အကြောင်းအရာသို့ ကျော်သွားရန်

circa 930–586 BC

The Divided Kingdom

The kingdom splits into Israel and Judah; prophets warn of judgment as both nations slowly drift into idolatry and exile.

1,722 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရာဇဝင်ချုပ်ဒုတိယစောင် 30:18ခရစ်တော် မပေါ်မီ 726 ခန့်

    များစွာသောလူတည်းဟူသော၊ ဧဖရိမ်အမျိုး၊ မနာရှေအမျိုး၊ ဣသခါအမျိုး၊ ဇာဗုလုန်အမျိုးသား အများတို့သည် ကျမ်းစာ၌ပါသော တရားသို့မလိုက်၊ ကိုယ်ကိုမသန့်ရှင်းစေဘဲ၊ ပသခါ သိုးသငယ်ကိုစားကြ ၏။

  2. ရာဇဝင်ချုပ်ဒုတိယစောင် 30:19ခရစ်တော် မပေါ်မီ 726 ခန့်

    သို့ရာတွင်၊ ဟေဇကိက၊ သန့်ရှင်းရာဌာနထုံးစံ အတိုင်း၊ သန့်ရှင်းခြင်းမရှိသော်လည်း၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ဆည်းကပ်ခြင်းငှါ၊ သဘော ကျသောသူအပေါင်းတို့၏ အပြစ်ကို ကောင်းမြတ်သော ထာဝရဘုရားသည် လွှတ်တော်မူပါစေသောဟု ထိုသူတို့ အဘို့ ဆုတောင်းသဖြင့်၊

  3. ရာဇဝင်ချုပ်ဒုတိယစောင် 30:20ခရစ်တော် မပေါ်မီ 726 ခန့်

    ထာဝရဘုရားသည် ဟေဇကိစကားကို နား ထောင်တော်မူ၍၊ ဠူများတို့ကို ချမ်းသာပေးတော်မူ၏။

  4. ရာဇဝင်ချုပ်ဒုတိယစောင် 30:21ခရစ်တော် မပေါ်မီ 726 ခန့်

    ယေရုရှလင်မြို့၌ စည်းဝေးသောဣသရေလအမျိုး တို့သည်၊ ခုနစ်ရက်ပတ်လုံး အလွန်ရွှင်လန်းသောစိတ်နှင့် အဇုမပွဲကိုခံကြ၏။ ယဇ်ပုရောဟိတ်လေဝိသားတို့သည် အသံကျယ်သောတူရိယာမျိုးကို တီးမှုတ်လျက်၊ နေ့ညဉ့် မပြတ် ထာဝရဘုရားအား ထောမနာသီချင်းဆိုကြ၏။

  5. ရာဇဝင်ချုပ်ဒုတိယစောင် 30:22ခရစ်တော် မပေါ်မီ 726 ခန့်

    ထာဝရဘုရား၏ တရားတော်မြတ်ကို သွန်သင်သော လေဝိသားအပေါင်းတို့ကို၊ ဟေဇကိသည် အားပေး တော်မူသောစကား နှင့်နှုတ်ဆက်သဖြင့်၊ သူတို့သည် ခုနစ်ရက်ပတ်လုံးပွဲခံစဉ်အခါ၊ စားသောက်လျက်မိဿ ဟာယပူဇော်သက္ကာကိုပြုလျက်၊ ဘိုးဘေးတို့၏ ဘုရား သခင် ထာဝရဘုရားအား တောင်းပန်လျက်နေကြ၏။

  6. ရာဇဝင်ချုပ်ဒုတိယစောင် 30:23ခရစ်တော် မပေါ်မီ 726 ခန့်

    စည်းဝေးသောသူအပေါင်းတို့သည် ခုနစ်ရက် ထပ်၍ပွဲခံခြင်းငှါ တိုင်ပင်ပြီးမှ၊ ရွှင်လန်းသောစိတ်နှင့် ခုနစ်ရက်ထပ်၍ပွဲခံကြ၏။

  7. ရာဇဝင်ချုပ်ဒုတိယစောင် 30:24ခရစ်တော် မပေါ်မီ 726 ခန့်

    ယုဒရှင်ဘုရင်ဟေဇကိသည် နွားတထောင်နှင့် သိုးခုနစ်ထောင်တို့ကို၎င်း၊ မှူးမတ်တို့သည် နွားတထောင်နှင့် သိုးတသောင်းကို၎င်း၊ စည်းဝေးသောသူတို့အား ပေးကြ ၏။ များစွာသောယဇ် ပုရောဟိတ်တို့သည် ကိုယ်ကို သန့်ရှင်းစေကြ၏။

  8. ရာဇဝင်ချုပ်ဒုတိယစောင် 30:25ခရစ်တော် မပေါ်မီ 726 ခန့်

    ယဇ်ပုရောဟိတ်၊ လေဝိသားတို့နှင့်တကွ ယုဒ ပရိတ်သတ်များ၊ ဣသရေလပြည်မှလာသော ပရိသတ် များ၊ ယုဒပြည်၌နေသော တပါးအမျိုးသား၊ ဣသရေလပြည်မှလာသော တပါးအမျိုးသား တို့သည် ဝမ်းမြောက်ဝမ်းသာကြ၏။

  9. ရာဇဝင်ချုပ်ဒုတိယစောင် 30:26ခရစ်တော် မပေါ်မီ 726 ခန့်

    ထိုသို့ယေရုရှလင်မြို့၌ ကြီးစွာသောဝမ်းမြောက် ခြင်းရှိ၏။ ဣသရေလရှင်ဘုရင် ဒါဝိဒ်သား ရှောလမုန် လက်ထက်မှသည်၊ နောက်တဖန်ယေရုရှလင်မြို့၌ ထိုမျှ လောက်ကြီးစွာသော ဝမ်းမြောက်ခြင်းမရှိ။

  10. ရာဇဝင်ချုပ်ဒုတိယစောင် 30:27ခရစ်တော် မပေါ်မီ 726 ခန့်

    ထိုအခါ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ထ၍လူများတို့ကို ကောင်းပေးကြ၏။ ထိုသူတို့စကားသံကို ဘုရားသခင်ကြားတော်မူ၏။ သန့်ရှင်းသော ကျိန်းဝပ် တော်မူရာ၊ ကောင်းကင်ဘုံသို့ ပဌနာစကားတက်လေ၏။

  11. ရာဇဝင်ချုပ်ဒုတိယစောင် 31:1ခရစ်တော် မပေါ်မီ 726 ခန့်

    ထိုအမှုလက်စသတ်သောအခါ၊ စည်းဝေးသော ဣသရေလလူအပေါင်းတို့သည်၊ ယုဒမြို့များသို့ ထွက်သွား ၍ ယုဒပြည်၊ ဗင်္သာမိန်ပြည်၊ ဧဖရိမ်ပြည်၊ မနာရှေပြည် အရပ်ရပ်၌ရှိသော ရုပ်တုဆင်းတု၊ အာရှရပင်၊ မြင့်သော အရပ်၊ ယဇ်ပလ္လင်ရှိသမျှတို့ကို ရှင်းရှင်းမဖျက်ဆီးမှီ တိုင်အောင် ချိုးဖဲ့၊ ခုတ်လှဲဖြိုချကြ၏။ ထိုနောက်မှ၊ ဣသရေလအမျိုးသားအပေါင်းတို့သည်၊ အသီးသီးပိုင် ထိုက်သောနေရာ မြို့ရွာတို့သို့ ပြန်သွားကြ၏။

  12. ရာဇဝင်ချုပ်ဒုတိယစောင် 31:2ခရစ်တော် မပေါ်မီ 726 ခန့်

    ယဇ်ပုရောဟိတ်လေဝိသားတို့သည်၊ အသီး အသီးစောင့်ရသောအမှုကို အလှည်သင့်သည်အတိုင်း စောင့်လျက်၊ ထာဝရဘုရား၏ကျိန်းဝပ်တော်မူသော ဌာနတော်တံခါးအတွင်း၌၊ မီးရှို့ရာယဇ်နှင့် မိဿဟာယ ယဇ်ကိုပူဇော်ခြင်း၊ အမှုတော်မျိုးကိုစောင့်ခြင်း၊ ကျေးဇူး တော်ကို ဝန်ခံခြင်း၊ ထောမနာသီချင်း ဆိုခြင်းအမှုကို ပြုစေခြင်းငှါ၊ ဟေဇကိ ခန့်ထားတော်မူ၏။

  13. ရာဇဝင်ချုပ်ဒုတိယစောင် 31:3ခရစ်တော် မပေါ်မီ 726 ခန့်

    ထာဝရဘုရား၏ ပညတ္တိကျမ်း၌ ရေးထားသည် အတိုင်း၊ နေ့ရက်အစဉ် နံနက်အချိန်၊ ညဦးချိန်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ဓမ္မပွဲနေ့တွင် မီးရှို့ရာယဇ်ပူဇော်စရာဘို့၊ ဘဏ္ဍာတော်ထဲက ဥစ္စာတဘို့ကို ထုတ်၍လှူတော်မူ၏။

  14. ရာဇဝင်ချုပ်ဒုတိယစောင် 31:4ခရစ်တော် မပေါ်မီ 726 ခန့်

    ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ထာဝရ ဘုရား၏ တရားကိုကြိုးစား၍ သွန်သင်စေခြင်းငှါ၊ ယေရု ရှလင်မြို့၌နေသော သူတို့သည် ဥစ္စာတဘို့ကို လှူရမည် အကြောင်း မိန့်တော်မူ၏။

  15. ရာဇဝင်ချုပ်ဒုတိယစောင် 31:5ခရစ်တော် မပေါ်မီ 726 ခန့်

    ထိုအမိန့်တော်ကို ဣသရေလအမျိုးသားတို့ သည် အနှံ့အပြား ကြားသိကြသောအခါ၊ အဦးသီးသော စပါး၊ စပျစ်ရည်၊ ဆီ၊ ပျားရည်အစရှိ သော မြေအသီးအနှံ ကို၎င်း၊ အခြားသောဥစ္စာရှိသမျှ ဆယ်ဘို့တဘို့ကို၎င်း၊ များစွာဆောင်ခဲ့ကြ၏။

  16. ရာဇဝင်ချုပ်ဒုတိယစောင် 31:6ခရစ်တော် မပေါ်မီ 726 ခန့်

    ယုဒမြို့တို့၌နေသောဣသရေလအမျိုးနှင့် ယုဒ အမျိုးသားတို့သည်လည်း၊ သိုးနွားဆယ်ဘို့တဘို့ကို၎င်း၊ သူတို့၏ဘုရားသခင် ထာဝရဘုရားအား ပူဇော်၍ သန့်ရှင်းသော ဥစ္စာဆယ်ဘို့တဘို့ကို၎င်း ဆောင်ခဲ့၍ အသီးအသီးပုံထားကြ၏။

  17. ရာဇဝင်ချုပ်ဒုတိယစောင် 31:7ခရစ်တော် မပေါ်မီ 726 ခန့်

    တတိယလတွင် ပုံထားစပြု၍၊ သတ္တမလတွင် လက်စသတ်ကြ၏။

  18. ရာဇဝင်ချုပ်ဒုတိယစောင် 31:8ခရစ်တော် မပေါ်မီ 726 ခန့်

    ပုံထားသောဥစ္စာကို၊ ဟေဇကိနှင့် မှူးမတ်တို့ သည် လာ၍မြင်သောအခါ၊ ထာဝရဘုရားနှင့် ဘုရား သခင်၏ လူဣသရေလအမျိုးကို ကောင်းကြီးပေးကြ၏။

  19. ရာဇဝင်ချုပ်ဒုတိယစောင် 31:9ခရစ်တော် မပေါ်မီ 726 ခန့်

    ထိုပုံထားသော ဥစ္စာအကြောင်းကို ဟေဇကိ သည် ယဇ်ပုရောဟိတ်၊ လေဝိသားတို့၌ မေးမြန်းလျှင်၊

  20. ရာဇဝင်ချုပ်ဒုတိယစောင် 31:10ခရစ်တော် မပေါ်မီ 726 ခန့်

    ဇာဒုတ်အမျိုး၊ ယဇ်ပုရောဟိတ်အကြီး အာဇရိ က၊ ပူဇော်သက္ကာတို့ကို၊ ဗိမာန်တော်သို့ဆောင်ခဲ့စပြုသော နောက်၊ အကျွန်ုပ်တို့ စားလောက်အောင်ရှိသည်သာမက များစွာ ကျန်ကြွင်းတတ်ပါ၏။ ထာဝရဘုရားသည် မိမိလူတို့ကို ကောင်းကြီးပေးတော်မူသောကြောင့်၊ ပုံထား သောဤဥစ္စာများသည် ကျန်ကြွင်းလျက်ရှိပါသည်ဟု လျှောက်ကြ၏။

  21. ရာဇဝင်ချုပ်ဒုတိယစောင် 31:11ခရစ်တော် မပေါ်မီ 726 ခန့်

    ထိုအခါ ဗိမာန်တော်၌ ဘဏ္ဍာတိုက်တို့ကို ပြင်ဆင်စေမည်အကြောင်း၊ ဟေဇကိမိန့်တော်မူသည် အတိုင်း ပြင်ဆင်၍၊

  22. ရာဇဝင်ချုပ်ဒုတိယစောင် 31:12ခရစ်တော် မပေါ်မီ 726 ခန့်

    လှူသောဥစ္စာ၊ ဆယ်ဘို့တဘို့ဥစ္စာ၊ ပူဇော်သော ဥစ္စာများကို တရားနှင့်အညီ သွင်းထားကြ၏။ လေဝိသားကောနနိသည်တိုက်အုပ်၊ သူ၏ညီရှိမိသည် တိုက်စာရေးဖြစ်၏။

  23. ရာဇဝင်ချုပ်ဒုတိယစောင် 31:13ခရစ်တော် မပေါ်မီ 726 ခန့်

    ယေဟေလ၊ အာဇဇိ၊ နာဟတ်၊ အာသဟေလ၊ ယေရိမုတ်၊ ယောဇဗတ်၊ ဧလျေလ၊ ဣသမခိ၊ မာဟတ်၊ ဗေနာယတို့သည်လည်း ဟေဇကိမင်းကြီးနှင့် ဗိမာန်တော် အုပ်အာဇရိစီရင်သည်အတိုင်း၊ ကောနနိနှင့် သူ၏ညီရှိမိ တို့သည် အစေခံ၍ ကြည့်ရှုပြုစုရကြ၏။

  24. ရာဇဝင်ချုပ်ဒုတိယစောင် 31:14ခရစ်တော် မပေါ်မီ 726 ခန့်

    အရှေ့တံခါးမှူး၊ လေဝိသားဣမနသားကောရ သည်၊ ထာဝရအရှင်ဘုရားသခင်အား လှူဒါန်း ပူဇော်သောဥစ္စာ၊ အလွန်သန့်ရှင်းသောဥစ္စာ များကို ဝေဖန်ရသောအမှုအုပ်ဖြစ်၏။

  25. ရာဇဝင်ချုပ်ဒုတိယစောင် 31:15ခရစ်တော် မပေါ်မီ 726 ခန့်

    ကောရလက်ထောက်၊ ဧဒင်၊ ဗင်္ယာမိန်၊ ယောရှု၊ ရှေမာယ၊ အာမရိ၊ ရှေကနိတို့သည်လည်း ယဇ်ပုရောဟိတ် နေရာမြို့တို့၌ အရာခံသည်အတိုင်း၊ သင်းဖွဲ့သော ညီအစ်ကို အကြီးအငယ်တို့အား ပေးဝေရကြ၏။