- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 800–400 BC
The Hebrew Prophets
God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.
ဤကာလမှ အခန်းငယ်များ
- ဟေရှာယအနာဂတ္တိကျမ်း 30:13ခရစ်တော် မပေါ်မီ 713 ခန့်
သင်တို့အပြစ်သည် ပြိုကျလုသော အုတ်ရိုးပျက် ကဲ့သို့၎င်း၊ မြင့်သောအုတ်ထရံ၌ မညီမညွတ် ထွက်ဝင်သ ကဲ့သို့၎င်း ဖြစ်လိမ့်မည်။ ထိုထရံသည် အလျင်တဆော ချက်ခြင်း ပြိုပျက်တတ်၏။
- ဟေရှာယအနာဂတ္တိကျမ်း 30:14ခရစ်တော် မပေါ်မီ 713 ခန့်
မြေအိုးကွဲသကဲ့သို့ ကွဲရလိမ့်မည်။ ကွဲရာတွင် လည်း မီးဖိုထဲက မီးခဲခံစရာဘို့၊ ရေကန်ထဲက ရေခပ်စရာ ဘို့ အိုးခြမ်းတခုမျှ မရှိစေခြင်းငှါ၊ နှမြောခြင်း မရှိဘဲ ခွဲ ခြင်းကို ခံရလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 30:15ခရစ်တော် မပေါ်မီ 713 ခန့်
ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသော ဘုရား၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင် တို့သည် ပြောင်းလဲ၍ ငြိမ်ဝပ်စွာ နေလျှင်၊ ကယ်တင်ခြင်း သို့ ရောက်ကြလိမ့်မည်။ ငြိမ်ဝပ်စွာနေခြင်း၊ ယုံကြည်ခြင်း အားဖြင့် ခွန်အားအစွမ်းကို ရကြလိမ့်မည်။ သင်တို့သည် ထိုသို့သော အလိုမရှိကြ။
- ဟေရှာယအနာဂတ္တိကျမ်း 30:16ခရစ်တော် မပေါ်မီ 713 ခန့်
ငါတို့သည် ထိုသို့မနေ၊ မြင်းစီး၍ ပြေးမည်ဟု ဆိုသောကြောင့်၊ သူတပါးတို့သည် သင်တို့ကို ပြေးစေ မည်။ ငါတို့သည် လျင်မြန်စွာ စီးသွားမည်ဟု ဆိုသော ကြောင့်၊ သင်တို့ကို လိုက်သောသူတို့သည် လျင်မြန်ကြ လိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 30:17ခရစ်တော် မပေါ်မီ 713 ခန့်
သင်တို့သည် တောင်ထိပ်ပေါ်မှာ စိုက်သောမုတ် တိုင်ကဲ့သို့၎င်း၊ ကုန်းပေါ်မှာထူသော အလံကဲ့သို့၎င်း ဖြစ် ရသည်တိုင်အောင်၊ တယောက်သော သူသည် ခြိမ်းလျှင်၊ တထောင်သောသူတို့သည် ပြေးကြလိမ့်မည်။ ငါးယောက် ခြိမ်းလျှင်၊ တသောင်းပြေးကြလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 30:18ခရစ်တော် မပေါ်မီ 713 ခန့်
သို့သော်လည်း၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုလိုသောငှါ မြော်လင့်တော်မူမည်။ ကရုဏာပြု လိုသောငှါ ချီးမြှောက်ခြင်းကို ခံတော်မူမည်။ အကြောင်း မူကား၊ ထာဝရဘုရားသည် တရားသော ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို မြော်လင့်သောသူအပေါင်း တို့သည် မင်္ဂလာရှိကြ၏။
- ဟေရှာယအနာဂတ္တိကျမ်း 30:19ခရစ်တော် မပေါ်မီ 713 ခန့်
ယေရုရှလင်မြို့၌နေသော ဇိအုန်အမျိုး၊သင် သည် အစဉ်ငိုကြွေးရမည် မဟုတ်။ သင်အော်ဟစ်သံကို နားထောင်၍ ကယ်မသနားတော်မူလိမ့်မည်။ ထိုအသံကို ကြားသောအခါ ထူးတော်မူလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 30:20ခရစ်တော် မပေါ်မီ 713 ခန့်
ထာဝရဘုရားသည် သင့်အားဒုက္ခမုန့်ကို ကျွေး ၍၊ ဆင်းရဲခြင်းရေကို တိုက်တော်မူသော်လည်း၊ သင်၏ ဆရာတို့သည် နောက်တဖန် ပုန်းရှောင်၍ မနေရကြ။ ကိုယ်မျက်စိ နှင့် ကိုယ်ဆရာတို့ကို မြင်ရလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 30:21ခရစ်တော် မပေါ်မီ 713 ခန့်
သင်သည် လက်ျာဘက်၊ လက်ဝဲဘက်သို့လမ်းလွဲ လျှင်၊ ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌သွား လော့ဟု သင့်နောက်၌ပြောသောစကားသံကို ကိုယ်နား နှင့် ကြားရလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 30:22ခရစ်တော် မပေါ်မီ 713 ခန့်
ထုလုပ်သောငွေရုပ်တုတန်ဆာနှင့် သွန်းသော ရွှေရုပ်တုတန်ဆာများကို မရိုမသေပြု၍၊ ညစ်ညူးသော အဝတ်ကဲ့သို့ ပစ်ပယ်လျက်၊ သွားတော့ဟု ဆိုရလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 30:23ခရစ်တော် မပေါ်မီ 713 ခန့်
သင်သည် လယ်၌ကြဲသောမျိုးစေ့ဘို့ မိုဃ်းကို ရွာစေတော်မူလိမ့်မည်။ မြေအသီးအနှံမှ ဖြစ်သော မုန့်ကို အလွန်ကြွယ်ဝစွာ ပေးသနားတော်မူလိမ့်မည်။ ထိုအခါ သင်၏သိုးနွားတို့သည် ကျယ်သောအရပ်၌ ကျက်စားရကြ လိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 30:24ခရစ်တော် မပေါ်မီ 713 ခန့်
စံကောနှင့် ဆန်ခါဖြင့် သန့်ရှင်းစေ၍၊ ကောင်း မွန်စွာ ရောနှောသောစပါးကိုသာ မြေ၌လုပ်သောနွားနှင့် မြည်းတို့သည်လည်း စားရကြလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 30:25ခရစ်တော် မပေါ်မီ 713 ခန့်
များစွာသော လူတို့ကို သတ်၍၊ ရဲတိုက်တို့သည် ပြိုလဲသောအခါ၊ မြင့်သောတောင်ရှိသမျှနှင့် ထင်ရှား သော ကုန်းရှိသမျှတို့အပေါ်မှာ ရေစီးရာမြစ်နှင့် ချောင်း များရှိကြလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 30:26ခရစ်တော် မပေါ်မီ 713 ခန့်
ထာဝရဘုရားသည် မိမိလူတို့၏ ကျိုးပျက်ရာကို ပြုပြင်၍၊ သူတို့ခံရသော ဒဏ်ချက်ရာကို ပျောက် စေတော်မူသော အခါ၊ လ၏အလင်းသည် နေ ၏အ လင်းကဲ့သို့ ဖြစ်၍၊ နေ ၏အလင်းသည်လည်း ပကတိ ထက် ခုနစ်ဆလင်းလိမ့် မည်။
- ဟေရှာယအနာဂတ္တိကျမ်း 30:27ခရစ်တော် မပေါ်မီ 713 ခန့်
ကြည့်ရှုလော့။ ထာဝရဘုရား၏ နာမတော်သည် ဝေးသောအရပ်မှ လာ၏။ အမျက်တော်လောင်၍ မီးလျှံ ဟုန်းလေ၏။ နှုတ်တော်သည် အမျက်နှင့် ပြည့်၍၊ လျှာ တော်သည် မီးရှို့သကဲ့သို့ ဖြစ်လေ၏။
- ဟေရှာယအနာဂတ္တိကျမ်း 30:28ခရစ်တော် မပေါ်မီ 713 ခန့်
ထွက်သက်တော်သည်လည်း၊ လူမျိုးတို့ကို ရှင်း ရှင်းဖျက်ဆီးခြင်းငှါ၊ လွှမ်းမိုးသောရေကဲ့သို့ လည်ပင်းကို မှီလိမ့်မည်။ လမ်းလွဲစေသောဇက်ကို သူတို့ပစပ်၌ ခွံ့တော် မူလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 30:29ခရစ်တော် မပေါ်မီ 713 ခန့်
သင်တို့သည် ပွဲခံသော နေ့ညဉ့်တွင် ပြုသကဲ့သို့ သီချင်းဆိုရကြလိမ့်မည်။ ဣသရေလအမျိုး၏ ကျောက်၊ ထာဝရဘုရား၏ တောင်တော်သို့ ပုလွေမှုတ်လျက်သွားသ ကဲ့သို့ ဝမ်းမြောက်ရကြလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 30:30ခရစ်တော် မပေါ်မီ 713 ခန့်
ထာဝရဘုရားသည်လည်း ဘုန်းကြီးသောအသံ တော်ကို လွှတ်တော်မူလိမ့်မည်။ လက်ရုံးတော် သက် ရောက်ခြင်း၊ ပြင်းစွာအမျက်ထွက်ခြင်း၊ မီးလျှံလောင်ခြင်း၊ မိုဃ်းသီးပါလျက်၊ မိုဃ်းသက်မုန်တိုင်းများတို့ကို ပြတော် မူလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 30:31ခရစ်တော် မပေါ်မီ 713 ခန့်
သို့ဖြစ်၍၊အာရှုရိလူသည် ထာဝရဘုရား၏ အ သံတော်အားဖြင့် လှဲချခြင်း၊ လှံတံတော်အားဖြင့် ဒဏ် ခတ်ခြင်းကို ခံရလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 30:32ခရစ်တော် မပေါ်မီ 713 ခန့်
ထာဝရဘုရားစီရင်၍၊သူ၏အပေါ်မှာ လေးစွာ ချထားတော်မူသောလှံတံသည် ရှောက်သွားရာရာ၌ စောင်း၊ ပတ်သာတီးခြင်းနှင့် တကွ ဖြစ်လိမ့်မည်။ သူ့ကို ပြင်းစွာ စစ်တိုက်တော်မူလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 30:33ခရစ်တော် မပေါ်မီ 713 ခန့်
အကြောင်းမူကား၊ တောဖက်အရပ်သည် ရှေး ကာလ၌ စီရင်လျက်ရှိ၏။ အကယ်စင်စစ် ရှင်ဘုရင်အဘို့ ပြင်ဆင်လျက်ရှိ၏။ နက်နဲကျယ်ဝန်းစေခြင်းငှါ ဖန်ဆင်း တော်မူပြီ။ မီးရှို့ဘို့ ထင်းပုံကြီးလည်းရှိ၏။ ထာဝရဘုရား ၏ ထွက်သက်တော်သည် အရည်ကျိုသောကန့်ကဲ့သို့၊ ထို ထင်းပုံကို မီးရှို့ရလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 31:1ခရစ်တော် မပေါ်မီ 713 ခန့်
စစ်ကူတောင်းအံ့သောငှါ အဲဂုတ္တုပြည်သို့သွား ၍၊မြင်းတို့ကို အမှီပြုလျက် များစွာသော ရထားတို့ကို၎င်း၊ အားကြီးသော မြင်းစီးသူရဲတို့ကို၎င်းခိုလှုံလျက်၊ ဣသရေ လ အမျိုး၏ သန့်ရှင်းသောဘုရားကို မမြော်လင့်၊ ထာဝရ ဘုရားကို မရှာဘဲနေသောသူတို့သည် အမင်္ဂလာရှိကြ၏။
- ဟေရှာယအနာဂတ္တိကျမ်း 31:2ခရစ်တော် မပေါ်မီ 713 ခန့်
ထိုဘုရားသည် ဉာဏ်တော်ကျယ်၍၊ သူတို့အ ပေါ်မှာ ဘေးကိုသက်ရောက်စေတော်မူမည်။ စကား တော်မပျက်ဘဲ၊ ဆိုးသောလူမျိုးကို၎င်း၊ မတရားသဖြင့် ပြုသောသူတို့ဘက်မှာ နေသောသူတို့ကို၎င်း တဘက်၌ ထတော်မူမည်။
- ဟေရှာယအနာဂတ္တိကျမ်း 31:3ခရစ်တော် မပေါ်မီ 713 ခန့်
အဲဂုတ္တုပြည်သားတို့သည် ဘုရားမဖြစ်၊ လူသက် သက် ဖြစ်ကြ၏။ သူတို့မြင်းသည်လည်း ဝိညာဉ်မဖြစ်၊ အသားသက်သက် ဖြစ်၏။ ထာဝရဘုရားသည် လက် တော်ကို ဆန့်တော်မူသောအခါ၊ မစတတ်သောသူသည် လဲလိမ့်မည်။ အလုံးစုံတို့သည် အတူပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 31:4ခရစ်တော် မပေါ်မီ 713 ခန့်
ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား၊ ခြင်္သေ့နှင့် ခြင်္သေ့သငယ်သည် လုယူရာ အကောင် ပေါ်မှာနေသောအခါ၊ သိုးထိန်းအလုံးအရင်း၏ ဆီးတား အော်ဟစ်ခြင်းကို မကြောက်၊ သူတို့ပြုသောအသံဗလံအား ဖြင့် အရှုံးမခံသကဲ့သို့၊ ထိုနည်းတူ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် မိမိတောင်တည်းဟူသော ဇိ အုန်တောင်တော်ဘက်မှာ စစ်တိုက်ခြင်းငှါ ဆင်းသက် တော်မူလိမ့်မည်။