circa AD 48–96
Letters to the Churches
Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.
ဤကာလမှ အခန်းငယ်များ
- တိမောသေဩဝါဒစာဒုတိယစောင် 4:11ခရစ်နှစ် 66 ခန့်
လုကာတယောက်တည်းသာ ငါ့ထံမှာရှိ၏။ မာကုကိုသင်နှင့် အတူခေါ်ခဲ့လော့။ သူသည်ဆရာအမှုကို ပြုရာမှာ ငါအကျိုးရှိ၏။
- တိမောသေဩဝါဒစာဒုတိယစောင် 4:12ခရစ်နှစ် 66 ခန့်
တုခိတ်ကိုလည်း ဧဖက်မြို့သို့ ငါစေလွှတ်ပြီ။
- တိမောသေဩဝါဒစာဒုတိယစောင် 4:13ခရစ်နှစ် 66 ခန့်
တရောမြို့တွင်ကာပုလက်၌ ငါထားခဲ့သော ဝတ်လုံကို၎င်း၊ စာစောင်ကို၎င်း၊ အထူးသဖြင့်သားရေစာ ကို၎င်း၊ သင်သည်လာသောအခါ ယူခဲ့လော့။
- တိမောသေဩဝါဒစာဒုတိယစောင် 4:14ခရစ်နှစ် 66 ခန့်
ပန်းတိမ်သမားအာလေဇန္ဒြုသည် ငါ၌မကောင်း သောအမှုအများကို ပြုလေပြီ။ ထိုသူကျင့်သော အကျင့် တို့၏ အကျိုးအပြစ်ကို သခင်ဘုရား ဆပ်ပေးတော်မူပါစေသော။
- တိမောသေဩဝါဒစာဒုတိယစောင် 4:15ခရစ်နှစ် 66 ခန့်
သူတို့သတိပြုလော့။ ငါတို့စကားကို အလွန်ငြင်းပယ်လေပြီ။
- တိမောသေဩဝါဒစာဒုတိယစောင် 4:16ခရစ်နှစ် 66 ခန့်
ပဌမအချိန်၌ အပြစ်တင်ခွင့်ကိုဖြေ၍ ငါသည် အစီရင်ခံရသောအခါ၊ ငါ့ဘက်၌ အဘယ်သူမျှမနေ။ လူအပေါင်းတို့သည် ငါ့ကို စွန့်ပစ်ကြ၏။
- တိမောသေဩဝါဒစာဒုတိယစောင် 4:17ခရစ်နှစ် 66 ခန့်
သူတို့၌ အပြစ်တင်တော်မမူပါစေနှင့်။ လူအပေါင်းတို့သည် စွန့်ပစ်ကြသော်လည်း၊ ဒေသနာတော် ကို အကုန်အစင်ဟောပြော၍၊ ခပ်သိမ်းသောလူမျိုးတို့သည် ကြားသိစေခြင်းငှါ၊ သခင်ဘုရားသည် ငါ့ဘက်၌ နေ၍ ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသောကြောင့်၊ ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်ခြင်းချမ်းသာကို ငါရ၏။
- တိမောသေဩဝါဒစာဒုတိယစောင် 4:18ခရစ်နှစ် 66 ခန့်
ထိုမျှမက၊ သခင်ဘုရားသည် မကောင်းသော အမှုရှိသမျှကို ငါ့ကိုကယ်နှုတ်၍၊ မိမိကောင်းကင်နိုင်ငံ တော်သို့တိုင်အောင် မစပို့ဆောင်တော်မူလိမ့်မည်။ ထိုသခင်သည် ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော် မူစေ သတည်း။ အာမင်။
- တိမောသေဩဝါဒစာဒုတိယစောင် 4:19ခရစ်နှစ် 66 ခန့်
ပြစ်ကိလနှင့်အာကုလမှစ၍ ဩနေသိဇော်၏ အိမ်သူအိမ်သားများကို နှုတ်ဆက်လော့။
- တိမောသေဩဝါဒစာဒုတိယစောင် 4:20ခရစ်နှစ် 66 ခန့်
ဧရက္ကုသည် ကောရိနသုမြို့၌နေ၏။ တရောဇိမ် သည် နာ၍ မိလက်မြို့၌ငါထားခဲ့၏။
- တိမောသေဩဝါဒစာဒုတိယစောင် 4:21ခရစ်နှစ် 66 ခန့်
ဆောင်းကာလမရောက်မှကြိုးစား၍ လာခဲ့ လော့။ ဥဗုလု၊ ပုဒေ၊ လိနု၊ ကလောဒိမှစ၍ ညီအစ်ကို အပေါင်းတို့သည် သင့်ကို နှုတ်ဆက်ကြ၏။
- တိမောသေဩဝါဒစာဒုတိယစောင် 4:22ခရစ်နှစ် 66 ခန့်
သခင်ယေရှုခရစ်သည် သင်၏စိတ်ဝိညာဉ်နှင့် အတူရှိတော်မူပါစေသော။ သင်၌ကျေးဇူးတော် ရှိစေ သတည်း။ အာမင်။ တိမောသေဩဝါဒစာဒုတိယစောင်ပြီး၏။
- တိတုဩဝါဒစာ 1:1ခရစ်နှစ် 65 ခန့်
မုသာနှင့်ကင်းစင်တော်မူသော ဘုရားသခင်သည်၊ ရှေးကပ်ကာလမရောက်မှီ ဂတိထားတော်မူ၍၊ ငါတို့ကိုကယ်တင်သော အရှင်ဘုရားသခင်၏ ပညတ်တော်အတိုင်း၊
- တိတုဩဝါဒစာ 1:2ခရစ်နှစ် 65 ခန့်
ငါ၌အပ်ထားသော တရားဟောခြင်း၊ အခွင့်အားဖြင့် တော်လျော်သောအချိန်၌၊ နှုတ်ကပတ်တရားတော်ကို ထင်ရှားစေတော်မူသောအရာနှင့် စပ်ဆိုင်သောထာဝရအသက်ကို မြော်လင့်သည်ဖြစ်၍၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်ဆိုင်သော သမ္မာတရား ကိုဝန်ခံခြင်းအလိုငှါ၎င်း၊
- တိတုဩဝါဒစာ 1:3ခရစ်နှစ် 65 ခန့်
ဘုရားသခင် ရွေးကောက်တော်မူသော သူတို့၏ ယုံကြည်ခြင်းအလိုငှါ၎င်း၊ ဘုရားသခင်၏ ကျွန်တည်းဟူသော၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည်၊
- တိတုဩဝါဒစာ 1:4ခရစ်နှစ် 65 ခန့်
ဆက်ဆံသောယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်ဖြစ်သော တိတုကိုကြားလိုက်ပါ၏။ ငါတို့ကိုကယ်တင် တော်မူသော အရှင်သခင်ယေရှုခရစ်နှင့် ခမည်းတော် ဘုရားသခင့်အထံတော်က ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက် ခြင်းရှိပါစေသော။
- တိတုဩဝါဒစာ 1:5ခရစ်နှစ် 65 ခန့်
ငါသည် သင့်ကို မှာထားခဲ့နှင့်သည်အတိုင်း၊ ကရေတေကျွန်း၌ မစုံလင်သမျှတို့ကို ပြင်ဆင်၍၊ မြို့ရွာ များ၌ သင်းအုပ်တို့ကို ခန့်ထားစေခြင်းငှါ၊ ထိုကျွန်း၌ သင့်ကို ငါထားခဲ့သတည်း။
- တိတုဩဝါဒစာ 1:6ခရစ်နှစ် 65 ခန့်
အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူ၊ မယားတယောက်တည်းရှိသောသူဖြစ်လျှင်၎င်း၊ သူ၏သားသမီး တို့သည် ကာမဂုဏ်၌ လွန်ကျူးသည်ဟု အပြစ်တင်ခြင်း၊ နားမထောင်ခြင်းနှင့် လွတ်၍ ယုံကြည်လျှင်၎င်း၊ ထိုသို့ သောသူကို ခန့်ထားအပ်၏။
- တိတုဩဝါဒစာ 1:7ခရစ်နှစ် 65 ခန့်
အကြောင်းမူကား၊ သင်းအုပ်သည် ဘုရားသခင်၏ ဘဏ္ဍာစိုးကဲ့သို့၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သူဖြစ်ရမည်။ ကိုယ်အလိုသို့ လိုက်တတ်သောသူ၊ စိတ်တိုသောသူ၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူ၊ သူတပါးကို ရိုက်ပုတ်သောသူ၊ မစင်ကြယ်သောစီးပွါးကို တပ်မက်သောသူ မဖြစ်ရဘဲ၊
- တိတုဩဝါဒစာ 1:8ခရစ်နှစ် 65 ခန့်
ဧည့်သည်ဝတ်ကို ပြုတတ်သောသူ၊ သူတော်ကောင်းနှင့် အဆွေဖွဲ့သောသူ၊ ဣန္ဒြေစောင့်သောသူ၊ ဖြောင့်မတ်သောသူ၊ သန့်ရှင်းသောသူ၊ ကာမဂုဏ်ကို ချုပ်တည်းသောသူဖြစ်ရမည်။
- တိတုဩဝါဒစာ 1:9ခရစ်နှစ် 65 ခန့်
စင်ကြယ်သော ဩဝါဒအားဖြင့် တိုက်တွန်းသွေးဆောင်ခြင်းငှါ၎င်း၊ ငြင်းခုံသောသူတို့၏ စကားကို ချေခြင်းငှါ၎င်း တတ်နိုင်မည်အကြောင်း၊ ကိုယ်တိုင်သင်ပြီးသောသစ္စာစကားတော်ကို အမြဲစွဲလမ်းသောသူ ဖြစ်ရမည်။
- တိတုဩဝါဒစာ 1:10ခရစ်နှစ် 65 ခန့်
အကြောင်းမူကား၊ နားမထောင်ဘဲ အချည်းနှီးသော စကားကိုပြော၍၊ လှည့်ဖြားတတ်သောသူအများ ရှိကြ၏။ အရေဖျားလှီးခြင်းကို ခံသောသူတို့တွင်လည်း အထူးသဖြင့်ရှိကြ၏။
- တိတုဩဝါဒစာ 1:11ခရစ်နှစ် 65 ခန့်
ထိုသူတို့၏နှုတ်ကိုပိတ်ရမည်။ သူတို့သည် မစင်ကြယ်သော စီးပွါးကိုတပ်မက်လျက်၊ မပေးအပ်သော ဩဝါဒကိုပေး၍၊ တအိမ်ထောင်လုံးကို မှောက်လှန်တတ်ကြ၏။
- တိတုဩဝါဒစာ 1:12ခရစ်နှစ် 65 ခန့်
သူတို့အပါအဝင်၊ အမျိုးသားချင်းပရောဖက် ဆရာတယောက်က၊ ကရက်သားမြဲ၊ မုသာစွဲလမ်း၊ သားရဲ ကြမ်းကြုတ်၊ စားကြူးတုတ်တုတ်၊ လူယုတ်ပေဟု စပ်ဆိုသတည်း။
- တိတုဩဝါဒစာ 1:13ခရစ်နှစ် 65 ခန့်
ဤသက်သေမှန်၏။ ထိုကြောင့်၊ သူတို့သည် ယုဒဒဏ္ဏာရီစကားကို၎င်း၊ သမ္မာတရား ကိုစွန့်သောလူတို့၏ ပညတ်တို့ကို၎င်း၊