အကြောင်းအရာသို့ ကျော်သွားရန်

circa 1446–1406 BC

The Wilderness Years

Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.

2,247 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တောလည်ရာကျမ်း 15:2ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်တို့နေရာဖြစ်သော ငါပေးသော ပြည်သို့ ရောက်၍ နေကြသောအခါ

  2. တောလည်ရာကျမ်း 15:3ခရစ်တော် မပေါ်မီ 1490 ခန့်

    သစ္စာဂတိရှိ၍ ပူဇော်သော်၎င်း၊ အလိုလို ပူဇော် သော်၎င်း၊ ပွဲသဘင်ခံ၍ ပူဇော်သော်၎င်း၊ မီးရှို့ရာယဇ် အစရှိသော အခြားသောယဇ်ကို မီးဖြင့်ပူဇော်၍ သိုးနွား အားဖြင့် ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့ကို ပြုခြင်းငှါအလိုရှိလျှင်၊

  3. တောလည်ရာကျမ်း 15:4ခရစ်တော် မပေါ်မီ 1490 ခန့်

    ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုသောသူသည်၊ သိုးသငယ်ကို ပူဇော်လျှင် မီးရှို့ရာယဇ်ဖြစ်စေ၊ အခြားသောယဇ်ဖြစ်စေ၊

  4. တောလည်ရာကျမ်း 15:5ခရစ်တော် မပေါ်မီ 1490 ခန့်

    ယဇ်နှင့်တကွ ဘောဇဉ်ပူဇော်သက္ကာကို ဆီသုံးလောဃရောသော မုန့်ညက်တဩမဲကို၎င်း။ သွန်းလောင်းရာ ပူဇော်သက္ကာကို စပျစ်ရည် သုံးလောဃကို၎င်း၊ ပြင်ဆင်၍ ဆောင်ခဲ့ရမည်။

  5. တောလည်ရာကျမ်း 15:6ခရစ်တော် မပေါ်မီ 1490 ခန့်

    သိုးကိုပူဇော်လျှင်၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေ ခြင်းငှါ၊

  6. တောလည်ရာကျမ်း 15:7ခရစ်တော် မပေါ်မီ 1490 ခန့်

    ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီလေး လောဃရောသော မုန့်ညက်နှစ်ဩမဲကို ပြင်ဆင်၍ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည်လေးလောဃကို ပူဇော်ရမည်။

  7. တောလည်ရာကျမ်း 15:8ခရစ်တော် မပေါ်မီ 1490 ခန့်

    ထာဝရဘုရားအား မီးရှို့ရာယဇ်၊ သစ္စာဂတိရှိ၍ ပူဇော်သောယဇ်၊ မိဿဟာယယဇ်ဘို့ နွားကို ပြင်ဆင်လျှင်၊

  8. တောလည်ရာကျမ်း 15:9ခရစ်တော် မပေါ်မီ 1490 ခန့်

    မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင် သော အနံ့ရှိစေခြင်းငှါ၊

  9. တောလည်ရာကျမ်း 15:10ခရစ်တော် မပေါ်မီ 1490 ခန့်

    နွားနှင့်တကွ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီ ခြောက်လောဃရောသော မုန့်ညက်သုံးဩမဲကို၎င်း၊ သွန်း လောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည် ခြောက်လောဃ ကို၎င်း ဆောင်ခဲ့ရမည်။

  10. တောလည်ရာကျမ်း 15:11ခရစ်တော် မပေါ်မီ 1490 ခန့်

    နွားတကောင်၊ သိုးတကောင်၊ သိုးသငယ်တကောင်၊ ဆိတ်သငယ်တကောင်ကို ယဇ်ပူဇော်သောအခါ ထိုသို့ပြုရမည်။

  11. တောလည်ရာကျမ်း 15:12ခရစ်တော် မပေါ်မီ 1490 ခန့်

    ပြင်ဆင်သော သိုး နွားအရေအတွက်သို့ လိုက်၍၊ တကောင် ကောင်ကို ထိုသို့ပြုရမည်။

  12. တောလည်ရာကျမ်း 15:13ခရစ်တော် မပေါ်မီ 1490 ခန့်

    ပြည်သားအပေါင်းတို့သည် မီးဖြင့် ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှါ၊ ထိုသို့နှင့်အညီ ပြုရကြမည်။

  13. တောလည်ရာကျမ်း 15:14ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်တို့တွင် တည်းခိုသော တပါးအမျိုးသား ဖြစ်စေ၊ အခြားတပါးသောသူဖြစ်စေ၊ မီးဖြင့် ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ အလို ရှိလျှင်၊ သင်တို့ပြုသည်နည်းတူ သူသည်လည်း ပြုရမည်။

  14. တောလည်ရာကျမ်း 15:15ခရစ်တော် မပေါ်မီ 1490 ခန့်

    ပရိသတ်အဝင်ဖြစ်သောသူ၊ သင်တို့တွင် တည်း ခိုသော တပါးအမျိုးသားဖြစ်သောသူတို့သည်၊ သင်တို့ အမျိုးအစဉ်အဆက်စောင့်ရသော တပါးတည်းသော ထုံးစံရှိ၍၊ ထာဝရဘုရားရှေ့တော်၌ သင်တို့သည် ဖြစ် သည်နည်းတူ သူသည်လည်း ဖြစ်ရမည်။

  15. တောလည်ရာကျမ်း 15:16ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်တို့ကိုယ်တိုင်မှစ၍ သင်တို့တွင် တည်းခို သော တပါးအမျိုးသားတို့သည် တပါးတည်းသော တရား၊ တပါးတည်းသော ထုံးစံရှိရကြမည်ဟု မိန့်တော်မူ၏။

  16. တောလည်ရာကျမ်း 15:17ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

  17. တောလည်ရာကျမ်း 15:18ခရစ်တော် မပေါ်မီ 1490 ခန့်

    ငါပို့ဆောင်သော ပြည်သို့ သင်တို့သည် ရောက်၍၊

  18. တောလည်ရာကျမ်း 15:19ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုပြည်၌ဖြစ်သော မုန့်ကို စားကြသောအခါ၊ ထာဝရဘုရားအား ချီးမြှောက်ရာ ပူဇော်သက္ကာကို ဆက်ရ မည်။

  19. တောလည်ရာကျမ်း 15:20ခရစ်တော် မပေါ်မီ 1490 ခန့်

    အဦးနယ်သော မုန့်စိမ်းဖြင့် လုပ်သော မုန့်ပြား ကို ချီမြှောက်ရာ ပူဇော်သက္ကာပြု၍ ကောက်နယ်တလင်း ထဲက ချီမြှောက်ရာ ပူဇော်သက္ကာကို ပြုသကဲ့သို့ ချီမြှောက် ရမည်။

  20. တောလည်ရာကျမ်း 15:21ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်တို့အမျိုးအစဉ်အဆက်တို့သည်၊ အဦးနယ် သော မုန့်စိမ်းထဲက ချီမြှောက်ရာ ပူဇော်သက္ကာကိုထာဝရ ဘုရားအား ဆက်ရကြမည်။

  21. တောလည်ရာကျမ်း 15:22ခရစ်တော် မပေါ်မီ 1490 ခန့်

    ထာဝရဘုရားသည် မောရှေကို မှာထားသော နေ့မှစ၍၊ မောရှေအားဖြင့် သင်တို့၌ ထားတော်မူသော ပညတ်၊

  22. တောလည်ရာကျမ်း 15:23ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်တို့အမျိုးအစဉ်အဆက်၌ ထားတော်မူလတံ့ သော ပညတ်အလုံးစုံတို့ကို သင်တို့သည် မစောင့် မှား ယွင်းခြင်းသို့ ရောက်ကြသည်အမှုမှာ၊

  23. တောလည်ရာကျမ်း 15:24ခရစ်တော် မပေါ်မီ 1490 ခန့်

    ပရိသတ်အပေါင်းတို့သည် မသိဘဲ သတိလစ်၍ မှားယွင်းခြင်းသို့ရောက်လျှင်၊ ပရိသတ်အပေါင်းတို့သည် ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ၊ ထုံးဖွဲ့သော ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျိုသော နွားထီးဖြင့် မီးရှို့ရာယဇ်ကို၎င်း၊ ဆိတ်ဖြင့် အပြစ်ဖြေရာ ယဇ်ကို၎င်း ပူဇော်ရကြမည်။

  24. တောလည်ရာကျမ်း 15:25ခရစ်တော် မပေါ်မီ 1490 ခန့်

    ယဇ်ပုရောဟိတ်သည်၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အဘို့ အပြစ်ဖြေခြင်းကို ပြုရသဖြင့်၊ သူတို့သည် သတိလစ်၍ ပြစ်မှားသောကြောင့်၊ ထိုအပြစ် ကို လွှတ်ရလိမ့်မည်။ သူတို့သည်လည်း သတိလစ်သော အပြစ်ကြောင့်၊ အပြစ်ဖြေရာယဇ်နှင့်တကွ၊ မီးဖြင့်ပြုသော ပူဇော်သက္ကာကို ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရ ကြမည်။

  25. တောလည်ရာကျမ်း 15:26ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုသို့ပြုလျှင်၊ လူအပေါင်းတို့သည် ပြစ်မှားသော် လည်း၊ သတိလစ်၍ ပြစ်မှားသောကြောင့်၊ ဣသရေလ အမျိုးသားပရိသတ်အပေါင်းကို၎င်း၊ သူတို့ထံမှာ တည်းခို သော တပါးအမျိုးသားကို၎င်း ထိုအပြစ်မှ လွှတ်ရလိမ့် မည်။