အကြောင်းအရာသို့ ကျော်သွားရန်

circa 1446 BC

Sinai & The Law

God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.

1,657 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဝတ်ပြုရာကျမ်း 5:18ခရစ်တော် မပေါ်မီ 1490 ခန့်

    ဒုစရိုက်ဖြေရာယဇ်ကိုပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေနှင့်တကွ၊ အပြစ်မပါသော သိုးထီးကို ဆောင်ခဲ့ရမည်။ တရားကိုမသိ ပြစ်မှားမိသော်လည်း၊ ကိုယ်ပြစ်မှားမှန်းကို မသိသောသူအဘို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်းကို ပြုလျှင်၊ ထိုသူ၏ အပြစ်လွတ်လိမ့်မည်။

  2. ဝတ်ပြုရာကျမ်း 5:19ခရစ်တော် မပေါ်မီ 1490 ခန့်

    ဒုစရိုက်ဖြေသောယဇ် ဖြစ်သတည်း။ အကယ်စင်စစ် ထိုသူသည် ထာဝရဘုရားကို ပြစ်မှားရာ ရောက်သတည်းဟု မိန့်တော်မူ၏။

  3. ဝတ်ပြုရာကျမ်း 6:1ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊

  4. ဝတ်ပြုရာကျမ်း 6:2ခရစ်တော် မပေါ်မီ 1490 ခန့်

    တစုံတယောက်သောသူသည် သူတပါးအပ်နှံသော ဥစ္စာအတွက် ပေါင်ထားသော ဥစ္စာအတွက်၊ မိမိနှင့် စပ်ဆိုင်သောသူအား မုသားစကားကို ပြောသော်၎င်း၊ သူဥစ္စာကို အနိုင်အထက်ယူသော်၎င်း၊ မိမိနှင့် စပ်ဆိုင်သောသူကို လှည့်စား သော်၎င်း၊

  5. ဝတ်ပြုရာကျမ်း 6:3ခရစ်တော် မပေါ်မီ 1490 ခန့်

    ပျောက်သောဥစ္စာကို တွေ့သောအခါ၊ မုသာစကားကိုပြော၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုသော်၎င်း၊ ထိုသို့သော ဒုစရိုက်တစုံတခုကို ပြု၍ ထာဝရဘုရားကို ပြစ်မှားမိလျှင်၊

  6. ဝတ်ပြုရာကျမ်း 6:4ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုသူသည် ပြစ်မှား၍ အပြစ်ရောက်သောကြောင့်၊ အနိုင်အထက်ယူသော ဥစ္စာ၊ လှည့်စား၍ ရသော ဥစ္စာ ၊ သူတပါး အပ်နှံသော ဥစ္စာ၊ ပျောက်၍တွေ့သော ဥစ္စာ၊

  7. ဝတ်ပြုရာကျမ်း 6:5ခရစ်တော် မပေါ်မီ 1490 ခန့်

    မဟုတ်မမှန်ဘဲ ကျိန်ဆို၍၊ ရသောဥစ္စာ အဘိုးနှင့်တကွ၊ ငါးစုတစုကို ထပ်၍ ဒုစရိုက်ဖြေသော ယဇ်ပူဇော်သောနေ့၌ ဥစ္စာရှင်အား ပြန်ပေးရမည်။

  8. ဝတ်ပြုရာကျမ်း 6:6ခရစ်တော် မပေါ်မီ 1490 ခန့်

    ဒုစရိုက်ဖြေရာယဇ်ကို ပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေနှင့်တကွ၊ ဒုစရိုက်ဖြေရာယဇ်တည်းဟူ သော အပြစ်မပါသော သိုးထီးကို၊ ထာဝရဘုရားထံတော်၊ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ရမည်။

  9. ဝတ်ပြုရာကျမ်း 6:7ခရစ်တော် မပေါ်မီ 1490 ခန့်

    ယဇ်ပုရောဟိတ်သည် ထိုသူအဘို့ ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူပြစ်မှား သမျှသော အပြစ်လွတ်လိမ့်မည်ဟု မိန့်တော်မူ၏။

  10. ဝတ်ပြုရာကျမ်း 6:8ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန်မောရှေအား ထာဝရဘုရားက၊

  11. ဝတ်ပြုရာကျမ်း 6:9ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်သည် အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုရသော မီးရှို့ရာ ယဇ်ပူဇော်ခြင်းတရားဟု မူကား၊ ယဇ်ကောင်ကို၊ ယဇ်ပလ္လင် ထင်းမီးပေါ်မှာ တညဉ့်လုံး နံနက်တိုင်အောင်ရှိစေ၍၊ ယဇ်ပလ္လင်မီးသည် အစဉ်လောင်ရမည်။

  12. ဝတ်ပြုရာကျမ်း 6:10ခရစ်တော် မပေါ်မီ 1490 ခန့်

    ယဇ်ပုရောဟိတ်သည် ပိတ်အင်္ကျီ၊ ပိတ်ပေါင်းဘီကို ဝတ်လျက်၊ ယဇ်ပလ္လင်ပေါ်မှာ ကျွမ်းလောင်သော မီးရှို့ရာ ယဇ်ပြာကို ကျုံး၍ ပလ္လင်အနားမှာ ထားရမည်။

  13. ဝတ်ပြုရာကျမ်း 6:11ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန် အဝတ်ကိုလဲ၍၊ ထိုပြာကို တပ်ပြင်၌ ရှင်းလင်းသောအရပ်သို့ ယူသွားရမည်။

  14. ဝတ်ပြုရာကျမ်း 6:12ခရစ်တော် မပေါ်မီ 1490 ခန့်

    ယဇ်ပလ္လင်မီးသည် မသေဘဲ အစဉ်လောင်ရမည်။ ယဇ်ပုရောဟိတ်သည် နံနက်တိုင်း ထင်းမီးထည့်၍၊ ထင်းပေါ်မှာ မီးရှို့ရာယဇ်ကို ခင်းရမည်။ ထိုပလ္လင်ပေါ်မှာလည်း၊ မိဿဟာယယဇ်ဆီဥကို မီးရှို့ရမည်။

  15. ဝတ်ပြုရာကျမ်း 6:13ခရစ်တော် မပေါ်မီ 1490 ခန့်

    ယဇ်ပလ္လင်မီးသည် အလျှင်းမသေဘဲ၊ အစဉ်မပြတ်လောင်ရမည်။

  16. ဝတ်ပြုရာကျမ်း 6:14ခရစ်တော် မပေါ်မီ 1490 ခန့်

    ဘောဇဉ် ပူဇော်သက္ကာ တရားဟူမူကား၊ အာရုန်၏သားတို့သည် ထိုပူဇော်သက္ကာကို ထာဝရ ဘုရားထံတော်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သောအခါ၊

  17. ဝတ်ပြုရာကျမ်း 6:15ခရစ်တော် မပေါ်မီ 1490 ခန့်

    ဘောဇဉ်ပူဇော်သက္ကာ မုန့်ညက်တလက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှတည်းဟူသော ပူဇော်သက္ကာ အတွက်အတာကိုယူ၍ ထာဝရဘုရားအား မွှေးကြိုင်စရာဘို့၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။

  18. ဝတ်ပြုရာကျမ်း 6:16ခရစ်တော် မပေါ်မီ 1490 ခန့်

    ကြွင်းသောအရာတို့ကို၊ အာရုန်နှင့် သူ၏သားတို့သည်၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်း တွင်၊ သန့်ရှင်းရာဌာန၌ တဆေးမပါဘဲ စားရမည်။

  19. ဝတ်ပြုရာကျမ်း 6:17ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုမုန့်ညက်ကို တဆေးထည့်၍ မုန့်မလုပ်ရ။ မီးဖြင့် ငါ့အား ပြုသော ပူဇော်သက္ကာထဲက ထိုမုန့်ညက် ကို သူတို့အဘို့ ဖြစ်စေခြင်းငှါ ငါပေးပြီ။ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ကဲ့သို့ အလွန်သန့်ရှင်း ပေ၏။

  20. ဝတ်ပြုရာကျမ်း 6:18ခရစ်တော် မပေါ်မီ 1490 ခန့်

    အာရုန်၏ သားယောက်ျားအပေါင်းတို့သည် စားရကြမည်။ မီးဖြင့် ထာဝရဘုရားအား ပြုသော ပူဇော်သက္ကာကို ကိုင်သောသူအပေါင်းတို့သည် သန့်ရှင်းကြမည်ဟု သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်းဟု မိန့်တော်မူ၏။

  21. ဝတ်ပြုရာကျမ်း 6:19ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန်ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊

  22. ဝတ်ပြုရာကျမ်း 6:20ခရစ်တော် မပေါ်မီ 1490 ခန့်

    အာရုန်နှင့် သူ၏သားတို့သည် ဘိသိက်ခံသောနေ့မှစ၍၊ ထာဝရဘောဇဉ် ပူဇော်သက္ကာဖြစ်စေခြင်း ငှါ၊ မုန့်ညက်တဩမဲကို၊ နံနက်တဝက်၊ ညတဝက် ထာဝရဘုရားအား ပူဇော်ရမည်။

  23. ဝတ်ပြုရာကျမ်း 6:21ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုမုန့်ညက်ကို ဆီထည့်၍၊ သံပြားပူနှင့် မုန့်လုပ်ပြီးမှ၊ ဆောင်ခဲ့၍ ချိုးဖဲ့သဖြင့် ဘောဇဉ်ပူဇော်သက္ကာ အကျိုးအပဲ့တို့ကို ထာဝရဘုရားအား မွှေးကြိုင်စရာဘို့ ပူဇော်ရမည်။

  24. ဝတ်ပြုရာကျမ်း 6:22ခရစ်တော် မပေါ်မီ 1490 ခန့်

    အာရုန်အရာ၌ ဘိသိက်ခံသော သားသည်လည်း၊ ထိုပူဇော်သက္ကာကို ပြုရမည်။ ထာဝရဘုရားအဘို့ ထာဝရပညတ်တော် ဖြစ်သတည်း။

  25. ဝတ်ပြုရာကျမ်း 6:23ခရစ်တော် မပေါ်မီ 1490 ခန့်

    ယဇ်ပုရောဟိတ်အတွက် ပြုသောဘောဇဉ် ပူဇော်သက္ကာရှိသမျှကို အကုန်အစဉ် မီးရှို့ရမည်။ အလျှင်းမစားရဟု မိန့်တော်မူ၏