- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1010–970 BC
The Reign of David
David unites the tribes, conquers Jerusalem, and establishes Israel's golden age—even through deep personal failure.
ဤကာလမှ အခန်းငယ်များ
- ဓမ္မရာဇဝင်ဒုတိယစောင် 15:34ခရစ်တော် မပေါ်မီ 1021 ခန့်
မြို့သို့ပြန်၍ အဗရှလုံအား၊ အရှင်မင်းကြီး၊ ကျွန်တော်သည် ခမည်းတော်ထံ၌ ကျွန်ခံဘူးသည်နည်းတူ ကိုယ်တော်ထံ၌ ကျွန်ခံပါမည်ဟု လျှောက်လျှင်၊ အဟိသောဖေလ ပေး သော အကြံကို ငါ့ဘက်မှာနေ၍ ဖျက်နိုင်လိမ့်မည်။
- ဓမ္မရာဇဝင်ဒုတိယစောင် 15:35ခရစ်တော် မပေါ်မီ 1021 ခန့်
မြို့တွင်သင်နှင့်အတူ ယဇ်ပုရောဟိတ်ဇာဒုတ် နှင့် အဗျာသာတို့သည် ရှိကြသည်မဟုတ်လော။ သို့ဖြစ်၍ နန်းတော်၌ ကြားသမျှကို ယဇ်ပုရောဟိတ်တို့အား ပြန် ပြောရမည်။
- ဓမ္မရာဇဝင်ဒုတိယစောင် 15:36ခရစ်တော် မပေါ်မီ 1021 ခန့်
သူတို့၌ ဇာဒုတ်၏သား အဟိမတ်နှင့် အဗျာသာ၏သား ယောနသန်သားနှစ်ယောက်ရှိကြ၏။ ကြားနိုင်သမျှကို ထိုသားတို့တွင် ငါ့ထံသို့ ပေးလိုက်ရမည်ဟု မိန့်တော်မူ သည်အတိုင်း၊
- ဓမ္မရာဇဝင်ဒုတိယစောင် 15:37ခရစ်တော် မပေါ်မီ 1021 ခန့်
ဒါဝိဒ်၏ အဆွေခင်ပွန်းဟုရှဲသည် မြို့သို့ပြန်သွား၏။ အဗေရှလုံသည်လည်း ယေရုရှလင်မြို့သို့ ဝင်လေ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 16:1ခရစ်တော် မပေါ်မီ 1023 ခန့်
ဒါဝိဒ်သည် တောင်ထိပ်ကို အနည်းငယ်လွန်သောအခါ၊ မေဖိဗောရှက်၏ ကျွန်ဇိဘသည် ကုန်းနှီး တင်သောမြည်းနှစ်စီးနှင့်တကွ၊ မုန့်လုံးနှစ်ရာ၊ စပျစ်သီး ခြောက်အပြွတ်တရာ၊ သင်္ဘောသဖန်းသီးပျဉ်အပြားတရာ စပျစ်ရည်ဘူတလုံးကို မြည်းပေါ်မှာ တင်ဆောင်လျက် ခရီးဦးကြိုပြုအံ့သောငှါ လာ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 16:2ခရစ်တော် မပေါ်မီ 1023 ခန့်
ရှင်ဘုရင်ကလည်း၊ အဘယ်သို့ပြုခြင်းငှါ ဤဥစ္စာ ကို ဆောင်ခဲ့သနည်းဟု ဇိဘအားမေးလျှင်၊ ဇိဘက၊ မြည်း တို့သည် နန်းတော်သားများ စီးဘို့၊ မုန့်နှင့်သစ်သီးတို့သည် လုလင်များစားဘို့၊ စပျစ်ရည်သည်လည်း တော၌မော သောသူများသောက်ဘို့ ဖြစ်ပါသည်ဟု လျှောက်၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 16:3ခရစ်တော် မပေါ်မီ 1023 ခန့်
ရှင်ဘုရင်ကလည်း၊ သင့်သခင်၏ သားသည် အဘယ်မှာရှိသနည်းဟုမေးလျှင် ဇိဘက၊ ယေရုရှလင်မြို့ ၌ နေရစ်ပါ၏။ ယနေ့မှာ ဣသရေလအမျိုးသည် ငါ့အဘ၏ နိုင်ငံကိုငါ့အား ပြန်ပေးလိမ့်မည်ဟု ဆိုကြောင်းကို လျှောက်လေသော်၊
- ဓမ္မရာဇဝင်ဒုတိယစောင် 16:4ခရစ်တော် မပေါ်မီ 1023 ခန့်
ရှင်ဘုရင်က၊ မေဖိဗောရှက်နှင့် ဆိုင်သမျှသော ဥစ္စာသည် သင့်ဥစ္စာဖြစ်စေဟု ဇိဘအား မိန့်တော်မူ၏။ ဇိဘကလည်း၊ အရှင်မင်းကြီး ကျွန်တော်သည်ရှေ့တော်၌ မျက်နှာရပါမည်အကြောင်း ရှိခိုးအသနားတော် ခံပါသည်ဟု ပြန်လျှောက်လေ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 16:5ခရစ်တော် မပေါ်မီ 1023 ခန့်
ဒါဝိဒ်မင်းကြီးသည် ဗာဟုရိမ်မြို့သို့ ရောက်သောအခါ၊ ရှောလု၏အဆွေအမျိုး ဂေရသား ရှိမိအမည်ရှိသောသူသည် ကျိန်ဆဲလျက် ထွက်လာ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 16:6ခရစ်တော် မပေါ်မီ 1023 ခန့်
ဒါဝိဒ်မင်းကြီးနှင့် ကျွန်တော်မျိုးအပေါင်းတို့ကို ကျောက်ခဲနှင့် ပစ်လေ၏။ လူများအပေါင်းနှင့် မှူးတော် မတ်တော်အပေါင်းတို့သည် လက်ျာတော်ဘက်၊ လက်ဝဲတော်ဘက်၌ ရှိကြ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 16:7ခရစ်တော် မပေါ်မီ 1023 ခန့်
ရှိမိကျိန်ဆဲသောစကားဟူမူကား၊ သွားဟဲ့၊ သွားဟဲ့။ လူ့အသက်ကို သတ်သောအဓမ္မလူ၊
- ဓမ္မရာဇဝင်ဒုတိယစောင် 16:8ခရစ်တော် မပေါ်မီ 1023 ခန့်
ရှောလု၏နိုင်ငံကို လုယူ၍ သူ၏အဆွေအမျိုးကို သတ်သောအပြစ်အလုံးစုံကို သင့်ခေါင်းပေါ်မှာ ထာဝရ သက်ရောက်စေ၍၊ နိုင်ငံတော်ကို သင်၏သား အဗရှလုံလက်၌အပ်တော်မူပြီ။ သင်သည်လူအသက်ကို သတ် သောသူဖြစ်သောကြောင့်ကြည့်ပါ။ အမှုကြီးရောက်လေပြီဟုဆို၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 16:9ခရစ်တော် မပေါ်မီ 1023 ခန့်
ဇေရုယာသား အဘိရှဲကလည်း၊ ထိုခွေးသေကောင်သည် အရှင်မင်းကြီးကို ကျိန်ဆဲရမည်လော။ ကျွန်တော်သွား၍ သူ၏လည်ပင်းကို ဖြတ်ပါရစေဟု နားတော်လျှောက်လျှင်၊
- ဓမ္မရာဇဝင်ဒုတိယစောင် 16:10ခရစ်တော် မပေါ်မီ 1023 ခန့်
ရှင်ဘုရင်က အိုဇေရုယာသားတို့၊ သင်တို့သည်ငါနှင့်အဘယ်သို့ဆိုင်သနည်း။ ထိုသူသည် ကျိန်ဆဲပါလေ စေ။ ဒါဝိဒ်ကို ကျိန်ဆဲလော့ဟု ထာဝရဘုရား မှာထားတော်မူပြီ။ သို့ဖြစ်၍ သင်သည် အဘယ်ကြောင့် ဤသို့ ပြုသနည်းဟု အဘယ်သူဆိုရမည်နည်းဟူ၍၎င်း၊
- ဓမ္မရာဇဝင်ဒုတိယစောင် 16:11ခရစ်တော် မပေါ်မီ 1023 ခန့်
ကြည့်ပါ။ ငါ့ကိုယ်ထဲကထွက်သော ငါ့သားရင်းသည် ငါ့အသက်ကို ရှာ၏။ ထိုဗင်္ယာမိန်အမျိုးသားသည် ထိုမျှမက အခွင့်ရှိလိမ့်မည်။ သူ့ကို ရှိပါလေစေ။ ကျိန်ဆဲပါလေစေ။ ထာဝရဘုရားမှာထားတော်မူပြီ။
- ဓမ္မရာဇဝင်ဒုတိယစောင် 16:12ခရစ်တော် မပေါ်မီ 1023 ခန့်
ထာဝရဘုရားသည် ငါ၏ဒုက္ခကို ကြည့်ရှု၍ ယနေ့ထိုသူကျိန်ဆဲသည်အတွက် ကောင်းသောအကျိုး ကို ပြန်ပေးကောင်း ပေးတော်မူလိမ့်မည်ဟူ၍၎င်း၊ အဘိရှဲနှင့် ကျွန်တော်မျိုးအပေါင်းတို့အား မိန့်တော်မူ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 16:13ခရစ်တော် မပေါ်မီ 1023 ခန့်
ဒါဝိဒ်သည် နောက်တော်လိုက်သူတို့နှင့်တကွ လမ်း၌သွားစဉ်တွင်၊ ရှိမိသည် ဒါဝိဒ်တဘက်တချက်၊ တောင်ခါးပန်းနားမှာ ရှောက်သွားသဖြင့်၊ ကျိန်ဆဲလျက် ကျောက်ခဲနှင့် ပစ်၍ မြေမှုန့်ကိုလည်း ပက်လေ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 16:14ခရစ်တော် မပေါ်မီ 1023 ခန့်
ရှင်ဘုရင်မှစ၍ နောက်တော်သို့ လိုက်သောသူအပေါင်းတို့သည် မောလျက်၊ ဗာဟုရိမ်မြို့သို့ရောက်၍ အမောအပန်းဖြေကြ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 16:15ခရစ်တော် မပေါ်မီ 1023 ခန့်
အဗရှလုံနှင့် လူအပေါင်းတို့သည် ယေရုရှလင်မြို့သို့ ရောက်၍ အဟိသောဖေလလည်း ပါ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 16:16ခရစ်တော် မပေါ်မီ 1023 ခန့်
ဒါဝိဒ်၏ အဆွေခင်ပွန်းအာခိလူဟုရှဲသည်လည်း အဗရှလုံထံသို့ ရောက်လာ၍၊ ရှင်ဘုရင် အသက် တော်ရှင်စေသတည်း၊ ရှင်ဘုရင်အသက်တော်ရှင်စေသတည်းဟု ကောင်းကြီးပေး၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 16:17ခရစ်တော် မပေါ်မီ 1023 ခန့်
အဗရှလုံကလည်း၊ သင်၏အဆွေခင်ပွန်း၌ ဤသို့ကျေးဇူးပြုသလော။ သင်၏အဆွေခင်ပွန်းနှင့်အတူ အဘယ်ကြောင့် မလိုက်သနည်းဟု ဟုရှဲအားဆိုလျှင်၊
- ဓမ္မရာဇဝင်ဒုတိယစောင် 16:18ခရစ်တော် မပေါ်မီ 1023 ခန့်
ဟုရှဲက၊ ထိုသို့မိန့်တော်မမူပါနှင့်။ ထာဝရဘုရားမှစ၍ ဤလူများနှင့် ဣသရေလလူများအပေါင်းတို့သည် ရွေးချယ်သောသူထံမှာ ကျွန်တော်ကျွန်ခံပါမည်။ ထိုသူထံမှာ နေပါမည်ဟူ၍၎င်း၊
- ဓမ္မရာဇဝင်ဒုတိယစောင် 16:19ခရစ်တော် မပေါ်မီ 1023 ခန့်
တဖန်အကြင်သူထံ၌ ကျွန်ခံရ၏။ ထိုသူ၏သားထံ၌ ကျွန်ခံရသည် မဟုတ်ပါလော။ ကျွန်တော်သည် ခမည်းတော်ထံ၌ ကျွန်ခံရတူနည်းတူ ကိုယ်တော်ထံ၌လည်း ကျွန်ခံပါမည်ဟု၍၎င်း၊ အဗရှလုံအား လျှောက်ဆို၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 16:20ခရစ်တော် မပေါ်မီ 1023 ခန့်
အဗရှလုံကလည်း၊ ငါတို့သည်အဘယ်သို့ပြုရမည်ကို အကြံပေးပါဟု အဟိသောဖေလအား ဆိုလျှင်၊
- ဓမ္မရာဇဝင်ဒုတိယစောင် 16:21ခရစ်တော် မပေါ်မီ 1023 ခန့်
အဟိသောဖေလက၊ နန်းတော်ကို စောင့်စေခြင်းငှါ ခမည်းတော်ထားခဲ့သော ကိုယ်လုပ်တော်တို့ရှိရာသို့ ဝင်တော်မူပါ။ ခမည်းတော်သည်ကိုယ်တော်အား စက်ဆုပ်ရွံရှာကြောင်းကို ဣသရေလအမျိုးသားအပေါင်း တို့သည်ကြား၍၊ ကိုယ်တော်ဘက်၌နေသော သူအပေါင်းတို့သည် လက်အားကြီးကြပါလိမ့်မည်ဟု လျှောက်သည် အတိုင်း၊