24. တောလည်ရာကျမ်း 14:45ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုအခါ တောင်ပေါ်မှာရှိနှင့်သော အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် ဆင်းလာလျက်၊ ဣသရေလအမျိုးသားတို့ကို တိုက်၍ အောင်သဖြင့် ဟောမာမြို့တိုင်အောင် လိုက်ကြလေ၏။

  25. တောလည်ရာကျမ်း 15:1ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊