Skip to content

Ahab

80 အခန်းငယ် · 6 မိသားစုဝင်

Ahab ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဩမရိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာဟပ်သည် ခမည်းတော်အရာ၌နန်းထိုင်၏။

  2. ယုဒရှင်ဘုရင်အာသနန်းစံ သုံးဆယ်ရှစ်နှစ်တွင်၊ ဩမရိသားအာဟပ်သည် ရှမာရိမြို့၌ ဣသရေလမင်း ပြု၍၊ ဣသရေလနိုင်ငံကို နှစ်ဆယ်နှစ်နှစ် စိုးစံ၏။

  3. ဩမရိသားအာဟပ်သည် မိမိရှေ့မှာ ဖြစ်ဘူးသောသူအပေါင်းတို့ထက် ထာဝရဘုရားရှေ့တော်၌သာ၍ ဒုစရိုက်ကိုပြု၏။

  4. အာရှရပင်ကိုလည်းပြုစု၍၊ မိမိရှေ့မှာ ဖြစ်ဘူးသော ဣသရေလ ရှင်ဘုရင်အပေါင်းတို့ထက် ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခြင်းငှါ သာ၍ပြု၏။

  5. ဂိလဒ်ပြည် တိရှဘိမြို့သားဧလိယက၊ ငါကိုးကွယ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလပတ်လုံးမိုဃ်းမရွာ၊ နှင်းမကျရဟု အာဟပ် မင်းအားမြွက်ဆို၏။

  6. ကာလအင်တန်ကြာ၍ သုံးနှစ်စေ့သောအခါ၊ ဧလိယသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ် တော်က၊ သင်သည် အာဟပ်မင်းအားသွား၍ ကိုယ်ကို ပြလော့။ ငါသည်လည်း မြေပေါ်မှာ မိုဃ်းရွာစေမည်ဟု မိန့်တော်မူသည်အတိုင်း၊

  7. ဧလိယသည် အာဟပ်မင်းအား ကိုယ်ကိုပြအံ့ သောငှါသွား၏။ ထိုအခါ ရှမာရိမြို့၌ပြင်းစွာသော အစာအာဟာရခေါင်းပါးခြင်းဘေးရှိ၍၊

  8. အာဟပ်မင်းသည် နန်းတော်အုပ်ဩဗဒိကိုခေါ်၏။ ထိုဩဗဒိသည် ထာဝရဘုရားကို အလွန် ရိုသေသောသူ ဖြစ်၏။

  9. အာဟပ်ကလည်း၊ တပြည်လုံးသို့လှည့်လည်၍ စမ်းရေတွင်းများ၊ ချောင်းများရှိရာအရပ်ရပ်သို့ သွားလော့။ တိရစ္ဆာန်အပေါင်းတို့သည် မသေ၊ မြင်းနှင့်လားတို့သည် အသက်လွတ်မည်အကြောင်း၊ မြက်ပင်ကို တွေ့ကောင်းတွေ့လိမ့်မည်ဟု ဩဗဒိအားဆိုလျက်၊

  10. သူတို့သည် တပြည်လုံးကို နှံ့ပြားအောင် ဝေဖန်၍၊ အာဟပ်နှင့် ဩဗဒိသည် လမ်းတခြားစီ ထွက်သွား ကြ၏။

  11. ဩဗဒိကလည်း၊ ကိုယ်တော်ကျွန်၏ အသက်ကို သတ်စေခြင်းငှါ အာဟပ်၌ အပ်ရမည်အကြောင်း၊ ကိုယ် တော်ကျွန်သည် အဘယ်သို့ ပြစ်မှားဘိသနည်း။

  12. အကျွန်ုပ်သည် ကိုယ်တော်ထံမှ ထွက်သွား၍ အာဟပ်မင်းထံမှာ လျှောက်စဉ်တွင်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် အကျွန်ုပ်မသိသောအရပ်သို့ ကိုယ်တော်ကို ဆောင်သွားတော်မူလျှင်၊ အာဟပ်မင်းသည် ကိုယ်တော်ကို မတွေ့နိုင်သောအခါ အကျွန်ုပ်ကို သတ်ပါလိမ့်မည်။ ကိုယ်တော်ကျွန်မူကား၊ အသက်ငယ်စဉ်ကာလ မှစ၍ ထာဝရဘုရားကို ရိုသေပါပြီ။

  13. ဩဗဒိသည် အာဟပ်မင်းထံသို့သွား၍ လျှောက်သဖြင့်၊ အာဟပ်သည် ဧလိယကို ကြိုဆိုအံ့သောငှါ သွား၍၊

  14. တွေ့မြင်သောအခါ၊ သင်သည် ဣသရေလ အမျိုးကို နှောင့်ရှက်သောသူမှန်သလောဟု မေးလျှင်၊

  15. အာဟပ်သည် ဣသရေလအမျိုးသားအပေါင်း တို့ရှိရာသို့ စေလွှတ်၍၊ ပရောဖက်တို့ကို ရမေလတောင် ပေါ်မှ စုဝေးစေ၏။

  16. ထိုနောက်မှ ဧလိယက၊ မင်းကြီးသည် စား သောက်ခြင်းငှါ တက်သွားပါလော့။ များစွာသော မိုဃ်းရွာ မည့်အသံရှိသည်ဟု အာဟပ်အား ပြောဆိုလျှင်၊

  17. အာဟပ်သည်စားသောက်ခြင်းငှါ တက်သွား၏။ ဧလိယသည် ကရမေလတောင်ပေါ်သို့ တက်၍၊ မြေ၌ ပြပ်ဝပ်လျက်မျက်နှာကို ဒူးကြားမှာ ထားလျက်၊

  18. ခုနစ်ကြိမ်မြောက်သောအခါ၊ လူလက်နှင့် တူသော မိုဃ်းတိမ်ငယ်တခုသည် ပင်လယ်ထဲက တက်ပါ ၏ဟုဆိုသော်၊ အာဟပ်မင်းထံသို့ သွားလော့။ မိုဃ်းရွာ၍ ဆီးတားမည်ကိုစိုးရိမ်စရာရှိသောကြောင့်၊ မင်းကြီး ပြင်ဆင်၍ ပြန်သွားမည်အကြောင်း လျှောက်ထားလော့ ဟု မှာလိုက်လေ၏။

  19. မကြာမမြင့်မှီ မိုဃ်းကောင်းကင်သည် မိုဃ်းသက်မုန်တိုင်းနှင့် မည်း၍ ပြင်းစွာမိုဃ်းရွာ၏။ အာဟပ် သည် ရထားစီး၍ ယေဇရေလမြို့သို့ သွား၏။

  20. ထာဝရဘုရား၏လက်တော်သည် ဧလိယအပေါ်မှာရှိ၍၊ သူသည် ခါးပန်းကိုစည်းလျက် အာဟပ်မင်း အရင် ယေဇရလမြို့ တံခါးဝသို့ ပြေးလေ၏။

  21. ဧလိယပြုသော အမှုနှင့် ပရောဖက်အပေါင်းတို့ကို ထားနှင့် ကွပ်မျက်သောအမှုကို၊ အာဟပ်သည် ယေဇဗေလအား အကုန်အစင်ကြားပြော၏။

  22. သံတမန်တို့ကို ဣသရေလရှင်ဘုရင် အာဟပ် ထံ၊ မြို့ထဲသို့ စေလွှတ်၍၊ ဗင်္ဟာဒဒ်၏အမိန့်တော်ကား၊

  23. ထိုအခါ ပရောဖက်တပါးသည် ဣသရေလ ရှင်ဘုရင်အာဟပ်ထံသို့လာ၍၊ ထာဝရဘုရားမိန့်တော်မူ သည်ကား၊ ထိုကြီးစွာသော အလုံးအရင်းအပေါင်းကို မြင်ပြီလော။ သင့်လက်၌ ယနေ့ငါအပ်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်ဟု အမိန့်တော်ကို ဆင့်ဆို၏။

  24. အာဟပ်ကလည်း၊ အဘယ်သူအားဖြင့် အပ်တော်မူမည်နည်းဟု မေးလျှင်၊ မြို့ဝန်များ၏လုလင်တို့ အားဖြင့် အပ်မည်ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို ဆင့်ဆို၏။ စစ်မှုကိုအဘယ်သူစီရင်ရမည်နည်းဟု မေးပြန်သော်၊ မင်းကြီးကိုယ်တိုင်စီရင်ရမည်ဟု ဆို၏။

  25. ဗင်္ဟာဒဒ်ကလည်း၊ ငါ့အဘသည် ကိုယ်တော် အဘ၏ လက်မှ လုယူသော မြို့တို့ကို ငါပြန်ပေးပါမည်။ ငါ့အဘသည် ရှမာရိမြို့၌ ရှုရိတန်းကို လုပ်သကဲ့သို့ ကိုယ်တော်သည် ဒမာသက်မြို့၌ ဣသရေလတန်းကို လုပ်ရပါသည်ဟုဆိုလျက်၊ အာဟပ်ကထိုသို့ မိဿဟာယ ဖွဲ့လျက်၊ သင့်ကို ငါလွှတ်လိုက်မည်ဟုဆို၍ မိဿဟာယ ဖွဲ့လျက် လွှတ်လိုက်လေ၏။