အကြောင်းအရာသို့ ကျော်သွားရန်

circa 1446 BC

Sinai & The Law

God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.

1,657 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဝတ်ပြုရာကျမ်း 7:19ခရစ်တော် မပေါ်မီ 1490 ခန့်

    မစင်ကြယ်သောအရာနှင့် ထိမိသောယဇ်သားကို မစားရ။ မီးရှို့ရမည်။ စင်ကြယ်သော သူတို့သာ လျှင် ထိုယဇ်သားကို စားရကြမည်။

  2. ဝတ်ပြုရာကျမ်း 7:20ခရစ်တော် မပေါ်မီ 1490 ခန့်

    ထာဝရဘုရားနှင့်ဆိုင်သော မိဿဟာယယဇ်သားကို အကြင်သူသည် မစင်ကြယ်သော အပြစ်ရှိ လျက်နှင့် စားမိ၏။ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်။

  3. ဝတ်ပြုရာကျမ်း 7:21ခရစ်တော် မပေါ်မီ 1490 ခန့်

    အကြင်သူသည်လည်း၊ လူ၌ မစင်ကြယ်သော အရာ၊ မစင်ကြယ်သောသား၊ မစင်ကြယ်သော ပိုးရွအစ ရှိသော၊ မစင်ကြယ်သောအရာ တစုံတခုကို ထိမိ၍၊ ထာဝရဘုရားနှင့်ဆိုင်သော မိဿဟာယ ယဇ်သားကို စား၏ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။

  4. ဝတ်ပြုရာကျမ်း 7:22ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန် မောရှေအား ထာဝရဘုရားက၊

  5. ဝတ်ပြုရာကျမ်း 7:23ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် သိုး၊ ဆိတ်၊ နွားဆီဥကို အလျှင်မစားရ၊

  6. ဝတ်ပြုရာကျမ်း 7:24ခရစ်တော် မပေါ်မီ 1490 ခန့်

    အလိုလိုသေသော တိရစ္ဆာန်ဆီဥ၊ သားရဲကိုက်၍ သေသော တိရစ္ဆာန်ဆီဥကို အခြားသို့ သုံးရသော် လည်း၊ အလျှင်းမစားရ။-

  7. ဝတ်ပြုရာကျမ်း 7:25ခရစ်တော် မပေါ်မီ 1490 ခန့်

    အကြင်သူသည် ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုသော တိရစ္ဆာန်ဆီဥကို စား၏။ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်။

  8. ဝတ်ပြုရာကျမ်း 7:26ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်တို့သည် နေလေရာရာ၌ ငှက်သွေး၊ သားသွေးမှစ၍ အသွေးမည်မျှကို မစားရ။

  9. ဝတ်ပြုရာကျမ်း 7:27ခရစ်တော် မပေါ်မီ 1490 ခန့်

    အကြင်သူသည် တစုံတခုသော အသွေးကို စား၏။ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။

  10. ဝတ်ပြုရာကျမ်း 7:28ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားအား မိဿဟာယ ယဇ်ကို ပူဇော်သောသူသည်၊

  11. ဝတ်ပြုရာကျမ်း 7:29ခရစ်တော် မပေါ်မီ 1490 ခန့်

    မိမိပူဇော်သော ယဇ်အထဲက၊ ထာဝရ ဘုရားအား ဆက်ဘို့ရာ ဆောင်ခဲ့ရမည်။

  12. ဝတ်ပြုရာကျမ်း 7:30ခရစ်တော် မပေါ်မီ 1490 ခန့်

    ထာဝရဘုရားရှေ့တော်၌ ရင်ပတ်ကိုချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာ ပြုစေခြင်းငှါ၊ ရင်ပတ်နှင့် ဆီဥတည်းဟူသော မီးဖြင့် ထာဝရဘုရားအား ပူဇော်သောအရာကို ကိုယ်တိုင် ဆောင်ခဲ့ရမည်။ -

  13. ဝတ်ပြုရာကျမ်း 7:31ခရစ်တော် မပေါ်မီ 1490 ခန့်

    ယဇ်ပုရောဟိတ်သည်၊ ဆီဥကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍၊ ရင်ပတ်ကို အာရုန်နှင့် သူ၏သားတို့သည် ယူရကြမည်။

  14. ဝတ်ပြုရာကျမ်း 7:32ခရစ်တော် မပေါ်မီ 1490 ခန့်

    မိဿဟာယယဇ်ထဲက လက်ျာပခုံးကို ချီမြှောက်သော ပူဇော်သက္ကာဘို့ ယဇ်ပုရောဟိတ်အား ပေးရ မည်။

  15. ဝတ်ပြုရာကျမ်း 7:33ခရစ်တော် မပေါ်မီ 1490 ခန့်

    မိဿဟာယယဇ် အသွေးနှင့်ဆီဥကို၊ အာရုန်၏သားတို့တွင် ပူဇော်သောသူသည်၊ လက်ျာပခုံးကို မိမိအဘို့ယူရမည်။

  16. ဝတ်ပြုရာကျမ်း 7:34ခရစ်တော် မပေါ်မီ 1490 ခန့်

    ဣသရေလ အမျိုးသားတို့ပြုသော မိဿဟာယယဇ်များထဲက ချီလွှဲသော ရင်ပတ်၊ ချီမြှောက်သော ပခုံးကို ငါနှုတ်ယူ၍ ဣသရေလအမျိုးသားတို့တွင် ယဇ်ပုရောဟိတ် အာရုန်နှင့် သူ၏သားတို့အား ထာဝရ ပညတ်တော်အားဖြင့် ငါပေးပြီဟု မိန့်တော်မူ၏။

  17. ဝတ်ပြုရာကျမ်း 7:35ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုသို့ အာရုန်နှင့် သူ၏သားတို့သည်၊ ထာဝရဘုရားရှေ့တော်မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင် ရွက်မည်အကြောင်း၊ သူတို့ကို ခန့်ထားသောနေ့၌၊ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သော သက္ကာများထဲက၊ သူတို့ခံရသောအဘို့ ဖြစ်၏။

  18. ဝတ်ပြုရာကျမ်း 7:36ခရစ်တော် မပေါ်မီ 1490 ခန့်

    ဣသရေလအမျိုးသားတို့လက်မှ ထိုသို့သောအဘို့ကို ခံရမည်အကြောင်း၊ သူတို့ကို ဘိသိက်ပေးသော မူနေ့၌၊ ထာဝရဘုရားမှာထားတော်မူ၏။ သူတို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ် ဖြစ်သတည်း။

  19. ဝတ်ပြုရာကျမ်း 7:37ခရစ်တော် မပေါ်မီ 1490 ခန့်

    ဤရွေ့ကား၊ ဣသရေလအမျိုးသားတို့သည်၊ သိနာတော၌ ထာဝရဘုရားအား ပူဇော်သက္ကာပြုရမည် အကြောင်း မှာထားသောမူသောနေ့၌ သိနာတောင်ပေါ်မှာ ထာဝရဘုရားသည် မောရှေအား ပေးတော်မူသော မီးရှို့ရာယဇ်တရား၊ ဘောဇဉ် ပူဇော်သက္ကတရား၊ အပြစ်ဖြေရာယဇ်တရား၊ ဒုစရိုက် ဖြေရာ ယဇ်တရား၊ အရာ၌ ခန့်ထားရာ ယဇ်တရား၊

  20. ဝတ်ပြုရာကျမ်း 7:38ခရစ်တော် မပေါ်မီ 1490 ခန့်

    မိဿဟာယယဇ်တရား ဖြစ်သတည်းဟု မိန့် တော်မူ၏။

  21. ဝတ်ပြုရာကျမ်း 8:1ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန်ထာဝရဘုရားက၊

  22. ဝတ်ပြုရာကျမ်း 8:2ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်သည် အာရုန်နှင့် သူ၏သားများ၊ အဝတ်များ၊ လိမ်းရန်ဆီ၊ အပြစ်ဖြေရာ ယဇ်ဘို့ နွားထီး၊ သိုးထီးနှစ်ကောင်၊ တဆေးမဲ့ မုန့်တတောင်းကိုယူ၍၊-

  23. ဝတ်ပြုရာကျမ်း 8:3ခရစ်တော် မပေါ်မီ 1490 ခန့်

    ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့သို့ ပရိသတ်အပေါင်းကို စည်ဝေးစေလော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊

  24. ဝတ်ပြုရာကျမ်း 8:4ခရစ်တော် မပေါ်မီ 1490 ခန့်

    မောရှေပြု၍၊ ပရိသတ်တို့သည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ စည်းဝေးကြ၏။

  25. ဝတ်ပြုရာကျမ်း 8:5ခရစ်တော် မပေါ်မီ 1490 ခန့်

    မောရှေကလည်း၊ ဤသို့ ထာဝရဘုရားမှာ ထားတော်မူပြီဟု ပရိသတ်တို့အား ပြောဆိုလျက်၊