အကြောင်းအရာသို့ ကျော်သွားရန်

Ahab

80 အခန်းငယ် · 6 မိသားစုဝင်

Ahab ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဣသရေလရှင်ဘုရင် အာဟပ်သား ယောရံ နန်းစံဆယ်နှစ်နှစ်တွင်၊ ယုဒရှင်ဘုရင်ယဟောရံသား အာခဇိသည် နန်းထိုင်လေ၏။

  2. အာခဇိသည် အာဟပ်၏သမက်ဖြစ်သဖြင့်၊ အာဟပ်အမျိုးလိုက်ရာလမ်းသို့လိုက်၍၊ အာဟပ်အမျိုး ကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။

  3. အာဟပ်၏သားယောရံနှင့်ဝိုင်းလျက်၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ၍၊ ရှုရိရှင်ဘုရင်ဟာဇေလကို တိုက်ရာတွင် ရှုရိလူတို့သည်ယောရံကိုတိခိုက်ကြ၏။

  4. ထိုသို့ရာမုတ်မြို့၌ ရှုရိဘုရင်ဟာဇေလကိုတိုက်၍၊ ရှုရိလူထိခိုက်သော အနာပျောက်စေခြင်းငှါ၊ ယောရံမင်းကြီးသည် ယေဇရေလမြို့သို့ ပြန်သွား၍ နာလျက်နေစဉ်တွင်၊ ယုဒရှင်ဘုရင် ယဟောရံသား အာခဇိသည်လည်း၊ အာဟပ်သားယောရံကို ကြည့်ရှုခြင်း ငှါ ထိုမြို့သို့ ဆင်းသွားလေ၏။

  5. ငါ့ကျွန်ပရောဖက်တို့ကို သတ်သောအပြစ်၊ ထာဝရဘုရား၏ ပရောဖက်အပေါင်းကို သတ်သော အပြစ်အလျောက်၊ ယေဇဗေလ၌ ငါဒဏ်ပေးမည် အကြောင်း၊ သင်သည် သင့်သခင်အာဟပ်အမျိုးကို လုပ်ကြံရမည်။

  6. အာဟပ်အမျိုးသားရှိသမျှတို့ကို ပျက်စီးစေခြင်း ငှါ၊ ဣသရေလ မြို့ရွာ၌ အချုပ်ခံသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ အာဟပ်အမျိုးသား ယောက်ျားများကို ငါပယ်ဖြတ်မည်။

  7. အာဟပ်အမျိုးကို နေဗတ်၏သား ယေရောဗောင်အမျိုးကဲ့သို့၎င်း၊ အဟိယ၏သား ဗာရှာအမျိုးကဲ့သို့၎င်း ဖြစ်စေမည်။

  8. ယေဟုကလည်း၊ သူ့ကိုဆွဲ၍ ယေဇရေလမြို့ သားနာဗုတ်မြေကွက်၌ ချပစ်လော့။ သင်နှင့်ငါသည် သူ့အဘအာဟပ်နောက်သို့ မြင်းစီး၍ လိုက်သောအခါ၊ ဤအမှုကို ထာဝရဘုရား ဗျာဒိတ်ထားတော်မူသည်ကို မမှတ်မိသလော။

  9. ထိုမင်းအာခဇိသည် အာဟပ်သား ယောရံနန်းစံ ဆယ်နှစ်နှစ်တွင် ယုဒနိုင်ငံ၌ နန်းထိုင်၏။

  10. အာဟပ်၏သားခုနစ်ကျိပ်တို့သည် ရှာမရိမြို့၌ ရှိသည်ဖြစ်၍၊ ယေဟုသည် ယေဇရေလမြို့အုပ်များ၊ အသက်ကြီးသူများ၊ အာဟပ်သားတို့ ကိုလုပ်ကျွေးသော သူများရှိရာ၊ ရှမာရိမြို့သို့ စားရေး၍ ပေးလိုက်လေ၏။

  11. ထာဝရဘုရားသည် အာဟပ်အမျိုး၌ မိန့်တော် မူသော စကားတော်တခွန်းမျှမြေသို့ မကျရသည်ကို သင်တို့ သိမှတ်ကြလော့။ ထာဝရဘုရားသည် မိမိကျွန်ဧလိယ အားဖြင့် မိန့်တော်မူသည်အတိုင်း ပြုတော်မူမည်ဟု ဆိုသဖြင့်၊

  12. ယေဇရေလမြို့၌ ကျန်ကြွင်းသော အာဟပ် အမျိုးသားအပေါင်းတို့နှင့် သူ၏ လူကြီးပေါက်ဘော်၊ ယဇ်ပုရောဟိတ်အပေါင်းတို့ကို တယောက်မျှမကျန်စေဘဲ သတ်လေ၏။

  13. ရှမာရိမြို့သို့ရောက်သောအခါ၊ ထာဝရဘုရား သည် ဧလိယအား မိန့်တော်မူသော စကားဘော်အတိုင်း၊ အာဟပ်အမျိုး အကုန်အစင်ပျက်စီးသည်တိုင်အောင် ထိုမြို့၌အကုန်အစင်ပျက်စီးသည်တိုင်အောင် ထိုမြို့၌ ကျန်ကြွင်းသေမျှတို့ကို သတ်လေ၏။

  14. တဖန်ယေဟုသည် လူအပေါင်းတို့ကို စုဝေး စေ၍၊ အာဟပ်သည် ဗာလဘုရားကို အနည်းငယ်သာ ဝတ်ပြု၏။ ငါယေဟုမူကား များစွာပြုမည်။

  15. ထာဝရဘုရားကလည်း၊ သင်သည်ငါ့ရှေ့မှာ ဖြောင့်သောအကျင့်ကို ကျင့်၍ ကောင်းမွန်စွာ ပြုသောကြောင့်၎င်း၊ ငါအလိုရှိသမျှအတိုင်း အာဟပ် အမျိုး၌ စီရင်သောကြောင့်၎င်း၊ သင့်သားမြေးလေးဆက် တိုင်အောင် ဣသရေလနိုင်ငံရာဇပလ္လင်ပေါ်မှာ ထိုင်ရ မည်ဟု ယေဟုအား မိန့်တော်မူသော်လည်း၊

  16. ခမည်းတော်ဟေဇကိ ဖျက်ဆီးသောကုန်းတို့ကို ပြုပြင်၍၊ ဣသရေလရှင်ဘုရင် အာဟပ်ပြုသကဲ့သို့ ဗာလအဘို့ ယဇ်ပလ္လင်တို့ကို တည်၏။ အာရှရပင်ကို လည်း ပြုစု၏။ မိုဃ်းကောင်းကင် တန်ဆာများကိုလည်း ဝတ်ပြုကိုးကွယ်၏။

  17. ယေရုရှလင်မြို့ အပေါ်မှာ ရှမာရိမျဉ်းကြိုးနှင့် အာဟပ်အမျိုး၏ ချိန်ကြိုးကို ငါတန်းချမည်။ ပုကန်ကို သုတ်၍ သုတ်ပြီးမှ မှောက်ထားသကဲ့သို့ ယေရုရှလင်မြို့ကို ငါပြုမည်။

  18. ယောရှဖတ်မင်းသည် ဂုဏ်အသရေနှင့် စည်းစိမ် ဥစ္စာများ၍၊ အာဟပ်မင်းနှင့် အမျိုးဆက်လေ၏။

  19. နောက်တဖန်ရှမာရိမြို့၊ အာဟပ်မင်းထံသို့ ကိုယ်တိုင်သွား၍၊ ဣသရေလရှင်ဘုရင်အာဟပ်သည် ယုဒရှင်ဘုရင်ယောရှဖတ်နှင့်၊ သူ၏လူတို့အဘို့ များစွာ သော သိုးနွားတို့ကိုစီရင်၍၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ လိုက်စေခြင်းငှါ၊

  20. ဂိလဒ်ပြည်ရာမုတ်မြို့သို့ ငါနှင့်အတူ လိုက်မည် လောဟုမေးလျှင်၊ ယောရှုဖတ်က၊ ငါသည် မင်းကြီးကဲ့သို့ ၎င်း၊ ငါသူတို့သည် မင်းကြီး၏လူကဲ့သို့ဖြစ်လျက်၊ မင်းကြီး နှင့်ဝိုင်း၍ စစ်တိုက်မည်ဟု ပြန်ပြော၏။

  21. ထာဝရဘုရားကလည်း၊ အာဟပ်သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ၍ဆုံးစေခြင်းငှါ၊ အဘယ်သူ သွေးဆောင်မည်နည်းဟု မေးတော်မူလျှင်၊ အခြံအရံ တော်တို့သည် တယောက်တနည်းစီ ပြန်လျှောက်ကြ၏။

  22. အာဟပ်သမီးနှင့်စုံဘက်သဖြင့်၊ ဣသရေလ ရှင်ဘုရင်တို့လိုက်ရာ လမ်းသို့ အာဟပ်အမျိုးကဲ့သို့ လိုက်၍၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။

  23. ဣသရေလရှင်ဘုရင်တို့ လမ်းသို့လိုက်သော ကြောင့်၎င်း၊ အာဟပ်အမျိုး မှားယွင်းသည်နည်းတူ ယုဒ ပြည်သူ၊ ယေရုရှလင်မြို့သားတို့သည်၊ တပါးအမျိုးသားတို့ ၏ ဘုရားနှင့်မှားယွင်းရမည် အကြောင်းပြုသောကြောင့်၎င်း၊ ကိုယ်ထက်သာ၍ကောင်းသော ညီရင်းတို့ကို သတ် သောကြောင့်၎င်း၊

  24. မယ်တော်သည် မကောင်းသောအကြံကို ပေး သောကြောင့်၊ ထိုမင်းသည် အာဟပ်အမျိုးလိုက်ရာ လမ်းသို့လိုက်၍၊

  25. အာဟပ်အမျိုးကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ ခမည်းတော်သေသောနောက်၊ အာဟပ် အမျိုးသားတို့သည် အာခဇိကို အကျိုးနည်းစေခြင်းငှါ မကောင်းသောအကြံကို ပေးကြ၏။