အကြောင်းအရာသို့ ကျော်သွားရန်

circa 930–586 BC

The Divided Kingdom

The kingdom splits into Israel and Judah; prophets warn of judgment as both nations slowly drift into idolatry and exile.

1,722 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရာဇဝင်ချုပ်ဒုတိယစောင် 16:11ခရစ်တော် မပေါ်မီ 955 ခန့်

    အာသမင်းပြုမူသော အမှုအရာအစအဆုံးတို့ သည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထား လျက်ရှိ၏။

  2. ရာဇဝင်ချုပ်ဒုတိယစောင် 16:12ခရစ်တော် မပေါ်မီ 916 ခန့်

    နန်းစံသုံးဆယ်ကိုးနှစ်တွင်၊ ခြေတော်၌ အနာ ရောဂါစွဲ၍ ပြင်းစွာ ခံရသော်လည်း၊ ထာဝရဘုရားကို မဆည်းကပ်၊ ဆေးသမားတို့ကိုသာ ဆည်းကပ်လေ၏။

  3. ရာဇဝင်ချုပ်ဒုတိယစောင် 16:13ခရစ်တော် မပေါ်မီ 914 ခန့်

    အာသသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ နန်းစံ လေးဆယ်တနှစ်တွင် အနိစ္စရောက်သဖြင့်၊

  4. ရာဇဝင်ချုပ်ဒုတိယစောင် 16:14ခရစ်တော် မပေါ်မီ 914 ခန့်

    ဒါဝိဒ်မြို့မှာ မိမိအဘို့ မိမိလုပ်နှင့်သော သင်္ချိုင်း ၌၊ ပြည်သားတို့သည် သင်္ဂြိုဟ်သောအခါ၊ မွှေးကြိုင်သော နံ့သာမျိုးတို့ကို၊ ဆေးသမားအတတ်ဖြင့်ဘော်၍၊ တလား၌ အပြည့်ထည့်ပြီးလျှင်၊ အလောင်းတော်ကို တင်ထားကြ၏။ အလွန်ကြီးသောမီးရှို့ပွဲကိုလည်း ခံကြ၏။

  5. အာသသားယောရှဖတ်သည် ခမည်းတော် အရာ၌ နန်းထိုင်၍၊ ဣသရေလနိုင်ငံတဘက် မိမိကို ခိုင်ခံ့စေ၏။

  6. ယုဒပြည်တွင်၊ ခိုင်ခံ့သောမြို့ရှိသမျှတို့၌၊ တပ် သားများကိုထား၏။ ယုဒပြည်အရပ်ရပ်တို့၌၎င်း၊ ဧဖရိမ် ပြည်မှာ ခမည်းတော် အာသတိုက်ယူ သော မြို့တို့၌၎င်း၊ မြို့စောင့်တပ်ကို အသီးအသီးခန့်ထား၏။

  7. ခမည်းတော်သည် အရင်လိုက်သောလမ်းသို့၊ ယောရှဖတ်လိုက်လျက်၊

  8. ဗာလဘုရားတို့ကို မဆည်းကပ်၊ ခမည်းတော်၏ ဘုရားသခင်ကိုသာ ဆည်းကပ်သဖြင့်၊ ဣသရေလအမျိုး ၏ ထုံးစံကိုရှောင်၍၊ ပညတ်တရားတော်ကို ကျင့်သော ကြောင့်၊ ထာဝရဘုရားသည် စောင့်မ၍၊

  9. ရာဇဝင်ချုပ်ဒုတိယစောင် 17:5ခရစ်တော် မပေါ်မီ 913 ခန့်

    နိုင်ငံတော်ကိုယောရှဖတ်လက်၌ တည်စေတော် မူသဖြင့်၊ ယုဒပြည်သားအပေါင်းတို့သည် လက်ဆောင် များကို ဆောင်ခဲ့ကြ၏။

  10. ရာဇဝင်ချုပ်ဒုတိယစောင် 17:6ခရစ်တော် မပေါ်မီ 913 ခန့်

    ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာများသော်လည်း၊ ထာဝရဘုရား၏ တရားလမ်းတို့၌ စိတ်စွဲလမ်း၍၊ မြင့် သောအရပ်နှင့် အာရှရပင်တို့ကို ယုဒပြည်မှ ပယ်ရှား တော်မူ၏။

  11. ရာဇဝင်ချုပ်ဒုတိယစောင် 17:7ခရစ်တော် မပေါ်မီ 912 ခန့်

    နန်းစံသုံးနှစ်တွင်၊ ယုဒမြို့ အရပ်ရပ်၌ သွန်သင် စေခြင်းငှါ၊ မှူးမတ် ဗင်ဟဲလ၊ ဩဗဒိ၊ ဇာခရိ၊ နာသနေလ၊ မိက္ခာယတို့ကို၎င်း၊

  12. ရာဇဝင်ချုပ်ဒုတိယစောင် 17:8ခရစ်တော် မပေါ်မီ 912 ခန့်

    လေဝိသားရှေမာယ၊ နေသနိ၊ ဇေဗဒိ၊ အာသ ဟေလ၊ ရှေမိရမုတ်၊ ယောနသန်၊ အဒေါနိယ၊ တောဘိယ၊ တောဘ၊ ဒေါနိယတို့ကို၎င်း၊ ယဇ်ပုရောဟိတ်ဧလိ ရှမာနှင့် ယောရံကို၎င်း၊ စေလွှတ်တော်မူ၏။

  13. ရာဇဝင်ချုပ်ဒုတိယစောင် 17:9ခရစ်တော် မပေါ်မီ 912 ခန့်

    ထိုသူတို့သည် ယုဒပြည်၌ဩဝါဒပေး၍၊ ထာဝရ ဘုရား၏ ပညတ္တိကျမ်းပါလျက်၊ ယုဒမြို့အရပ်ရပ်တို့တွင်၊ လှည့်လည်သဖြင့်၊ ပြည်သားတို့ကို သွန်သင်ကြ၏။

  14. ရာဇဝင်ချုပ်ဒုတိယစောင် 17:10ခရစ်တော် မပေါ်မီ 912 ခန့်

    ယုဒပြည် ပတ်ဝန်းကျင်တိုင်းနိုင်ငံရှိသမျှတို့ သည်၊ ထာဝရဘုရားကို ကြောက်ရွံ့၍၊ ယောရှဖတ်ကို စစ်မတိုက်ဝံ့ဘဲ နေကြ၏။

  15. ရာဇဝင်ချုပ်ဒုတိယစောင် 17:11ခရစ်တော် မပေါ်မီ 912 ခန့်

    ဖိလိတ္တိလူတို့သည် လက်ဆောင်နှင့် အခွန်ငွေကို၎င်း၊ အာရပ်လူတို့သည် သိုးခုနစ်ထောင်ခုနစ်ရာနှင့် ဆိတ်ခုနစ်ထောင်ခုနစ်ရာကို၎င်း ဆောင်ခဲ့ကြ၏။

  16. ရာဇဝင်ချုပ်ဒုတိယစောင် 17:12ခရစ်တော် မပေါ်မီ 912 ခန့်

    ယောရှဖတ်သည် အလွန်ခွန်အားတိုးပွား၍၊ ယုဒပြည်၌ရဲတိုက်နှင့် ဘဏ္ဍာတော်မြို့တို့ကို တည်တော် မူ၏။

  17. ရာဇဝင်ချုပ်ဒုတိယစောင် 17:13ခရစ်တော် မပေါ်မီ 912 ခန့်

    ယုဒမြို့တို့၌ အမှုအရေးတော်များ၏။ ခွန်အား ကြီးသော စစ်သူရဲတို့သည် ယေရုရှလင်မြို့၌ ရှိကြ၏။

  18. ရာဇဝင်ချုပ်ဒုတိယစောင် 17:14ခရစ်တော် မပေါ်မီ 912 ခန့်

    စစ်သူရဲအဆွေအမျိုး အလိုက်ယူသော စာရင်း ဟူမူကား၊ ယုဒအမျိုး ဗိုလ်ချုပ်မင်းအာဒနနှင့် ခွန်အား ကြီးသော စစ်သူရဲသုံးသိန်း၊

  19. ရာဇဝင်ချုပ်ဒုတိယစောင် 17:15ခရစ်တော် မပေါ်မီ 912 ခန့်

    စစ်ကဲယောဟနန်နှင့်ခွန်အားကြီးသော စစ်သူရဲ နှစ်သိန်းရှစ်သောင်း၊

  20. ရာဇဝင်ချုပ်ဒုတိယစောင် 17:16ခရစ်တော် မပေါ်မီ 912 ခန့်

    စေတနာစိတ်နှင့်ကိုယ်ကို ထာဝရဘုရားအား ပူဇော်သော ဇိခရိသားအာမသိနှင့် ခွန်အားကြီးသော စစ်သူရဲနှစ်သိန်း၊

  21. ရာဇဝင်ချုပ်ဒုတိယစောင် 17:17ခရစ်တော် မပေါ်မီ 912 ခန့်

    ဗင်္ယာမိန်အမျိုး ခွန်အားကြီးသော ဧလျာဒနှင့် လေး၊ ဒိုင်းလွှားကို ကိုင်သောသူနှစ်သိန်း၊

  22. ရာဇဝင်ချုပ်ဒုတိယစောင် 17:18ခရစ်တော် မပေါ်မီ 912 ခန့်

    သူ့နောက်ယောဇဗဒ်နှင့် စစ်တိုက်ခြင်းငှါ၊ အသင့် ရှိသောသူ တသိန်းရှစ်သောင်းတည်း။

  23. ရာဇဝင်ချုပ်ဒုတိယစောင် 17:19ခရစ်တော် မပေါ်မီ 912 ခန့်

    ယုဒပြည်အရပ်ရပ်၊ ခိုင်ခံ့သောမြို့တို့၌ ရှင်ဘုရင် ထားသောသူရဲမှတပါး၊ အထက်ဆိုခဲ့ပြီးသော သူတို့သည် အမှုတော်ကို ထမ်းလျက်နေကြ၏။

  24. ရာဇဝင်ချုပ်ဒုတိယစောင် 18:1ခရစ်တော် မပေါ်မီ 897 ခန့်

    ယောရှဖတ်မင်းသည် ဂုဏ်အသရေနှင့် စည်းစိမ် ဥစ္စာများ၍၊ အာဟပ်မင်းနှင့် အမျိုးဆက်လေ၏။

  25. ရာဇဝင်ချုပ်ဒုတိယစောင် 18:2ခရစ်တော် မပေါ်မီ 897 ခန့်

    နောက်တဖန်ရှမာရိမြို့၊ အာဟပ်မင်းထံသို့ ကိုယ်တိုင်သွား၍၊ ဣသရေလရှင်ဘုရင်အာဟပ်သည် ယုဒရှင်ဘုရင်ယောရှဖတ်နှင့်၊ သူ၏လူတို့အဘို့ များစွာ သော သိုးနွားတို့ကိုစီရင်၍၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ လိုက်စေခြင်းငှါ၊