- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
ဓမ္မရာဇဝင်ဒုတိယစောင်19
Listen to this chapter
0:00
0:00
ဒါဝိဒ်၏ ဝမ်းနည်းခြင်းနှင့် ယွာဘ၏ ဆုံးမခြင်း
1
ရှင်ဘုရင်သည် အဗရှလုံကြောင့် ငိုကြွေးမြည် တမ်းတော်မူသည်ဟု ယွာဘအား ကြားပြောလေ၏။
2
ထိုနေ့၌အောင်ပွဲသည် လူအပေါင်းတို့တွင် ဝမ်းနည်းစရာအကြောင်းဖြစ်ပြန်၏။ ရှင်ဘုရင်သည် သားတော်ကြောင့် စိတ်ကြင်နာတော်မူသည်ကို လူအပေါင်းတို့သည် ထိုနေ့၌ ကြား၍၊
3
စစ်တိုက်ရာမှပြေးသော သူတို့သည် ရှက်၍ တိတ်ဆိတ်စွာ ပြေးတတ်သကဲ့သို့ မြို့ထဲသို့ တိတ်ဆိတ်စွာ ပြေးဝင်ကြ၏။
4
ရှင်ဘုရင်သည်လည်း မျက်နှာကိုဖုံး၍၊ အိုငါ့သား အဗရှလုံ၊ အိုအဗ ရှလုံ၊ ငါ့သား၊ ငါ့သားဟု ကြီးသောအသံ နှင့် ငိုကြွေးတော်မူ၏။
5
ယွာဘသည် ရှင်ဘုရင်ထံ အိမ်ထဲသို့ဝင်၍၊ ကိုယ်တော်၏ အသက်မှစ၍ သားတော် သမီးတော်၊ မိဖုရားမောင်းမမိဿံတို့၏ အသက်ကို ကယ်တင်သော ကိုယ်တော်ကျွန်တို့ကို ယနေ့အရှက်ကွဲစေတော်မူပြီ။
6
ရန်သူတို့ကိုချစ်၍ အဆွေခင်ပွန်းတို့ကို မုန်းတော်မူ၏။ မှူးမတ်များ၊ ကျွန်များတို့ကို ပမာဏပြုတော် မမူကြောင်းကို ယနေ့ထင်ရှားစွာပြတော်မူပြီ။ အဗရှလုံသည် အသက်ရှင်၍ ကျွန်တော်မျိုးအပေါင်းတို့သည် ယနေ့သေလျှင် အားရတော်မူလိမ့်မည်ဟု ယနေ့ ကျွန်တော်သိမြင်ပါ၏။
7
ယခုမှာထတော်မူပါ။ ကြွ၍ကိုယ်တော်ကျွန် တို့အား နှစ်သိမ့်စကားကို ပြောတော်မူပါ။ ကြွတော်မမူ လျှင် ယနေ့ညမှာ အထံတော်၌ လူတယောက်မျှမနေပါ။ ထိုအမှုသည် ငယ်သောအရွယ်မှစ၍ ယခုတိုင်အောင် ကိုယ်တော်၌ ဖြစ်လေသမျှသော အမှုထက်သာ၍ ဆိုးပါလိမ့်မည်ဟု ထာဝရဘုရားကို တိုင်တည်၍ ကျွန်တော်ကျိန်ဆိုပါသည်ဟု လျှောက်သော်၊
8
ရှင်ဘုရင်သည် ထ၍တံခါးဝ၌ထိုင်တော်မူ၏။ ရှင်ဘုရင်သည် တံခါးဝ၌ထိုင်တော်မူသည်ကို လူအပေါင်း တို့သည် ကြားသောအခါ အထံတော်သို့ ချဉ်းကပ်ကြ၏။ ဣသရေလလူများမူကား မိမိတို့နေရာသို့ ပြေးသွားကြပြီ။
အနွယ်တို့သည် ဒါဝိဒ်ပြန်လာခြင်းကို ဆွေးနွေးခြင်း
9
ထိုနောက်၊ ဣသရေလအမျိုးအနွယ်အပေါင်းတို့က၊ ရှင်ဘုရင်သည် ဖိလိတ္တိလူအစရှိသော ရန်သူ တို့လက်မှ ငါတို့ကိုကယ်နှုတ်တော်မူပြီ။ယခုမှာ အဗရှလုံကြောင့် နိုင်ငံတော်မှ ထွက်ပြေးတော်မူရ၏။
10
ငါတို့ ဘိသိက်ပေး၍ ချီးမြှောက်သော အဗရှလုံ သည် စစ်တိုက်ပွဲ၌သေပြီ။ ယခုမှာ ရှင်ဘုရင်ကို တဖန် ဆောင်ခဲ့ရမည်ဟုမဆို၊ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေကြသနည်းဟု အချင်းချင်းအပြစ်တင်ကြ၏။
11
ဒါဝိဒ်မင်းကြီးသည်လည်း ယဇ်ပုရောဟိတ် ဖာဒုတ်နှင့် အဗျာသာတို့ထံသို့ လူကိုစေလွှတ်၍၊ ယုဒ အမျိုးသက်ကြီးသူတို့ထံသို့ သွား၍ပြောရမည်ကား၊ ရှင်ဘုရင်ကို နန်းတော်သို့ ပြန်ပို့ရမည်အမှုမှာ သင်တို့သည် အဘယ်ကြောင့် နောက်ကျကြသနည်း။ ရှင်ဘုရင်သည် စံနန်းတော်၌ နေစဉ်အခါ၊ ဣသရေလအမျိုးသား အပေါင်းတို့ ပြောတတ်သောစကားကို ကြားတော်မူပြီ။
12
သင်တို့သည် ငါ့ညီအစ်ကို၊ ငါ့အရိုး၊ ငါ့အသား ဖြစ်၍၊ ရှင်ဘုရင်ကို ပြန်ပို့မည့်အမှုမှာ အဘယ်ကြောင့် နောက်ကျကြသနည်းဟူ၍၎င်း၊
13
အာမသအားလည်း၊ သင်သည် ငါ့အသား ငါ့အရိုးတို့ အဝင်ဖြစ်သည်မဟုတ်လော။ သင်သည် ငါ့ရှေ့ မှာ ယွာဘ၏ကိုယ်စားအစဉ် ဗိုလ်ချုပ်မင်းမဖြစ်လျှင် ထိုမျှမက ဘုရားသခင်သည် ငါ၌ပြုတော်မူစေသတည်း ဟူ၍၎င်း၊ ပြောကြလော့ဟု မှာလိုက်တော်မူ၏။
14
ထိုသို့ယုဒအမျိုးသား အပေါင်းတို့ကို တညီ တညွတ်တည်း နှလုံးညွတ်စေတော်မူသဖြင့်၊ သူတို့က ကိုယ်တော်ကျွန်အပေါင်းတို့နှင့်တကွ ကိုယ်တော်တိုင် ပြန်လာတော်မူပါဟု ရှင်ဘုရင်အား လျှောက်စေကြ၏။
15
ထိုအခါ ရှင်ဘုရင်သည် ပြန်၍ယော်ဒန်မြစ်သို့ ရောက်တော်မူ၏။ ယုဒအမျိုးသည် ရှင်ဘုရင်ကို ခရီး ဦးကြိုပြု၍ ယော်ဒန်မြစ်တဘက်သို့ပို့ခြင်းငှါ ဂိလဂါလ မြို့သို့ သွားကြ၏။
ရှိမိသည် ခွင့်လွှတ်ရန် တောင်းပန်ခြင်း
16
ဗင်္ယာမိန်အမျိုးဖြစ်သော ဗာဟုရိမ်မြို့သား ဂေရ၏သားရှိမိသည် ယုဒအမျိုးသားတို့နှင့်အတူ ဒါဝိဒ် မင်းကြီးကို ခရီးဦးကြိုပြုခြင်းငှါ အလျင်အမြန် လိုက်လာ၏။
17
သူနှင့်အတူ ဗင်္ယာမိန်အမျိုးသားတထောင်၊ ရှောလုအဆွေအမျိုး၏ ကျွန်ဇိဘနှင့် သူ၏သားတကျိပ် ငါးယောက်၊ ကျွန်နှစ်ဆယ်တို့သည်လည်း လိုက်လာ၍ ရှင်ဘုရင်ရှေ့တော်၌ ယော်ဒန်မြစ်ကို ကူးကြ၏။
18
ကုတို့လှေသည် နန်းတော်သားများကို ပို့ခြင်းငှါ၎င်း၊ အလိုတော်ကိုဆောင်ခြင်းငှါ၎င်း၊ သွားလာလျက် ရှိ၏။ ယော်ဒန်မြစ်ကို ကူးတော်မူသောအခါ၊ ဂေရ၏သား ရှိမိသည် ရှေ့တော်၌ပြပ်ဝပ်၍၊
19
ကျွန်တော်အရှင်သည် ကျွန်တော်ကို အပြစ် ပေးတော်မမူပါနှင့်။ အရှင်မင်းကြီးသည် ယေရုရှလင်မြို့မှ ထွက်တော်မူသောနေ့၌ ကိုယ်တော်ကျွန်သည် လွန်ကျူး စွာ ပြုမိသောအမှုကို မှတ်တော်မမူပါနှင့်။ နှလုံးသွင်း တော်မမူပါနှင့်။
20
ကိုယ်တော်ကျွန်သည် ပြစ်မှားမိသည်ကို ကိုယ် တော်ကျွန်သိပါ၏။ သို့သော်လည်း ယောသပ်အမျိုးသား အပေါင်းတို့အရင်၊ ကျွန်တော်သည် ယနေ့အရှင် မင်းကြီးကို ခရီးဦးကြိုပြုခြင်းငှါ လာပါပြီဟု လျှောက် လေ၏။
21
ဇေရုယာသား အဘိရှဲကလည်း၊ ရှိမိသည် ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောအရှင်ကို ကျိန်ဆဲ သောကြောင့် အသေသတ်ခြင်းကို ခံရမည် မဟုတ်လော ဟုဆိုသော်၊
22
ဒါဝိဒ်က၊ အိုဇေရုယာသားတို့၊ သင်တို့သည် ယနေ့ ငါ့ရန်သူလုပ်မည်အကြောင်း ငါနှင့်အဘယ်သို့ ဆိုင်ကြသနည်း။ ဣသရေလအမျိုးသားတစုံတယောက် သည် ယနေ့အသေသတ်ခြင်းကို ခံရမည်လော။ ငါသည် ယနေ့ဣသရေလရှင်ဘုရင်ဖြစ်သည်ကို ငါသိသည် မဟုတ်လောဟုမိန့်တော်မူ၍၊
23
ရှိမိအားလည်း၊ သင်သည် အသေသတ်ခြင်းကို မခံရဟု ကျိန်ဆိုတော်မူ၏။
ဒါဝိဒ်နှင့် မေဖိဗောရှက်
24
ရှောလု၏သားမေဖိဗောရှက်သည်လည်း ရှင် ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှါ လာ၏။ ရှင်ဘုရင်ထွက် သောနေ့မှစ၍ ငြိမ်ဝပ်စွာ ပြန်လာတော် မမူမှီတိုင်အောင်၊ သူသည် ခြေတို့ကိုမပြုစု၊ မုတ်ဆိတ်ကို မပြင်ဆင်၊ အဝတ် ကို မလျှော်ဘဲနေပြီ။
25
ရှင်ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှါ ယေရုရှလင်မြို့ သို့ ရောက်လာသောအခါ၊ ရှင်ဘုရင်က မေဖိဗောရှက် ငါနှင့်အတူ အဘယ်ကြောင့် မလိုက်သနည်းဟု မေးတော် မူလျှင်၊
26
အရှင်မင်းကြီး၊ ကိုယ်တော်ကျွန်သည် ခြေဆွံ့ သောကြောင့် မြည်းစီး ၍ ကိုယ်တော်ထံသို့သွားခြင်းငှါ မြည်းကိုကုန်းနှီးတင်မည်ဟု ကြံစဉ်အခါ၊ ကျွန်တော်ကျွန် သည် ကျွန်တော်ကို လှည့်စားပါ၏။
27
အရှင်မင်းကြီးထံတော်၌ ကိုယ်တော်ကျွန်ကို ကုန်းတိုက်ပါပြီ။ သို့ရာတွင် အရှင်မင်းကြီးသည် ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့ ဖြစ်တော်မူ၏။ စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါ။
28
ကျွန်တော်အဆွေအမျိုးအပေါင်းတို့သည် အရှင် မင်းကြီးရှေ့တော်မှာ လူသေဖြစ်ကြသော်လည်း၊ စားပွဲ တော်၌ စားသောသူတို့နှင့် အတူကိုယ်တော်ကျွန်ကို နေရာပေးတော်မူပြီ။ သို့ဖြစ်၍ ရှင်ဘုရင်ထံတော်၌ ကျွန်တော်မြည်တမ်းရသော အခွင့်သည် အဘယ်သို့ ရှိပါသနည်းဟု ပြန်လျှောက်သော်၊
29
ရှင်ဘုရင်က သင်၏အမှုအရာတို့ကို အဘယ် ပြောစရာရှိသနည်း။ သင်နှင့်ဇိဘသည်မြေကို ဝေ၍ ယူရကြမည်ငါစီရင်ပြီဟု မိန့်တော်မူ၏။
30
မေဖိဗောရှင်ကလည်း၊ အရှင်မင်းကြီးသည် နန်းတော်သို့တဖန် ငြိမ်ဝပ်စွာရောက်တော်မူသော ကြောင့်၊ သူသည်အလုံစုံတို့ကိုပင် ယူပါစေဟု လျှောက် လေ၏။
ဒါဝိဒ်သည် ဗာဇိလဲကို ကျေးဇူးတင်ခြင်း
31
ဂိလဒ်ပြည်သား ဗာဇိလဲသည်လည်း ရောဂေလိမ်မြို့မှလာ၍ ရှင်ဘုရင်ကို ယော်ဒန်မြစ်တဘက်သို့ ပို့ခြင်းငှါ ကိုယ်တော်နှင့်အတူ ကူးလေ၏။
32
ဗာဇိလဲသည် အသက်ရှစ်ဆယ်ရှိ၍ အိုသော သူဖြစ်၏။ ရှင်ဘုရင်သည်မဟာနိမ်မြို့မှာ တပ်ချသော ကာလပတ်လုံးရှင်ဘုရင်ကို လုပ်ကျွေး၏။ အလွန်ရတတ် သော သူလည်းဖြစ်၏။
33
ရှင်ဘုရင်ကလည်း ငါနှင့်အတူ လိုက်လော့။ ယေရုရှလင်မြို့၌ သင့်ကိုငါနှင့်အတူ ငါလုပ်ကျွေးမည်ဟု ဗာဇိလဲအား အမိန့်ရှိလျှင်၊
34
ဗာဇိလဲက၊ အရှင်မင်းကြီးနှင့်အတူ ယေရုရှလင် မြို့သို့ သွားရမည်အကြောင်း ကျွန်တော်အသက်သည် အဘယ်မျှလောက်ကျန်ကြွင်းပါသေးသနည်း။
35
ယနေ့ကျွန်တော်အသက် ရှစ်ဆယ်ရှိပါပြီ။ ကောင်းမကောင်းကို ကျွန်တော် ပိုင်းခြား၍ သိနိုင်ပါ မည်လော။ ကိုယ်တော်ကျွန်သည် အစားအသောက် အရသာကို မြည်းနိုင်ပါမည်လော။ သီချင်းသည် ယောက်ျား၊ သီးချင်းသည်မိန်းမဆိုသောအသံကိုကြားနိုင်ပါမည်လော။ ကိုယ်တော်ကျွန်သည်အရှင်မင်းကြီးကို အဘယ်ကြောင့် နှောင့်ရှက်ရပါမည်နည်း။
36
ကိုယ်တော်ကျွန်သည် အရှင်မင်းကြီးနှင့် အတူ ယော်ဒန်မြစ်တဘက်သို့ အနည်းငယ်လိုက်ပါမည်။ ရှင်ဘုရင်သည် ဤမျှလောက်ကြီးစွာသော ဆုကို အဘယ် ကြောင့် ချပေးတော်မူမည်နည်း။
37
ကိုယ်တော်ကျွန်သည် နေရင်းမြို့တွင် မိဘသင်္ချိုင်းနားမှာ သေရမည်အကြောင်း၊ ပြန်သွားရသော အခွင့်ကို ပေးတော်မူပါ။ သို့ရာတွင် ကိုယ်တော်ကျွန်ခိမဟံ ရှိပါ၏။ အရှင်မင်းကြီးနှင့်အတူ လိုက်စေတော်မူပါ။ စိတ် တော်ရှိသည်အတိုင်းသူ၌ ပြုတော်မူပါဟု လျှောက် လေ၏။
38
ရှင်ဘုရင်ကလည်း၊ ခိမဟံသည် ငါနှင့်အတူ လိုက်ရမည်။ သင် အလိုရှိသည်အတိုင်းသူ၌ ငါပြုမည်။ သင်တောင်းသမျှကိုလည်း သင့်အဘို့ ငါပြုမည်ဟု မိန့်တော်မူ၏။
39
လူအပေါင်းတို့သည်လည်း ယော်ဒန်မြစ်ကို ကူးကြ၏။ ရှင်ဘုရင်သည် ကိုယ်တိုင်ကူးပြီးမှ၊ ဗာဇိလဲကို နမ်း၍ ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည် မိမိနေရာ သို့ ပြန်သွား၏။
40
ရှင်ဘုရင်သည် ဂိလဂါလမြို့သို့ ကြွတော်မူ၏။ ခိမဟံသည်လည်း လိုက်လေ၏။ ယုဒအမျိုးသားရှိသမျှ တို့နှင့် ဣသရေလအမျိုး သားတဝက်တို့သည် ရှင်ဘုရင် ကို ပို့ကြ၏။
အစ္စရေးလ်နှင့် ယုဒအကြား ပဋိပက္ခ
41
တဖန်ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင်ထံတော်သို့လာ၍၊ ကျွန်တော်တို့ ညီအစ်ကိုဖြစ် သော ယုဒအမျိုးသားတို့သည် ကိုယ်တော်ကို ခိုးယူ၍ ကိုယ်တော်နှင့်တကွ နန်းတော်သားကိုယ်တော်၏ လူအပေါင်းတို့ကို အဘယ်ကြောင့်ယော်ဒန်မြစ်တဘက်သို့ ပို့ရကြမည် နည်းဟုလျှောက်ကြသော်၊
42
ယုဒအမျိုးသားအပေါင်းတို့က၊ ရှင်ဘုရင်သည် ငါတို့နှင့် ပေါက်ဘော်တော်သည်ဖြစ်၍၊ ဤအမှု၌ သင်တို့ သည် အဘယ်ကြောင့် စိတ်ဆိုးကြသနည်း။ ရှင်ဘုရင်၏ ရိက္ခာတော်ကို ငါတို့စားကြသလော။ ငါတို့အား တစုံတခု သော ဆုကိုပေးတော်မူသလောဟု ဣသရေလအမျိုး သားတို့အား ပြန်ပြောကြ၏။
43
ဣသရေလအမျိုးသားတို့ကလည်း၊ ငါတို့သည် ရှင်ဘုရင်၌ ဆယ်ဘို့တို့ကိုဆိုင်ကြ၏။ ဒါဝိဒ်အမျိုးကို သင်တို့ဆိုင်သည်ထက် ငါတို့ သာ၍ဆိုင်ကြ၏။ ရှင်ဘုရင်ကို ပြန်ပို့ခြင်းအမှုတွင် ငါတို့နှင့်ရှေးဦးစွာ မတိုင်ပင်ဘဲ အဘယ်ကြောင့် ငါတို့ကို မထီမဲ့မြင်ပြုကြသနည်းဟု ယုဒအမျိုးသားတို့ကို ပြန်ပြောကြ၏။ သို့ရာတွင် ဣသရေလ အမျိုးသားတို့ စကားထက် ယုဒအမျိုးသားတို့ စကားသည်သာ၍ ခိုင်ခံ့၏။
Use ← → arrow keys to navigate
Settings
Reading Style
Typeface
Font Size px
Reading Width chars
Options
Study Note