အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဟေရှာယအနာဂတ္တိကျမ်း 29:12ခရစ်တော် မပေါ်မီ 712 ခန့်

    ထိုစာကို စာမတတ်သောသူအားပေး၍၊ ဤစာ ကိုဘတ်ပါလော့ဟု ဆိုလျှင်၊ ထိုသူက၊ ငါသည် စာမတတ် ဟုပြန်ပြောတတ်၏။

  2. ဟေရှာယအနာဂတ္တိကျမ်း 29:13ခရစ်တော် မပေါ်မီ 712 ခန့်

    ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ် နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ ကို အမှီပြု၍ ငါ့ကိုကြောက်ရွံ့ကြ၏။

  3. ဟေရှာယအနာဂတ္တိကျမ်း 29:14ခရစ်တော် မပေါ်မီ 712 ခန့်

    ထိုကြောင့်၊ အံ့ဩကြောက်မက်ဘွယ်သောအမှု ကို ဤလူမျိုးတွင် တဖန် ငါပြုဦးမည်။ သူတို့တွင် ပညာရှိ တို့၏ ပညာသည် ပျက်စီးလိမ့်မည်။ ဉာဏ်ကောင်းသော သူတို့၏ ဉာဏ်လည်း ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော် မူ၏။

  4. ဟေရှာယအနာဂတ္တိကျမ်း 29:15ခရစ်တော် မပေါ်မီ 712 ခန့်

    ထာဝရဘုရား မသိစေခြင်းငှါ၊ နက်နဲသောအ ကြံကို ကြံ၍၊ မှောင်မိုက်ထဲမှာ အမှုကိုပြုလျက်၊ ငါတို့ကို အဘယ်သူမြင်သနည်း။ ငါတို့ကို အဘယ်သူသိသနည်းဟု ပြောဆိုတတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။

  5. ဟေရှာယအနာဂတ္တိကျမ်း 29:16ခရစ်တော် မပေါ်မီ 712 ခန့်

    သင်တို့သည် ဖောက်ပြန်ကြသည်တကား။ အိုး ထိန်းသမားကို၊ အိုးမြေကဲ့သို့ မှတ်ရမည်လော။ လုပ်အပ် သောအရာသည် လုပ်တတ်သောသူကို ရည်မှတ်၍၊ ဤသူ သည် ငါ့ကိုမလုပ်ဟု ဆိုရမည်လော၊ ဖန်ဆင်းအပ်သော အရာသည် ဖန်ဆင်းတတ်သောသူကို ရည်မှတ်၍၊ ဤသူ ၌ ပညာအတတ်မရှိဟု ဆိုရမည်လော။

  6. ဟေရှာယအနာဂတ္တိကျမ်း 29:17ခရစ်တော် မပေါ်မီ 712 ခန့်

    လေဗနုန်တောင်သည် ဝပြောသောလယ်ပြင်ကဲ့ သို့၎င်း၊ ဝပြောသောလယ်ပြင်သည် တောကဲ့သို့၎င်း ဖြစ်ရ သောအချိန်နီးပြီ မဟုတ်လော။

  7. ဟေရှာယအနာဂတ္တိကျမ်း 29:18ခရစ်တော် မပေါ်မီ 712 ခန့်

    ထိုကာလ၌ နားပင်းသောသူတို့သည် ကျမ်းစ ကားကို ကြားကြ လိမ့်မည်။ မျက်စိကန်းသောသူတို့သည် မြှေးရှက်ခြင်း၊ မှောင်မိုက်ခြင်းနှင့် ကင်းလွတ်၍ မြင်ကြ လိမ့်မည်။

  8. ဟေရှာယအနာဂတ္တိကျမ်း 29:19ခရစ်တော် မပေါ်မီ 712 ခန့်

    စိတ်နှိမ့်ချသော သူတို့သည် ထာဝရဘုရားကို အမှီပြု၍၊ ဝမ်းမြောက်ခြင်း တိုးပွါးကြလိမ့်မည်။ လူတို့တွင် ဆင်းရဲသောသူတို့သည် ဣသရေလအမျိုး၏ သန့်ရှင်း သောဘုရားကို အမှီပြု၍ ရွှင်လန်းကြလိမ့်မည်။

  9. ဟေရှာယအနာဂတ္တိကျမ်း 29:20ခရစ်တော် မပေါ်မီ 712 ခန့်

    အကြောင်းမူကား၊ ကြောက်မက်ဘွယ်သောသူ သည် ဆုံးရှုံးရ၏။ ဆဲရေးသောသူသည် ပျောက်ကုန်ရ၏။ သူ့အပြစ်ကို ချောင်းမြောင်းသောသူ၊

  10. ဟေရှာယအနာဂတ္တိကျမ်း 29:21ခရစ်တော် မပေါ်မီ 712 ခန့်

    တရားတွေ့၍ ဆင်းရဲသောတို့ အပြစ်ရောက်စေ သောသူ၊ မြို့တံခါးဝမှာ အမှုသည်ကို ကျော့မိစေခြင်းငှါ ပြုသောသူ၊ အပြစ်မရှိသောသူကို မတရားသဖြင့် ရှုံးစေ သောသူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းရ၏။

  11. ဟေရှာယအနာဂတ္တိကျမ်း 29:22ခရစ်တော် မပေါ်မီ 712 ခန့်

    သို့ဖြစ်၍ အာဗြဟံ အမျိုးကို ရွေးနှုတ်တော်မူ သော ထာဝရဘုရားသည်၊ ယာကုပ်အမျိုးကိုရည်မှတ်၍ မိန့်တော်မူသည်ကား၊ ယာကုပ်အမျိုးသည် နောက်တဖန် ရှက်ကြောက်ခြင်း၊ မျက်နှာပျက်ခြင်း မရှိရ။

  12. ဟေရှာယအနာဂတ္တိကျမ်း 29:23ခရစ်တော် မပေါ်မီ 712 ခန့်

    ထိုအမျိုးသားတို့သည် ငါစီရင်သောအမှုကိုမြင် လျှင်၊ ငါ့နာမကို မိမိတို့တွင် ရိုသေကြလိမ့်မည်။ ယာကုပ်အ မျိုး၏ သန့်ရှင်းသောဘုရားကို ရိုသေ၍၊ ဣသရေလအမျိုး ၏ ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်။

  13. ဟေရှာယအနာဂတ္တိကျမ်း 29:24ခရစ်တော် မပေါ်မီ 712 ခန့်

    စိတ်သဘောဖောက်ပြန်သောသူတို့သည် ပညာ သတိကို ရကြ၍၊ ဆန့်ကျင်ဘက်ပြုသော သူ တို့သည်လည်း၊ ဆုံးမဩဝါဒစကားကို နာယူကြလိမ့်မည်။

  14. ဟေရှာယအနာဂတ္တိကျမ်း 30:1ခရစ်တော် မပေါ်မီ 713 ခန့်

    ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပုန်ကန် သော အမျိုးသားတို့သည် အမင်္ဂလာရှိကြ၏။ သူတို့သည် ငါ့ကို အမှီမပြုဘဲ အချင်းချင်းတိုင်ပင်ကြ၏။ ငါ့ဝိညာဉ် အခွင့်မရှိဘဲ မိဿဟာယဖွဲ့၍ အထပ်ထပ်အပြစ်ရောက် ကြ၏။

  15. ဟေရှာယအနာဂတ္တိကျမ်း 30:2ခရစ်တော် မပေါ်မီ 713 ခန့်

    ဖာရောဘုရင်၏ ဘုန်းကိုအမှီပြု၍၊ အဲဂုတ္တုအ ရိပ်ကို ခိုလှုံခြင်းငှါ၊ ငါ့နှုတ်ထွက်ကို အခွင့်မပန်ဘဲ၊ အဲဂုတ္တု ပြည်သို့ ရောက်အောင် သွားကြ၏။

  16. ဟေရှာယအနာဂတ္တိကျမ်း 30:3ခရစ်တော် မပေါ်မီ 713 ခန့်

    သို့ဖြစ်၍ သင်တို့သည် ဖာရောဘုရင်၏ ဘုန်းကို အမှီပြုသောကြောင့် ရှက်ကြောက်ကြလိမ့်မည်။ အဲဂုတ္တု အရိပ်ကို ခိုလှုံသောကြောင့် မျက်နှာပျက်ကြလိမ့်မည်။

  17. ဟေရှာယအနာဂတ္တိကျမ်း 30:4ခရစ်တော် မပေါ်မီ 713 ခန့်

    သူတို့မင်းတို့သည် ဇောနမြို့၌ ရှိကြပြီ။ သံတမန် တို့သည် ဟာနက်မြို့သို့ ရောက်ကြပြီ။

  18. ဟေရှာယအနာဂတ္တိကျမ်း 30:5ခရစ်တော် မပေါ်မီ 713 ခန့်

    အသုံးမဝင်၊ အကူအညီမပေး၊ ကျေးဇူးမပြုနိုင် ဘဲ ရှက်ကြောက်ခြင်း၊ အသရေပျက်ခြင်း အကြောင်းသာ ဖြစ်သော လူမျိုးကို သူတို့ရှိသမျှသည် ရှက်ကြောက်ကြ၏။

  19. ဟေရှာယအနာဂတ္တိကျမ်း 30:6ခရစ်တော် မပေါ်မီ 713 ခန့်

    ခြင်္သေ့မ၊ ခြင်္သေ့ပျို၊ မြွေဆိုး၊ ပျံတတ်သော မီးမြွေ များသဖြင့်၊ အလွန်ခဲယဉ်း၍ ဆင်းရဲသောပြည်ကို ရှောက် လျက်၊ တောင်မျက်နှာသို့သွားသော တိရစ္ဆာန်တို့အပေါ်မှာ တင်သော ဝန်များကို ကြည့်ရှုကြလော့။ မြည်းပခုံးပေါ်မှာ ဥစ္စာပစ္စည်းများကို၎င်း၊ ကုလားအုပ်၏ ဘို့ပေါ်မှာ ဘဏ္ဍာ များကို ၎င်းတင်၍၊ ကျေးဇူးမပြုနိုင်သော လူမျိုးထံသို့ ဆောင်သွားကြသည်တကား။

  20. ဟေရှာယအနာဂတ္တိကျမ်း 30:7ခရစ်တော် မပေါ်မီ 713 ခန့်

    အဲဂုတ္တုပြည် အချည်းနှီးသက်သက်၊ အကျိုးမ ပေးနိုင်။ ထိုကြောင့်၊မလှုပ်ဘဲနေတတ်သောရာခပ်ဟု ငါ သမုတ်ပေ၏။

  21. ဟေရှာယအနာဂတ္တိကျမ်း 30:8ခရစ်တော် မပေါ်မီ 713 ခန့်

    သင်သည်ယခုသွား၍ သူတို့ရှေ့မှာသင်ပုန်း၌ ရေးထားရသောအချက်၊ နောင်ကာလ အစဉ်အဆက် တည် စေခြင်းငှါ၊ စာစီ၍ မှတ်သားရသော အချက်ဟူမူ ကား၊

  22. ဟေရှာယအနာဂတ္တိကျမ်း 30:9ခရစ်တော် မပေါ်မီ 713 ခန့်

    ဤလူမျိုးသည် ပုန်ကန်တတ်၏။ ဖောက်ပြန် သောအမျိုးသား၊ ထာဝရဘုရား၏ တရားတော်ကို နာယူ ခြင်းငှါ အလိုမရှိသော အမျိုးသားဖြစ်ကြ၏။

  23. ဟေရှာယအနာဂတ္တိကျမ်း 30:10ခရစ်တော် မပေါ်မီ 713 ခန့်

    သူတို့ကလည်း၊ ဗျာဒိတ်တော်ကို မခံပါနှင့်ဟု ဗျာဒိတ်ခံသောသူတို့အား၎င်း၊ မှန်သောစကားကို ငါတို့ အား မဟောပါနှင့်။ ချော့မော့သောစကားကို ပြောကြပါ။ လှည့်စားသောစကားကို ဟောကြပါ။

  24. ဟေရှာယအနာဂတ္တိကျမ်း 30:11ခရစ်တော် မပေါ်မီ 713 ခန့်

    လမ်းလွှဲကြပါ။ မှန်သောလမ်းကို ရှောင်ကြပါ။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကို ငါတို့ရှေ့မှာ ကွယ်ထားကြပါဟု ပရောဖက်တို့အား၎င်း ဆိုတတ်ကြ၏။

  25. ဟေရှာယအနာဂတ္တိကျမ်း 30:12ခရစ်တော် မပေါ်မီ 713 ခန့်

    သို့ဖြစ်၍၊ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် နှုတ်ကပတ် တော်ကို ပယ်၍၊ လိမ်ကောက် ယိုယွင်းခြင်းကိုသာ မှီဝဲ ခိုလှုံသောကြောင့်၊