- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1446 BC
Sinai & The Law
God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.
ဤကာလမှ အခန်းငယ်များ
- ဝတ်ပြုရာကျမ်း 12:4ခရစ်တော် မပေါ်မီ 1490 ခန့်
ထိုနောက် အမိသည် စင်ကြယ်စေခြင်းနှင့် ဆိုင်သော အသွေးရှိ၍၊ အရက်သုံးဆယ်သုံးရက်ပတ်လုံး နေရမည်။ စင်ကြယ်စေခြင်းနေ့ရက် မစေ့မှီတိုင်အောင် သန့်ရှင်းသောအရာကို မကိုင်ရ။ သန့်ရှင်း ရာ ဌာနတော်ကို မသွားရ။
- ဝတ်ပြုရာကျမ်း 12:5ခရစ်တော် မပေါ်မီ 1490 ခန့်
သားမိန်းမကို ဘွားမြင်လျှင်၊ ဥတုရောက်သကဲ့သို့ တဆယ်လေးရက်ပတ်လုံး မစင်ကြယ်နေရမည်။ စင်ကြယ်စေခြင်းနှင့် ဆိုင်သောအသွေးရှိ၍၊ အရက် ခြောက်ဆယ်ခြောက်ရက်ပတ်လုံး နေရမည်။
- ဝတ်ပြုရာကျမ်း 12:6ခရစ်တော် မပေါ်မီ 1490 ခန့်
သားယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ စင်ကြယ်စေခြင်းနေ့ရက် ကာလစေ့သောအခါ၊ မီးရှို့ရာယဇ် ဘို့ အခါမလည်သော သိုးသငယ်တကောင်၊ အပြစ်ဖြေရာယဇ်ဘို့ ချိုးကလေးတကောင်၊ သို့မဟုတ် ခိုတကောင်ကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။
- ဝတ်ပြုရာကျမ်း 12:7ခရစ်တော် မပေါ်မီ 1490 ခန့်
ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ ပူဇော်၍၊ ထိုမိန်းမအဘို့ အပြစ်ဖြေခြင်းကို ပြုသဖြင့်၊ သူသည် အသွေးသွန်ခြင်းအပြစ်မှ သန့်ရှင်းရလိမ့်မည်။
- ဝတ်ပြုရာကျမ်း 12:8ခရစ်တော် မပေါ်မီ 1490 ခန့်
သိုးသငယ်ကို မတတ်နိုင်လျှင် ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ မီးရှို့ရာယဇ်ဘို့ တကောင်၊ အပြစ်ဖြေရာယဇ်ဘို့တကောင်ကို ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည် သူ့အဘို့ အပြစ်ဖြေခြင်းကို ပြုသဖြင့်၊ သူသည် သန့်ရှင်းရလိမ့်မည်။ ဤရွေ့ကား၊ သားယောက်ျား၊ သားမိန်းမ ကိုး ဘွားမြင်သော အမိနှင့် ဆိုင်သောတရားဖြစ်သတည်းဟု မိန့်တော်မူ၏။
- ဝတ်ပြုရာကျမ်း 13:1ခရစ်တော် မပေါ်မီ 1490 ခန့်
တဖန် ထာဝရဘုရားသည်၊ မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား၊
- ဝတ်ပြုရာကျမ်း 13:2ခရစ်တော် မပေါ်မီ 1490 ခန့်
လူသည် ကိုယ်အရေ၌ အဖူးဖြစ်စေ၊ ယားနာဖြစ်စေ၊ နူကွက်ဖြစ်စေ၊ နူသောလက္ခဏာပေါ်လျှင်၊ ထိုသူကို ယဇ်ပုရောဟိတ်အာရုန်ထံသို့ ဖြစ်စေ၊ သူ၏သား ယဇ်ပုရောဟိတ် တစုံတယောက်ထံသို့ ဖြစ်စေ ခေါ်ခဲ့ရမည်။
- ဝတ်ပြုရာကျမ်း 13:3ခရစ်တော် မပေါ်မီ 1490 ခန့်
ယဇ်ပုရောဟိတ်သည်၊ ထိုသူ၏ အရေ၌ ပေါ်သော အနာကို ကြည့်ရှုသောအခါ၊ အနာ၌ရှိသော အမွေးသည် ဖြူလျှင်၎င်း၊ အနာသည် အရေအောက်၌ စွဲဟန်ရှိလျှင်၎င်း နူနာမှန်၏။ ယဇ်ပုရောဟိတ်သည် ထိုသူကို ကြည့်ရှုပြီးမှ၊ မစင်ကြယ်ဟု စီရင်ရမည်။
- ဝတ်ပြုရာကျမ်း 13:4ခရစ်တော် မပေါ်မီ 1490 ခန့်
ကိုယ်အရေ၌ရှိသော နူကွက်သည် ဖြူလျှင်၎င်း၊ အရေအောက်၌ စွဲဟန်မရှိ၊ အမွေးမဖြူလျှင်၎င်း၊ ယဇ် ပုရောဟိတ်သည်၊ အနာရှိသောသူကို ခုနစ်ရက် ပတ်လုံး ချုပ်ထားရမည်။
- ဝတ်ပြုရာကျမ်း 13:5ခရစ်တော် မပေါ်မီ 1490 ခန့်
သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ အနာသည် အရေ၌ မတိုးမလျော့နေလျှင်၊ တဖန် ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
- ဝတ်ပြုရာကျမ်း 13:6ခရစ်တော် မပေါ်မီ 1490 ခန့်
တဖန် သတ္တမနေ့၌ ကြည့်ရှု၍ အနာသည် အရေ၌ မတိုးပွား၊ ခပ်မည်းမည်းဖြစ်လျှင်၊ ထိုသူသည် စင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ ယားနာသက်သက် ဖြစ်၏။ မိမိအဝတ်ကို လျှော်၍ စင်ကြယ်ရ၏။
- ဝတ်ပြုရာကျမ်း 13:7ခရစ်တော် မပေါ်မီ 1490 ခန့်
စင်ကြယ်စေခြင်းငှါ ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြီးမှ၊ နောက်တဖန် ယားနာတိုးပွားပြန်လျှင်၊ ယဇ် ပုရောဟိတ်ကြည့်ရှုပြန်၍၊-
- ဝတ်ပြုရာကျမ်း 13:8ခရစ်တော် မပေါ်မီ 1490 ခန့်
ယားနာ တိုးပွားသည်ကိုမြင်သောအခါ၊ ထိုသူသည် မစင်ကြယ်ဟု စီရင်ရမည်။ နူနာဖြစ်၏။
- ဝတ်ပြုရာကျမ်း 13:9ခရစ်တော် မပေါ်မီ 1490 ခန့်
နူနာစွဲသောသူကို ယဇ်ပုရောဟိတ်ထံသို့ ခေါ်ခဲ့ရမည်။
- ဝတ်ပြုရာကျမ်း 13:10ခရစ်တော် မပေါ်မီ 1490 ခန့်
ယဇ်ပုရောဟိတ်ကြည့်ရှု၍၊ အရေ၌ထသော အဖူးနှင့်တကွ အမွေးသည် ဖြူလျှင်၎င်း၊ အဖူး၌ အသားစိုရှိလျှင်၎င်း၊-
- ဝတ်ပြုရာကျမ်း 13:11ခရစ်တော် မပေါ်မီ 1490 ခန့်
ကိုယ်အရေ၌ ဟောင်းသော နူနာဖြစ်၏။ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်၍ ချုပ်ထားသဖြင့်၊ သူသည် မစင်ကြယ်ဘဲနေရမည်။
- ဝတ်ပြုရာကျမ်း 13:12ခရစ်တော် မပေါ်မီ 1490 ခန့်
နူနာသည် အရေ၌ တိုးပွား၍ အနာစွဲသော သူတကိုယ်လုံး၊ ခေါင်းထိပ်မှသည် ခြေဘဝါးတိုင်အောင်၊ ယဇ်ပုရောဟိတ်ကြည့်ရှု လေရာရာ၌ နူနာနှံ့ပြားလျှင်၊ -
- ဝတ်ပြုရာကျမ်း 13:13ခရစ်တော် မပေါ်မီ 1490 ခန့်
ထိုသို့ တကိုယ်လုံး အနာနှံ့ပြားသောသူသည် စင်ကြယ်၏ဟု ယဇ်ပုရောဟိတ် ဆင်ခြင်၍ စီရင်ရမည်။ တကိုယ်လုံးဖြူသည်ဖြစ်၍ စင်ကြယ်၏။-
- ဝတ်ပြုရာကျမ်း 13:14ခရစ်တော် မပေါ်မီ 1490 ခန့်
သို့မဟုတ် အသားစိုပေါ်လျှင် မစင်ကြယ်။
- ဝတ်ပြုရာကျမ်း 13:15ခရစ်တော် မပေါ်မီ 1490 ခန့်
ယဇ်ပုရောဟိတ်သည် အသားစိုကို ကြည့်ရှု၍ ထိုသူသည် မစင်ကြယ်ဟု စီရင်ရမည်။ အသားစိုသည် မစင်ကြယ်။ နူနာအမှန်ဖြစ်၏။
- ဝတ်ပြုရာကျမ်း 13:16ခရစ်တော် မပေါ်မီ 1490 ခန့်
အသားစိုသည် ခြားနား၍ ဖြူပြန်လျှင်၊ ယဇ်ပုရောဟိတ်ထံသို့ တဖန်လာရမည်။
- ဝတ်ပြုရာကျမ်း 13:17ခရစ်တော် မပေါ်မီ 1490 ခန့်
ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ အနာဖြူပြန်သည်ကိုမြင်လျှင်၊ ထိုအနာရှိသောသူ စင်ကြယ်၏ဟု ယဇ်ပုရောဟိတ် စီရင်ရသဖြင့် သူသည် စင်ကြယ်၏။
- ဝတ်ပြုရာကျမ်း 13:18ခရစ်တော် မပေါ်မီ 1490 ခန့်
ကိုယ်အရေ၌ အနာစိမ်းဖြစ်၍ ပျောက်ပြီးမှ၊-
- ဝတ်ပြုရာကျမ်း 13:19ခရစ်တော် မပေါ်မီ 1490 ခန့်
အနာရွတ်၌ ဖြူသောအဖူးဖြစ်စေ၊ ဖြူနီသော အနူကွက်ဖြစ်စေ၊ ပေါ်လာသည်ကို ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊
- ဝတ်ပြုရာကျမ်း 13:20ခရစ်တော် မပေါ်မီ 1490 ခန့်
အရေအောက်၌ စွဲဟန်ရှိ၍ အမွေးဖြူလျှင်၊ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ အနာစိမ်းထဲက ထွက်သော နူနာဖြစ်၏။-