အကြောင်းအရာသို့ ကျော်သွားရန်

circa 1010–970 BC

The Reign of David

David unites the tribes, conquers Jerusalem, and establishes Israel's golden age—even through deep personal failure.

1,230 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဓမ္မရာဇဝင်ဒုတိယစောင် 14:17ခရစ်တော် မပေါ်မီ 1027 ခန့်

    ကိုယ်တော် ကျွန်မကလည်း၊ ငါ့သခင်အရှင်မင်းကြီး၏ အမိန့်တော်ကြောင့် ချမ်းသာရမည်။ ဘုရားသခင် ၏ကောင်းကင်တမန်ကဲ့သို့ ငါ့သခင်အရှင်မင်းကြီးသည် ကောင်းမကောင်းကို ပိုင်းခြား၍ သိတော်မူ၏ဟု အောက်မေ့ပါ၏။ ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော်နှင့်အတူ ရှိတော်မူလိမ့်မည်ဟု လျှောက်လေ၏။

  2. ဓမ္မရာဇဝင်ဒုတိယစောင် 14:18ခရစ်တော် မပေါ်မီ 1027 ခန့်

    ထိုအခါရှင်ဘုရင်က၊ ငါမေးမြန်းသည်အမှုကို မထိမ်မဝှက်ပါနှင့် ဟုအမိန့်ရှိသော်၊ မိန်းမက အရှင် မင်းကြီးအမိန့်ရှိတော်မူပါဟု လျှောက်လေ၏။

  3. ဓမ္မရာဇဝင်ဒုတိယစောင် 14:19ခရစ်တော် မပေါ်မီ 1027 ခန့်

    ရှင်ဘုရင်ကလည်း၊ ဤအမှု၌ ယွာဘသည် သင့်အားအကြံပေးသည်မဟုတ်လောဟုမေးသော်၊ မိန်းမ က အိုအရှင်မင်းကြီး၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ အရှင်မင်းကြီးမိန့်တော်မူသော စကားလမ်းမှ လက်ျာဘက်လက်ဝဲဘက်သို့ အဘယ်သူမျှမလွှဲနိုင်ရာ။ အကယ်စင်စစ် ကိုယ်တော်ကျွန်ယွာဘသည် ကျွန်တော် မကို မှာထား၍ ဤစကားအလုံးစုံတို့ကို သွန်သင်ပါ၏။

  4. ဓမ္မရာဇဝင်ဒုတိယစောင် 14:20ခရစ်တော် မပေါ်မီ 1027 ခန့်

    ပရိယာယ်ပြု၍ ဤသို့အယောင်ဆောင်စေခြင်းငှါ ကိုယ်တော်ကျွန်ယွာဘသည် စီရင်ပါ၏။ အရှင်သခင် သည်လည်း မြေကြီးပေါ်မှာ ရှိသမျှတို့ကို သိနိုင်သည် တိုင်အောင် ဘုရားသခင်၏ ကောင်းကင်တမန်သည် ပညာရှိသကဲ့သို့ ပညာရှိတော်မူသည်ဟု ပြန်လျှောက် လေ၏။

  5. ဓမ္မရာဇဝင်ဒုတိယစောင် 14:21ခရစ်တော် မပေါ်မီ 1027 ခန့်

    ထိုအခါရှင်ဘုရင်က၊ ဤအမှုကို ငါစီရင်ရ၏။ သင်သွား၍ ထို လုလင်အဗရှလုံကို တဖန်ခေါ်ရမည်ဟု ယွာဘအား မိန့်တော်မူ၏။

  6. ဓမ္မရာဇဝင်ဒုတိယစောင် 14:22ခရစ်တော် မပေါ်မီ 1027 ခန့်

    ယွာဘသည်လည်း မြေပေါ်မှာ ဦးချပြပ်ဝပ်လျက်၊ ကျွန်တော်သခင်အရှင်မင်းကြီး၊ ကိုယ်တော်ကျွန် အသနားတော်ခံသည်အတိုင်း အရှင်မင်းကြီးပြုတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ မျက်နှာ ရကြောင်းကို ကျွန်တော်သိပါသည်ဟု ကျေးဇူးတော်ကို ဝန်ခံလေ၏။

  7. ဓမ္မရာဇဝင်ဒုတိယစောင် 14:23ခရစ်တော် မပေါ်မီ 1027 ခန့်

    ထိုနောက် ယွာဘသည်ထ၍ ဂေရှုရမြို့သွားသဖြင့်၊ အဗရှလုံကို ယေရုရှလင်မြို့သို့ဆောင်ခဲ့လေ၏။

  8. ဓမ္မရာဇဝင်ဒုတိယစောင် 14:24ခရစ်တော် မပေါ်မီ 1027 ခန့်

    ရှင်ဘုရင်ကလည်း၊ မိမိအိမ်သို့ သွားစေ။ ငါ့မျက်နှာကို မမြင်စေနှင့်ဟု အမိန့်တော်ရှိသည်အတိုင်း၊ အဗရှလုံသည် မိမိအိမ်သို့သွား၍ ရှင်ဘုရင်၏ မျက်နှာတော်ကို မမြင်ရ။

  9. ဓမ္မရာဇဝင်ဒုတိယစောင် 14:25ခရစ်တော် မပေါ်မီ 1027 ခန့်

    ဣသရေလအမျိုး တမျိုးလုံးတွင် အဗရှလုံကဲ့သို့ အဆင်းလှ၍ ချီးမွမ်းရသော သူတယောက်မျှမရှိ။ ခြေဘဝါးမှသည် ဦးထိပ်တိုင်အောင် အပြစ်တခုမျှမရှိ။

  10. ဓမ္မရာဇဝင်ဒုတိယစောင် 14:26ခရစ်တော် မပေါ်မီ 1027 ခန့်

    ဆံပင်လေးသောကြောင့်၊ နှစ်တိုင်းဖြတ်၍ တနှစ်လျှင် အကျပ်တော်အတိုင်း အကျပ်သုံးဆယ်ရတတ်၏။

  11. ဓမ္မရာဇဝင်ဒုတိယစောင် 14:27ခရစ်တော် မပေါ်မီ 1027 ခန့်

    အဗရှလုံသည် သားသုံးယောက်နှင့် တာမာအမည်ရှိသော သမီးတယောက်ကိုမြင်လေ၏။ သမီးသည် အလွန်လှသောသူဖြစ်၏။

  12. ဓမ္မရာဇဝင်ဒုတိယစောင် 14:28ခရစ်တော် မပေါ်မီ 1027 ခန့်

    အဗရှလုံသည် ရှင်ဘုရင်၏ မျက်နှာတော်ကို မမြင်ရဘဲနှစ်နှစ်ပတ်လုံး ယေရုရှလင်မြို့၌ နေပြီးမှ၊

  13. ဓမ္မရာဇဝင်ဒုတိယစောင် 14:29ခရစ်တော် မပေါ်မီ 1027 ခန့်

    ယွာဘကိုရှင်ဘုရင်ထံတော်သို့ စေလွှတ်မည်အကြံနှင့် ခေါ်သောအခါ ယွာဘသည်မလာ။

  14. ဓမ္မရာဇဝင်ဒုတိယစောင် 14:30ခရစ်တော် မပေါ်မီ 1027 ခန့်

    ဒုတိယအကြိမ်ခေါ်သော်လည်း မလာ။ ထိုကြောင့် ကျွန်တို့အား၊ ယွာဘ၏ လယ်သည် ငါတို့နေရာ နှင့်နီးပြီ။ မုယောစပါးရှိ၏။ သွား၍မီးရှို့ ကြဟု စီရင်သည်အတိုင်း အဗရှလုံ၏ကျွန်တို့သည် မီးရှို့ကြ၏။

  15. ဓမ္မရာဇဝင်ဒုတိယစောင် 14:31ခရစ်တော် မပေါ်မီ 1027 ခန့်

    ထိုအခါ ယွာဘသည် အဗရှလုံအိမ်သို့ထသွား၍၊ ကိုယ်တော်၏ ကျွန်တို့သည် ကျွန်တော်လယ်ကို အဘယ် ကြောင့် မီးရှို့ကြသနည်းဟု မေးသော်၊

  16. ဓမ္မရာဇဝင်ဒုတိယစောင် 14:32ခရစ်တော် မပေါ်မီ 1027 ခန့်

    အဗရှလုံက၊ ငါသည် ဂေရှုရမြို့မှအဘယ်ကြောင့် လာရသနည်း။ ထိုမြို့၌ ယခုတိုင်အောင် နေကောင်းသည်ဟု လျှောက်စေခြင်းငှါ၊ သင့်ကို ရှင်ဘုရင်ထံတော်သို့ စေလွှတ်မည်ဟု ငါခေါ်၏။ ယခုမှာ ရှင်ဘုရင်၏ မျက်နှာတော်ကို ငါမြင်ရပါစေ။ အပြစ်ရှိလျှင် သတ်တော်မူပါစေဟု ယွာဘအား ပြောဆိုသော်၊

  17. ဓမ္မရာဇဝင်ဒုတိယစောင် 14:33ခရစ်တော် မပေါ်မီ 1025 ခန့်

    ယွာဘသည် ရှင်ဘုရင်ထံတော်သို့ သွား၍ လျှောက်သဖြင့်၊ အဗရှလုံကို ခေါ်တော်မူ၏။ အဗရှလုံ သည်လာ၍ ရှင်ဘုရင်ရှေ့တော်၌ ဦးချပြပ်ဝပ်၏။ ရှင်ဘုရင်သည် သူကိုနမ်းတော်မူ၏။

  18. ဓမ္မရာဇဝင်ဒုတိယစောင် 15:1ခရစ်တော် မပေါ်မီ 1024 ခန့်

    ထိုနောက်မှအဗရှလုံသည် ရထားများနှင့်မြင်းများကို၎င်း၊ မိမိရှေ့မှာ ပြေးရသောလူငါးဆယ်ကို၎င်း ပြင်ဆင်လေ၏။

  19. ဓမ္မရာဇဝင်ဒုတိယစောင် 15:2ခရစ်တော် မပေါ်မီ 1024 ခန့်

    အဗရှလုံသည် စောစောထ၍ တံခါးဝမှာ ရပ်နေတတ်၏။ အမှုရှိသောသူသည် စီရင်တော်မူခြင်းကို ခံအံ့သောငှါ၊ ရှင်ဘုရင်ထံတော်သို့ လာသောအခါ အဗရှလုံက၊ သင်သည်အဘယ်မြို့သားဖြစ်သနည်းဟု မေးလျှင်၊ ထိုသူက ကိုယ်တော်ကျွန်သည် ဤမည်သော ဣသရေလအမျိုးအနွယ်သားဖြစ်ပါ၏ဟု ပြန်လျှောက်သော်၊

  20. ဓမ္မရာဇဝင်ဒုတိယစောင် 15:3ခရစ်တော် မပေါ်မီ 1024 ခန့်

    အဗရှလုံက၊ သင့်အမှုသည် ဟုတ်မှန်လျောက် ပတ်ပေ၏။ သို့သော်လည်း သင့်အမှုကို ရှင်ဘုရင်မှစ၍ အဘယ်သူမျှ နားမထောင်ဟု ပြောဆိုတတ်၏။

  21. ဓမ္မရာဇဝင်ဒုတိယစောင် 15:4ခရစ်တော် မပေါ်မီ 1024 ခန့်

    တဖန်တုံ၊ ငါသည်ဤပြည်၌ တရားစီရင်သော မင်းဖြစ်ပါစေသော။ သို့ဖြစ်လျှင် တရားမှုရှိသော အမှုသည် အပေါင်းတို့သည် ငါ့ထံသို့ လာ၍ ငါသည် တရားသဖြင့် စီရင်မည်ဟုဆိုတတ်၏။

  22. ဓမ္မရာဇဝင်ဒုတိယစောင် 15:5ခရစ်တော် မပေါ်မီ 1024 ခန့်

    လူတစုံတယောက်သည် ရိုသေစွာပြု၍ ချဉ်းကပ်သောအခါ၊ အဗရှလုံသည် လက်ကိုဆန့်၍ ထိုသူကို ကိုင်လျက် နမ်းလေ့ရှိ၏။

  23. ဓမ္မရာဇဝင်ဒုတိယစောင် 15:6ခရစ်တော် မပေါ်မီ 1024 ခန့်

    ထိုသို့စီရင်တော်မူခြင်းကို ခံအံ့သောငှါ၊ ရှင်ဘုရင်ထံတော်သို့လာသော ဣသရေလအမျိုးသား အပေါင်းတို့အား အဗရှလုံပြု၍ သူတို့စိတ်နှလုံးကို ခိုးလေ၏။

  24. ဓမ္မရာဇဝင်ဒုတိယစောင် 15:7ခရစ်တော် မပေါ်မီ 1021 ခန့်

    လေးနှစ်လွန်သောအခါ အဗရှလုံသည် ရှင်ဘုရင်ထံတော်သို့ ဝင်၍၊

  25. ဓမ္မရာဇဝင်ဒုတိယစောင် 15:8ခရစ်တော် မပေါ်မီ 1021 ခန့်

    ထာဝရဘုရားသည် အကျွန်ုပ်ကို တဖန်ယေရုရှလင်မြို့သို့ ဆောင်တော်မူလျှင်၊ ထာဝရဘုရားဝတ်ကို အကျွနုပ်ပြုပါမည်ဟု ကိုယ်တော်ကျွန်သည် ရှုရိပြည် ဂေရှုရမြို့၌နေသောအခါ သစ္စာဂတိပြုပါပြီ။ သို့ဖြစ်၍ ကျွန်တော်သည် ထာဝရဘုရားအား သစ္စာဂတိပြုသည်အတိုင်း၊ ဟေဗြုန်မြို့သို့သွား၍ သစ္စာဝတ်ကိုဖြေရမည် အကြောင်း အခွင့်ပေးတော်မူပါဟု လျှောက်လျှင်၊