အကြောင်းအရာသို့ ကျော်သွားရန်

circa 930–586 BC

The Divided Kingdom

The kingdom splits into Israel and Judah; prophets warn of judgment as both nations slowly drift into idolatry and exile.

1,722 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရာဇဝင်ချုပ်ဒုတိယစောင် 11:6ခရစ်တော် မပေါ်မီ 975 ခန့်

    ဗက်လင်မြို့၊ ဧတံမြို့၊ တေကောမြို့၊

  2. ရာဇဝင်ချုပ်ဒုတိယစောင် 11:7ခရစ်တော် မပေါ်မီ 975 ခန့်

    ဗက်ဇုရမြို့၊ ရှောကောမြို့၊ အဒုလံမြို့၊

  3. ရာဇဝင်ချုပ်ဒုတိယစောင် 11:8ခရစ်တော် မပေါ်မီ 975 ခန့်

    ဂါသမြို့၊ မရေရှမြို့၊ ဇိဖမြို့၊

  4. ရာဇဝင်ချုပ်ဒုတိယစောင် 11:9ခရစ်တော် မပေါ်မီ 975 ခန့်

    အဒေါရိမ်မြို့၊ လာခိရှမြို့၊ အဇေကာမြို့၊

  5. ရာဇဝင်ချုပ်ဒုတိယစောင် 11:10ခရစ်တော် မပေါ်မီ 975 ခန့်

    ဇောရာမြို့၊ အာဇလုန်မြို့၊ ဟေဗြုန်မြို့တည်း ဟူသော ယုဒခရိုင် နှင့်ဗင်္ယာမိန်ခရိုင်တွင် ခိုင်ခံ့သော မြို့တို့ကို ပြုစုလေ၏။

  6. ရာဇဝင်ချုပ်ဒုတိယစောင် 11:11ခရစ်တော် မပေါ်မီ 975 ခန့်

    ရဲတိုက်များကိုလည်း ခိုင်ခံ့စေ၍၊ အကြီးအကဲ နှင့်တကွ ဆီ၊ စပျစ်ရည်များ၊ ရိက္ခာများကို သိုထားလေ၏။

  7. ရာဇဝင်ချုပ်ဒုတိယစောင် 11:12ခရစ်တော် မပေါ်မီ 975 ခန့်

    ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသည် အမှုတော် ကို ထမ်းရွက်သောကြောင့်၊ မြို့အသီးအသီးတို့၌ ဒိုင်းလွှား လှံလက်နက်များကို ထား၍ အလွန်ခိုင်ခံ့စေ၏။

  8. ရာဇဝင်ချုပ်ဒုတိယစောင် 11:13ခရစ်တော် မပေါ်မီ 974 ခန့်

    ဣသရေလပြည် အရပ်ရပ်၌ရှိသော ယဇ် ပုရောဟိတ်လေဝိသားတို့သည်၊ မိမိတို့နေရာမှ အထံတော် သို့လာကြ၏။

  9. ရာဇဝင်ချုပ်ဒုတိယစောင် 11:14ခရစ်တော် မပေါ်မီ 974 ခန့်

    လေဝိသားတို့သည်၊ မိမိတို့နေရာဖြစ်သော ပိုင်ထိုက်ရာအရပ်ကို စွန့်၍၊ ယုဒပြည်ယေရုရှင်မြို့သို့ ရောက်လာသောအကြောင်းဟူမူကား၊ ယေရောဗောင်နှင့် သူ၏သားတို့သည်၊ လေဝိသားတို့ကို ထာဝရဘုရား ရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို စောင့်ရသောအရာမှ ချ၍၊

  10. ရာဇဝင်ချုပ်ဒုတိယစောင် 11:15ခရစ်တော် မပေါ်မီ 974 ခန့်

    မြင့်သောအရပ်၊ နတ်ဆိုး၊ မိမိလုပ်သော နွား သငယ်တို့အဘို့၊ ယဇ်ပုရောဟိတ်တို့ကို ခန့်ထားသတည်း။

  11. ရာဇဝင်ချုပ်ဒုတိယစောင် 11:16ခရစ်တော် မပေါ်မီ 974 ခန့်

    ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား ကို ရှာလိုသောငှါ၊ သဘောချသော သူတို့သည်လည်း၊ ဣသရေလခရိုင်များထဲက ထွက်၍၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်အံ့သောငှါ၊ လေဝိသားတို့နောက်သို့လိုက်၍၊ ယေရုရှလင်မြို့သို့ ရောက်လာကြ၏။

  12. ရာဇဝင်ချုပ်ဒုတိယစောင် 11:17ခရစ်တော် မပေါ်မီ 975 ခန့်

    ထိုသူတို့သည် ယုဒနိုင်ငံကို အားပေး၍ ရှော လမုန်သား ရောဗောင်ကို သုံးနှစ်ပတ်လုံးခိုင်ခံ့စေကြ၏။ သုံးနှစ်ပတ်လုံး ဒါဝိဒ်လမ်း၊ ရှောလမုန်လမ်းသို့ လိုက်ကြ ၏။

  13. ရာဇဝင်ချုပ်ဒုတိယစောင် 11:18ခရစ်တော် မပေါ်မီ 975 ခန့်

    ရောဗောင်သည်လည်း ဒါဝိဒ်သား ယေရိမုတ် သမီး မဟာလတ်၊ ယေရှဲသား ဧလျာဘသမီး အဘိဟဲလ နှင့်စုံဘက်၍၊

  14. ရာဇဝင်ချုပ်ဒုတိယစောင် 11:19ခရစ်တော် မပေါ်မီ 975 ခန့်

    ယုရှ၊ ရှမာရိ၊ ဇာဟံ၊ သားသုံးယောက်တို့ကို မြင်ရ၏။

  15. ရာဇဝင်ချုပ်ဒုတိယစောင် 11:20ခရစ်တော် မပေါ်မီ 975 ခန့်

    ထိုနောက်၊ အဗရှလုံသမီးမာခါနှင့်စုံဘက်၍ အဘိယ၊ အတ္တဲ၊ ဇိဇ၊ ရှေလောမိတ်တို့ကို မြင်ရ၏။

  16. ရာဇဝင်ချုပ်ဒုတိယစောင် 11:21ခရစ်တော် မပေါ်မီ 975 ခန့်

    ရောဗောင်သည် ခင်ပွန်းတဆယ်ရှစ်ယောက်၊ ဗမာင်းမမိဿံ ခြောက်ဆယ်တို့ကို သိမ်းယူ၍၊ သားနှစ် ဆယ်ရှစ်ယောက်၊ သမီးခြောက်ဆယ်တို့ကို ရသည်တွင်၊ အဗရှလုံသမီးမာခါကို အခြားသောခင်ပွန်း မောင်းမ မိဿံအပေါင်းတို့ထက်သာ၍ ချစ်သောကြောင့်၊

  17. ရာဇဝင်ချုပ်ဒုတိယစောင် 11:22ခရစ်တော် မပေါ်မီ 975 ခန့်

    မာခါ၏ သားအဘိယကို ရှင်ဘုရင်အရာ၌ ခန့် ထားမည်အကြံရှိ၍၊ ညီအစ်ကိုတို့တွင်၊ အကြီးဆုံးဖြစ်စေ ခြင်းငှါ ချီးမြှောက်လေ၏။

  18. ရာဇဝင်ချုပ်ဒုတိယစောင် 11:23ခရစ်တော် မပေါ်မီ 975 ခန့်

    ပညာသတိနှင့်စီရင်၍၊ ယုဒခရိုင်ဗင်္ယာမိန်ခရိုင် အရပ်ရပ်တို့တွင်၊ ခိုင်ခံ့သောမြို့ရှိသမျှတို့၌၊ မိမိသားတို့ကို အနှံ့အပြားနေရာချ၍၊ များစွာသောရိက္ခာကို သိုထား၏။ မယားများတို့ကို အလိုရှိ၏။

  19. ရာဇဝင်ချုပ်ဒုတိယစောင် 12:1ခရစ်တော် မပေါ်မီ 972 ခန့်

    ရောဗောင်မင်းသည် မိမိနိုင်ငံကို တည်စေ၍ အားကြီးသောအခါ၊ ဣသရေလအမျိုးရှိသမျှနှင့်တကွ ထာဝရဘုရား၏ တရားတော်ကို စွန့်၍၊

  20. ရာဇဝင်ချုပ်ဒုတိယစောင် 12:2ခရစ်တော် မပေါ်မီ 970 ခန့်

    ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ရော ဗောင်မင်းကြီးနန်းစံ ငါးနှစ်တွင်၊

  21. ရာဇဝင်ချုပ်ဒုတိယစောင် 12:3ခရစ်တော် မပေါ်မီ 970 ခန့်

    အဲဂုတ္တုရှင်ဘုရင်ရှိရှက်သည် ရထားတထောင် နှစ်ရာ၊ မြင်းစီးသူရဲခြောက်သောင်း၊ မရေတွက်နိုင်သော အဲဂုတ္တပြည်သားများ၊ လိဗုပြည်သား၊ သုကိပြည်သား၊ အဲသယောပိပြည်သားတို့နှင့်တကွ၊ ယေရုရှလင်မြို့သို့ စစ်ချီ၍၊

  22. ရာဇဝင်ချုပ်ဒုတိယစောင် 12:4ခရစ်တော် မပေါ်မီ 970 ခန့်

    ယုဒပြည်၌ခိုင်ခံ့သော မြို့တို့ကိုတိုက်ယူပြီးမှ၊ ယေရုရှလင်မြို့သို့ ရောက်လေ၏။

  23. ရာဇဝင်ချုပ်ဒုတိယစောင် 12:5ခရစ်တော် မပေါ်မီ 970 ခန့်

    ထိုအခါ ရှိရှက်မင်းကြောင့်၊ ယေရုရှလင်မြို့၌ စုဝေးသော ယုဒမင်းများထံ၊ ရောဗောင်မင်းထံတော်သို့ ပရောဖက်ရှေမာယသည်လာ၍၊ ထာဝရဘုရား မိန့်တော် မူသည်ကား၊ သင်တို့သည် ငါ့ကိုစွန့်သောကြောင့်၊ ငါသည် သင်တို့ကို ရှိရှက်မင်းလက်သို့ အပ်လေပြီဟု အမိန့်တော် ကို ဆင့်ဆိုလျှင်၊

  24. ရာဇဝင်ချုပ်ဒုတိယစောင် 12:6ခရစ်တော် မပေါ်မီ 970 ခန့်

    ရှင်ဘုရင်နှင့်ယုဒမင်းတို့က၊ ထာဝရဘုရား ဖြောင့်မတ်တော်မူ သည်ဟုဆို၍၊ မိမိတို့ကို နှိမ့်ချကြ၏။

  25. ရာဇဝင်ချုပ်ဒုတိယစောင် 12:7ခရစ်တော် မပေါ်မီ 970 ခန့်

    ထိုသို့နှိမ့်ချကြောင်းကို ထာဝရဘုရားမြင်လျှင်၊ နှုတ်ကပတ်တော်သည် ရှေမာယသို့ရောက်၍၊ သူတို့သည် နှိမ့်ချကြပြီ။ ထိုကြောင့်သူတို့ကို ငါမဖျက်ဆီး၊ အနည်းငယ် သော ချမ်းသာကိုပေးမည်။ ရှိရှက်လက်ဖြင့် ယေရုရှလင် မြို့ပေါ်သို့ ငါ့အမျက်ကို မသွန်းလောင်းရ။