အကြောင်းအရာသို့ ကျော်သွားရန်

circa 1446 BC

Sinai & The Law

God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.

1,657 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဝတ်ပြုရာကျမ်း 13:21ခရစ်တော် မပေါ်မီ 1490 ခန့်

    ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ ဖြူသောအမွေးမရှိ၊ အရေအောက်၌ မစွဲ၊ ခပ်မည်းမည်း ဖြစ်လျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။

  2. ဝတ်ပြုရာကျမ်း 13:22ခရစ်တော် မပေါ်မီ 1490 ခန့်

    အရေ၌ တိုးပွားလျှင်၊ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာဖြစ်၏။

  3. ဝတ်ပြုရာကျမ်း 13:23ခရစ်တော် မပေါ်မီ 1490 ခန့်

    သို့မဟုတ် နူကွက်မရွေ့၊ မတိုးပွားလျှင် အနာစိမ်းရွတ်ဖြစ်၏။ ထိုသူစင်ကြယ်၏ဟု စီရင်ရမည်။

  4. ဝတ်ပြုရာကျမ်း 13:24ခရစ်တော် မပေါ်မီ 1490 ခန့်

    အရေအသား၌ မီးလောင်နာရှိ၍၊ မီးလောင်နာ အသားစို၌ ဖြူနီသော နူကွက်ရှိလျှင်၊-

  5. ဝတ်ပြုရာကျမ်း 13:25ခရစ်တော် မပေါ်မီ 1490 ခန့်

    ယဇ်ပုရောဟိတ်သည် ကြည့်ရှုရမည်။ နူကွက်အမွေးဖြူ၍ အရေအောက်၌ စွဲဟန်ရှိလျှင်၊ မီးလောင်နာ ထဲကထွက်သော နူနာဖြစ်၏။ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာမှန်၏။

  6. ဝတ်ပြုရာကျမ်း 13:26ခရစ်တော် မပေါ်မီ 1490 ခန့်

    ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ နူကွက်၌ဖြူသော အမွေးမရှိ၊ အရေအောက်၌မစွဲ၊ ခပ်မည်းမည်းဖြစ်လျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။

  7. ဝတ်ပြုရာကျမ်း 13:27ခရစ်တော် မပေါ်မီ 1490 ခန့်

    သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍ နူကွက်သည် အရေ၌ တိုးပွားလျှင်၊ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာဖြစ်၏။

  8. ဝတ်ပြုရာကျမ်း 13:28ခရစ်တော် မပေါ်မီ 1490 ခန့်

    သို့မဟုတ် နူကွက်မရွေ့ အရေ၌မတိုးပွား ခပ်မည်းမည်းဖြစ်လျှင်၊ မီလောင်နာ အဖူးဖြစ်၏။ ထိုသူသည် စင်ကြယ်၏ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ မီးလောင်သော အနာရွတ်သက်သက်ဖြစ်၏။

  9. ဝတ်ပြုရာကျမ်း 13:29ခရစ်တော် မပေါ်မီ 1490 ခန့်

    ယောက်ျားမိန်းမသည်လည်း၊ ခေါင်း၌ဖြစ်စေ၊ မေး၌ဖြစ်စေ၊ အနာပေါက်၍၊-

  10. ဝတ်ပြုရာကျမ်း 13:30ခရစ်တော် မပေါ်မီ 1490 ခန့်

    ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ အရေအောက်၌ စွဲဟန်နှင့်တကွ အမွေးဝါဝါပါးပါးရှိလျှင်၊ ထိုသူ မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ ခေါင်း၌ဖြစ်စေ၊ မေး၌ဖြစ်စေ၊ ဗောက်နူနာဖြစ်၏။

  11. ဝတ်ပြုရာကျမ်း 13:31ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုအနာကို ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ အရေအောက်၌ စွဲဟန်မရှိ၊ နက်သော အမွေး လည်းမရှိလျှင်၊ ထိုအနာပေါက်သောသူကို၊ ယဇ်ပုရောဟတ်သည် ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။

  12. ဝတ်ပြုရာကျမ်း 13:32ခရစ်တော် မပေါ်မီ 1490 ခန့်

    သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍ အနာမတိုးပွား၊ ပါးသောအမွှေးမရှိ၊ အရေအောက်၌ စွဲဟန်လည်းမရှိလျှင်၊-

  13. ဝတ်ပြုရာကျမ်း 13:33ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုသူ၏ အမွေးကို ရိတ်ရမည်။ အနာအမွေးကိုကား မရိတ်ရ။ တဖန် ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။

  14. ဝတ်ပြုရာကျမ်း 13:34ခရစ်တော် မပေါ်မီ 1490 ခန့်

    သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍ အရေ၌ အနာမတိုးပွါး၊ အရေအောက်၌ မစွဲလျှင်၊ ထိုသူသည် စင်ကြယ်၏ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ မိမိအဝတ်ကို လျှော်၍ စင်ကြယ်ရ၏။

  15. ဝတ်ပြုရာကျမ်း 13:35ခရစ်တော် မပေါ်မီ 1490 ခန့်

    စင်ကြယ်စေပြီးမှ၊ နောက်တဖန် ဗောက်နူနာတိုးပွါးလျှင်၊-

  16. ဝတ်ပြုရာကျမ်း 13:36ခရစ်တော် မပေါ်မီ 1490 ခန့်

    ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြန်၍ အနာတိုးပွါးသည်မှန်လျှင်၊ ယဇ်ပုရောဟိတ်သည် ဝါသောအမွေး ကို မရှာရ။ ထိုသူသည် မစင်ကြယ်။

  17. ဝတ်ပြုရာကျမ်း 13:37ခရစ်တော် မပေါ်မီ 1490 ခန့်

    သို့မဟုတ် ဗောက်နူနာသည် ရပ်နေဟန်ရှိ၍ နက်သော အမွေးပေါက်လျှင်၊ အနာပျောက်၍ ထိုသူသည် စင်ကြယ်သောကြောင့်၊ ယဇ်ပုရောဟိတ်က ထိုသူသည် စင်ကြယ်၏ဟု စီရင်ရမည်။

  18. ဝတ်ပြုရာကျမ်း 13:38ခရစ်တော် မပေါ်မီ 1490 ခန့်

    ယောက်ျားမိန်းမသည်လည်း၊ ကိုယ်အရေ၌ ဖြူသောနူကွက်ရှိ၍၊-

  19. ဝတ်ပြုရာကျမ်း 13:39ခရစ်တော် မပေါ်မီ 1490 ခန့်

    ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ မွဲသောအဆင်းရှိလျှင်၊ အရေ၌ပေါက်သော ညှင်းဖြစ်၏။ ထိုသူသည် စင်ကြယ်၏။

  20. ဝတ်ပြုရာကျမ်း 13:40ခရစ်တော် မပေါ်မီ 1490 ခန့်

    ဆံပင်ကျွတ်သောသူသည်၊ ခေါင်းပြောင်သော်လည်း စင်ကြယ်၏။

  21. ဝတ်ပြုရာကျမ်း 13:41ခရစ်တော် မပေါ်မီ 1490 ခန့်

    နဖူးဆံကျွတ်သောသူသည် နဖူးပြောင်သော်လည်း စင်ကြယ်၏။

  22. ဝတ်ပြုရာကျမ်း 13:42ခရစ်တော် မပေါ်မီ 1490 ခန့်

    ပြောင်သောခေါင်း၌ဖြစ်စေ၊ ပြောင်သောနဖူး၌ဖြစ်စေ၊ ဖြူနီသောအနာပေါက်လျှင်၊ ထိုပြောင်ရာ၌ ပေါက်သော နူနာဖြစ်၏။

  23. ဝတ်ပြုရာကျမ်း 13:43ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုအခါ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ ကိုယ်အရေ၌ နူနာထင်သကဲ့သို့၊ ပြောင်ရာ၌ ပေါက်သော အနာ၏အဖူးဖြူနီလျှင်၊-

  24. ဝတ်ပြုရာကျမ်း 13:44ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုသူသည် မစင်ကြယ်။ လူနူဖြစ်၏။ ခေါင်း၌ အနာပေါက်သောကြောင့်၊ အလျှင်းမစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။

  25. ဝတ်ပြုရာကျမ်း 13:45ခရစ်တော် မပေါ်မီ 1490 ခန့်

    နူနာစွဲသောသူသည် စုတ်သော အဝတ်ကို ဝတ်ရမည်။ ခေါင်းကို မဖုံး၊ အထက်နှုတ်ခမ်းကို ဖုံးလျက်၊ မစင်ကြယ်၊ မစင်ကြယ်ဟု ဟစ်ကြော်ရမည်။