အကြောင်းအရာသို့ ကျော်သွားရန်

circa 930–586 BC

The Divided Kingdom

The kingdom splits into Israel and Judah; prophets warn of judgment as both nations slowly drift into idolatry and exile.

1,722 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရာဇဝင်ချုပ်ဒုတိယစောင် 32:20ခရစ်တော် မပေါ်မီ 710 ခန့်

    ထိုအကြောင်းကြောင့်၊ ဟေဇကိမင်းကြီးနှင့် အာမုတ်သား ပရောဖက်ဟေရှာယသည် ဆုတောင်း၍၊ ကောင်းကင်ဘုံသို့ ဟစ်ခေါ်သဖြင့်၊

  2. ရာဇဝင်ချုပ်ဒုတိယစောင် 32:21ခရစ်တော် မပေါ်မီ 710 ခန့်

    ထာဝရဘုရားစေလွှတ်တော်မူသော ကောင်းကင် တမန်သည်၊ အာရှုရိရှင်ဘုရင်တပ်၌ ခွန်အားကြီးသော သူရဲများ၊ တပ်မှူး၊ စစ်ကဲများအပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလေ၏။ ရှင်ဘုရင်သည် မျက်နှာပျက်လျက်၊ မိမိ ပြည်သို့ပြန်သွား၏။ မိမိဘုရား၏ ဗိမာန်သို့ရောက်သော အခါ၊ မိမိသားရင်းတို့သည် ထားနှင့်သတ်ကြ၏။

  3. ရာဇဝင်ချုပ်ဒုတိယစောင် 32:22ခရစ်တော် မပေါ်မီ 710 ခန့်

    ထိုသို့ထာဝရဘုရားသည် ဟေဇကိနှင့် ယေရုရှလင်မြို့သားတို့ကို၊ အာရှုရိရှင်ဘုရင်လက်မှ၎င်း၊ အခြားသောရန်သူလက်မှ၎င်း ကယ်လွှတ်၍၊ အရပ်ရပ်၌ စောင့်မတော်မူ၏။

  4. ရာဇဝင်ချုပ်ဒုတိယစောင် 32:23ခရစ်တော် မပေါ်မီ 710 ခန့်

    အများသောသူတို့သည် ယေရုရှလင်မြို့သို့ ထာဝဘုရားအဘို့ ပူဇော်သက္ကာကို၎င်း၊ ယုဒရှင်ဘုရင် ဟေဇကိထံသို့ လက်ဆောင်ပဏ္ဏာကို၎င်း ဆောင်ခဲ့ကြ သဖြင့်၊ ဟေဇကိသည် ထိုကာလမှစ၍ ခပ်သိမ်းသောလူ မျိုး ရှေ့မှာဘုန်းကြီးတော်မူ၏။

  5. ရာဇဝင်ချုပ်ဒုတိယစောင် 32:24ခရစ်တော် မပေါ်မီ 710 ခန့်

    ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲ၍ ထာဝရဘုရားအား ဆုတောင်းသဖြင့်၊ ဗျာဒိတ်တော်နှင့် ထူးဆန်းသော တန်ခိုးတော်ကို ခံရ၏။

  6. ရာဇဝင်ချုပ်ဒုတိယစောင် 32:25ခရစ်တော် မပေါ်မီ 710 ခန့်

    သို့ရာတွင် ဟေဇကိသည် မိမိခံရသော ကျေးဇူးတော်နှင့် အထိုက်အလျောက်မကျင့်၊ ထောင်လွှား သော စိတ်ရှိ၏။ ထိုကြောင့် သူ၌၎င်း၊ ယုဒပြည်နှင့် ယေရုရှလင်မြို့၌၎င်း၊ အမျက်တော်ထွက်လေ၏။

  7. ရာဇဝင်ချုပ်ဒုတိယစောင် 32:26ခရစ်တော် မပေါ်မီ 710 ခန့်

    သို့ရာတွင် ဟေဇကိသည် မိမိစိတ်ထောင်လွှား သော အပြစ်ကြောင့်၊ ယေရုရှလင်မြို့သားတို့နှင့်တကွ ကိုယ်တိုင်ကိုယ်ကို နှိမ့်ချသောကြောင့်၊ လက်ထက်တော် ကာလတွင်၊ ထာဝရဘုရား၏ အမျက်တော်မသက် ရောက်။

  8. ရာဇဝင်ချုပ်ဒုတိယစောင် 32:27ခရစ်တော် မပေါ်မီ 726 ခန့်

    ဟေဇကိသည် များစွာသော စည်းစိမ်ဥစ္စာ ဂုဏ် အသရေရှိ ၏။ ရွှေ၊ ငွေ၊ ကျောက်မြတ်၊ နံ့သာမျိုး၊ ဒိုင်းလွှား၊ နှမြောဘွယ်သော တန်ဆာ သိုထားရာဘဏ္ဍာ တိုက်များကို တည်လေ၏။

  9. ရာဇဝင်ချုပ်ဒုတိယစောင် 32:28ခရစ်တော် မပေါ်မီ 726 ခန့်

    စပါးကျီများ၊ ဆီ၊ စပျစ်ရည်သိုထားရာ တိုက်များ၊ တိရစ္ဆာန်မျိုး တင်းကုပ်များ၊ သိုးခြံများကိုလည်း လုပ်လေ ၏။

  10. ရာဇဝင်ချုပ်ဒုတိယစောင် 32:29ခရစ်တော် မပေါ်မီ 726 ခန့်

    ကိုယ်အဘို့ မြို့တို့ကိုတည်၍၊ များစွာသော သိုးနွား တို့ကိုလည်း ဆည်းဖူးလေ၏။ ဘုရားသခင်သည် များစွာ သောဥစ္စာကို ပေးသနားတော်မူ၏။

  11. ရာဇဝင်ချုပ်ဒုတိယစောင် 32:30ခရစ်တော် မပေါ်မီ 726 ခန့်

    ထိုမှတပါး၊ ဟေဇကိသည် ဂိဟုတ်အထက် ချောင်းရေကို ပိတ်၍၊ ဒါဝိဒ်မြို့အနောက်သို့ တည့်တည့် စီးစေ၏။ ထိုသို့ ဟေဇက်သည် ပြုလေရာရာ၌ အကြံ ထမြောက်၏။

  12. ရာဇဝင်ချုပ်ဒုတိယစောင် 32:31ခရစ်တော် မပေါ်မီ 712 ခန့်

    သို့ရာတွင်၊ နိုင်ငံတော်၌ ဖြစ်သောအံ့ဘွယ်သော အမှုကို မေးမြန်းစေခြင်းငှါ၊ ဗာဗုလုန်မင်းတို့သည် သံတမန်ကို စေလွှတ်သော အမှုမှာ၊ ဟေဇကိမင်း၏ သဘောကို အကုန်အစင်သိခြင်းငှါ၊ ဘုရားသခင်သည် စုံစမ်း၍အလွတ်ထားတော်မူ၏။

  13. ရာဇဝင်ချုပ်ဒုတိယစောင် 32:32ခရစ်တော် မပေါ်မီ 726 ခန့်

    ဟေဇကိပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် ကျေးဇူးပြုခြင်းအရာသည် အာမုတ်သား ပရော ဖက်ဟေရှာယ၏ ရူပါရုံကျမ်း၊ ယုဒရာဇဝင်၊ ဣသရေလ ရာဇဝင်၌ ရေးထားလျက် ရှိ၏။

  14. ရာဇဝင်ချုပ်ဒုတိယစောင် 32:33ခရစ်တော် မပေါ်မီ 726 ခန့်

    ဟေဇကိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဒါဝိဒ် ၏သားတော် မြေးတော်တို့ သင်္ချိုင်းတွင် အမြတ်ဆုံးသော သင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းကို ပြုလေ၏။ ယုဒပြည်သူ ယေရုရှလင်မြို့သားအပေါင်းတို့သည်၊ ဟေဇကိ အနိစ္စ ရောက်သောအခါ၊ ဂုဏ်အသရေတော်ကို ချီးမြှောက်ကြ ၏။ သားတော်မနာရှေသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

  15. ရာဇဝင်ချုပ်ဒုတိယစောင် 33:1ခရစ်တော် မပေါ်မီ 693 ခန့်

    မနာရှေသည် အသက်တဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်ငါးနှစ် စိုးစံလေ၏။

  16. ရာဇဝင်ချုပ်ဒုတိယစောင် 33:2ခရစ်တော် မပေါ်မီ 693 ခန့်

    ထိုမင်းသည် ဣသရေလအမျိုးသား ရှေ့မှာ၊ ထာဝရဘုရားနှင် ထုတ်တော်မူသော တပါးအမျိုးသား ရွံရှာဘွယ်ထုံးစံအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။

  17. ရာဇဝင်ချုပ်ဒုတိယစောင် 33:3ခရစ်တော် မပေါ်မီ 693 ခန့်

    ခမည်းတော်ဟေဇကိဖျက်ဆီးသော ကုန်းတို့ကို ပြုပြင်၍၊ ဗာလဘုရားတို့အဘို့ ယဇ်ပလ္လင်တို့ကို တည်၏။ အာရှရပင်တို့ကိုလည်း ပြုစု၏။ မိုဃ်းကောင်းကင်တန်ဆာ များကိုလည်း ဝတ်ပြုကိုးကွယ်၏။

  18. ရာဇဝင်ချုပ်ဒုတိယစောင် 33:4ခရစ်တော် မပေါ်မီ 693 ခန့်

    ယေရုရှလင်မြို့၌ ငါ့နာမကိုအစဉ် ငါတည်စေ မည်ဟု ထာဝရဘုရား မိန့်တော်မူသောမြို့၊ ဗိမာန်တော်၌ ယဇ်ပလ္လင်တည်းဟူသော၊

  19. ရာဇဝင်ချုပ်ဒုတိယစောင် 33:5ခရစ်တော် မပေါ်မီ 693 ခန့်

    ဗိမာန်တော်တန်တိုင်းနှစ်ရပ်တွင်၊ မိုဃ်း ကောင်းကင်တန်ဆာများ အဘို့ ယဇ်ပလ္လင်တို့ကိုတည်၏။

  20. ရာဇဝင်ချုပ်ဒုတိယစောင် 33:6ခရစ်တော် မပေါ်မီ 693 ခန့်

    မိမိသားတို့ကို ဟိန္နုံသားချိုင့်၌ မီးဖြင့်ပူဇော်၏။ ကာလဗေဒင်ကို ကြည့်တတ်၏။ ပြုစားသောအတတ်၊ နတ်ဝိဇ္ဇာအတတ်ကို သုံးဆောင်၍၊ စုန်းနှင့်နတ်ဝင် တို့ကိုလည်း အခွင့်ပေး၏။ ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ ရှေ့တော်၌များစွာသော ဒုစရိုက်ကို ပြု၏။

  21. ရာဇဝင်ချုပ်ဒုတိယစောင် 33:7ခရစ်တော် မပေါ်မီ 693 ခန့်

    ဤဗိမာန်၌၎င်း၊ ဣသရေလခရိုင်များတို့တွင် ငါရွေးကောက်သော ယေရုရှလင်မြို့၌၎င်း၊ ငါ့နာမကို အစဉ်အမြဲ ငါတည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ်နှင့်သားတော် ရှောလမုန်အား မိန့်တော်မူရာ၌၊ ရည်ဆောင်သောဗိမာန်တော်ထဲမှာ၊ မိမိပြုစုသော ရုပ်တု နှင့် တူအောင်လုပ်သော ရုပ်တုတခုကိုတင်ထား၏။

  22. ရာဇဝင်ချုပ်ဒုတိယစောင် 33:8ခရစ်တော် မပေါ်မီ 693 ခန့်

    ငါမှာထားသမျှအတိုင်း၊ မောရှအားဖြင့် စီရင် ထုံးဖွဲ့သမျှသော တရာအတိုင်း၊ ဣသရေလအမျိုးသားတို့ သည် ကျင့်ခြင်းငှါ စောင့်ရှောက်လျှင်၊ သူတို့ ဘိုးဘေးတို့ အား ငါပေးသောပြည်မှ၊ သူတို့ကို နောက်တဖန် ငါမရွေ့ မပြောင်းစေဟု မိန့်တော်မူသော်လည်း၊

  23. ရာဇဝင်ချုပ်ဒုတိယစောင် 33:9ခရစ်တော် မပေါ်မီ 693 ခန့်

    မနာရှေသည် ယုဒပြည်သူ ယေရုရှလင်မြို့သား တို့ကို လမ်းလွဲစေ၏။ ဣသရေလအမျိုးသားတို့ရှေ့မှ၊ ထာဝရဘုရားဖျက်ဆီးတော်မူသော လူမျိုးတို့ပြုသည် ထက်၊ သာ၍ဆိုးသောအမှုကိုပြုစေ၏။

  24. ရာဇဝင်ချုပ်ဒုတိယစောင် 33:10ခရစ်တော် မပေါ်မီ 693 ခန့်

    ထာဝရဘုရားသည် မနာရှေနှင့်သူ၏ လူတို့အား မိန့်တော်မူသော် လည်း၊ သူတို့သည် နားမထောင်ဘဲ နေသောကြောင့်၊

  25. ရာဇဝင်ချုပ်ဒုတိယစောင် 33:11ခရစ်တော် မပေါ်မီ 677 ခန့်

    အာရှုရိရှင်ဘုရင်၏ ဗိုလ်မင်းများကို စစ်ချီ စေတော်မူသဖြင့်၊ သူတို့သည် မနာရှေကို ဆူးတော်၌ ဘမ်းမိ၍၊ သံကြိုးနှင့်ချည်နှောင်ပြီးမှ၊ ဗာဗုလုန်မြို့သို့ ဆောင်သွားကြ၏။