- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 930–586 BC
The Divided Kingdom
The kingdom splits into Israel and Judah; prophets warn of judgment as both nations slowly drift into idolatry and exile.
ဤကာလမှ အခန်းငယ်များ
- ရာဇဝင်ချုပ်ဒုတိယစောင် 12:8ခရစ်တော် မပေါ်မီ 970 ခန့်
သို့ရာတွင် ငါ့ထံ၌ အမှုထမ်းခြင်း၊ တပါး အမျိုးသား ရှင်ဘုရင်ထံ၌ အမှုထမ်းခြင်းကို ပိုင်းခြား၍ သိစေခြင်ငှါ၊ ရှိရှက်မင်းထံ၌ ကျွန်ခံရကြမည်ဟု မိန့်တော် မူ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 12:9ခရစ်တော် မပေါ်မီ 970 ခန့်
အဲဂုတ္တုရှင်ဘုရင် ရှိရှက်သည် ယေရုရှလင်မြို့သို့ ရောက်၍၊ ဗိမာန်တော်ဘဏ္ဍနှင့် နန်းတော်ဘဏ္ဍာရှိသမျှ ကို သိမ်းသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကို လည်း ယူသွား၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 12:10ခရစ်တော် မပေါ်မီ 970 ခန့်
ရောဗောင်မင်းကြီးသည် ရွှေဒိုင်းအစား၊ ကြေးဝါ ဒိုင်းတို့ကိုလုပ်၍၊ နန်းတော်တံခါးစောင့်၊ ကိုယ်ရံတော်မှူး၌ အပ်လေ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 12:11ခရစ်တော် မပေါ်မီ 970 ခန့်
ရှင်ဘုရင်သည် ဗိမာန်တော်သို့ သွားသောအခါ၊ ကိုယ်ရံတော်သားတို့သည် ဒိုင်းတို့ကိုဆောင်၍၊ နောက် တဖန်မိမိတို့စောင့်ရာ အခန်းမှာ ပြန်ထားကြ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 12:12ခရစ်တော် မပေါ်မီ 970 ခန့်
ထိုသို့ရှင်ဘုရင်သည် ကိုယ်ကို နှိမ့်ချသောအခါ၊ ထာဝရဘုရားသည် သူ့ကို ရှင်းရှင်းမဖျက်ဆီးမည် အကြောင်း၊ အမျက်တော်ကို လွှဲတော်မူ၏။ ယုဒပြည်၌ လည်း၊ ပြည်မှုပြည်ရေးသာယာသဖြင့်၊
- ရာဇဝင်ချုပ်ဒုတိယစောင် 12:13ခရစ်တော် မပေါ်မီ 975 ခန့်
ရောဗောင်မင်းကြီးသည် ယေရုရှလင်မြို့၌ ကိုယ်ကိုခိုင်ခံ့စေ၍ စိုးစံသော သေး၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 12:14ခရစ်တော် မပေါ်မီ 975 ခန့်
ထာဝရဘုရားကို ရှာလိုသောငှါ၊ မိမိသဘော မချသောကြောင့်၊ ဒုစရိုက်အမှုကိုပြု၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 12:15ခရစ်တော် မပေါ်မီ 975 ခန့်
ရောဗောင်ပြုမူသော အမှုအရာအစအဆုံးတို့ သည်၊ ပရောဖက်ရှေမာယ၏ကျမ်းနှင့်၊ ပရောဖက်ဣဒ္ဒေါ စီရင်သော သားစဉ်မြေးဆက်စာရင်း၌ ရေးထားလျက် ရှိ၏။ ရောဗောင်နှင့် ယေရောဗောင်တို့သည်၊ အသက် ရှည်သမျှကာလပတ်လုံး ရန်ဘက်ပြုကြ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 12:16ခရစ်တော် မပေါ်မီ 975 ခန့်
ရောဗောင်သည်လည်း၊ ဘိုးဘေးတို့နှင့် အိပ် ပျော်၍၊ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော် အဘိယသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ ရောဗောင်သည် နန်းထိုက်သောအခါ၊ အသက် လေးဆယ်တနှစ်ရှိ၏။ ထာဝရဘုရားသည် နာမတော် တည်စေရာဘို့၊ ဣသရေလခရိုင်များတို့အထဲက ရွေး ကောက်သောယေရုရှလင်မြို့၌၊ ဆယ်ခုနစ်နှစ်စိုးစံလေ ၏။ မယ်တော်ကားအမ္မန်အမျိုးသား၊ နေမအမည်ရှိ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 13:1ခရစ်တော် မပေါ်မီ 958 ခန့်
ယေရောဗောင်မင်းကြီး နန်းစံဆယ်နှစ်နှစ်တွင် အဘိယသည် ယေရုရှလင်မြို့၌မင်းပြု၍၊
- ရာဇဝင်ချုပ်ဒုတိယစောင် 13:2ခရစ်တော် မပေါ်မီ 958 ခန့်
ယုဒပြည်ကို သုံးနှစ်စိုးစံ၏။ မယ်တော်ကား၊ ဂိဗာမြို့သားဩရေလ၏ သမီးမာခါအမည်ရှိ၏။ အဘိယနှင့် ယေရောဗောင်တို့သည် စစ်တိုက် သောအကြောင်းအရာဟူမူကား၊
- ရာဇဝင်ချုပ်ဒုတိယစောင် 13:3ခရစ်တော် မပေါ်မီ 958 ခန့်
အဘိယသည် ရွေးချယ်သော စစ်သူရဲကောင်း လေးသိန်းနှင့် စစ်ခင်းကျင်၏။ ယေရောဗောင်သည် ရွေးချယ်သောစစ်သူရဲကောင်းရှစ်သိန်းနှင့် စစ်ခင်း ကျင်း၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 13:4ခရစ်တော် မပေါ်မီ 958 ခန့်
အဘိယသည် ဧဖရိမ်ခရိုင်၊ ဇေမရိမ်တောင် ပေါ်မှာ ရပ်လျက်၊ အိုယေရောဗောင်နှင့် ဣသရေလလူ အပေါင်းတို့၊ နားထောင်ကြလော့။
- ရာဇဝင်ချုပ်ဒုတိယစောင် 13:5ခရစ်တော် မပေါ်မီ 958 ခန့်
ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား သည် ဆားနှင့် ယှဉ်သောပဋိညာဉ်အားဖြင့်၊ ဣသရေလ နိုင်ငံကို ဒါဝိဒ်နှင့်သားတော် မြေးတော်တို့၌အစဉ် အိပ်တော်မူကြောင်းကို၊ သင်တို့သိမှတ်သင့်သည် မဟုတ်လော။
- ရာဇဝင်ချုပ်ဒုတိယစောင် 13:6ခရစ်တော် မပေါ်မီ 958 ခန့်
သို့ရာတွင်၊ ဒါဝိဒ်သားတော်ရှောလမုန်၏ ကျွန်နေဗတ်သားယေ ရောဗောင်သည်၊ မိမိအရှင်ကို တဘက်ထ၍ပုန်ကန်လေပြီ။
- ရာဇဝင်ချုပ်ဒုတိယစောင် 13:7ခရစ်တော် မပေါ်မီ 958 ခန့်
ရှောလမုန်သားရောဗောင်သည် အသက်ငယ်၍ သဘောနူးညံ့သောကြောင့်၊ မဆီးတားနိုင်သောအခါ၊ လှပ်ပေါ်သောသူ၊ အစမ္မလူတို့သည် ယေရောဗောင်ထံမှာ စုဝေး၍၊ ရောဗောင်မင်းတဘက်၌ ကိုယ်ကို ခိုင်ခံ့စေ ကြ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 13:8ခရစ်တော် မပေါ်မီ 958 ခန့်
ယခုလည်း သင်တို့သည် ဒါဝိဒ်၏သားမြေး၌ ရှိသော ထာဝရဘုရား၏ နိုင်ငံတော်ကို ဆီးတားမည်ဟု ကြံစည်ကြသည်တကား၊ သင်တို့သည် များပြား၍ သင်တို့ ဘုရားအရာ၌၊ ယေရောဗောင်လုပ်သော ရွှေနွားသငယ် တို့လည်းရှိကြ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 13:9ခရစ်တော် မပေါ်မီ 958 ခန့်
သင်တို့သည် ထာဝရဘုရားခန့်ထားတော်မူ သော ယဇ်ပုရောဟိတ်၊ အာရုန်အမျိုးနှင့် လေဝိအမျိုးသား တို့ကိုနှင်ထုတ်၍၊ တပါးအမျိုးသားထုံးစံအတိုင်း၊ ကိုယ်အဘို့ ယဇ်ပူရောဟိတ်တို့ကို လုပ်ကြပြီမဟုတ်လော။ ထိုသို့နှင့်အညီ၊ နွားသငယ်တကောင်နှင့် သိုးခုနစ်ကောင် ကို ပေး၍၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားခြင်းကို ခံသော သူမည်သည်ကား၊ ဘုရားမဟုတ်သောသူထံမှာ ယဇ်ပုရောဟိတ်ပြုရသည်တကား။
- ရာဇဝင်ချုပ်ဒုတိယစောင် 13:10ခရစ်တော် မပေါ်မီ 958 ခန့်
ငါတို့မူကား၊ ထာဝရဘုရားကိုမစွန့်။ ထိုဘုရား သည် ငါတို့၌ ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရဘုရား ၏အမှုတော်ကို ထမ်းသောယဇ်ပုရောဟိတ်တို့သည် အာရုန်အမျိုးဖြစ်ကြ၏။ လေဝိသားတို့သည်လည်း၊ မိမိတို့ အမှိုကို စောင့်နေကြ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 13:11ခရစ်တော် မပေါ်မီ 958 ခန့်
ထာဝရဘုရားရှေ့တော်၌၊ မီးရှို့ရာယဇ်နှင့် နံ့သာပေါင်းကို နံနက်တိုင်း၊ ညဦးတိုင်းမီးရှို့ကြ၏။ သန့်ရှင်းသော စားပွဲပေါ်မှာ ရှေ့တော်မုန့်ကို၎င်း၊ ညဦး တိုင်းထွန်းစရာဘို့ရွှေမီးခုံနှင့် မီးခွက်တို့ကို၎င်း ပြင်ဆင်ကြ ၏။ ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရား၏ အမှုတော်ကို စောင့်ကြ၏။ သင်တို့မူကား၊ ထာဝရဘုရား ကို စွန့်ကြပြီ။
- ရာဇဝင်ချုပ်ဒုတိယစောင် 13:12ခရစ်တော် မပေါ်မီ 958 ခန့်
ဘုရားသခင် ကိုယ်တော်တိုင်သည်၊ ငါတို့တွင် ဗိုလ်မင်းဖြစ်တော်မူ၏။ ဘုရားသခင်၏ ယဇ်ပုရောဟိတ် တို့သည်လည်း၊ တံပိုးမှုတ်လျက် သင်တို့တဘက်၌ နှိုးဆော် ခြင်းငှါ၊ ငါတို့တွင်ရှိကြ၏။ အိုဣသရေလအမျိုးသားတို့၊ ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားတဘက်၌ မတိုက်ကြနှင့်။ တိုက်လျှင်ရှုံးရကြလိမ့်မည်ဟု ပြောဆို၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 13:13ခရစ်တော် မပေါ်မီ 958 ခန့်
ယေရောဗောင်သည် ယုဒလူတို့နောက်၌ မထင် မရှားတပ်ချီစေ၍၊ ကိုယ်တိုင်တဘက်၊ ချောင်းနေသောသူတဘက်၊ ယုဒတပ်ကိုဝိုင်းကြ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 13:14ခရစ်တော် မပေါ်မီ 958 ခန့်
ယုဒလူတို့သည် ပြန်ကြည့်သောအခါ၊ စစ်မှုဝိုင်း မိသည်ကိုမြင်လျှင်၊ ထာဝရဘုရားအားဟစ်ခေါ်၍၊ ယဇ် ပုရောဟိတ်တို့သည်လည်း တံပိုးမှုတ်ကြ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 13:15ခရစ်တော် မပေါ်မီ 958 ခန့်
တဖန်ယုဒလူတို့သည် ကြွေးကြော်သောအခါ၊ ဘုရားသခင်သည် ယေရောဗောင်ကို အဘိယနှင့် ယုဒလူတို့ ရှေ့မှာ ဒဏ်ခတ်တော်မူသဖြင့်၊
- ရာဇဝင်ချုပ်ဒုတိယစောင် 13:16ခရစ်တော် မပေါ်မီ 958 ခန့်
ဣသရေလအမျိုးသားတို့သည် ပြေး၍၊ သူတို့ကို ယုဒလူတို့လက်သို့ ဘုရားသခင်အပ်တော်မူ၏။