- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa AD 48–96
Letters to the Churches
Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.
ဤကာလမှ အခန်းငယ်များ
- တိတုဩဝါဒစာ 3:8ခရစ်နှစ် 65 ခန့်
ဤစကားသည် သစ္စာစကားဖြစ်၏။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ကောင်းသောအကျင့် တို့ကို အမြဲကျင့်အံ့သောငှါ သတိပြုရကြမည်အကြောင်း၊ သင်သည် ဤအရာများကို ကြိုးစား၍ ဟောပြောစေခြင်းငှါ ငါအလိုရှိ၏။ ထိုအကျင့်တို့သည် ကောင်းသည်သာမက၊ လူတို့၏အကျိုးကို ပြုစုတတ်သော အကျင့်ဖြစ်ကြ၏။
- တိတုဩဝါဒစာ 3:9ခရစ်နှစ် 65 ခန့်
မိုက်မဲသောပုစ္ဆာအမေးတို့ကို၎င်း၊ ဆွေစဉ်မျိုးဆက် စာရင်းတို့ကို၎င်း၊ ပညတ်တရားကြောင့် ရန်တွေ့ခြင်း၊ တိုက်လှန်ခြင်းတို့ကို၎င်းရှောင်လော့။ အကြောင်းမူကား၊ ထိုအရာတို့သည် အကျိုးမရှိ၊ အချည်းနှီး သက်သက်ဖြစ်ကြ၏။
- တိတုဩဝါဒစာ 3:10ခရစ်နှစ် 65 ခန့်
သင်းခွဲသောသူကို နှစ်ကြိမ်မြောက်အောင်ဆုံးမပြီးမှ ပယ်ရှားနှင်ထုတ်လော့။
- တိတုဩဝါဒစာ 3:11ခရစ်နှစ် 65 ခန့်
ထိုသို့သောသူသည် ကိုယ်အပြစ်ကို သိလျက်ပင် အပြစ်ပြု၍ မှောက်လှန်သော စိတ်ရှိသောသူ ဖြစ်သတည်း။
- တိတုဩဝါဒစာ 3:12ခရစ်နှစ် 65 ခန့်
အာတေမသော်၎င်း၊ တုခိတ်သော်၎င်း၊ သင့်ဆီသို့ ငါစေလွှတ်သောအခါ နိကောပလိမြို့တိုင်အောင် ငါ့ထံသို့လာခြင်းငှါကြိုးစားလော့။ ဆောင်းကာလပတ်လုံး ထိုမြို့၌ ငါနေမည်ဟုအကြံရှိ၏။
- တိတုဩဝါဒစာ 3:13ခရစ်နှစ် 65 ခန့်
ကျမ်းဆရာဇေနနှင့်အာပေါလု၌အဘယ်အရာမျှမလိုစေခြင်းငှါကြိုးစား၍လမ်း၌ပို့လော့။
- တိတုဩဝါဒစာ 3:14ခရစ်နှစ် 65 ခန့်
ငါတို့၏လူများသည်လည်းအသီးမဲ့သောသူမဖြစ်၊ ကိုယ်သုံးစရာဘို့ရှိရမည်အကြောင်း၊ ကောင်းသော အကျင့်တို့ကို အမြဲကျင့်အံ့သောငှါ သင်ကြစေ။
- တိတုဩဝါဒစာ 3:15ခရစ်နှစ် 65 ခန့်
ငါ့ထံမှာရှိသောသူအပေါင်းတို့သည်သင့်ကို နှုတ်ဆက်ကြ၏။ ယုံကြည်ခြင်းနှင့်တကွငါတို့ကို ချစ်သော သူများကို နှုတ်ဆက်လော့။ သင်တို့အပေါင်း၌ ကျေးဇူးတော်ရှိစေသတည်း။အာမင်။ တိတူဩဝါဒစာပြီး၏။
- ဖိလေမုန်ဩဝါဒစာ 1:1ခရစ်နှစ် 64 ခန့်
ယေရှုခရစ်နှင့်စပ်ဆိုင်သောအားဖြင့် အကျဉ်းခံရသော ငါပေါလုနှင့် ငါ့ညီတိမောသေသည်၊ ငါတို့ ချစ်သော လုပ်ဘော်ဆောင်ဘက်ချင်းဖိလေမုန်၊
- ဖိလေမုန်ဩဝါဒစာ 1:2ခရစ်နှစ် 64 ခန့်
ငါတို့ချစ်သော နှမအပ္ပိ၊ ငါတို့စစ်သူရဲချင်း အာခိပ္ပုမှစ၍ သင်၏ အိမ်၌ရှိသော အသင်းတော်ကို ကြားလိုက်ပါ၏။
- ဖိလေမုန်ဩဝါဒစာ 1:3ခရစ်နှစ် 64 ခန့်
ငါတို့သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်ကကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
- ဖိလေမုန်ဩဝါဒစာ 1:4ခရစ်နှစ် 64 ခန့်
သင်သည်သခင် ယေရှုခရစ်ကို ယုံကြည်၍ သန့်ရှင်းသူအပေါင်းတို့ကို ချစ်သည်ဟု ငါသည်ကြားလျှင်၊
- ဖိလေမုန်ဩဝါဒစာ 1:5ခရစ်နှစ် 64 ခန့်
ငါ၏ဘုရားသခင့် ကျေးဇူးတော်ကို အစဉ်ချီးမွမ်း၍၊ သင့်အဘို့ အလိုငှါ ဆုတောင်းပဌနာ ပြုလျက်နေ၏။
- ဖိလေမုန်ဩဝါဒစာ 1:6ခရစ်နှစ် 64 ခန့်
ဆုတောင်းသောအချက်ဟူမူကား၊ သင်သည် ယုံကြည်ခြင်းကို ဆက်ဆံသော အရှိန်ကြီး၍၊ သူတပါးတို့ သည် ယေရှုခရစ်အဘို့အလိုငှါ ငါတို့၌ ကောင်းသောအရာ ရှိသမျှတို့ကို ဝန်ခံမည်အကြောင်း ဆုတောင်း ပဌနာပြု၏။
- ဖိလေမုန်ဩဝါဒစာ 1:7ခရစ်နှစ် 64 ခန့်
အချင်းငါ့ညီ၊ သင်သည် သန့်ရှင်းသူတို့၏ စိတ်နှလုံးကို သက်သာစေသောကြောင့်၊ သင်၏မေတ္တာကို ထောက်၍ ငါတို့သည် အလွန်ဝမ်းမြောက်ချမ်းသာခြင်းရှိ၏။
- ဖိလေမုန်ဩဝါဒစာ 1:8ခရစ်နှစ် 64 ခန့်
ထိုကြောင့်၊ သင်သည်ပြုသင့်သောအမှုအရာကို ပညတ်ထားခြင်းငှါ၊ ငါသည် ခရစ်တော်အားဖြင့် အလွန် ရဲရင့်စရာ အခွင့်ရှိသော်လည်း၊
- ဖိလေမုန်ဩဝါဒစာ 1:9ခရစ်နှစ် 64 ခန့်
အသက်ကြီးသော ပေါလုတည်းဟူသော ယေရှုခရစ်ကြောင့် အကျဉ်းခံရသောသူ ဖြစ်လျက်ပင်၊ မေတ္တာအားဖြင့်သာ သင့်ကို တောင်းပန်ပါ၏။
- ဖိလေမုန်ဩဝါဒစာ 1:10ခရစ်နှစ် 64 ခန့်
ချည်နှောင်ခြင်းကိုခံစဉ်တွင် ငါဖြစ်ဘွါးစေသော သားတည်းဟူသော၊
- ဖိလေမုန်ဩဝါဒစာ 1:11ခရစ်နှစ် 64 ခန့်
သင်သည် အထက်ကအသုံးမရသောသူ၊ ယခုတွင် ငါနှင့်သင်သည် အသုံးရသောသူ ဩနေသိမ်အဘို့ ငါတောင်းပန်ပါ၏။
- ဖိလေမုန်ဩဝါဒစာ 1:12ခရစ်နှစ် 64 ခန့်
ထိုသူကို သင့်ထံသို့ ငါပြန်စေသည်ဖြစ်၍၊ သူ့ကို ငါ့ရင်သွေးကဲ့သို့မှတ်လျက် လက်ခံလော့။
- ဖိလေမုန်ဩဝါဒစာ 1:13ခရစ်နှစ် 64 ခန့်
ဧဝံဂေလီတရားကြောင့် ချည်နှောင်ခြင်းကို ငါခံစဉ်တွင်၊ သူသည် သင်၏ ကိုယ်စားငါ့ကို ပြုစုစေမည် အကြောင်း၊ သူ့ကို ငါထားချင်သော်လည်း၊
- ဖိလေမုန်ဩဝါဒစာ 1:14ခရစ်နှစ် 64 ခန့်
သင်သည်ငါ၌ ကျေးဇူးပြုရာတွင် အနိုင်ပြုရသကဲ့သို့မဟုတ်၊ အလိုအလျောက်ပြုစေချင်သော စိတ် ရှိသည်ဖြစ်၍၊ သင်၏ အခွင့်မရှိလျှင် အလျှင်းမပြုလို။
- ဖိလေမုန်ဩဝါဒစာ 1:15ခရစ်နှစ် 64 ခန့်
ထိုမှတပါး၊ သင်သည်သူ့ကို အစဉ်ရစေခြင်းငှါ၊ သူသည် သင်နှင့်ခဏကွာသွားသည်ဟု ဆိုစရာရှိ၏။
- ဖိလေမုန်ဩဝါဒစာ 1:16ခရစ်နှစ် 64 ခန့်
ထိုသို့ဆိုသော်၊ အစေခံ ကျွန်ကဲ့သို့ရမည်ဟု မဆိုလို၊ ငါ၌ အထူးသဖြင့် ချစ်သောညီ၊ သင်၌ကား၊ ဇာတိအားဖြင့်၎င်း၊ သခင်ဘုရားအားဖြင့်၎င်း၊ သာ၍ချစ်သော ညီကဲ့သို့ရမည်ဟု ဆိုလိုသတည်း။
- ဖိလေမုန်ဩဝါဒစာ 1:17ခရစ်နှစ် 64 ခန့်
သို့ဖြစ်၍ သင်သည်ငါ့ကို အပေါင်းအဘော်ကဲ့သို့ မှတ်လျှင်၊ သူ့ကိုငါကဲ့သို့ပင် လက်ခံလော့။