အကြောင်းအရာသို့ ကျော်သွားရန်

circa 1446 BC

Sinai & The Law

God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.

1,657 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဝတ်ပြုရာကျမ်း 11:26ခရစ်တော် မပေါ်မီ 1490 ခန့်

    ခွါမကွဲပြားသော တိရစ္ဆာန်၊ စားမြုံ့မပြန်သော တိရစ္ဆာန်ရှိသမျှတို့သည် သင်တို့၌ မစင်ကြယ်။ သူတို့ အသေကောင်ကို ထိသမျှသော သူတို့သည် မစင်ကြယ်ကြ။

  2. ဝတ်ပြုရာကျမ်း 11:27ခရစ်တော် မပေါ်မီ 1490 ခန့်

    ခွါမရှိသောသားအမျိုးမျိုးတို့သည် သင်တို့၌ မစင်ကြယ်ကြ။ သူတို့အသေကောင်ကို ထိသော သူသည် ညဦးတိုင်အောင် မစင်ကြယ်။

  3. ဝတ်ပြုရာကျမ်း 11:28ခရစ်တော် မပေါ်မီ 1490 ခန့်

    သူတို့ အသေကောင်ကို ဆောင်သွားသောသူသည် မိမိအဝတ်ကို လျော်ရမည်။ ညဦးတိုင်အောင်လည်း မစင်ကြယ်။

  4. ဝတ်ပြုရာကျမ်း 11:29ခရစ်တော် မပေါ်မီ 1490 ခန့်

    မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်တို့တွင် ပွေး၊ ကြွက်၊ အိမ်မျှောင်မျိုး၊-

  5. ဝတ်ပြုရာကျမ်း 11:30ခရစ်တော် မပေါ်မီ 1490 ခန့်

    တောက်တဲ့၊ မြွေပါ၊ သင်းချော၊ ပုတတ်၊ ပုတ်သင်တို့သည် သင်တို့၌ မစင်ကြယ်ကြ။

  6. ဝတ်ပြုရာကျမ်း 11:31ခရစ်တော် မပေါ်မီ 1490 ခန့်

    သူတို့အသေကောင်ကို ထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်။

  7. ဝတ်ပြုရာကျမ်း 11:32ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုအသေကောင်သည် သစ်ခွက်၊ အဝတ်၊ အရေ၊ အမွှေး၊ အိတ်အစရှိသော အသုံးအဆောင် တစုံ တခုပေါ်သို့ကျလျှင် ထိုအသုံးအဆောင် မစင်ကြယ်။ ရေ၌နှစ်ရမည်။ ညဦးတိုင်အောင်လည်း မစင်ကြယ်။ ထိုနောက် စင်ကြယ်လိမ့်မည်။

  8. ဝတ်ပြုရာကျမ်း 11:33ခရစ်တော် မပေါ်မီ 1490 ခန့်

    မြေခွက်တစုံတခုပေါ်သို့ အသေကောင်ကျလျှင် ထိုမြေခွက် မစင်ကြယ်သောကြောင့် ခွဲရမည်။

  9. ဝတ်ပြုရာကျမ်း 11:34ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုမြေခွက်ရေသည်၊ စားစရာ အမဲသားပေါ်သို့ ကျလျှင်၊ အမဲသားမစင်ကြယ်။ ထိုမြေခွက်၌ သောက်စရာရေလည်း မစင်ကြယ်။

  10. ဝတ်ပြုရာကျမ်း 11:35ခရစ်တော် မပေါ်မီ 1490 ခန့်

    အကြင်အရာအပေါ်၌ ထိုအသေကောင်ကျ၏။ ထိုအရာသည် မီးဖိုဖြစ်စေ၊ ခုံလောက်ဖြစ်စေ၊ မစင် ကြယ်ရာသို့ ရောက်၍ သင်တို့၌ မစင်ကြယ်သောကြောင့် ဖြိုဖျက်ရမည်။

  11. ဝတ်ပြုရာကျမ်း 11:36ခရစ်တော် မပေါ်မီ 1490 ခန့်

    သို့ရာတွင် ရေစုဝေးရာ စမ်းရေတွင်း၊ တူးသော ရေတွင်းသည် မစင်ကြယ်ရာသို့ မရောက်။ အသေ ကောင်ကို ထိမိသော အရာသာ မစင်ကြယ်ရာသို့ရောက်၏။

  12. ဝတ်ပြုရာကျမ်း 11:37ခရစ်တော် မပေါ်မီ 1490 ခန့်

    ကြဲစရာ မျိုးစေ့အပေါ်၌ ထိုအသေကောင်ကျလျှင်၊ မျိုးစေ့သည် မစင်ကြယ်ရာသို့မရောက်။

  13. ဝတ်ပြုရာကျမ်း 11:38ခရစ်တော် မပေါ်မီ 1490 ခန့်

    ရေ၌စိမ်ထားပြီးသော မျိုးစေ့အပေါ်၌ ထိုအသေကောင်ကျလျှင်၊ မျိုးစေ့သည် သင်တို့၌ မစင်ကြယ်။

  14. ဝတ်ပြုရာကျမ်း 11:39ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်တို့စားအပ်သော တိရစ္ဆာန်သေလျှင်၊ အသေကောင်ကို ထိမိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်။

  15. ဝတ်ပြုရာကျမ်း 11:40ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုအသေကောင်ကို စားသောသူသည်၊ မိမိအဝတ်ကို လျှော်ရမည်။ ညဦးတိုင်အောင် မစင်ကြယ်။ ထိုအသေကောင်ကို ဆောင်သွားသောသူသည်လည် မိမိအဝတ်ကို လျှော်ရမည်။ ညဦးတိုင်အောင် မစင်ကြယ်။

  16. ဝတ်ပြုရာကျမ်း 11:41ခရစ်တော် မပေါ်မီ 1490 ခန့်

    မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်ရှိသမျှတို့သည် ရွံရှာဘွယ်ဖြစ်၍ သင်တို့မစားရ။

  17. ဝတ်ပြုရာကျမ်း 11:42ခရစ်တော် မပေါ်မီ 1490 ခန့်

    ခြေမရှိ၊ ဝမ်းဖြင့် သွားသည်ဖြစ်စေ၊ ခြေလေးချောင်းဖြင့် သွားသည်ဖြစ်စေ၊ ခြေလေးချောင်းမက များသော ခြေဖြင့်သွားသည်ဖြစ်စေ၊ မြေပေါ်တွားတတ်သော တိရစ္ဆာန် တစုံတခုကိုမျှ မစားရ။ ရွံရှာဘွယ် ဖြစ်၏။

  18. ဝတ်ပြုရာကျမ်း 11:43ခရစ်တော် မပေါ်မီ 1490 ခန့်

    တွားတတ်သော တိရစ္ဆာန် တစုံတခုအားဖြင့် သင်တို့သည် ကိုယ်ကို ရွံ့ရှာဘွယ် မဖြစ်စေရ။ ထိုသို့ အားဖြင့် ကိုယ်ညစ်ညူးအောင် ကိုယ်၌မစင်ကြယ်သည်ကို မပြုရ။

  19. ဝတ်ပြုရာကျမ်း 11:44ခရစ်တော် မပေါ်မီ 1490 ခန့်

    ငါသည် သင်တို့ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည်လည်း ကိုယ့်ကိုကိုယ် သန့်ရှင်းစေ၍ သန့်ရှင်းခြင်းရှိရကြမည်။ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန် တစုံ တခုအားဖြင့်မျှ သင်တို့သည် ကိုယ်ကိုကိုယ် မညစ်ညူးစေရကြ။

  20. ဝတ်ပြုရာကျမ်း 11:45ခရစ်တော် မပေါ်မီ 1490 ခန့်

    ငါသည် သင်တို့၏ ဘုရားသခင်ဖြစ်ခြင်းငှါ၊ သင်တို့ကို အဲဂုတ္တုပြည်မှ ကယ်နုတ်သော ထာဝရဘုရား ဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့်၊

  21. ဝတ်ပြုရာကျမ်း 11:46ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။

  22. ဝတ်ပြုရာကျမ်း 11:47ခရစ်တော် မပေါ်မီ 1490 ခန့်

    ဤရွေ့ကားစင်ကြယ်၊ မစင်ကြယ်၊ စားအပ်၊ မစားအပ်သော တိရစ္ဆာန်တို့ကို ပိုင်းခြားစေခြင်းငှါ၊ သား၊ ငှက်၊ ရေ၌သွား၍ အသက်ရှင်သော တိရစ္ဆာန်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်ရှိသမျှ နှင့် ဆိုင်သောတရားဟု မိန့်တော်မူ၏။

  23. ဝတ်ပြုရာကျမ်း 12:1ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ -

  24. ဝတ်ပြုရာကျမ်း 12:2ခရစ်တော် မပေါ်မီ 1490 ခန့်

    မိန်းမသည် ပဋိသန္ဓေယူ၍ သားယောက်ျားကို ဘွားမြင်ပြီးလျှင်၊ ဥတုရောက်၍ ခုနစ်ရက်မစင်ကြယ် သကဲ့သို့ ခုနစ်ရက် မစင်ကြယ်နေရမည်။

  25. ဝတ်ပြုရာကျမ်း 12:3ခရစ်တော် မပေါ်မီ 1490 ခန့်

    အဋ္ဌမနေ့၌ သားယောက်ျားအား အရေဖျားလှီးခြင်းကို ပြုရမည်။