အကြောင်းအရာသို့ ကျော်သွားရန်

circa 930–586 BC

The Divided Kingdom

The kingdom splits into Israel and Judah; prophets warn of judgment as both nations slowly drift into idolatry and exile.

1,722 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရာဇဝင်ချုပ်ဒုတိယစောင် 33:12ခရစ်တော် မပေါ်မီ 677 ခန့်

    ထိုသို့မနာရှေသည် ဆင်းရဲဒုက္ခကို ခံရသော အခါ၊ မိမိဘုရားသခင် ထာဝရဘုရားကို တောင်းပန်၍၊ ဘိုးဘေးတို့၏ ဘုရားသခင့်ရှေ့မှာ ကိုယ်ကို အလွန် နှိမ့်ချလျက်၊

  2. ရာဇဝင်ချုပ်ဒုတိယစောင် 33:13ခရစ်တော် မပေါ်မီ 677 ခန့်

    ဆုတောင်းပဌနာ ပြုသောစကားကို ဘုရား သခင် နားထောင်နာယူ၍၊ မနာရှေအုပ်စိုးရင်းပြည်၊ ယေရုရှလင်မြို့သို့ တဖန်ပို့ဆောင်တော်မူ၏။ ထိုအခါ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို မနာရှေ သိရ၏။

  3. ရာဇဝင်ချုပ်ဒုတိယစောင် 33:14ခရစ်တော် မပေါ်မီ 677 ခန့်

    ထိုနောက်၊ ဒါဝိဒ်မြို့ပြင်၊ ဂိဟုန်မြို့ အနောက် ဘက်၊ ချိုင့်ထဲမှာ ငါတံခါးဝတိုင်အောင်၎င်း၊ ဩဖေလ ရဲတိုက်ပတ်လည်၌၎င်း၊ အလွန်မြင့်သော မြို့ရိုးကို တည်၏။ ယုဒပြည်တွင် ခိုင်ခံ့သောမြို့ရှိသမျှတို့၌ တပ်မှူး တို့ကို ခန့်ထား၏။

  4. ရာဇဝင်ချုပ်ဒုတိယစောင် 33:15ခရစ်တော် မပေါ်မီ 677 ခန့်

    တပါးအမျိုးတို့၏ ဘုရားများနှင့် အရင်လုပ် သောရုပ်တုကို၊ ဗိမာန်တော်ထဲက ထုတ်၍၊ ဗိမာန်တော် တောင်ပေါ်၊ ယေရုရှလင်မြို့ထဲမှာ အရင်တည်သော ယဇ်ပလ္လင်တို့ကိုလည်း မြို့ပြင်သို့ ထုတ်ပစ်လေ၏။

  5. ရာဇဝင်ချုပ်ဒုတိယစောင် 33:16ခရစ်တော် မပေါ်မီ 677 ခန့်

    ထာဝရဘုရား၏ ယဇ်ပလ္လင်ကိုပြုပြင်၍၊ မိဿ ဟာယယဇ်နှင့် ကျေးဇူးတော်ဝန်ခံရာ ယဇ်တို့ကိုပူဇော်၏။ ယုဒပြည်သားတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုမည်အကြောင်း မှာထား၏။

  6. ရာဇဝင်ချုပ်ဒုတိယစောင် 33:17ခရစ်တော် မပေါ်မီ 677 ခန့်

    သို့ရာတွင် ပြည်သားတို့သည် မြင့်သောအရပ် ပေါ်မှာ ယဇ်ပူဇော်လျက်ပင်၊ မိမိတို့ဘုရားသခင် ထာဝရ ဘုရားကိုသာ ကိုးကွယ်ကြ၏။

  7. ရာဇဝင်ချုပ်ဒုတိယစောင် 33:18ခရစ်တော် မပေါ်မီ 698 ခန့်

    မနာရှေပြုမူသောအမှုအရာ ကြွင်းလေသမျှတို့ နှင့် မိမိဘုရားသခင်ကို ဆုတောင်းခြင်းအရာ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အခွင့်နှင့်သူ့အား ပရောဖက်တို့ ဟောပြောသောစကားသည်၊ ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။

  8. ရာဇဝင်ချုပ်ဒုတိယစောင် 33:19ခရစ်တော် မပေါ်မီ 698 ခန့်

    သူဆုတောင်းခြင်း၊ ဘုရားသခင်နားထောင်တော်မူခြင်း၊ အမှုမရောက်မှီ ပြစ်မှားလွန်ကျူးခြင်း၊ မြင့်သောအရပ် တို့ကို တည်ခြင်း၊ အာရှရပင်နှင့် ရုပ်တုဆင်းတုတို့ကို တည်ထောင်ခြင်းအရာတို့သည်၊ ဟောဇဲ၏ ကျမ်းစကားတွင် ရေးထားလျက်ရှိ၏။

  9. ရာဇဝင်ချုပ်ဒုတိယစောင် 33:20ခရစ်တော် မပေါ်မီ 698 ခန့်

    မနာရှေသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ မိမိအိမ်၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အားမုန် သည် ခမည်းတော်အရာ၌ နန်းထိုင်၏။

  10. ရာဇဝင်ချုပ်ဒုတိယစောင် 33:21ခရစ်တော် မပေါ်မီ 643 ခန့်

    အာမုန်သည် အသက်နှစ်ဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်နှစ်စိုးစံလေ၏။

  11. ရာဇဝင်ချုပ်ဒုတိယစောင် 33:22ခရစ်တော် မပေါ်မီ 643 ခန့်

    ထိုမင်းသည် ခမည်းတော်မနာရှေပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ ခမည်းတော် လုပ်သော ရုပ်တုဆင်းတုရှိသမျှတို့အား ယဇ်ပူဇော်၍ ဝတ်ပြု၏။

  12. ရာဇဝင်ချုပ်ဒုတိယစောင် 33:23ခရစ်တော် မပေါ်မီ 643 ခန့်

    ခမည်းတော်သည် ထာဝရဘုရားရှေ့တော်၌ ကိုယ်ကိုနှိမ့်ချသကဲ့ သို့ မနှိမ့်ချဘဲအထူးသဖြင့် ပြစ်မှား၏။

  13. ရာဇဝင်ချုပ်ဒုတိယစောင် 33:24ခရစ်တော် မပေါ်မီ 641 ခန့်

    မိမိကျွန်တို့သည် သင်းဖွဲ့၍ နန်းတော်၌ လုပ်ကြံ ကြ၏။

  14. ရာဇဝင်ချုပ်ဒုတိယစောင် 33:25ခရစ်တော် မပေါ်မီ 641 ခန့်

    အားမုန်မင်းကြီး တဘက်၌သင်းဖွဲ့သောသူ အပေါင်းတို့ကို၊ ပြည်သူပြည်သားတို့သည် ကွပ်မျက်၍၊ သားတော်ယောရှိကို ခမည်းတော်အရာ၌နန်းတင်ကြ၏။

  15. ရာဇဝင်ချုပ်ဒုတိယစောင် 34:1ခရစ်တော် မပေါ်မီ 641 ခန့်

    ယောရှိသည် အသက်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးဆယ်တနှစ် စိုးစံလေ၏။

  16. ရာဇဝင်ချုပ်ဒုတိယစောင် 34:2ခရစ်တော် မပေါ်မီ 641 ခန့်

    ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရား သောအမှုကိုပြု၍၊ လက်ျားဘက်လက်ဝဲဘက်သို့ မလွှဲ၊ အဘဒါဝိဒ်လိုက်သောလမ်းသို့ လိုက်လေ၏။

  17. ရာဇဝင်ချုပ်ဒုတိယစောင် 34:3ခရစ်တော် မပေါ်မီ 634 ခန့်

    အသက်တော်ငယ်စဉ်၊ နန်းစံရှစ်နှစ်တွင်၊ အဘ ဒါဝိဒ်၏ ဘုရားသခင်ကို ဆည်းကပ်စပြု၏။ တဆယ်နှစ် နှစ်တွင် ယုဒပြည်၊ ယေရုရှလင်မြို့၌ရှိသောကုန်း၊ အာရှရ ပင်၊ ထုသောရုပ်တု၊ သွန်းသောရုပ်တုတို့ကို သုတ်သင် ပယ်ရှင်းစပြု၏။

  18. ရာဇဝင်ချုပ်ဒုတိယစောင် 34:4ခရစ်တော် မပေါ်မီ 634 ခန့်

    ဗာလဘုရားတို့ ယဇ်ပလ္လင်များကို ရှေ့တော်၌ ဖြိုချ၍၊ ယဇ်ပလ္လင်ပေါ်တွင် အမြင့်တင်ထားသော ရုပ်တု တို့ကို ခုတ်လှဲကြ၏။ အာရှရပင်များနှင့်ထုသောရုပ်တု၊ သွန်းသောရုပ်တုများကိုချိုးဖဲ့၍ ညက်ညက်ချေပြီးလျှင်၊ ယဇ်ပူဇော်သောသူတို့၏ သင်္ချိုင်းပေါ်မှာ ဖြန့်ဖြူးတော် မူ၏။

  19. ရာဇဝင်ချုပ်ဒုတိယစောင် 34:5ခရစ်တော် မပေါ်မီ 634 ခန့်

    ယဇ်ပုရောဟိတ်တို့အရိုးကို ထိုယဇ်ပလ္လင်တည်ရာအပေါ် မှာ မီးရှို့၍၊ ယုဒပြည်နှင့် ယေရုရှလင်မြို့ကို စင်ကြယ် စေတော်မူ၏။

  20. ရာဇဝင်ချုပ်ဒုတိယစောင် 34:6ခရစ်တော် မပေါ်မီ 634 ခန့်

    ထိုအတူ မနာရှေခရိုင်၊ ဧဖရိမ်ခရိုင်၊ ရှိမောင် ခရိုင်၊ နဿလိခရိုင် တိုင်အောင်၊ အရပ်ရပ်မြို့များတို့၌ ပေါက်တူးနှင့်လုပ်လျက်၊

  21. ရာဇဝင်ချုပ်ဒုတိယစောင် 34:7ခရစ်တော် မပေါ်မီ 634 ခန့်

    ယဇ်ပလ္လင်နှင့် အာရှရပင်တို့ကို ချိုးဖဲ့၍၊ ဣသ ရေလပြည်တလျှောက်လုံး၌ ရှိသမျှသောရုပ်တု ဆင်းတု တို့ကို ခုတ်လှဲ၍ ညက်ညက်ချေပြီးမှယေရှရုလင်မြို့သို့ ပြန်တော်မူ၏။

  22. ရာဇဝင်ချုပ်ဒုတိယစောင် 34:8ခရစ်တော် မပေါ်မီ 624 ခန့်

    နန်းစံဆယ်ရှစ်နှစ်တွင်၊ နိုင်ငံတော်နှင့် ဗိမာန် တော်ကို စင်ကြယ်စေပြီးမှ၊ မိမိဘုရားသခင် ထာဝရ ဘုရား၏ အိမ်တော်ကို ပြုပြင်လိုသောငှါ၊ အာဇလိ၏ သားရှာဖန်၊ မြို့ဝန်မာသေယ၊ ယောခတ်သားအတွင်းဝန် ယောအာတို့ကို စေလွှတ်တော်မူ၏။

  23. ရာဇဝင်ချုပ်ဒုတိယစောင် 34:9ခရစ်တော် မပေါ်မီ 624 ခန့်

    ထိုသူတို့သည် ယဇ်ပုရောဟိတ်မင်း ဟိလခိထံသို့ သွား၍၊ ဗိမာန်တော်သို့ လူများဆောင်ခဲ့သောငွေ၊ မနာရှေအမျိုးသား၊ ဧဖရိမ်အမျိုးသား၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားရှိသမျှ၊ ယုဒအမျိုးသား၊ ဗင်္ယာမိန် အမျိုးသား၊ ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့လက်မှ တံခါးစောင့် လေဝိသားတို့ခံသော ငွေကိုယူ၍၊

  24. ရာဇဝင်ချုပ်ဒုတိယစောင် 34:10ခရစ်တော် မပေါ်မီ 624 ခန့်

    ဗိမာန်တော်ကိုကြည့်ရှုပြုစုသော သူတို့၌ အပ်သဖြင့်၊ သူတို့သည် ဗိမာန်တော်ကို ပြုပြင်ခြင်းငှါ လုပ်ဆောင်သောသူ၊

  25. ရာဇဝင်ချုပ်ဒုတိယစောင် 34:11ခရစ်တော် မပေါ်မီ 624 ခန့်

    ဗိသုကာနှင့် လက်သမားလုပ်သည့်အတွက်၊ ယုဒရှင်ဘုရင် ဖျက်ဆီးသောအဆောင်တို့ကို ပြင်စရာ ဘို့ ဆစ်သောကျောက်များနှင့် ထုပ်လျောက်ရနယ်များကို ဝယ်သည်အတွက် ပေးကြ၏။