အကြောင်းအရာသို့ ကျော်သွားရန်

circa 930–586 BC

The Divided Kingdom

The kingdom splits into Israel and Judah; prophets warn of judgment as both nations slowly drift into idolatry and exile.

1,722 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှေးကာလ၌ ထွက်သောသူ၊ ဝင်သောသူသည် ချမ်းသာမရ။ အတိုင်းတိုင်းအပြည်ပြည်သားအပေါင်း တို့သည် အလွန်ဆင်းရဲခြင်းကို ခံရကြ၏။

  2. တနိုင်ငံနှင့်တနိုင်ငံ၊ တမြို့နှင့်တမြို့ထကြ၍၊ ဘေး အမျိုးမျိုးအားဖြင့်၊ ဘုရားသခင်ဆုံးမတော်မူ၏။

  3. သင်တို့မူကား အားယူကြလော့။ လက်အား မလျော့စေနှင့်။ သင်တို့ကျင့်သည် အတိုင်းအကျိုးကို ခံရကြမည်ဟာ မြွတ်ဆို၏။

  4. ထိုစကားနှင့် ပရောဖက်ဩဒက်၏ အနာဂတ္တိ စကားကို အာသမင်းသည် ကြားသောအခါ၊ ရဲရင့်ခြင်းသို့ ရောက်၍၊ ယုဒပြည်နှင့် ဗင်္ယာမိန်ပြည်အရပ်ရပ်တို့၌၎င်း၊ ဧဖရိမ်တောင်ပေါ်မှာ တိုက်ယူသော မြို့တို့၌၎င်း၊ စက် ဆုပ်ဘွယ်သောအရာရှိသမျှတို့ကို ပယ်ရှား၍၊ ဗိမာန်တော် ဦးရှေ့တွင်ရှိသော ထာဝရဘုရား၏ ယဇ်ပလ္လင်ကို ပြုပြင် လေ၏။

  5. ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသားအပေါင်းတို့ကို၎င်း၊ ဧဖရိမ်ခရိုင်၊ မနာရှေခရိုင်၊ ရှိမောင်ခရိုင်ထဲက ထွက်သော တပါးအမျိုးသားတို့ကို၎င်း စုဝေးစေ၏။ အာသမင်၏ ဘုရားသခင်ထာဝရဘုရားသည်၊ သူနှင့် အတူ ရှိတော်မူကြောင်းကို၊ ဣသရေလအမျိုးသား အများတို့သည် သိမြင်လျှင်၊ ထိုမင်းဘက်သို့ ဝင်စားကြ၏။

  6. အာသမင်းနန်းစံဆယ်ငါနှစ်၊ တတိယလတွင် ယေရုရှလင်မြို့၌ စုဝေး၍၊

  7. ဆောင်ခဲ့သော လက်ရဥစ္စာထဲကနွားခုနစ်ရာ၊ သိုးခုနစ်ထောင်တို့ကို ထာဝရဘုရားအား ပူဇော်ကြ၏။

  8. ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာပါမည်ဟူ၍၎င်း၊

  9. ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား ကို မရှာသောသူ၊ ယောက်ျားမိန်းမ အကြီးအငယ် မည်သည်ကား၊ အသေသတ်ခြင်းကို ခံရမည်ဟူ၍၎င်း၊

  10. ကြွေးကြော်သံ၊ တံပိုးနှဲခရာမှုတ်သံနှင့်တကွ၊ ကြီးသောအသံဗလံပြုလျက်၊ ထာဝရဘုရားအား ကျိန်ဆို ၍ ဝန်ခံခြင်းပဋိညာဉ်ဖွဲ့ကြ၏။

  11. ယုဒလူအပေါင်းသည် ထိုသို့ကျိန်ဆိုခြင်းကို ပြုသောအခါ ဝမ်းမြောက်ကြ၏။ အကြောင်းမူကား၊ စိတ်နှလုံးအကြွင်းမဲ့ကျိန်ဆို၍၊ အလိုဆန္ဒအားကြီးသည်နှင့်၊ ထာဝရဘုရားကိုရှာသောကြောင့် အတွေ့ခံတော်မူ၏။ အရပ်ရပ်၌ငြိမ်သက်ခြင်းအခွင့်ကို ပေးတော်မူ၏။

  12. အာသမင်းကြီး၏ အဘွားတော်မာခါသည်၊ အာရှရပင်အောက်မှာ ရုပ်တုကိုလုပ်သောကြောင့်၊မိဖုရား အရာကိုနှုတ်၍၊ ရုပ်တုကိုဖျက်ဆီးကျော်နင်းပြီးလျှင်၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ၏။

  13. မြင့်သောအရပ်တို့ကို ဣသရေလပြည်၌ မပယ် ရှားသော်လည်း၊ လက်ထက်တော်ကာလပတ်လုံး အာသ စိတ်နှလုံးသည် စုံလင်ခြင်းရှိ၏။

  14. ခမည်းတော်လှူသောဥစ္စာ၊ ကိုယ်တိုင်လှူသော ဥစ္စာ၊ ရွှေ၊ ငွေတန်ဆာများကို ဗိမာန်တော်ထဲသို့ သွင်းထား တော်မူ၏။

  15. ရာဇဝင်ချုပ်ဒုတိယစောင် 15:19ခရစ်တော် မပေါ်မီ 941 ခန့်

    နောက်တဖန်နန်းစံ သုံးဆယ်ငါးနှစ်တိုင်အောင် စစ်တိုက်ခြင်းမရှိ။

  16. ရာဇဝင်ချုပ်ဒုတိယစောင် 16:1ခရစ်တော် မပေါ်မီ 930 ခန့်

    အာသမင်းနန်းစံသုံးဆယ်ခြောက်နှစ်တွင်၊ ဣသ ရေလရှင်ဘုရင်ဗာရှာသည် ယုဒပြည်သို့ စစ်ချီ၍၊ ယုဒ ရှင်ဘုရင် အာသထံသို့ အဘယ်သူမျှ မထွက်မဝင်စေခြင်း ငှါ၊ ရာမမြို့ကိုတည်၏။

  17. ရာဇဝင်ချုပ်ဒုတိယစောင် 16:2ခရစ်တော် မပေါ်မီ 930 ခန့်

    ထိုအခါ ဗိမာန်တော် ဘဏ္ဍာနှင့်နန်းတော် ဘဏ္ဍာတည်းဟူသော ရွှေငွေရှိသမျှကို၊ အာသသည် ထုတ်၍၊ ဒမာသက်မြို့၌နေသော ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ် ထံသို့ပေးလိုက်၍၊

  18. ရာဇဝင်ချုပ်ဒုတိယစောင် 16:3ခရစ်တော် မပေါ်မီ 930 ခန့်

    ငါသည်သင်နှင့်၎င်း၊ ငါ့ခမည်းတော်သည် သင့် ခမည်းတော်နှင့်၎င်း၊ မိဿဟာယဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေငွေကို ငါပေးလိုက်၏။ ဣသရေ လရှင်ဘုရင်ဗာရှာ သည် ငါ့ထံမှထွက်သွားစေခြင်းငှါ၊ သူနှင့်ဖွဲ့သော မိဿ ဟာယကို ဖျက်၍လာပါဟု မှာလိုက်လေ၏။

  19. ရာဇဝင်ချုပ်ဒုတိယစောင် 16:4ခရစ်တော် မပေါ်မီ 930 ခန့်

    အာသမင်းကြီး၏ စကားကို ဗဟာဒဒ်သည် နားထောင်၍၊ ဣသရေလမြို့ရွာတို့ကို စစ်ချီစေခြင်းငှါ၊ မိမိဗိုလ်များကို စေလွှတ်သဖြင့်၊ သူတို့သည်ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလမိမ်မြို့မှစ၍၊ နဿလိပြည်၌ရှိသမျှ သော ဘဏ္ဍာမြို့တို့ကို လုပ်ကြံကြ၏။

  20. ရာဇဝင်ချုပ်ဒုတိယစောင် 16:5ခရစ်တော် မပေါ်မီ 930 ခန့်

    ထိုသိတင်းကို ဗာရှာသည်ကြားသောအခါ၊ ရာမမြို့ကို လက်စမသတ်ဘဲ အလုပ်ကိုဖြတ်၍နေ၏။

  21. ရာဇဝင်ချုပ်ဒုတိယစောင် 16:6ခရစ်တော် မပေါ်မီ 930 ခန့်

    ထိုအခါအာသမင်းကြီးသည် ယုဒလူအပေါင်းကို ခေါ်သဖြင့်၊ ရာမမြို့၌ ဗာရှာမင်းသွင်းသောကျောက်နှင့် သစ်သားကိုယူသွား၍၊ ဂေဘမြို့နှင့်မိဇပါမြို့ကိုတည်၏။

  22. ရာဇဝင်ချုပ်ဒုတိယစောင် 16:7ခရစ်တော် မပေါ်မီ 930 ခန့်

    ထိုအခါ ပရောဖက်ဟာနန်သည် ယုဒရှင်ဘုရင် အာသထံသို့လာ၍၊ မင်းကြီးသည် မိမိဘုရားသခင် ထာဝရဘုရားကို မခိုလှုံ၊ ရှုရိရှင်ဘုရင်ကို ခိုလှုံသော ကြောင့်၊ ရှုရိရှင်ဘုရင်၏ ဗိုလ်ခြေတို့သည် မင်းကြီး လက်မှ လွတ်သွားကြပြီ။

  23. ရာဇဝင်ချုပ်ဒုတိယစောင် 16:8ခရစ်တော် မပေါ်မီ 930 ခန့်

    ကုရှလူနှင့်လိဗုလူတို့သည် ရထားများ၊ မြင်းစီး သူရဲများနှင့်တကွ၊ အားကြီးသော အလုံးအရင်ဖြစ်သည် မဟုတ်လော။ သို့သော်လည်း မင်းကြီးသည် ထာဝရ ဘုရားကို ခိုလှုံသောကြောင့်၊ ထိုအလုံးအရင်းကို မင်းကြီး လက်သို့ အပ်နှံတော်မူပြီ။

  24. ရာဇဝင်ချုပ်ဒုတိယစောင် 16:9ခရစ်တော် မပေါ်မီ 930 ခန့်

    ထာဝရဘုရားသည် စုံလင်သော စေတနာစိတ် ရှိသောသူတို့ဘက်၌၊ ခိုင်ခံ့စွာ နေခြင်းငှါ၊ မြေကြီးတပြင် လုံးကို အနှံ့အပြားကြည့်ရှုလျက် ရှိတော်မူ၏။ ဤအမှု၌ မင်းကြီးသည် မိုက်စွာပြုပြီ။ ယခုမှစ၍ စစ်မှုရှိလိမ့်မည်ဟု ဆို၏။

  25. ရာဇဝင်ချုပ်ဒုတိယစောင် 16:10ခရစ်တော် မပေါ်မီ 930 ခန့်

    ထိုသို့ဆိုသောကြောင့်၊ အာသသည် ပရောဖက် ကို အမျက်ထွက်၍ ထောင်ထဲမှာ လှောင်ထား၏။ ထိုကာလ၌ ပြည်သူပြည်သားအချို့တို့ကိုလည်း ညှဉ်းဆဲ ၏။