အကြောင်းအရာသို့ ကျော်သွားရန်

Holy Land အကြောင်း ကျမ်းစာအခန်းငယ်များ

108 အခန်းငယ် · 37 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အဣနရွာအရှေ့၌ ရှောက်၍ ရိဗလရွာသို့ သွား ရမည်။ ထိုရွာမှထွက်၍ ဂင်္နေသရက်အိုင် အရှေ့ကမ်းကို ရှောက်သဖြင့်၊

  2. ယော်ဒန်မြစ်ကို လိုက်၍ သောဒုံအိုင်၌ ဆုံးရ မည်။ ဤရွေ့ကား၊ သင်တို့ အမွေခံရသော ပြည်နယ် အပိုင်းအခြားဖြစ်သတည်းဟု မိန့်တော်မူ၏။

  3. တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊

  4. အမျိုးသားတမျိုးလျှင် မင်းတပါးစီရွေး၍၊ ထိုမင်းတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သား ယောရှုတို့နှင့် ဝိုင်းလျက်၊

  5. ခါနာန်ပြည်ကို ဝေ၍ သင်တို့အား အမွေပေးရကြ မည်။

  6. ရွေးရသော မင်းတို့၏အမည်ကား၊ ယုဒအမျိုးသား ထဲက ယေဖုန္နာသား ကာလက်။

  7. ရှိမောင်အမျိုးသားထဲက အမိဟုဒ်သား ရှေမွေလ။

  8. ဗင်္ယာမိန်အမျိုးထဲက ခိသလုန်သား ဧလိဒဒ်။

  9. ဒန်အမျိုးကို အုပ်စိုးသောသူ၊ ယောဂလိသား ဗုက္ကိ။

  10. ယောသပ်သားတို့တွင် မနာရှေအမျိုးကို အုပ်စိုး သောသူ၊ ဧဖုဒ်သား ဟံယေလ။

  11. ဧဖရိမ်အမျိုးကို အုပ်စိုးသောသူ၊ ရှိဖတန်သား ကေမွေလ။

  12. ဇာဗုလုန်အမျိုးကို အုပ်စိုးသောသူ၊ ပါနက်သား ဧလိဇဖန်။

  13. ဣသခါအမျိုးကို အုပ်စိုးသောသူ၊ အဇ္ဇန်သား ပါလတေလ။

  14. အာရှာအမျိုးကို အုပ်စိုးသောသူ၊ ရှေလောမိ သား အဘိဟုဒ်။

  15. နဿလိအမျိုးကို အုပ်စိုးသောသူ၊ အမိဟုဒ်သား ပေဒဟေလတည်း။

  16. ဤသူတို့သည် ခါနာန်ပြည်၌ ဣသရေလအမျိုး သားတို့အား အမွေမြေကို ဝေပေးစေခြင်းငှါ ထာဝရ ဘုရား ခန့်ထားတော်မူသောသူ ဖြစ်ကြသတည်း။

  17. အကြောင်းမူကား၊ သင်၏ ဘုရားသခင် ထာဝရ ဘုရားသည် ကောင်းသောပြည်၊ ချိုင့်ထဲ၊ တောင်ထဲက ပေါက်သောမြစ်၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံ သောပြည်၊

  18. ဂျုံ၊ မုယော၊ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်နှင့် ပြည့်စုံသောပြည်၊ သံလွင်ဆီ၊ ပျားရည်နှင့် ပြည့်စုံသောပြည်၊

  19. ဘာမျှမလိုဘဲဝစွာ စားရသောပြည်၊ သံကျောက် နှင့် ပြည့်စုံ၍၊ တောင်ထဲကကြေးနီကို တူးရသောပြည်သို့ သင့်ကို ဆောင်သွားတော်မူ၏။

  20. သင်တို့သွား၍ ဝင်စားလတံ့သော ပြည်သည် ကား၊ ယာလုပ်သကဲ့သို့ မျိုးစေ့ကြဲ၍ ခြေဖြင့်ရေလောင်း ရသော ပြည်တည်းဟူသော သင်တို့ထွက်လာသော အဲဂုတ္တုပြည်နှင့် တူသည်မဟုတ်။

  21. သင်တို့သွား၍ ဝင်စားလတံ့သောပြည်သည် တောင်များ၊ ချိုင့်များနှင့် ပြည့်စုံ၍ မိုဃ်းရေကို သောက် သောပြည်၊

  22. သင်တို့၏ဘုရားသခင် ထာဝရဘုရားပြုစု၍ တနှစ်ပတ်လုံး ကြည့်ရှုတော်မူသောပြည် ဖြစ်၏။

  23. သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရ ဘုရားကို ချစ်သောစိတ်နှင့် လမ်းတော်သို့လိုက်၍၊ ကိုယ် တော်၌ ဆည်းကပ်မှီဝဲမည်အကြောင်း၊ ငါမှာထားသမျှ သော ဤပညတ်တို့ကို ကျင့်အံ့သောငှာ သတိနှင့် စောင့် ရှောက်လျှင်၊

  24. ထာဝရဘုရားသည် ဤလူမျိုးခပ်သိမ်းတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့်၊ သင်တို့သည် ကိုယ်ထက်အားကြီး၍ များပြားသော လူမျိုးတို့ကို အစိုးရ ကြလိမ့်မည်။

  25. သင်တို့သည် ခြေနှင့်နင်းသမျှသောအရပ်ကို ပိုင်သဖြင့်၊ တောမှစ၍ လေဗနုန်တောင်တိုင်အောင်၎င်း၊ ဥဖရတ်မြစ်ကြီးမှစ၍ ပင်လယ်ကမ်းနား တိုင်အောင်၎င်း၊ မြေတရှောက်လုံးသည် သင်တို့၏ နိုင်ငံအဝင် ဖြစ်လိမ့် မည်။