- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1446 BC
Sinai & The Law
God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.
ဤကာလမှ အခန်းငယ်များ
- ဝတ်ပြုရာကျမ်း 11:1ခရစ်တော် မပေါ်မီ 1490 ခန့်
တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့ကို ခေါ်တော်မူ၍၊-
- ဝတ်ပြုရာကျမ်း 11:2ခရစ်တော် မပေါ်မီ 1490 ခန့်
သင်တို့သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ မြေကြီးပေါ်မှာရှိသော သားတကာ တို့တွင်၊ -
- ဝတ်ပြုရာကျမ်း 11:3ခရစ်တော် မပေါ်မီ 1490 ခန့်
ခွါကွဲပြား၍ စားမြုံ့ပြန်သော သားများကို သင်တို့သည် စားရသော အခွင့်ရှိ၏။
- ဝတ်ပြုရာကျမ်း 11:4ခရစ်တော် မပေါ်မီ 1490 ခန့်
သို့သော်လည်း၊ စားမြုံ့ပြန်သောသား၊ ခွါကွဲပြားသော သားတို့တွင် မစားရသော သားဟူမူကား၊ ကုလားအုပ်သည် စားမြုံ့ပြန်သော်လည်း ခွါမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။
- ဝတ်ပြုရာကျမ်း 11:5ခရစ်တော် မပေါ်မီ 1490 ခန့်
ရှာဖန်သည် စားမြုံ့ပြန်သော်လည်း၊ ခွါမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။
- ဝတ်ပြုရာကျမ်း 11:6ခရစ်တော် မပေါ်မီ 1490 ခန့်
အာရနဘက်သည် စားမြုံ့ပြန်သော်လည်း ခွါမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။
- ဝတ်ပြုရာကျမ်း 11:7ခရစ်တော် မပေါ်မီ 1490 ခန့်
ဝက်သည် ခွါကွဲပြားသော်လည်း၊ စားမြုံ့မပြန်သောကြောင့် သင်တို့၌ မစင်ကြယ်။
- ဝတ်ပြုရာကျမ်း 11:8ခရစ်တော် မပေါ်မီ 1490 ခန့်
ထိုသို့သော တိရစ္ဆာန်အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။ မစင်ကြယ်ဟု သင်တို့ မှတ်ရကြမည်။
- ဝတ်ပြုရာကျမ်း 11:9ခရစ်တော် မပေါ်မီ 1490 ခန့်
ပင်လယ်ရေ၊ မြစ်ရေ အစရှိသော ရေ၌နေသော တိရစ္ဆာန်တကာတို့တွင်၊ အယပ်နှင့် အကြေးရှိ သော တိရစ္ဆာန်ကိုသာ စားရမည်။
- ဝတ်ပြုရာကျမ်း 11:10ခရစ်တော် မပေါ်မီ 1490 ခန့်
အယပ်နှင့် အကြေးမရှိ၊ ပင်လယ်ရေ၊ မြစ်ရေအစရှိသော ရေ၌ လှုပ်ရှားလျက် အသက်ရှင်လျက် နေသော တိရစ္ဆာန်ရှိသမျှတို့သည် သင်တို့၌ ရွံရှာဘွယ် ဖြစ်ရကြမည်။
- ဝတ်ပြုရာကျမ်း 11:11ခရစ်တော် မပေါ်မီ 1490 ခန့်
အယပ်အကြေးနှင့် မပြည့်စုံသော ရေတိရစ္ဆာန်အသားကို သင်တို့သည် မစားရ။
- ဝတ်ပြုရာကျမ်း 11:12ခရစ်တော် မပေါ်မီ 1490 ခန့်
သူတို့ အသေကောင်ကိုလည်း ရွံ့ရှာရကြမည်။
- ဝတ်ပြုရာကျမ်း 11:13ခရစ်တော် မပေါ်မီ 1490 ခန့်
သင်တို့သည် ရွံ့ရှာဘွယ်မှတ်၍ မစားရသော ငှက်မျိုးဟူမူကား၊ ရွှေလင်းတ၊ ပင်လယ်လင်းတ၊ လင်းယုန်၊-
- ဝတ်ပြုရာကျမ်း 11:14ခရစ်တော် မပေါ်မီ 1490 ခန့်
ဒါဟ၊ စွန်မျိုး၊
- ဝတ်ပြုရာကျမ်း 11:15ခရစ်တော် မပေါ်မီ 1490 ခန့်
ကျီးမျိုးရှိသမျှ
- ဝတ်ပြုရာကျမ်း 11:16ခရစ်တော် မပေါ်မီ 1490 ခန့်
ကုလားအုပ်ငှက်၊ ငှက်ဆိုး၊ ဥဗျိုင်း၊
- ဝတ်ပြုရာကျမ်း 11:17ခရစ်တော် မပေါ်မီ 1490 ခန့်
သိမ်းမျိုး၊ ဇီးကွက်၊
- ဝတ်ပြုရာကျမ်း 11:18ခရစ်တော် မပေါ်မီ 1490 ခန့်
ကြိုးကြာ၊ ဣဗိတ်၊ ငှက်
- ဝတ်ပြုရာကျမ်း 11:19ခရစ်တော် မပေါ်မီ 1490 ခန့်
ကျား၊ ဝံပို၊ ဝံလို၊-တောငန်း၊ ဒုံးစပ်မျိုး၊ ဒုံးကုလား၊ လင်းနို့မှစ၍၊-
- ဝတ်ပြုရာကျမ်း 11:20ခရစ်တော် မပေါ်မီ 1490 ခန့်
အတောင်ရှိလျက် ခြေလေးချောင်းနှင့် တွားတတ်သော တိရစ္ဆာန်မျိုးရှိသမျှတို့သည် သင်တို့၌ ရွံရှာ ဘွယ်ဖြစ်ရကြမည်။
- ဝတ်ပြုရာကျမ်း 11:21ခရစ်တော် မပေါ်မီ 1490 ခန့်
သို့ရာတွင် အတောင်ရှိလျက် ခြေလေးချောင်းနှင့် တွားတတ်၍၊ မြေပေါ်မှာ ခုန်စရာဘို့ အခြားခြေ ထက်ရှည်သော ခြေထောက်ရှိသော တိရစ္ဆာန်တို့တွင်၊-
- ဝတ်ပြုရာကျမ်း 11:22ခရစ်တော် မပေါ်မီ 1490 ခန့်
အာရာဘကျိုင်းမျိုး၊ သလောင်ကျိုင်းမျိုး၊ ခရဂလကျိုင်းမျိုး၊ ခါဂပ်ကျိုင်းမျိုးကို စားရမည်။
- ဝတ်ပြုရာကျမ်း 11:23ခရစ်တော် မပေါ်မီ 1490 ခန့်
အတောင်ရှိ၍ ခြေလေးချောင်းနှင့် တွားတတ်သော အခြားတိရစ္ဆာန်တို့သည် သင်တို့၌ ရွံရှာဘွယ် ဖြစ်ရကြမည်။
- ဝတ်ပြုရာကျမ်း 11:24ခရစ်တော် မပေါ်မီ 1490 ခန့်
ထိုတိရစ္ဆာန်အားဖြင့် သင်တို့ စင်ကြယ်ခြင်း ပျက်တတ်၏။ သူတို့အသေကောင်ကို ထိသောသူသည်၊ ညဦးတိုင်အောင် မစင်ကြယ်။
- ဝတ်ပြုရာကျမ်း 11:25ခရစ်တော် မပေါ်မီ 1490 ခန့်
ထိုအသေကောင်ကို ဆောင်သွားသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ ညဦးတိုင်အောင်လည်း မစင်ကြယ်။