အကြောင်းအရာသို့ ကျော်သွားရန်

circa 1446 BC

Sinai & The Law

God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.

1,657 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဝတ်ပြုရာကျမ်း 8:31ခရစ်တော် မပေါ်မီ 1490 ခန့်

    မောရှေသည်၊ အာရုန်နှင့် သူ၏သားတို့အားလည်း၊ ထိုသိုး၏ အသားကို ပရိသတ်စည်းဝေးရာ တဲတော် တံခါးနားမှာ ပြုတ်ကြလော့။ ထာဝရဘုရားက၊ အာရုန်နှင့် သူ၏သားတို့သည် ထိုအသားကို စားရ ကြမည်ဟု ငါ့အား မှာထားတော်မူသည်အတိုင်း၊ ထိုအသားကို၎င်း၊ အရာ၌ ခန့်ထားရာ မုန့်တောင်း ၌ရှိသောမုန့်ကို၎င်း၊ ထိုအရပ်၌ စားကြလော့။

  2. ဝတ်ပြုရာကျမ်း 8:32ခရစ်တော် မပေါ်မီ 1490 ခန့်

    ကျန်ကြွင်းသော အသားနှင့် မုန့်ကိုမီးရှို့ရမည်။

  3. ဝတ်ပြုရာကျမ်း 8:33ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်တို့ကို အရာ၌ ခန့်ထားရာ ကာလခုနစ်ရက်မစေ့မှီ ပရိတ်သတ်စည်းဝေးရာ တဲတော်တံခါးပြင် သို့ မထွက်ရကြ။ ခုနစ်ရက်ပတ်လုံး အရာ၌ ခန့်ထားခြင်း မင်္ဂလာကို ဆောင်ရကြမည်။

  4. ဝတ်ပြုရာကျမ်း 8:34ခရစ်တော် မပေါ်မီ 1490 ခန့်

    ယနေ့ပြုသည်အတိုင်း သင်တို့အဘို့ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း ထာဝရဘုရား မှာထား တော်မူပြီ။

  5. ဝတ်ပြုရာကျမ်း 8:35ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုကြောင့် သင်တို့သည် သေဘေးနှင့် ကင်းလွတ်ခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား မှာ၊ ခုနစ်ရက်ပတ်လုံး နေ့ညဉ့်မပြတ်နေ၍၊ ထာဝရဘုရား အမှုတော်ကို စောင့်ရကြမည်။ ထိုသို့ ငါ့အားမှာထားတော်မူပြီးဟု ဆင့်ဆိုသည်ဖြစ်၍၊-

  6. ဝတ်ပြုရာကျမ်း 8:36ခရစ်တော် မပေါ်မီ 1490 ခန့်

    မောရှေအားဖြင့် ထာဝရဘုရား မှာထားတော်မူသမျှအတိုင်း၊ အာရုန်နှင့် သူ၏သားတို့သည် ပြုကြ၏။

  7. ဝတ်ပြုရာကျမ်း 9:1ခရစ်တော် မပေါ်မီ 1490 ခန့်

    အဋ္ဌမနေ့၌ မောရှေသည် အာရုန်နှင့်သူ၏သားများ၊ ဣသရေလ အမျိုးအသက်ကြီးသူများတို့ကို ခေါ်၍၊

  8. ဝတ်ပြုရာကျမ်း 9:2ခရစ်တော် မပေါ်မီ 1490 ခန့်

    အာရုန်အား၊ သင်သည် အပြစ်ဖြေရာယဇ်ဘို့ အပြစ်မပါသော နွားသငယ်တကောင်၊ မီးရှို့ရာ ယဇ်ဘို့ အပြစ်မပါသော သိုးထီးတကောင်ကိုယူ၍ ထာဝရဘုရားရှေ့တော်၌ ပူဇော်လော့။

  9. ဝတ်ပြုရာကျမ်း 9:3ခရစ်တော် မပေါ်မီ 1490 ခန့်

    ဣသရေလ အမျိုးသားတို့အားလည်း သင်တို့သည် အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊ မီးရှို့ရာယဇ်ဘို့ အပြစ်မပါ အခါမလည်သော နွားသငယ်တကောင်၊ သိုးသငယ်တကောင်၊ -

  10. ဝတ်ပြုရာကျမ်း 9:4ခရစ်တော် မပေါ်မီ 1490 ခန့်

    ထာဝရဘုရားရှေ့တော်၌ ပူဇော်သော မိဿဟာယယဇ်ဘို့ နွားထီးတကောင်၊ သိုးထီးတကောင်၊ ဆီနှင့်ရောသော ဘောဇဉ်ပူဇော်သက္ကာကို ယူကြလော့။ ယနေ့ထာဝရဘုရားသည် သင်တို့အား ထင်ရှားတော်မူမည်ကို ပြောလော့ဟု ဆိုလေ၏။

  11. ဝတ်ပြုရာကျမ်း 9:5ခရစ်တော် မပေါ်မီ 1490 ခန့်

    မောရှေမှာထားသောအရာတို့ကို ပရိသတ်စည်းဝေးရာ တဲတော်ရှေ့သို့ ဆောင်ခဲ့ပြီးမှ၊ ပရိသတ် အပေါင်းတို့သည် ချဉ်းကပ်၍ ထာဝရဘုရားရှေ့တော်၌ ရပ်နေကြ၏။

  12. ဝတ်ပြုရာကျမ်း 9:6ခရစ်တော် မပေါ်မီ 1490 ခန့်

    မောရှေကလည်း၊ သင်တို့သည် ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဤသို့ပြုကြ၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် သင်တို့အား ထင်ရှားမည်ဟူ၍၎င်း၊

  13. ဝတ်ပြုရာကျမ်း 9:7ခရစ်တော် မပေါ်မီ 1490 ခန့်

    အာရုန်အားလည်း၊ သင်သည် ယဇ်ပလ္လင်သို့သွား၍ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်၏ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကို ပူဇော်သဖြင့်၊ သင်နှင့်လူများအတွက် အပြစ်ဖြေခြင်းကို ပြုလော့။ လူများ ဆောင်ယူခဲ့သော ပူဇော်သက္ကာကိုလည်း ပူဇော်၍၊ သူတို့အတွက် အပြစ်ဖြေခြင်းကို ပြုလော့ဟူ၍ ၎င်းဆိုလေ၏။

  14. ဝတ်ပြုရာကျမ်း 9:8ခရစ်တော် မပေါ်မီ 1490 ခန့်

    အာရုန်သည်လည်း၊ ယဇ်ပလ္လင်သို့သွား၍ မိမိနှင့် ဆိုင်သော အပြစ်ဖြေရာယဇ် နွားသငယ်ကို သတ်လေ၏။

  15. ဝတ်ပြုရာကျမ်း 9:9ခရစ်တော် မပေါ်မီ 1490 ခန့်

    သူ၏ သားတို့လည်း အသွေးကို ယူဆောင်ခဲ့သဖြင့်၊ အာရုန်သည် မိမိလက်ညှိုးကို အသွေး၌နှစ်၍ ယဇ်ပလ္လင်ဦးချိုတို့၌ ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်လေ၏။

  16. ဝတ်ပြုရာကျမ်း 9:10ခရစ်တော် မပေါ်မီ 1490 ခန့်

    အပြစ်ဖြေရာ ယဇ်ကောင်ဆီဥ၊ ကျောက်ကပ်၊ အသည်းပေါ်၌ရှိသော အမြှေးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ၏။ ထိုသို့ ထာဝရဘုရားသည် မောရှေအားမှာ ထားတော်မူ၏။

  17. ဝတ်ပြုရာကျမ်း 9:11ခရစ်တော် မပေါ်မီ 1490 ခန့်

    အသားနှင့်အရေကို တပ်ပြင်မှာ မီးရှို့လေ၏။

  18. ဝတ်ပြုရာကျမ်း 9:12ခရစ်တော် မပေါ်မီ 1490 ခန့်

    မီးရှို့ရာယဇ်ကောင်ကိုလည်း သတ်၍၊ သူ၏သားတို့သည် အသွေးကို ဆက်ပြီးလျှင်၊ သူသည် ယဇ်ပလ္လင် အပေါ် ပတ်လည်၌ ဖြန်းလေ၏။

  19. ဝတ်ပြုရာကျမ်း 9:13ခရစ်တော် မပေါ်မီ 1490 ခန့်

    သူတို့သည် မီးရှို့ရာယဇ်ကောင်သားတစ်များနှင့် ခေါင်းကိုဆက်၍၊ သူသည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ လေ၏။

  20. ဝတ်ပြုရာကျမ်း 9:14ခရစ်တော် မပေါ်မီ 1490 ခန့်

    ဝမ်းထဲ၌ ရှိသောအရာများနှင့် ခြေတို့ကို ဆေးကြော၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်နှင့် အတူ ရှို့လေ၏။

  21. ဝတ်ပြုရာကျမ်း 9:15ခရစ်တော် မပေါ်မီ 1490 ခန့်

    လူများ ပူဇော်သက္ကာကိုလည်း ဆောင်ခဲ့၍၊ လူများအပြစ်ဖြေရာယဇ်ဖြစ်သော ဆိတ်ကိုယူ သတ်ပြီးလျှင်၊ ရှေ့နည်းအတူ အပြစ်အတွက် ပူဇော်လေ၏။

  22. ဝတ်ပြုရာကျမ်း 9:16ခရစ်တော် မပေါ်မီ 1490 ခန့်

    မီးရှို့ရာ ယဇ်ကောင်ကိုလည်း ဆောင်ခဲ့၍၊ ထိုနည်းတူ ပူဇော်လေ၏

  23. ဝတ်ပြုရာကျမ်း 9:17ခရစ်တော် မပေါ်မီ 1490 ခန့်

    ဘောဇဉ်ပူဇော်သက္ကာကိုလည်း ဆောင်းခဲ့ပြီးလျှင်၊ တလက်ဆွန်းကိုယူ၍ ယဇ်ပလ္လင်၌ နံနက်မီးရှို့ ရာယဇ်နားမှာ မီးရှို့လေ၏။

  24. ဝတ်ပြုရာကျမ်း 9:18ခရစ်တော် မပေါ်မီ 1490 ခန့်

    လူများအတွက် မိဿဟာယယဇ် နွားထီး၊ သိုးထီးကိုလည်း သတ်၍၊ သူ၏ သားတို့သည် အသွေးကို ဆက်ပြီးလျှင်၊ သူသည် ယဇ်ပလ္လင်အပေါ် ပတ်လည်၌ ဖြန်းလေ၏။

  25. ဝတ်ပြုရာကျမ်း 9:19ခရစ်တော် မပေါ်မီ 1490 ခန့်

    အမြီးနှင့်တကွ အအူကိုဖုံးသော ဆီဥ၊ ကျောက်ကပ်၊ အသည်းအမြှေးတည်းဟူသော သိုးနွားဆီဥကို၊-