အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဟေရှာယအနာဂတ္တိကျမ်း 31:5ခရစ်တော် မပေါ်မီ 713 ခန့်

    ငှက်သည် သားငယ်ကို အုပ်တတ်သကဲ့သို့၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ယေရှုရှ လင်မြို့ကို ကွယ်ကာတော်မူမည်။ ကွယ်ကာစောင့်မ၍ အပြစ်မပေး၊ ကယ်တင်တော်မူမည်။

  2. ဟေရှာယအနာဂတ္တိကျမ်း 31:6ခရစ်တော် မပေါ်မီ 713 ခန့်

    အိုဣသရေလအမျိုးသားတို့၊ သင်တို့သည် အ လွန်လွှဲရှောင်ပယ်ထားသော ဘုရားထံတော်သို့ ပြန်လာ ကြလော့။

  3. ဟေရှာယအနာဂတ္တိကျမ်း 31:7ခရစ်တော် မပေါ်မီ 713 ခန့်

    အကယ်စင်စစ် လူအပေါင်းတို့သည် မိမိလက် ဖြင့် အသီးအသီးလုပ်သောငွေရုပ်တု၊ ရွှေရုပ်တု တည်း ဟူသော၊ ပြစ်မှားရာအရာများကို ထိုကာလ၌ ပစ်လိုက် ကြလိမ့်မည်။

  4. ဟေရှာယအနာဂတ္တိကျမ်း 31:8ခရစ်တော် မပေါ်မီ 713 ခန့်

    အာရှုရိလူသည်လည်း၊ကြီးမြတ်သောသူ၏ ထား မဟုတ်သော ထားဖြင့်ဆုံးလိမ့်မည်။ ယုတ်သောသူ၏ထား မဟုတ်သော ထားသည် သူ့ကိုဖျက်ဆီးလိမ့်မည်။ သူသည် လည်း ထားဘေးမှ ပြေး၍၊ သူရဲတို့သည် ကျွန်ခံရကြလိမ့် မည်။

  5. ဟေရှာယအနာဂတ္တိကျမ်း 31:9ခရစ်တော် မပေါ်မီ 713 ခန့်

    သူသည်လည်း ကြောက်လန့်သဖြင့်၊ မိမိခိုင်ခံ့ သော မြို့ကိုလွန်သွား၍၊ သူ၏ မှုးမတ်တို့သည် နိမိတ်ကို မြင်လျှင် စိတ်ပျက်ကြလိမ့်မည်ဟု ဇိအုန်တောင်ပေါ်မှာမီး လျှံ၊ ယေရှုရှင်မြို့၌ မီးဖိုရှိသော ထာဝရဘုရား မိန့်တော်မူ သတည်း။

  6. ဟေရှာယအနာဂတ္တိကျမ်း 32:1ခရစ်တော် မပေါ်မီ 713 ခန့်

    ကြည့်ရှုလော့။ တရားသဖြင့် အုပ်စိုးသောရှင်ဘု ရင်တပါး ပေါ်ထွန်းတော်မူလိမ့်မည်။ မင်းသားမှုးမတ်တို့ သည် တရားသဖြင့် စီရင်ကြလိမ့်မည်။

  7. ဟေရှာယအနာဂတ္တိကျမ်း 32:2ခရစ်တော် မပေါ်မီ 713 ခန့်

    ထိုမင်းတို့သည် လေလုံ၍ မိုဃ်းသက်မုန်တိုင်း ကွယ်ရာအရပ်ကဲ့သို့၎င်း၊ သွေ့ခြောက်သောမြေ၌ စီးသော ချောင်းကဲ့သို့၎င်း၊ နေပူသော အရပ်၌ ကျောက်လုံးကြီးအ ရိပ်ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။

  8. ဟေရှာယအနာဂတ္တိကျမ်း 32:3ခရစ်တော် မပေါ်မီ 713 ခန့်

    မျက်စိမြင်သောသူတို့သည် ရှင်းလင်းစွာ မြင်ကြ လိမ့်မည်။ နားကြားသောသူတို့လည်း နားထောင်ကြလိမ့် မည်။

  9. ဟေရှာယအနာဂတ္တိကျမ်း 32:4ခရစ်တော် မပေါ်မီ 713 ခန့်

    သတိမရှိသောသူ၏ စိတ်နှလုံးသည် ဆင်ခြင်၍ ပညာရှိလိမ့်မည်။ စကားအသောသူ၏လျှာသည်လည်း စ ကားပြီအောင်ပြောတတ်လိမ့်မည်။

  10. ဟေရှာယအနာဂတ္တိကျမ်း 32:5ခရစ်တော် မပေါ်မီ 713 ခန့်

    ယုတ်သောသူကို နောက်တဖန်အမြတ်ဟူ၍၎င်း၊ စေးနှဲသောသူကိုလည်း နောက်တဖန် စွန့်ကြဲတတ်သော သူဟူ၍၎င်း မခေါ်ရ။

  11. ဟေရှာယအနာဂတ္တိကျမ်း 32:6ခရစ်တော် မပေါ်မီ 713 ခန့်

    အကြောင်းမူကား၊ ယုတ်သောသူသည် လျို့ဝှက် လျက်၊ ထာဝရဘုရားကို နှုတ်ဖြင့်ပြစ်မှားလျက်၊ မွတ်သိပ် သောသူကို သာ၍ ဆင်းရဲစေခြင်းငှါ၎င်း၊ ရေငတ်သောသူ ကိုရေမသောက်စေခြင်းငှါ၎င်း၊ ယုတ်သောစကားကို ပြော ၍ မကောင်းသောအကြံကိုကြံလေဦးမည်။

  12. ဟေရှာယအနာဂတ္တိကျမ်း 32:7ခရစ်တော် မပေါ်မီ 713 ခန့်

    စေးနှဲသောသူ သုံးဆောင်ရာ တန်ဆာသည် လည်း ဆိုးလှ၏။ ဆင်းရဲငတ်မွတ်သောသူ၏ အမှုသည် မှန်သောလည်း၊ ထိုသို့သောသူကို မုသာစကားအားဖြင့် ဖျက်ဆီးခြင်းငှါ၊ မကောင်းသောအကြံကိုသာ ကြံတတ်၏။

  13. ဟေရှာယအနာဂတ္တိကျမ်း 32:8ခရစ်တော် မပေါ်မီ 713 ခန့်

    စေတနာရှိသောသူမူကား၊ စေတနာနှင့်ဆိုင် သော အကြံတို့ကိုကြံစည်တတ်၏။ စေတနာနှင့်ဆိုင်သော အရာအားဖြင့် တည်ရလိမ့်မည်။

  14. ဟေရှာယအနာဂတ္တိကျမ်း 32:9ခရစ်တော် မပေါ်မီ 713 ခန့်

    ငြိမ်သက်စွာနေသော မိန်းမတို့ထကြ။ ငါပြော သံကို ကြားကြလော့။ သတိမရှိသော သတို့သမီးတို့၊ ငါစ ကားကို နားထောင်ကြလော့။

  15. ဟေရှာယအနာဂတ္တိကျမ်း 32:10ခရစ်တော် မပေါ်မီ 713 ခန့်

    သတိမရှိသောမိန်းမတို့၊သင်တို့သည် တနှစ်လွန် မှပူပန်ကြလိမ့်မည်။ အကြောင်းမူကား၊ စပျစ်သီးကို သိမ်း ခြင်းအမှုပြတ်လိမ့်မည်။ စပါးအသီးအနှံကို သိမ်းရာကာ လ မရောက်ရ။

  16. ဟေရှာယအနာဂတ္တိကျမ်း 32:11ခရစ်တော် မပေါ်မီ 713 ခန့်

    ငြိမ်သက်စွာ နေသောမိန်းမတို့၊ တုန်လှုပ်ကြ လော့။ သတိမရှိသောသူတို့၊ ပူပန်ခြင်းရှိကြလော့။ အဝတ် တန်ဆာရှိသမျှတို့ကို ပယ်ချွတ်ပြီးမှ၊ ခါး၌လျှော်တေအဝတ်ကို စည်းကြလော့။

  17. ဟေရှာယအနာဂတ္တိကျမ်း 32:12ခရစ်တော် မပေါ်မီ 713 ခန့်

    ရင်ပတ်ကိုခတ်ခြင်း၊ သာယာသော လယ်ယာ နှင့် အသီးများသော စပျစ်နွယ်ပင်အတွက် ညည်းတွား ခြင်းရှိလိမ့်မည်။

  18. ဟေရှာယအနာဂတ္တိကျမ်း 32:13ခရစ်တော် မပေါ်မီ 713 ခန့်

    ငါ့လူတို့၏မြေကို၎င်း၊ ဝမ်းမြောက်သော အိမ်နှင့် ရွှင်လန်းသော မြို့ကို၎င်း၊ ဆူးပင်အမျိုးမျိုးတို့သည် တက် ၍ လွှမ်းမိုးကြလိမ့်မည်။

  19. ဟေရှာယအနာဂတ္တိကျမ်း 32:14ခရစ်တော် မပေါ်မီ 713 ခန့်

    ဘုံဗိမာန်တို့ကို စွန့်ပစ်၍ မြို့၏ အသံဗလံ ငြိမ်း လိမ့်မည်။ ဩဖေလကုန်းနှင့် ရဲတိုက်တို့သည် အစဉ်မြေ တွင်းနှင့် ပြည်စုံ၍၊ ရိုင်းသောမြည်းပျော်မွေ့ရာ၊ သိုးစု ကျက်စားရာ ဖြစ်ကြလိမ့်မည်။

  20. ဟေရှာယအနာဂတ္တိကျမ်း 32:15ခရစ်တော် မပေါ်မီ 713 ခန့်

    ဝိညာဉ်တော်သည် ကောင်းကင်မှ ငါတို့အပေါ် သို့သွန်းလောင်း၍၊ တောသည် အသီးအနှံများသော လယ်ဖြစ်၍၊ အသီးအနှံများသော လယ်သည် တောအုပ် ကဲ့သို့ မှတ်ရသော ကာလမရောက်မှီတိုင်အောင်၊ ထိုသို့ ဖြစ်ကြလိမ့်မည်။

  21. ဟေရှာယအနာဂတ္တိကျမ်း 32:16ခရစ်တော် မပေါ်မီ 713 ခန့်

    ထိုအခါ တော၌ကား၊ တရားသဖြင့် စီရင်ခြင်း တည်၍၊ အသီးအနှံများသော လယ်၌ကား၊ ဖြောင့်မတ် ခြင်းပါရမီသည် အမြဲနေရလိမ့်မည်။

  22. ဟေရှာယအနာဂတ္တိကျမ်း 32:17ခရစ်တော် မပေါ်မီ 713 ခန့်

    ဖြောင့်မတ်ခြင်း တရားသည်လည်း၊ ငြိမ်သက် ခြင်းကို ပြုစုလိမ့်မည်။ ဖြောင့်မတ်ခြင်း အကျိုးမူကား၊ ထာဝရ ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းတည်း။

  23. ဟေရှာယအနာဂတ္တိကျမ်း 32:18ခရစ်တော် မပေါ်မီ 713 ခန့်

    ငါ၏လူတို့သည်လည်း၊ ငြိမ်သက်သောနေရာ၊ လုံခြုံသောမြို့ရွာ၊ ဘေးလွတ်သော ချမ်းသာရာအရပ်တို့ ၌ နေရကြလိမ့်မည်။

  24. ဟေရှာယအနာဂတ္တိကျမ်း 32:19ခရစ်တော် မပေါ်မီ 713 ခန့်

    သို့ရာတွင်၊ မိုဃ်းသီးကျသဖြင့် တောအုပ်ကို လှဲ ၍၊ မြို့ကိုလည်း မြေနှင့် တညီတည်း ဖြိုဖျက်လိမ့်မည်။

  25. ဟေရှာယအနာဂတ္တိကျမ်း 32:20ခရစ်တော် မပေါ်မီ 713 ခန့်

    ရေရှိရာအရပ်ရပ်တို့၌ မျိုးစေ့ကိုကြဲ၍၊ နွားခြေ နှင့် မြည်းခြေတို့ကို လွှတ်တတ်သောသင်တို့သည် မင်္ဂလာ ရှိကြ၏။