အကြောင်းအရာသို့ ကျော်သွားရန်

circa AD 48–96

Letters to the Churches

Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.

2,767 အခန်းငယ် · 21 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တိတုဩဝါဒစာ 1:14ခရစ်နှစ် 65 ခန့်

    အမှုမထားဘဲ ယုံကြည်ခြင်းအမှု၌ စင်ကြယ်စေခြင်းငှါ၊ သူတို့ကို ကျပ်တည်းစွာ ဆုံးမပြစ်တင်လော့။

  2. တိတုဩဝါဒစာ 1:15ခရစ်နှစ် 65 ခန့်

    စင်ကြယ်သောသူတို့အား ခပ်သိမ်းသောအရာတို့သည် စင်ကြယ်လျက်ရှိကြ၏။ မစင်ကြယ်၊ မယုံကြည် သောသူတို့အား အဘယ်အရာမျှ မစင်ကြယ်။ သူတို့၏ နှလုံးလည်း မစင်ကြယ်။ ကိုယ်ကိုကိုယ်သိသောစိတ် လည်းမစင်ကြယ်။

  3. တိတုဩဝါဒစာ 1:16ခရစ်နှစ် 65 ခန့်

    သူတို့သည် ဘုရားသခင်ကို သိယောင်ဆောင်သော်လည်း။ အကျင့်အားဖြင့်ဘုရားသခင်ကို ငြင်းပယ် ကြ၏။ စက်ဆုပ်ရွံ့ရှာဘွယ်သောသူ၊ နားမထောင်သောသူ၊ ကောင်းသောအမှုတခုကိုမျှ ပြုတတ်သော ဉာဏ် မရှိသောသူဖြစ်ကြ၏။

  4. တိတုဩဝါဒစာ 2:1ခရစ်နှစ် 65 ခန့်

    သင်မူကား၊ စင်ကြယ်သောဩဝါဒနှင့် ထိုက်တန်သမျှတို့ကို ဟောပြောလော့။

  5. တိတုဩဝါဒစာ 2:2ခရစ်နှစ် 65 ခန့်

    အသက်ကြီးရင့်သောယောက်ျားတို့သည် သမ္မာသတိရှိသောသူ၊ တည်ကြည်သောသူ၊ ဣန္ဒြေစောင့် သောသူ၊ ယုံကြည်ချင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၌ စိတ်သန်သောသူ ဖြစ်ရကြမည်အကြောင်း၊

  6. တိတုဩဝါဒစာ 2:3ခရစ်နှစ် 65 ခန့်

    ထိုနည်းတူ၊ အသက်ကြီးရင့်သောမိန်းမတို့သည် ကျင့်ကြံပြုမူရာမှာ ဓမ္မအမှုနှင့် ထိုက်တန်သောသူ၊ မချောစားတတ်သောသူ၊ စပျစ်ရည်၌ မလွန်ကြူးတတ်သောသူ၊ ကောင်းသောအတတ်ကို သင်ပေးတတ်သောသူ ကိုယ်တိုင်ဖြစ်၍၊

  7. တိတုဩဝါဒစာ 2:4ခရစ်နှစ် 65 ခန့်

    ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ကဲ့ရဲ့ခြင်းနှင့် ကင်းလွတ်စိမ့်သောငှါ၊ အသက်ပျိုသော မိန်းမတို့သည် ကိုယ်ခင်ပွန်းကို ချစ်သောသူ၊ သားသမီးကို ချစ်သောသူ၊

  8. တိတုဩဝါဒစာ 2:5ခရစ်နှစ် 65 ခန့်

    ဣန္ဒြေစောင့်သောသူ၊ စင်ကြယ်သောသူ၊ မိမိအိမ်ကိုပြုစုသောသူ၊ ကောင်းမွန်သောသူ၊ ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံသောသူဖြစ်စေခြင်းငှါ၊ အသက်ကြီးရင့်သောမိန်းမတို့သည် ဆုံးမပေးရကြမည်အကြောင်း၊

  9. တိတုဩဝါဒစာ 2:6ခရစ်နှစ် 65 ခန့်

    ထိုနည်းတူ၊ အသက်ပျိုသောယောက်ျားတို့သည်လည်း၊ ဣန္ဒြေစောင့်ရကြမည်အကြောင်း တိုက်တွန်း သွေးဆောင်လော့။

  10. တိတုဩဝါဒစာ 2:7ခရစ်နှစ် 65 ခန့်

    အရာရာ၌ ကောင်းသောအကျင့်တို့၏ ပုံသက်သေကို ကိုယ်တိုင်ပြလော့။ ဆုံးမဩဝါဒပေးသောအခါ၊ မိစ္ဆာဒိဋ္ဌိနှင့်ကင်းခြင်း၊ တည်ကြည်ခြင်း၊

  11. တိတုဩဝါဒစာ 2:8ခရစ်နှစ် 65 ခန့်

    အပြစ်တင်ဘွယ်မရှိ၊ စင်ကြယ်သောတရားစကားကို ဟောပြောခြင်းတို့ကို ပြုလော့။ သို့ဖြစ်၍၊ တဘက်၌ နေသောသူသည်၊ ငါတို့ကို ကဲ့ရဲ့စရာအခွင့် မရနိုင်သောကြောင့်၊ ရှက်ကြောက်ခြင်းသို့ ရောက်လိမ့် မည်။

  12. တိတုဩဝါဒစာ 2:9ခရစ်နှစ် 65 ခန့်

    အစေခံကျွန်တို့သည်။ ငါတို့ကို ကယ်တင်တော်မူသော အရှင်ဘုရားသခင်၏ ဩဝါဒကို အရာရာ၌ တန်ဆာဆင်ခြင်းငှါ၊ မိမိတို့ သခင်၏အုပ်စိုးခြင်းကို ဝန်ခံ၍၊ ငြင်းခုံခြင်းမရှိဘဲ၊ အရာရာ၌ သခင်၏အလိုသို့ လိုက်မည်အကြောင်းနှင့်၊

  13. တိတုဩဝါဒစာ 2:10ခရစ်နှစ် 65 ခန့်

    တိတ်ဆိတ်စွာ ခိုးယူခြင်းကိုမပြုဘဲ၊ ခပ်သိမ်းသောသစ္စာကို ထင်ရှားစွာ ပြမည်အကြောင်းတိုက်တွန်း သွေးဆောင်လော့။

  14. တိတုဩဝါဒစာ 2:11ခရစ်နှစ် 65 ခန့်

    အကြောင်းမူကား၊ မင်္ဂလာရှိသော မြော်လင့်ရာကို၎င်း၊ ကြီးမြတ်သော ဘုရားသခင်တည်းဟူသော၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကို၎င်း၊

  15. တိတုဩဝါဒစာ 2:12ခရစ်နှစ် 65 ခန့်

    ငါတို့သည် မြော်လင့်လျက်၊ ဘုရားမဲ့ တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခု ဘဝ၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့်ကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျှော်ခြင်းတို့ကို ပြုနေရမည်အကြောင်း၊

  16. တိတုဩဝါဒစာ 2:13ခရစ်နှစ် 65 ခန့်

    ငါတို့ကို ဆုံးမသွန်သင်၍၊ လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ကျေးဇူးတော်သည် ထင်ရှား ပေါ် ထွန်းလျက်ရှိ၏။

  17. တိတုဩဝါဒစာ 2:14ခရစ်နှစ် 65 ခန့်

    ထိုသခင်ယေရှုခရစ်သည် ခပ်သိမ်းသော ဒုစရိုက်မှ ငါတို့ကို ရွေးနှုတ်ခြင်းငှါ၎င်း၊ ကောင်းသော အကျင့်ဘက်၌ စိတ်အားကြီး၍၊ ပိုင်ထိုက်တော်မူသော အမျိုးကိုမိမိအဘို့ စင်ကြယ်စေခြင်းငှါ၎င်း၊ ကိုယ်ကို ကိုယ် စွန့်ကြဲတော်မူပြီ။

  18. တိတုဩဝါဒစာ 2:15ခရစ်နှစ် 65 ခန့်

    ဤတရားစကားကိုဟောပြောခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမပြစ်တင်ခြင်းတို့ကို ခပ်သိမ်းသော အာဏာနှင့်တကွပြုလော့။ အဘယ်သူမျှ သင့်ကိုမထီမဲ့မြင် မပြုစေနှင့်။

  19. တိတုဩဝါဒစာ 3:1ခရစ်နှစ် 65 ခန့်

    လူတို့သည် အထွဋ်အမြတ်အာဏာစက်၏ အုပ်စိုးခြင်းကို ဝန်ခံစေခြင်းငှါ၎င်း၊ မင်း၏စကားကို နား ထောင်စေခြင်းငှါ၎င်း၊ ကောင်းသောအမှုအမျိုးတို့ကို ပြု၍ အသင့်ဖြစ်စေခြင်းငှါ၎င်း၊

  20. တိတုဩဝါဒစာ 3:2ခရစ်နှစ် 65 ခန့်

    အဘယ်သူကိုမျှမကဲ့ရဲ့၊ ရန်တွေ့ခြင်းကိုမပြု၊ ဖြည်းညှင်းသော သဘောရှိ၍၊ ခပ်သိမ်းသောသူတို့၌ အလွန်နူးညံ့သိမ်မွေ့စွာ ပြုစေခြင်းငှါ၎င်း သတိပေးလော့။

  21. တိတုဩဝါဒစာ 3:3ခရစ်နှစ် 65 ခန့်

    အကြောင်းမူကား၊ အထက်က ငါတို့သည် ပညာမဲ့သောသူ၊ နားမထောင်သောသူ၊ မှားယွင်းသောသူ၊ အထူးထူးအပြားပြားသော တပ်မက်ခြင်း၊ ကာမဂုဏ်ခံစားခြင်း အမှုတို့ကို ဆောင်ရွက်သောသူ၊ မနာလိုခြင်း၊ ငြူစူခြင်း၌ ကျင်လည်သောသူ၊ စက်ဆုပ်ရွံ့ရှာဘွယ်သောသူ၊ အချင်းချင်းမုန်းသောသူဖြစ်ကြ၏။

  22. တိတုဩဝါဒစာ 3:4ခရစ်နှစ် 65 ခန့်

    ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်၏ စေတနာတော်နှင့် လူတို့ကိုချစ်တော်မူသော မေတ္တာတော်သည် ပေါ်ထွန်းသောအခါ၊

  23. တိတုဩဝါဒစာ 3:5ခရစ်နှစ် 65 ခန့်

    ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိသနားခြင်းကရုဏာတော်နှင့်အညီ ဒုတိယ မွေးခြင်းနှင့်ဆိုင်သော ဆေးကြောအသစ်ပြုပြင်ခြင်းအားဖြင့်၎င်း၊ ငါတို့ကို ကယ်တင်တော်မူ၏။

  24. တိတုဩဝါဒစာ 3:6ခရစ်နှစ် 65 ခန့်

    ငါတို့ကို ကယ်တင်သော အရှင်ယေရှုခရစ်အားဖြင့် ငါတို့အပေါ်သို့ ထိုဝိညာဉ်တော်ကို ကြွယ်ဝစွာ သွန်းလောင်းတော်မူ၏။

  25. တိတုဩဝါဒစာ 3:7ခရစ်နှစ် 65 ခန့်

    အကြောင်းမူကား၊ ငါတို့သည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်၍ ထာဝရ အသက်ကို မြော်လင့်သည်နှင့်အညီ အမွေခံဖြစ်ကြမည်အကြောင်းတည်း။