အကြောင်းအရာသို့ ကျော်သွားရန်

Solomon အကြောင်း ကျမ်းစာအခန်းငယ်များ: Military equipment of

10 အခန်းငယ် · 46 ရှုထောင့်

Military equipment of အကြောင်း အခန်းငယ်များ

  1. သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသောသူ၊ ညီအစ်ကို အမျိုးသားချင်းကိုသာ ရှင်ဘုရင်အရာ၌ ချီးမြှောက်ရမည်။ ညီအစ်ကို အမျိုးသား ချင်းမဟုတ်သော တပါးအမျိုးသားကို မချီးမြှောက်ရ။

  2. ထိုရှင်ဘုရင်သည် ကိုယ်အဘို့ များစွာသော မြင်း တို့ကို မမွေးရ။ မြင်းများပြားစေခြင်းငှာ အဲဂုတ္တုပြည်သို့ လူကို မပြန်စေရ။ အကြောင်းမူကား၊ ထိုလမ်းသို့ မပြန်မသွားရဟု ထာဝရဘုရား အမိန့်တော်ရှိ၏။

  3. ရှောလမုန်သည်လည်း၊ ရထားတော်များနှင့် ဆိုင်သော မြင်းတင်းကုပ်လေးထောင်၊ မြင်းစီးသူရဲ တသောင်းနှစ်ထောင်ရှိ၏။

  4. မုယောစပါးကို၎င်း၊ မြင်းတော်များ၊ လားတော် များဘို့ မြက်ခြောက်ကို၎င်း၊ အလှည့်သင့်သည်အတိုင်း နေရာအရပ်သို့ ဆောင်ခဲ့ရကြ၏။

  5. ရှောလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းကြီးနှစ်ရာ၊ သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုတ်လုပ်၍ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သောနန်းတော်၌ ထားတော်မူ၏။

  6. ရှောလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းကြီးနှစ်ရာ၊ သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုတ်လုပ်၍ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သောနန်းတော်၌ ထားတော်မူ၏။

  7. ရှောလမုန်သည်လည်း၊ ရထားများ၊ မြင်းစီးသူရဲ များကို ဆည်းဖူး၍၊ ရထားတထောင်နှင့် လေးရာ၊ မြင်းစီးသူရဲတသောင်းနှစ်ထောင်ရှိ၏။ ရထားထိန်း မြို့တို့၌ ၎င်း၊ ယေရုရှလင်မြို့ အထံတော်၌၎င်းထား၏။

  8. ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တုပြည်၊ ကောမြို့မှဆောင်ခဲ့ရ၏။ ရှင်ဘုရင်၏ ကုန်သည်တို့သည် အဘိုးပေးလျက် ကောမြို့၌ ခံယူရကြ၏။

  9. ထိုနောက်ရှောလမုန်သည် ရထားများ၊ မြင်းစီး သူရဲများကို ဆည်းဖူး၍၊ ရထားတထောင်နှင့်လေးရာ၊ မြင်းစီးသူရဲတသောင်းနှစ်ထောင်ရှိ၏။ ရထားထိန်းမြို့တို့ ၌၎င်း၊ ယေရုရှလင်မြို့ အထံတော်၌၎င်း ထား၏။

  10. ရှောလမုန်သည်လည်း၊ ရထားတော်များနှင့် ထိုင်သောမြင်းတင်းကုပ်လေးထောင်၊ မြင်းစီးသူရဲ တသောင်းနှစ်ထောင်ရှိ၏။ ရထားထိန်းမြို့တို့၌၎င်း၊ ယေရုရှလင်မြို့ အထံတော်၌၎င်း ထား၏။