အကြောင်းအရာသို့ ကျော်သွားရန်

Holy Land အကြောင်း ကျမ်းစာအခန်းငယ်များ: A sabbath of rest appointed for

4 အခန်းငယ် · 37 ရှုထောင့်

"Holy Land" ကို ရှာဖွေရန်

A sabbath of rest appointed for အကြောင်း အခန်းငယ်များ

  1. သင်တို့သည် ငါပေးသော ပြည်သို့ ရောက်သောအခါ၊ ထိုပြည်သည် ထာဝရဘုရားအဘို့ ဥပုသ်စောင့်ရမည်။

  2. ခြောက်နှစ်ပတ်လုံး လယ်လုပ်လျက် စပျစ်ဥယျာဉ်ကို သုတ်သင်၍ အသီးကို သိမ်းလျက် နေရမည်။

  3. သတ္တမနှစ်သည်၊ ထာဝရဘုရားအဘို့ ဥပုသ်နှစ်၊ တပြည်လုံး ငြိမ်ဝပ်စွာနေ၍ ဥပုသ်စောင့်ရသော နှစ်ဖြစ်၏။ လယ်မလုပ်ရ၊ စပျစ်ဥယျာဉ်ကို မသုတ်သင်ရ၊

  4. လယ်၌ အလိုလိုပေါက်သော အသီးအနှံကိုမျှ မရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ် အသီးကိုမျှ မဆွတ်ရ။ တပြည်လုံး ငြိမ်ဝပ်စွာ နေရသော နှစ်ဖြစ်၏။