အကြောင်းအရာသို့ ကျော်သွားရန်

Solomon အကြောင်း ကျမ်းစာအခန်းငယ်များ

301 အခန်းငယ် · 46 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အမှုတော်ထမ်းများကို အုပ်သောသူ၊ ရှောလမုန် မင်း ခန့်ထားသော မှူးမတ်ကြီးနှစ်ရာငါးဆယ်ရှိကြ၏။

  2. ဖာရောဘုရင်၏ သမီးတော်ကို၊ ရှောလမုန် သည် ဒါဝိဒ်မြို့မှ ခေါ်၍ သူ့အဘို့ တည်ဆောက်သော နန်းတော်သို့ ဆောင်ခဲ့၏။ အကြောင်းမူကား၊ ထာဝရ ဘုရား၏ သေတ္တာတော်ရောက်လာသော အရပ်သည် သန့်ရှင်းသောကြောင့်၊ ငါ့မယားသည် ဣသရေလ ရှင်ဘုရင် ဒါဝိဒ်အိမ်တော်၌ မနေသင့်ဟု သဘောရှိ၏။

  3. ဗိမာန်တော် ဦးရှေ့မှာတည်သော ထာဝရ ဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ၊ ရှောလမုန်သည် မောရှေ၏ ပညတ်တရားနှင့်အညီ၊ နေ့တိုင်းမည်မျှပူဇော်ရသော မီးရှို့ရာယဇ်ကို ထာဝရဘုရားအား နေ့တိုင်းပူဇော်လေ့ရှိ ၏။

  4. ထိုမှတပါး ဥပုသ်နေ့နှင့် လဆန်းနေ့၌၎င်း၊ အဇုမပွဲ၊ ခုနစ်သိတင်းပွဲ၊ သကေနေပွဲတည်းဟူသော တနှစ်တနှစ်လျှင် ဓမ္မပွဲသုံးပွဲခံသော နေ့၌၎င်း ယဇ်ပူဇော် လေ့ရှိ၏။

  5. ခမည်းတော် ဒါဝိဒ်စီရင်သည်အတိုင်း၊ ယဇ် ပုရောဟိတ်တို့သည် အလှည့်အလှည့် ယဇ်ပုရောဟိတ် အမှုကို၎င်း၊ လေဝိသားတို့သည် နေ့ရက် အစဉ်ဝတ်ပြု သင့်သည်အတိုင်း၊ ယဇ်ပုရောဟိတ်တို့နှင့် ဝိုင်း၍ ထော မနာသီချင်းဆိုသဖြင့်၊ မိမိတို့အမှုကို၎င်း၊ တံခါးစောင့် တို့သည် အလှည့်အလှည့် တံခါးရှိသမျှတို့ကို စောင့်ခြင်း အမှုကို၎င်း၊ အသီးသီးစောင်ရွက်စေခြင်းငှါ ခန့်ထား၏။ ထိုသို့ ဘုရားသခင်၏လူ ဒါဝိဒ်မှာထားနှင့်သတည်း။

  6. အမှုတော်များ၊ ဘဏ္ဍာတော်များနှင့်ဆိုင်သော အရာမှာ ရှင်ဘုရင် မှာထားသမျှအတိုင်း ထိုသူတို့သည် ပြုကြ၏။

  7. ထာဝရဘုရား၏ အိမ်တော်အမြစ်မချမှီ လက်စသတ်သည်တိုင်အောင်၊ ရှောလမုန်လုပ်ဆောင်ရန် အမှုရှိသမျှသည် အသင့်ပြင်ဆင်ပြီးဖြစ်၍၊ အိမ်တော်ကို လက်စသတ်လေ၏။

  8. တဖန်ရှောလမုန်သည် ဧဒုံပြည်တွင်၊ ပင်လယ် ကမ်းနား၌ ဧဇယုန်ဂါဗာမြို့နှင့် ဧလုတ်မြို့သို့သွား၏။

  9. ဟိရံသည်လည်း ပင်လယ်ကူသော အမှုကို နားလည်သော မိမိလူများ၊ သင်္ဘေားများကို မိမိကျွန်တို့ နှင့်အတူ ရှောလမုန်ထံသို့ စေလွှတ်သဖြင့်၊ သူတို့သည် ရှောလမုန်မင်း၏ ကျွန်တို့နှင့်အတူ ဩဖိရမြို့သို့သွား၍ ရွေအခွက်လေးရာ ငါးဆယ်ကို ရှောလမုနမင်းကြီးထံသို့ ဆောင်ခဲ့ကြ၏။

  10. ရှေဘပြည်ကိုအစိုးရသော မိဖုရားသည် ရှောလမုန်၏ သိတင်းကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿသနာအားဖြင့် သူ့ကိုစုံစမ်းခြင်းငှါ၊ နံ့သာမျိုးနှင့် များစွာသောရွှေ၊ အဘိုးထိုက်သောကျောက်တို့ကို ဆောင် သောကုလားအုပ်များ၊ လိုက်သောသူများနှင့်တကွ ယေရု ရှလင်မြို့သို့ လာ၏။

  11. ရှောလမုန်မင်းကြီးထံတော်သို့ ရောက်သော အခါ၊ မိမိအလိုဆန္ဒရှိသမျှကို ဆွေးနွှေးမေးမြန်းလေ၏။ သူမေးမြန်းသော ပြဿနာရှိသမျှတို့ကို ရှောလမုန်သည် ဖြေလေ၏။ နားမလည်၍မဖြေနိုင်သော အရာတစုံတခုမျှ မရှိ။

  12. ရှေဘမိဖုရားသည် ရှောလမုန်၏ ပညာကို၎င်း၊ တည်ဆောက်သော အိမ်တော်ကို၎င်း၊

  13. စားပွဲတော်တန်ဆာကို၎င်း၊ အမှုတော်စောင့်တို့နေရာ ထိုင်ရာကို၎င်း၊ လုလင်တို့ခစားသည် အခြင်းအရာကို၎င်း၊ သူတို့ဝတ်သော အဝတ်တန်ဆာကို၎င်း၊ ဝန်စာရေးများ နှင့် သူတို့ဝတ်သောအဝတ်တန်ဆာကို၎င်း၊ ထာဝရ ဘုရား၏ အိမ်တော်၌မီးရှို့ရာ ယဇ်ပူဇော်ခြင်းကို၎င်း မြင်သောအခါ မိန်းမောတွေဝေလျက်ရှိ၍၊

  14. ကိုယ်တော်၏ အခြင်းအရာနှင့် ကိုယ်တော်၏ ပညာကို အကျွန်ုပ်သည် ကိုယ်ပြည်၌ကြားရသော သိတင်းစကား မှန်ပါ၏။

  15. သို့သော်လည်း ကိုယ်တိုင်ရောက်၍ မမြင်မှီ ထိုစကားကိုမယုံ။ ယခုမူကား၊ ကိုယ်တော်ပညာကျယ်ခြင်း အရာမှာ၊ အရင်ကြားရသော စကားသည် တဝက်ကိုမျှမမှီ။ အကျွန်ုပ် ကြားရသော သိတင်းကို ကိုယ်တော် လွန်ကဲပါ၏။

  16. ရှေ့တော်၌အစဉ်နေ၍ ပညာတော်ကို ကြားရ သော ကိုယ်တော် ၏လူနှင့် ကိုယ်တော်၏ကျွန်တို့သည် မင်္ဂလာရှိကြပါ၏။

  17. ကိုယ်တော်ကိုနှစ်သက်၍ ကိုယ်တော်၏ ဘုရား သခင် ထာဝရဘုရား ကိုယ်စားတော်ရှင်ဘုရင်နှင့် ရာဇ ပလ္လင်တော်ပေါ်မှာ တင်တော်မူသော ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။ ကိုယ်တော်၏ဘုရားသခင်သည် ဣသရေလ အမျိုးကို ချစ်၍ အစဉ်အမြဲတည်စေချင်သောကြောင့်၊ ဖြောင့်မတ်စွာ တရားစီရင်စေခြင်းငှါ ကိုယ်တော်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၍၊

  18. ရွှေအခွက်တရာနှစ်ဆယ်၊ နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအားဆက်သော နံ့သာမျိုးနှင့် တူသော နံ့သာမျိုးသည် မရှိ။

  19. ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံကျွန်နှင့် ရှောလမုန်ကျွန်တို့သည်၊ အာလဂုံသစ်သားများ၊ ကျောက် မြတ်များတို့ကိုလည်း ဆောင်ခဲ့ကြ၏။

  20. ထိုအာလဂုံသစ်သားဖြင့် ရှင်ဘုရင်သည် ဗိမာန် တော် ပွတ်လုံးတန်းနှင့် နန်းတော်ပွတ်လုံးတန်းကို၎င်း၊ သီချင်းဆိုသောသူဘို့ စောင်းနှင့်တယောတို့ကို၎င်း၊ လုပ်လေ၏။ ထိုသို့သော အာလဂုံသစ်သားသည် ယုဒပြည် ၌ တခါမျှ မပေါ်လာ။

  21. ရှောလမုန်မင်းကြီးသည် ရှေဘမိဖုရား ဆက် သည်အတွက် ပြန်ပေးသာလက်ဆောင်မှတပါး၊ မိဖုရား၏ အလိုဆန္ဒပြည့်စုံစေခြင်းငှါ သူတောင်းသမျှကိုလည်း ပေးတော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိကျွန်တို့နှင့် တကွ မိမိပြည်သို့ပြန်သွားလေ၏။

  22. ရှေလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေချိန်ကား အခွက်ခြောက်ရာ ခြောက်ဆယ်ခြောက် ပိဿာဖြစ်သတည်း။

  23. ထိုမှတပါး၊ ကုန်သည်များ၊ လှည်းသမားများ၊ အာရပ်မင်းကြီးရှိသမျှ။ မြို့ဝန်များဆက်သော ရွှေရှိသေး ၏။

  24. ရှေလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းနှစ်ရာ၊

  25. သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုလုပ်၍၊ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သော နန်း တော်၌ ထားတော်မူ၏။