အကြောင်းအရာသို့ ကျော်သွားရန်

circa 1446 BC

Sinai & The Law

God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.

1,657 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဝတ်ပြုရာကျမ်း 9:20ခရစ်တော် မပေါ်မီ 1490 ခန့်

    ရင်ပတ်ပေါ်မှာ တင်၍ ယဇ်ပလ္လင်၌ မီးရှို့လေ၏။

  2. ဝတ်ပြုရာကျမ်း 9:21ခရစ်တော် မပေါ်မီ 1490 ခန့်

    ရင်ပတ်နှင့်လက်ျာပခုံးကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာကို ပြုလေ၏။ ထိုသို့ပြုရမည်ဟု မောရှေမှာထားသတည်း။

  3. ဝတ်ပြုရာကျမ်း 9:22ခရစ်တော် မပေါ်မီ 1490 ခန့်

    အာရုန်သည် မိမိလက်ကို လူများရှေ့သို့ ချီလျက်၊ ကောင်းကြီးပေး၍၊ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်ကို ပူဇော်ရာမှ ဆင်းလေ၏။

  4. ဝတ်ပြုရာကျမ်း 9:23ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန် မောရှေနှင့် အာရုန်တို့သည် ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ ဝင်၍ ထွက်ပြီးမှ၊ လူများကို ကောင်းကြီးပေးသဖြင့်၊ ထာဝရဘုရား၏ ဘုန်းတော်သည် လူများတို့အား ထင်ရှားလေ၏။

  5. ဝတ်ပြုရာကျမ်း 9:24ခရစ်တော် မပေါ်မီ 1490 ခန့်

    ထာဝရဘုရားတော်ထံမှ မီးထွက်၍ ယဇ်ပလ္လင်ပေါ်မှာရှိသော မီးရှို့ရာယဇ်နှင့်ဆီဥကို လောင်လေ၏။ ထိုအကြောင်းအရာကို လူများတို့သည် မြင်သောအခါ ကြွေးကြော်၍ ပြပ်ဝပ်ကြ၏။

  6. ဝတ်ပြုရာကျမ်း 10:1ခရစ်တော် မပေါ်မီ 1490 ခန့်

    အာရုန်၏သားနာဒပ်နှင့် အတိဟုတို့သည်၊ ကိုယ်စီဆိုင်သော လင်ပန်းတို့ကို ယူလျက်၊ မီးကိုထည့်၍ လောဗန်ကို တင်ပြီးလျှင်၊ ထာဝရဘုရား မှာထားတော်မူသော မီးမဟုတ်၊ ထူးခြားသော မီးကို ရှေ့တော်၌ ပူဇော်၏။

  7. ဝတ်ပြုရာကျမ်း 10:2ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုအခါ ထာဝရဘုရားထံတော်မှ မီးထွက်၍၊ သူတို့ကို လောင်သဖြင့် ရှေ့တော်၌ သေကြ၏။

  8. ဝတ်ပြုရာကျမ်း 10:3ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုအခါ၊ မောရှေသည် အာရုန်ကိုခေါ်၍၊ ထာဝရဘုရားက၊ ငါသည် သန့်ရှင်းခြင်းရှိသည်ဟု ငါ့ထံ သို့ ချဉ်းကပ်သူတို့သည် မှတ်ရမည်။ လူအပေါင်းတို့သည် ငါ့ဘုန်းကို ချီးမြှင့်ရကြမည်ဟု မိန့်တော်မူ ရာ၌၊ ထိုသို့သော အမှုကို ရည်ဆောင်၍ မိန့်တော်မူသည်ဟု ဆိုလျှင်၊ အာရုန်သည် တိတ်ဆိတ်စွာ နေလေ၏။

  9. ဝတ်ပြုရာကျမ်း 10:4ခရစ်တော် မပေါ်မီ 1490 ခန့်

    မောရှေသည် အာရုန်၏ ဘထွေး ဩဇေလသားမိရှေလနှင့် ဧလဇာဖန်ကိုခေါ်၍၊ လာကြ။ သင်တို့ ပေါက်ဘော်တို့ကို သန့်ရှင်းရာ ဌာနတော်က၊ တပ်ပြင်သို့ ယူသွားကြလော့ဟု ဆိုသည်အတိုင်း၊

  10. ဝတ်ပြုရာကျမ်း 10:5ခရစ်တော် မပေါ်မီ 1490 ခန့်

    သူတို့သည် လာ၍ အင်္ကျီဝတ်လျက်ရှိသော အသေကောင်ကို တပ်ပြင်သို့ယူသွားကြ၏။

  11. ဝတ်ပြုရာကျမ်း 10:6ခရစ်တော် မပေါ်မီ 1490 ခန့်

    မောရှေသည် အာရုန်နှင့် သူ၏သားဧလာဇာနှင့် ဣသမာတို့ကိုခေါ်၍၊ သင်တိ့လည်းသေမည်။ လူအပေါင်းတို့အပေါ်မှာ အမျက်တော်သင့်ရောက်မည်ကို စိုးရိမ်သည်ဖြစ်၍၊ သင်တို့ ဦးထုပ်ကို မချွတ်နှင့်။ အဝတ်ကို မဆုတ်နှင့်။ သင်တို့ ညီအစ်ကို ဣသရေလ အမျိုးသားရှိသမျှတို့သည် ထာဝရ ဘုရားပြုတော်မူသော မီးလောင်ခြင်းကိုသာ ငိုကြွေးမြည်တမ်းကြစေ။

  12. ဝတ်ပြုရာကျမ်း 10:7ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်တို့သေမည်ကိုစိုးရိမ်သည်ဖြစ်၍၊ ပရိသတ်စည်းဝေးရာ တံခါးပြင်သို့ မထွက်နှင့်။ ထာဝရဘုရား၏ ဘိသိက်ဆီသည် သင်တို့အပေါ်၌ရှိသည်ဟု ဆိုသည်အတိုင်း သူတို့ပြုကြ၏

  13. ဝတ်ပြုရာကျမ်း 10:8ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန် အာရုန်အား ထာဝရဘုရားက၊-

  14. ဝတ်ပြုရာကျမ်း 10:9ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်နှင့်သင်၏ သားတို့သည် သေဘေးနှင့် ကင်းလွတ်ခြင်းငှါ၎င်း၊ သန့်ရှင်းသောအရာ၊ မသန့်ရှင်း သောအရာ၊ စင်ကြယ်သောအရာ၊

  15. ဝတ်ပြုရာကျမ်း 10:10ခရစ်တော် မပေါ်မီ 1490 ခန့်

    မစင်ကြယ်သောအရာတို့ကို ပိုင်းခြားတတ်ခြင်းငှါ၎င်း၊ ထာဝရ ဘုရားသည် မောရှေအားဖြင့် မှာထားသမျှသော ပညတ်တို့ကို ဣသရေလ အမျိုးသားတို့၌ သွန် သင်တတ်ခြင်းငှါ၎င်း၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ ဝင်သောအခါ၊ စပျစ်ရည်အစရှိသော ယစ် မျိုးကို မသောက်နှင့်။

  16. ဝတ်ပြုရာကျမ်း 10:11ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်းဟု မိန့်တော်မူ၏။

  17. ဝတ်ပြုရာကျမ်း 10:12ခရစ်တော် မပေါ်မီ 1490 ခန့်

    မောရှေသည်လည်း၊ အာရုန်နှင့်ကြွင်းသော သားဧလာဇာ၊ ဣသမာတို့ကိုခေါ်၍၊ သင်တို့သည် ထာဝရ ဘုရားအား မီးဖြင့်ပြုသော ဘောဇဉ်ပူဇော်သက္ကာ အကြွင်းကိုယူ၍ တဆေးမပါဘဲ ယဇ်ပလ္လင်နားမှာ စားကြလော့။ အလွန်သန့်ရှင်းပေ၏။

  18. ဝတ်ပြုရာကျမ်း 10:13ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုအကြွင်းသည် ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာထဲက သင်နှင့်သင်၏ သားတို့ ခံထိုက်သောအဘို့ ဖြစ်၍ သန့်ရှင်းရာဌာနတော်၌ စားရကြမည်။ ထိုပညတ်တော်ကို ငါခံရပြီ။

  19. ဝတ်ပြုရာကျမ်း 10:14ခရစ်တော် မပေါ်မီ 1490 ခန့်

    ချီလွှဲသောရင်ပတ်၊ ချီမြှောက်သော ပခုံးကိုကား၊ သင်နှင့်တကွသင်၏ သားသမီးတို့သည် စင်ကြယ် သောအရပ်၌ စားရကြမည်။ ဣသရေလအမျိုးသားတို့သည် ပူဇော်သော မိဿဟာယယဇ်ထဲက၊ သင်နှင့်သင်၏သားတို့သည် ခံထိုက်သောအဘို့ ဖြစ်သတည်း။

  20. ဝတ်ပြုရာကျမ်း 10:15ခရစ်တော် မပေါ်မီ 1490 ခန့်

    မီးဖြင့် ပူဇော်သော ယဇ်ကောင်ဆီဥနှင့်တကွ၊ ချီမြှောက်ရာပခုံး၊ ချီလွှဲရာရင်ပတ်ကို ထာဝရဘုရား ရှေ့တော်၌ ချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာကို ပြုခြင်းငှါ ဆောင်ခဲ့ရကြ၍၊ ထာဝရ ပညတ်တော် အတိုင်း၊ သင်နှင့်သင်၏ သားတို့သည် ကိုယ်အဘို့ယူရကြမည်။ ထိုသို့ ထာဝရဘုရား မှာထားတော်မူပြီ ဟုဆိုလေ၏။

  21. ဝတ်ပြုရာကျမ်း 10:16ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန် မောရှေသည် အပြစ်ဖြေရာ ယဇ်ပြုသော ဆိတ်ကို ကြိုးစား၍ ရှာသော်လည်း မတွေ့။ မီးရှို့ နှင့်ပြီ။ ထိုကြောင့် ကြွင်းသော အာရုန်သား ဧလာဇာ၊ ဣသမာတို့ကို အမျက်ထွက်လျက် ဆိုသည်ကား၊

  22. ဝတ်ပြုရာကျမ်း 10:17ခရစ်တော် မပေါ်မီ 1490 ခန့်

    အပြစ်ဖြေရာယဇ်သားသည် အလွန်သန့်ရှင်း၏။ သင်တို့သည် ပရိသတ်တို့ အပြစ်ကိုခံ၍၊ ထာဝရ ဘုရားရှေ့တော်၌ သူတို့အဘို့ အပြစ်ဖြေခြင်းကို ပြုစေခြင်းငှါ ထိုယဇ်သားကို ပေးတော်မူသည်ဖြစ်၍၊ သန့်ရှင်းရာ ဌာနတော်၌ အဘယ်ကြောင့် မစားသနည်း။

  23. ဝတ်ပြုရာကျမ်း 10:18ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုယဇ်သား အသွေးကိုလည်း သန့်ရှင်းရာဌာနထဲသို့ မသွင်းပါတကား။ အကယ်၍ ငါမှာထားခဲ့သည် အတိုင်း၊ ထိုယဇ်သားကို သန့်ရှင်းရာဌာနတော်၌ စားရမည်ဟုဆိုလျှင်၊-

  24. ဝတ်ပြုရာကျမ်း 10:19ခရစ်တော် မပေါ်မီ 1490 ခန့်

    အာရုန်က၊ ယနေ့ သူတို့သည် လူများတို့ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကို ပူဇော်ပါပြီ။ အကျွန်ုပ် ၌ ထိုသို့သော အမှုရောက်သည်တွင် ၊ ယနေ့အပြစ်ဖြေရာ ယဇ်သားကို စားမိလျှင်၊ ထာဝရဘုရား နှစ်သက်တော်မူပါမည်လောဟု မောရှေကို ပြောဆို၏။

  25. ဝတ်ပြုရာကျမ်း 10:20ခရစ်တော် မပေါ်မီ 1490 ခန့်

    မောရှေသည် ထိုစကားကို ကြားလျှင် ဝန်ခံလေ၏။